< Бытие 29 >
1 И востав Иаков на нозе, иде в землю восточную к Лавану сыну Вафуила Сирина, брату же Ревекки матере Иаковли и Исавли.
၁ယာကုပ်သည်အရှေ့ပြည်သို့ရှေ့ရှု၍ခရီးဆက် ခဲ့လေသည်။-
2 Узре же, и се, кладязь на поли: и бяху тамо три стада овец, почивающе при нем: от того бо кладязя напаяхуся стада. Камень же велий бяше над устием кладязя.
၂ထိုပြည်သို့ရောက်သောအခါလယ်ကွင်းထဲ၌သိုး စုသုံးစုဝိုင်းရံလျက်ရှိသောရေတွင်းတစ်တွင်းကို မြင်ရလေသည်။ ထိုသို့ဝိုင်းရံရခြင်းမှာသိုးစုများ ကိုထိုရေတွင်းမှရေတိုက်ရခြင်းကြောင့်ဖြစ်၏။ ရေ တွင်းအဝကိုကျောက်တုံးကြီးဖြင့်ပိတ်ထားသည်။-
3 И собирахуся тамо вся стада: и отваляху камень от устия кладязя и напаяху овцы: и паки полагаху камень на устии кладязя на месте своем.
၃သိုးစုများရေတွင်းအနားသို့ရောက်ရှိလာကြ သောအခါမှသာ သိုးထိန်းတို့သည်ထိုကျောက် တုံးကိုရွှေ့၍သိုးများကိုရေတိုက်လေ့ရှိကြ၏။ ထိုနောက်သူတို့သည် ကျောက်တုံးကိုရေတွင်းဝ ပေါ်သို့ပြန်တင်ထားလေ့ရှိကြ၏။
4 Рече же им Иаков: братия, откуду есте вы? Они же реша: от Харрана есмы.
၄ယာကုပ်ကသိုးထိန်းတို့အား``အဆွေတို့၊ သင် တို့အဘယ်အရပ်ကလာကြသနည်း'' ဟုမေး သော်၊ ``ခါရန်မြို့ကလာကြပါသည်'' ဟုဖြေကြ၏။
5 Рече же им: знаете ли Лавана сына Нахорова? Они же реша: знаем.
၅တစ်ဖန်ယာကုပ်က``နာခေါ်၏သားလာဗန်ဆို သူကိုသိပါသလော'' ဟုမေး၏။ ``သိပါသည်'' ဟုပြန်ဖြေကြ၏။
6 Рече же им: здравствует ли? Они же реша: здравствует. И се, Рахиль дщи его идяше со овцами.
၆နောက်တစ်ဖန်ယာကုပ်က``သူကျန်းမာပါ သလော'' ဟုမေး၏။ သူတို့က``ကျန်းမာပါ၏။ ယခုပင်သူ၏သမီး ရာခေလသည်သိုးအုပ်နှင့်အတူလာနေပြီ'' ဟုဆိုကြ၏။
7 И рече Иаков: еще есть дне много, не у час собирати скота: напоивше овцы, шедше пасите.
၇ယာကုပ်က``ယခုနေမြင့်သေးသဖြင့်သိုးအုပ် များကိုသိမ်းသွင်းရန်အချိန်မရောက်သေး။ သင် တို့သည်သိုးများကိုရေတိုက်ပြီးလျှင် စား ကျက်သို့ပြန်၍ပို့ဦးလော့'' ဟုပြောလေ၏။
8 Они же реша: не можем, дондеже соберутся вси пастуси и отвалят камень от устия кладязя, и напоим овцы.
၈ထိုအခါသူတို့က``ကျွန်ုပ်တို့ထိုသို့မပြု လုပ်နိုင်ပါ။ သိုးအုပ်အားလုံးဤအရပ်သို့ ရောက်ရှိ၍ကျောက်တုံးကိုရွှေ့ပြီးမှသိုးတို့ ကိုရေတိုက်ရပါသည်'' ဟုပြန်ဖြေကြ၏။
9 Еще ему глаголющу к ним, и се, Рахиль дщи Лаваня грядяше со овцами отца своего: она бо пасяше овцы отца своего.
၉ယာကုပ်သည်သိုးကျောင်းသားတို့နှင့်စကား ပြောဆိုနေစဉ်ဖခင်၏သိုးတို့ကိုထိန်းကျောင်း ရသောရာခေလသည်သိုးအုပ်နှင့်အတူလာ နေ၏။-
10 Бысть же яко узре Иаков Рахиль дщерь Лавана брата матере своея и овцы Лавана брата матере своея, и приступив Иаков отвали камень от устия кладязя:
၁၀ယာကုပ်သည်သူ၏ဦးရီးလာဗန်သိုးအုပ် နှင့်အတူရာခေလရောက်ရှိလာသောအခါ ရေတွင်းသို့သွား၍ကျောက်တုံးကိုရွှေ့ဖယ်ပြီး လျှင်လာဗန်၏သိုးတို့ကိုရေတိုက်လေ၏။-
11 и напои овцы Лавана брата матере своея, и целова Иаков Рахиль, и возопив гласом своим, восплакася:
၁၁ထိုနောက်သူသည်ရာခေလကိုနမ်း၍ ဝမ်း သာသောကြောင့်ငိုကြွေးလေ၏။-
12 и поведа Рахили, яко брат отца ея есть и яко сын Ревеккин есть. И текши поведа отцу своему по словесем сим.
၁၂သူက``ငါသည်ရေဗက္က၏သား၊ သင့်ဖခင်၏ ဆွေမျိုးရင်းချာဖြစ်သည်'' ဟုရာခေလအား ပြောလေ၏။ ရာခေလသည်ပြေး၍ဖခင်အားထိုအကြောင်း ကိုပြောပြလေ၏။-
13 Бысть же яко услыша Лаван имя Иакова сына сестры своея, тече во сретение ему и объемь его лобза, и введе его в дом свой. И поведа Лавану вся словеса сия.
၁၃လာဗန်သည်သူ၏တူယာကုပ်၏သတင်းကို ကြားရလျှင်ပြေး၍ သူ့အားဆီးကြိုဖက်ယမ်း နမ်းရှုပ်ပြီးလျှင်နေအိမ်သို့ခေါ်ဆောင်ခဲ့လေ သည်။ ယာကုပ်ကဖြစ်ခဲ့သမျှအကြောင်းကို အကုန်အစင်ပြောပြသောအခါ၊-
14 И рече ему Лаван: от костей моих и от плоти моея еси ты. И бе с ним месяц дний.
၁၄လာဗန်က``သင်သည်ငါ၏သွေးရင်းသားရင်း ပင်ဖြစ်ပါသည်တကား'' ဟုဆိုလေ၏။ ယာကုပ် သည်လည်းဦးရီးအိမ်တွင်တစ်လကြာမျှနေ ထိုင်လေသည်။
15 Рече же Лаван Иакову: понеже брат мой еси ты, да не поработаеши мне туне: повеждь ми, что мзда твоя есть?
၁၅လာဗန်ကယာကုပ်အား``သင်သည်ငါ၏ဆွေမျိုး ဖြစ်သောကြောင့် ငါ့အတွက်အခမဲ့လုပ်ကိုင်မ ပေးသင့်။ သင်လိုချင်သည့်အခကိုတောင်းလော့'' ဟုဆိုလေ၏။-
16 У Лавана же бесте две дщери: имя старейшей Лиа, имя же юнейшей Рахиль.
၁၆လာဗန်တွင်သမီးနှစ်ယောက်ရှိ၏။ သမီး အကြီး၏နာမည်သည်လေအာဖြစ်၍ သမီးအငယ်၏နာမည်မှာရာခေလဖြစ်၏။-
17 Очи же Лиины болезненны: Рахиль же бе добра видом и красна взором зело.
၁၇လေအာသည်မျက်လုံးမျက်ဖန်လှ၏။ ရာခေလ မူကားကိုယ်လုံးကိုယ်ပေါက်လှ၍ရှုချင်ဖွယ် ကောင်း၏။
18 Возлюби же Иаков Рахиль. И рече: поработаю тебе седмь лет за Рахиль дщерь твою меншую.
၁၈ယာကုပ်သည်ရာခေလကိုချစ်သဖြင့်``ရာခေလ နှင့်ထိမ်းမြားပေးမည်ဆိုလျှင်ဦးရီးထံ၌ခုနစ် နှစ်အလုပ်လုပ်ပေးပါမည်'' ဟုပြောလေ၏။
19 Рече же ему Лаван: лучше ми тебе дати ю, нежели иному отдати мужеви: со мною живи.
၁၉လာဗန်က``ရာခေလအားအခြားသူတစ်ယောက် နှင့်ပေးစားရသည်ထက် သင်နှင့်ပေးစားရသည် ကပို၍သင့်မြတ်ပါမည်။ ငါနှင့်အတူနေလော့'' ဟုဖြေကြားလေသည်။-
20 И работа Иаков за Рахиль седмь лет: и быша пред ним яко малы дни, занеже любяше ю.
၂၀ယာကုပ်သည်ရာခေလကိုထိမ်းမြားနိုင်ရန်ခုနစ် နှစ်အလုပ်လုပ်၏။ သူသည်ရာခေလကိုချစ်သော ကြောင့်ထိုမျှသောကာလကိုတိုတောင်းသော အချိန်ဟူ၍ထင်မှတ်လေသည်။
21 Рече же Иаков Лавану: даждь ми жену мою, понеже совершишася дние, да вниду к ней.
၂၁ယာကုပ်က``အချိန်စေ့ပါပြီ။ ဦးရီး၏သမီး နှင့်လက်ထပ်ခွင့်ပေးပါ'' ဟုလာဗန်အားပြော လေ၏။-
22 Собра же Лаван вся мужы места того, и сотвори брак.
၂၂ထို့ကြောင့်လာဗန်သည်လက်ထပ်မင်္ဂလာဧည့်ခံပွဲ ကိုကျင်းပ၍ ထိုပွဲသို့လူတိုင်းအားဖိတ်ကြား လေသည်။-
23 И бысть вечер, и поемь Лаван Лию дщерь свою, введе ко Иакову: и вниде к ней Иаков.
၂၃ထိုနေ့ည၌လာဗန်သည်ရာခေလအစားလေအာ ကို ယာကုပ်ထံသို့ပို့သဖြင့်သူသည်လေအာနှင့် အိပ်လေ၏။-
24 Даде же Лаван Лии дщери своей Зелфу рабыню свою, ей в рабу.
၂၄(လာဗန်သည်မိမိ၏ကျွန်မဇိလပကိုလေအာ ၏အထိန်းအဖြစ်ပေးအပ်လိုက်၏။-)
25 Бысть же заутра, и се, бяше Лиа, и рече Иаков Лавану: что сие сотворил ми еси? Не Рахили ли ради работах у тебе? Вскую же обидел мя еси?
၂၅မိုးလင်းချိန်ရောက်မှယာကုပ်သည်မိမိ၏မယားမှာ လေအာဖြစ်ကြောင်းသိရလေသည်။ သူသည်လာဗန် ထံသို့သွား၍``အဘယ်ကြောင့်ထိုသို့ပြုလုပ်ရပါ သနည်း။ ကျွန်ုပ်သည်ရာခေလကိုရရန်အတွက် အလုပ်လုပ်ခဲ့ပါသည်။ ကျွန်ုပ်ကိုအဘယ်ကြောင့် လှည့်စားပါသနည်း'' ဟုမေးလေ၏။
26 Отвеща же Лаван: несть тако в нашем месте вдати меншую прежде старейшия.
၂၆ထိုအခါလာဗန်က``ဤအရပ်ဒေသတွင်သမီး အကြီးကိုအိမ်ထောင်မချမီ သမီးအငယ်ကို အိမ်ထောင်ချသည့်ထုံးစံဋ္ဌလေ့မရှိပါ။-
27 Скончай убо седмины сея, и дам ти и сию за дело, еже делаеши у мене еще седмь лет другия.
၂၇သင်သည်ငါ့ထံ၌နောက်ထပ်ခုနစ်နှစ်အလုပ် လုပ်ဦးမည်ဆိုလျှင် မင်္ဂလာပွဲရက်သတ္တတစ်ပတ် ကုန်သောအခါသင့်အားရာခေလနှင့်ပေး စားပါမည်'' ဟုဆိုလေသည်။
28 Сотвори же Иаков тако: и исполни седмины сея: и даде ему Лаван Рахиль дщерь свою ему в жену.
၂၈ယာကုပ်သည် သဘောတူလက်ခံလေ၏။ မင်္ဂလာပွဲ ရက်သတ္တပတ်ကုန်ဆုံးသောအခါ လာဗန်သည် သမီးရာခေလကို ယာကုပ်နှင့်ပေးစား၏။-
29 Даде же Лаван Рахили дщери своей Валлу рабу свою, ей в рабу.
၂၉(လာဗန်သည် မိမိ၏ကျွန်မဗိလဟာကို ရာခေလ၏အထိန်းအဖြစ်ပေးအပ်လိုက်၏။-)
30 И вниде (Иаков) к Рахили: возлюби же Рахиль паче, неже Лию: и работа ему седмь лет другия.
၃၀ထို့ကြောင့်ယာကုပ်သည်ရာခေလနှင့်လည်း အိပ်လေသည်။ သူသည်ရာခေလကိုလေအာ ထက်ပို၍ချစ်၏။ ထိုနောက်သူသည်လာဗန် ထံ၌ နောက်ထပ်ခုနစ်နှစ်အစေခံလေသည်။
31 Видев же Господь Бог, яко ненавидима бяше Лиа, отверзе ложесна ея: Рахиль же бяше неплоды.
၃၁ယာကုပ်သည်လေအာကိုမချစ်ကြောင်း ထာဝရဘုရားသိမြင်တော်မူသဖြင့် လေအာကိုသားသမီးထွန်းကားစေ၏။ ရာ ခေလမူကားသားသမီးမထွန်းကားချေ။-
32 И зачат Лиа и роди сына Иакову: нарече же имя ему Рувим, глаголя: яко призре Господь на мое смирение и даде ми сына: ныне убо возлюбит мя муж мой.
၃၂မကြာမီလေအာသည်ကိုယ်ဝန်ဆောင်၍သား တစ်ယောက်ကိုဖွားမြင်သော်သူက``ထာဝရ ဘုရားသည်ငါ၏ဒုက္ခကိုမြင်တော်မူပြီ။ ယခု ငါ၏လင်ယောကျာ်းသည်ငါ့အားချစ်လိမ့်မည်'' ဟုဆို၍ထိုသားကိုရုဗင်ဟုနာမည်မှည့် လေ၏။-
33 И зачат паки Лиа и роди сына втораго Иакову и рече: зане услыша Господь, яко ненавидима есмь, и придаде ми и сего. И нарече имя ему Симеон.
၃၃လေအာသည်တစ်ဖန်ကိုယ်ဝန်ဆောင်၍သားတစ် ယောက်ကိုဖွားမြင်ပြန်သောအခါသူက``ငါ ၏လင်ယောကျာ်းသည်ငါ့အားမချစ်ကြောင်း ကိုထာဝရဘုရားကြားသိတော်မူသဖြင့် ဤသားကိုလည်းပေးသနားတော်မူပြီ'' ဟု ဆို၍ထိုသားကိုရှိမောင်ဟုနာမည်မှည့်လေ၏။-
34 И зачат еще и роди сына и рече: в нынешнее время у мене будет муж мой, родих бо ему три сыны. Сего ради нарече имя ему Левий.
၃၄ထိုနောက်သူသည်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားတစ်ယောက်ကိုဖွားမြင်ပြန်သည်ရှိသော် သူက``ငါ၏လင်ယောကျာ်းအားသားသုံး ယောက်ကိုဖွားမြင်ပေးပြီဖြစ်ရာသူသည် ငါ့အားယခင်ကထက်ပို၍ခင်တွယ်မှုရှိ မည်'' ဟုဆိုလျက်တတိယသားကိုလေဝိ ဟူ၍နာမည်မှည့်လေသည်။-
35 И заченши еще роди сына и рече: ныне еще сие исповем Господу. Сего ради нарече имя ему Иуда, и преста раждати.
၃၅သူသည်နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍သား တစ်ယောက်ကိုဖွားမြင်ပြန်လျှင်သူက``ဤ တစ်ကြိမ်တွင်ငါသည်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းမည်'' ဟုဆိုလျက်စတုတ္ထ သားကိုယုဒဟူ၍နာမည်မှည့်လေသည်။ ထို နောက်သူ၌သားဖွားခြင်းရပ်စဲသွားလေ၏။