< Бытие 50 >

1 И припад Иосиф на лице отца своего, плакася (горько) о нем и облобыза его:
ယော​သပ်​သည်​သူ​၏​အ​ဖ​ကိုယ်​ပေါ်​သို့​လှဲ​ချ ပြီး​လျှင် ပါး​ကို​နမ်း​လျက်​ငို​ကြွေး​လေ​၏။-
2 и повеле Иосиф рабом своим погребателем погребсти отца своего. И погребоша погребателие Израиля.
ထို​နောက်​ဆေး​သ​မား​တို့​အား​အ​ဖ​၏ အ​လောင်း​ကို ဆေး​စိမ်​ရန်​အ​မိန့်​ပေး​လေ​သည်။-
3 И исполнишася ему четыредесять дний: тако бо исчисляются дние погребения: и плакася его Египет седмьдесят дний.
ဆေး​သ​မား​တို့​သည်​ထုံး​စံ​ရှိ​သည့်​အ​တိုင်း အ​လောင်း​ကို​အ​ရက်​လေး​ဆယ်​ကြာ​အောင်​ဆေး စိမ်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ယာ​ကုပ် အ​တွက် ရက်​ပေါင်း​ခု​နစ်​ဆယ်​ကြာ​မျှ​ငို​ကြွေး မြည်​တမ်း​ကြ​ကုန်​၏။
4 Егда же преидоша дние плача, глагола Иосиф ко вельможам фараоновым, глаголя: аще обретох благодать пред вами, рцыте о мне во ушы фараону, глаголюще:
ငို​ကြွေး​မြည်​တမ်း​ခြင်း​ရက်​များ ကုန်​ဆုံး​သော အ​ခါ​ယော​သပ်​က​ဖာ​ရော​ဘု​ရင်​၏​အ​မှု​ထမ်း တို့​အား၊ ဖာ​ရော​ဘု​ရင်​နား​တော်​သို့​ဤ​သို့​လျှောက် ကြ​ပါ​လော့။-
5 отец мой закля мя прежде скончания (своего), глаголя: во гробе, егоже ископах себе в земли Ханаани, тамо мя погреби: ныне убо возшед погребу отца моего и возвращуся. И рекоша фараону по словеси Иосифову.
``ကျွန်​တော်​၏​အ​ဖ​သေ​အံ့​ဆဲ​ဆဲ​တွင်​သူ့​အား ခါ​နာန်​ပြည်​ရှိ​သူ​ဝယ်​ထား​သော​သင်္ချိုင်း​၌ သင်္ဂြိုဟ်​ရ​မည်​ဟု ကျွန်​တော်​အား​ကတိ​သစ္စာ​ပြု စေ​ခဲ့​ပါ​သည်။ သို့​ဖြစ်​၍​အ​ဖ​၏​အ​လောင်း​ကို သင်္ဂြိုဟ်​ရန် ခါ​နာန်​ပြည်​သို့​သွား​၍​အ​လောင်း ကို​သင်္ဂြိုဟ်​ပြီး​လျှင်​အီ​ဂျစ်​ပြည်​သို့​ပြန်​လာ ပါ​မည်''ဟု​ဆို​လေ​၏။
6 И рече фараон ко Иосифу: взыди, погреби отца твоего, якоже закля тя.
ယော​သပ်​မှာ​ကြား​သည့်​အ​တိုင်း​အ​မှု​ထမ်း တို့​က ဘု​ရင်​အား​တင်​လျှောက်​ကြ​သော​အ​ခါ ဘု​ရင်​က``သင်​၏​အ​ဖ​အား​က​တိ​သစ္စာ​ပြု ထား​သည့်​အ​တိုင်း သွား​၍​အ​ဖ​၏​အ​လောင်း ကို​သင်္ဂြိုဟ်​ပါ​လော့'' ဟု​အ​ခွင့်​ပေး​လိုက်​လေ​၏။
7 И взыде Иосиф погребсти отца своего. И совзыдоша с ним вси раби фараони и старейшины дому его, и вси старейшины земли Египетския,
သို့​ဖြစ်​၍​ယော​သပ်​သည် သူ​၏​အဖ​ကို​သင်္ဂြိုဟ် ခြင်း​ငှာ​သွား​လေ​၏။ ဖာ​ရော​ဘု​ရင်​၏​အ​ရာ ရှိ​များ၊ နန်း​တော်​မှ​အ​ကြီး​အ​ကဲ​များ​နှင့် အီ​ဂျစ်​ပြည်​မှ​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယော​သပ်​နှင့်​အ​တူ​လိုက်​ပါ​ပို့​ဆောင်​ကြ​၏။-
8 и весь дом Иосифов и братия его, и весь дом отца его и сродницы его: овцы же и волы оставиша в земли Гесем.
ယော​သပ်​၏​မိ​သား​စု၊ သူ​၏​ညီ​အစ်​ကို​များ နှင့်​သူ​၏​ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​သည် လည်း သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​ခဲ့​ကြ​၏။ သူ တို့​၏​က​လေး​ငယ်​များ၊ သိုး၊ ဆိတ်​နှင့်​နွား အုပ်​များ​သာ​လျှင်​ဂေါ​ရှင်​အ​ရပ်​တွင်​ကျန် ရစ်​ခဲ့​ကြ​၏။-
9 И совзыдоша с ним и колесницы и конницы, и бысть полк велик зело.
ရ​ထား​စီး​သူ​ရဲ​နှင့်​မြင်း​စီး​သူ​ရဲ​များ​လည်း လိုက်​ပါ​လာ​ကြ​သ​ဖြင့် အ​လွန်​များ​စွာ​သော အ​လုံး​အ​ရင်း​တို့​သည်​ယော​သပ်​နှင့်​အ​တူ လိုက်​ပါ​ပို့​ဆောင်​ကြ​၏။
10 И приидоша на Гумно Атадово, еже есть об он пол Иордана, и рыдаша его рыданием велиим и крепким зело: и сотвори плачь отцу своему седмь дний.
၁၀သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ အာ​တဒ် အ​မည်​ရှိ​ကောက်​နယ်​တ​လင်း​သို့​ရောက်​ရှိ​ကြ သော​အ​ခါ ဟစ်​အော်​၍​ငို​ကြွေး​မြည်​တမ်း​ကြ ၏။ ထို​အ​ရပ်​တွင်​ယော​သပ်​သည် ယာ​ကုပ်​အ​တွက် ခု​နစ်​ရက်​ပတ်​လုံး​ငို​ကြွေး​မြည်​တမ်း​သည့်​ပွဲ ကို​ကျင်း​ပ​လေ​၏။-
11 И видеша жителие земли Ханаанския плачь на Гумне Атадове и реша: плачь велик сей есть Египтяном. Сего ради наречеся имя месту тому плачь Египетск, еже есть об он пол Иордана.
၁၁ထို​ဒေ​သ​တွင်​နေ​ထိုင်​ကြ​သော​ခါ​နာန်​အ​မျိုး သား​တို့​က​အာ​တဒ်​ကောက်​နယ်​တ​လင်း​၌ လူ များ​ငို​ကြွေး​မြည်​တမ်း​နေ​ကြ​ခြင်း​ကို​မြင် ရ​သော​အ​ခါ``အီ​ဂျစ်​အ​မျိုး​သား​တို့​သည် အ​လွန်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​ရှိ​ကြ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။ သို့​ဖြစ်​၍​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင်​ရှိ​သော​ထို​ဒေ​သ​ကို​အ​ဗေ လ​မိ​ဇ​ရိမ်​ဟူ​၍​နာ​မည်​မှည့်​ကြ​၏။
12 И сотвориша ему тако сынове его, якоже заповеда им.
၁၂ယာ​ကုပ်​၏​သား​တို့​သည်​အ​ဖ​မှာ​ခဲ့​သည့် အ​တိုင်း၊-
13 И взяша его сынове его в землю Ханааню и погребоша его в пещере Сугубей, юже стяжа Авраам пещеру в стяжание гроба от Ефрона Хеттеанина, прямо Мамврии.
၁၃ဖ​ခင်​၏​အ​လောင်း​ကို​ခါ​နာန်​ပြည်​သို့​ယူ ဆောင်​ခဲ့​ပြီး​လျှင် ဟိတ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန် ထံ​မှ​သင်္ချိုင်း​မြေ​အ​ဖြစ်​အာ​ဗြ​ဟံ​ဝယ်​ယူ ထား​သော မံ​ရေ​မြို့​အ​ရှေ့​မပ္ပေလ​မြေ​ကွက်​၌ ရှိ​သည့်​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။-
14 И возвратися Иосиф во Египет, сам и братия его и вси совозшедшии погребсти отца его.
၁၄ယော​သပ်​သည်​အ​ဖ​ကို​သင်္ဂြိုဟ်​ပြီး​နောက်​သူ ၏​ညီ​အစ်​ကို​များ​မှ​စ​၍ အ​ခြား​လိုက်​ပါ​လာ ကြ​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ​အီ​ဂျစ်​ပြည် သို့​ပြန်​ခဲ့​လေ​သည်။
15 Видевше же братия Иосифовы, яко умре отец их, реша: да не когда воспомянет злобу нашу Иосиф и воздаянием воздаст нам за вся злая, яже показахом ему.
၁၅ယာ​ကုပ်​အ​နိစ္စ​ရောက်​ပြီး​နောက်​ညီ​အစ်​ကို​တို့ က``ငါ​တို့​သည်​ယော​သပ်​အား​ဒုက္ခ​ရောက်​စေ​ခဲ့ သည့်​အ​တွက် သူ​က​အ​ငြိုး​ထား​၍​လက်​စား​ချေ မည်​ကို​စိုး​ရိမ်​ရ​သည်'' ဟု​အ​ချင်း​ချင်း​ပြော ဆို​ကြ​၏။-
16 И пришедше ко Иосифу рекоша: отец твой закля прежде кончины своея, глаголя:
၁၆ထို့​ကြောင့်​သူ​တို့​သည်​ယော​သပ်​ထံ​သို့​တ​မန် ကို​စေ​လွှတ်​၍``ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​အား ပြစ်​မှား​မိ​ခဲ့​သည့်​အ​တွက်​အ​ပြစ်​ကို​လွှတ် တော်​မူ​ပါ'' ဟု​ကိုယ်​တော်​အား​တောင်း​ပန်​ရန် အ​ဖ​အ​နိစ္စ​မ​ရောက်​မီ​က​မှာ​ကြား​ခဲ့​ပါ သည်။ ထို့​ကြောင့်​အ​ဖ​ကိုး​ကွယ်​သည့်​ဘု​ရား​သ​ခင်​၏​ကျွန်​များ​ဖြစ်​ကြ​သော​ကျွန်ုပ်​တို့ အား​အ​ပြစ်​လွှတ်​တော်​မူ​ပါ'' ဟူ​၍​လျှောက် စေ​၏။ ယော​သပ်​သည်​ထို​လျှောက်​ထား​ချက် ကို​ကြား​ရ​သော​အ​ခါ​ငို​ကြွေး​လေ​၏။
17 тако рцыте Иосифу: остави им неправду и грех их, яко лукавая тебе показаша: и ныне приими неправду рабов Бога отца твоего. И плакася Иосиф, глаголющим им к нему.
၁၇
18 И пришедше к нему рекоша: се, мы тебе раби.
၁၈ထို​နောက်​ယော​သပ်​၏​ညီ​အစ်​ကို​တို့​သည်​သူ့ ထံ​သို့​ဝင်​ရောက်​၍​ရှေ့​တွင်​ပျပ်​ဝပ်​လျက်``ကိုယ် တော်​၏​ကျွန်​များ​ရှေ့​တော်​သို့​ရောက်​ရှိ​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
19 И рече к ним Иосиф: не бойтеся, Божий бо есмь аз:
၁၉ထို​အ​ခါ​ယော​သပ်​က​ညီ​အစ်​ကို​တို့​အား``အစ် ကို​တို့​မ​စိုး​ရိမ်​ကြ​ပါ​နှင့်။ ဘု​ရား​သ​ခင်​က သာ​လျှင်​တ​ရား​စီ​ရင်​၍​ဒဏ်​ပေး​ပိုင်​တော်​မူ​၏။ ကျွန်ုပ်​မူ​ကား​ထို​သို့​မ​ပြု​နိုင်​ပါ။-
20 вы совещасте на мя злая, Бог же совеща о мне благая, дабы было якоже днесь, и препиталися бы людие мнози.
၂၀အစ်​ကို​တို့​သည်​ကျွန်ုပ်​အား​မ​ကောင်း​ကြံ​ခဲ့ ကြ​ပါ​သော်​လည်း​ဘု​ရား​သ​ခင်​က ကျွန်ုပ် တို့​ယ​နေ့​တွေ့​မြင်​ရ​သည့်​အ​တိုင်း​လူ​များ အ​သက်​ချမ်း​သာ​စေ​ရန်​ထို​မ​ကောင်း​မှု​မှ အ​ကျိုး​တ​ရား​ကို​ဖော်​ခဲ့​တော်​မူ​ပြီ။-
21 И рече им: не бойтеся, аз препитаю вас и домы вашя. И утеши их, и глагола им по сердцу их.
၂၁မ​စိုး​ရိမ်​ကြ​ပါ​နှင့်။ ကျွန်ုပ်​သည်​သင်​တို့​နှင့် သင်​တို့​၏​သား​သ​မီး​များ​အား​ကြည့်​ရှု​စောင့် ရှောက်​ထား​ပါ​မည်'' ဟု​ဆို​လေ​၏။ ဤ​နည်း​အား ဖြင့်​ယော​သပ်​သည်​ညီ​အစ်​ကို​တို့​အား​နှစ်​သိမ့် စကား​ပြော​၍​စိတ်​ချမ်း​သာ​ရာ​ရ​စေ​လေ​၏။
22 И вселися Иосиф во Египте сам и братия его и весь дом отца его: и поживе Иосиф лет сто десять.
၂၂အီ​ဂျစ်​ပြည်​တွင်​ယော​သပ်​သည်​သူ​၏​သား ချင်း​များ​နှင့်​အ​တူ​နေ​ထိုင်​၍ အ​သက်​တစ် ရာ့​တစ်​ဆယ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။-
23 И виде Иосиф Ефремли дети до третияго рода: и сынове Махира сына Манассиина родишася при бедрех Иосифовых.
၂၃သူ​သည်​ဧ​ဖ​ရိမ်​၏​သား​သ​မီး​နှင့်​မြေး​တို့ ကို​တွေ့​မြင်​သွား​ရ​၏။ မ​နာ​ရှေ​၏​သား​မာ​ခိ ရ​၏​သား​သ​မီး​တို့​ကို​လည်း​ပြု​စု​ခဲ့​ရ​၏။-
24 И рече Иосиф братии своей, глаголя: аз умираю, посещением же посетит вас Бог и изведет вас от земли сея в землю, о нейже клятся Бог отцем нашым Аврааму, Исааку и Иакову.
၂၄ယော​သပ်​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ် သည်​သေ​ရ​တော့​အံ့။ ကျွန်ုပ်​မ​ရှိ​သော်​လည်း ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​အ​မှန်​မု​ချ ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။ သင်​တို့ ကို​ဤ​ပြည်​မှ​ထုတ်​ဆောင်​၍​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု​ကျိန်​ဆို​က​တိ ထား​တော်​မူ​သော​ပြည်​သို့​ခေါ်​ဆောင်​သွား တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-
25 И закля Иосиф сыны Израилевы, глаголя: в посещении, имже посетит вас Бог, совознесите и кости моя отсюду с вами.
၂၅ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား``ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​ထို ပြည်​သို့​ပို့​ဆောင်​သော​အ​ခါ ငါ​၏​အ​ရိုး တို့​ကို​သင်​တို့​နှင့်​အ​တူ​ဆောင်​သွား​ပါ​မည် ဟု​ငါ့​အား​က​တိ​ပေး​ပါ​လော့'' ဟု​ဆို လျက်​ကျိန်​ဆို​က​တိ​ပေး​စေ​၏။-
26 И скончася Иосиф сый лет ста десяти: и погребоша его, и положиша в раце во Египте.
၂၆သို့​ဖြစ်​၍​ယော​သပ်​သည်​အ​သက်​တစ်​ရာ့​တစ် ဆယ်​ရှိ​သော်​ကွယ်​လွန်​လေ​၏။ သူ​တို့​သည်​သူ ၏​ရုပ်​အ​လောင်း​ကို​ကြာ​ရှည်​ခံ​အောင်​ဆေး​စိမ် ၍ အီ​ဂျစ်​ပြည်​၌​ခေါင်း​သွင်း​ထား​ကြ​သ​တည်း။ ရှင်​မော​ရှေ​ရေး​ထား​သော​ကမ္ဘာ​ဦး​ကျမ်း​ပြီး​၏။

< Бытие 50 >