< Бытие 28 >

1 Призвав же Исаак Иакова, благослови его и заповеда ему, глаголя: да не поймеши жены от дщерей Хананейских:
ထို​အ​ခါ​ဣ​ဇာက်​သည်​ယာ​ကုပ်​ကို​ခေါ်​ပြီး လျှင်``သင်​သည်​ခါ​နာန်​အ​မျိုး​သ​မီး​နှင့် အိမ်​ထောင်​မ​ပြု​ရ။-
2 востав отбежи в Месопотамию в дом Вафуила отца матере твоея, и поими себе оттуду жену от дщерей Лавана брата матере твоея:
သင်​၏​အ​ဖိုး​ဗေ​သွေ​လ​နေ​ထိုင်​ရာ​မက်​ဆို​ပို တေး​မီး​ယား​ပြည်​သို့​ယ​ခု​သွား​လော့။ သင့်​ဦး လေး​လာ​ဗန်​၏​သ​မီး​တစ်​ယောက်​ယောက်​နှင့် အိမ်​ထောင်​ပြု​လော့။-
3 Бог же мой да благословит тя и возрастит тя и умножит тя, и будеши в собрания языков:
အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​သင့်​ကို ကောင်း​ချီး​ပေး​၍​သား​သ​မီး​များ​စွာ​ထွန်း ကား​စေ​သ​ဖြင့် သင်​သည်​လူ​မျိုး​များ​စွာ​တို့ ၏​ဖခင်​ဖြစ်​ပါ​စေ​သော။-
4 и да даст тебе благословение Авраама отца моего, тебе и семени твоему по тебе наследити землю обитания твоего, юже даде Бог Аврааму.
ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား​ကောင်း ချီး​ပေး​သည့်​နည်း​တူ သင်​နှင့်​သင်​၏​အ​ဆက် အ​နွယ်​တို့​အား​ကောင်း​ချီး​ပေး​ပါ​စေ​သော။ အာ​ဗြ​ဟံ​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ သော သင်​ယ​ခု​နေ​ထိုင်​သော​ပြည်​ကို​အ​ပိုင် ရ​ပါ​စေ​သော'' ဟု​ကောင်းချီး​ပေး​၍​မှာ​ကြား လေ​၏။-
5 Посла же Исаак Иакова: и отиде в Месопотамию к Лавану сыну Вафуила Сирина, к брату же Ревекки матере Иаковли и Исавли.
ဣ​ဇာက်​သည်​ရှု​ရိ​အ​မျိုး​သား​ဗေ​သွေ​လ ၏​သား​လာ​ဗန် နေ​ထိုင်​ရာ​ပါ​ဒ​နာ​ရံ​ပြည် သို့​ယာ​ကုပ်​ကို​စေ​လွှတ်​၏။ လာ​ဗန်​သည် ယာ​ကုပ်​နှင့်​ဧ​သော​တို့​၏​မိ​ခင်​ရေ​ဗက္က​၏ မောင်​ဖြစ်​သ​တည်း။
6 Виде же Исав, яко благослови Исаак Иакова и посла в Месопотамию сирскую пояти оттуду себе жену, егда благослови его и заповеда ему, глаголя: да не поймеши жены от дщерей Хананейских.
ဣ​ဇာက်​က​ယာ​ကုပ်​အား​ကောင်းချီး​ပေး​၍​မ​ယား ရှာ​ရန် ပါ​ဒ​နာ​ရံ​ပြည်​သို့​စေ​လွှတ်​လိုက်​ကြောင်း ကို​လည်း​ကောင်း၊ ထို​သို့​ယာ​ကုပ်​အား​ကောင်း​ချီး ပေး​စဉ်​ခါ​နာန်​အ​မျိုး​သ​မီး​နှင့်​အိမ်​ထောင် မ​ပြု​ရ​ဟူ​၍​မှာ​ကြား​ကြောင်း၊-
7 И послуша Иаков отца и матере своея, и отиде в Месопотамию сирскую.
ယာ​ကုပ်​သည်​မိ​ဘ​တို့​၏​စ​ကား​ကို​နား​ထောင်​၍ ပါ​ဒ​နာ​ရံ​ပြည်​သို့​သွား​ပြီ​ဖြစ်​ကြောင်း​ကို ဧ​သော​သိ​ရှိ​လေ​၏။-
8 Видев же Исав, яко злы суть дщери Хананейския пред Исааком отцем его,
ဧ​သော​သည်​ခါ​နာန်​အ​မျိုး​သ​မီး​များ​ကို ဖ​ခင်​ဣ​ဇာက်​မ​နှစ်​သက်​ကြောင်း​သိ​ရ​သ​ဖြင့်၊-
9 отиде Исав ко Исмаилу и взя Маелефу дщерь Исмаила сына Авраамля, сестру Навеофову, жену к женам своим.
အာ​ဗြ​ဟံ​၏​သား​ဣ​ရှ​မေ​လ​ထံ​သို့​သွား​ပြီး လျှင် သူ​၏​သ​မီး​မ​ဟာ​လတ်​နှင့်​အိမ်​ထောင်​ပြု လေ​သည်။ မ​ဟာ​လတ်​သည်​ကား​န​ဗာ​ယုတ်​၏ နှ​မ​ဖြစ်​သ​တည်း။
10 И отиде Иаков от кладязя Клятвеннаго и иде в Харран,
၁၀ယာ​ကုပ်​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​မှ​ခါ​ရန် မြို့​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။-
11 и обрете место и успе тамо, зайде бо солнце: и взя от камения места (того) и положи в возглавие себе, и спа на месте онем.
၁၁နေ​ဝင်​ချိန်​၌​သူ​သည်​တစ်​နေ​ရာ​သို့​ရောက် ရှိ​၍​ခ​ရီး​တစ်​ထောက်​နား​လေ​သည်။ သူ​သည် ကျောက်​တုံး​တစ်​တုံး​ကို​ခေါင်း​အုံး​၍​အိပ်​သည်။-
12 И сон виде: и се, лествица утверждена на земли, еяже глава досязаше до небесе, и Ангели Божии восхождаху и низхождаху по ней:
၁၂ထို​သို့​အိပ်​နေ​စဉ်​အိပ်​မက်​ထဲ​၌​မြေ​ပြင်​မှ​မိုး ကောင်း​ကင်​သို့​တိုင်​အောင်​ထောင်​လျက်​ရှိ​သော လှေ​ကား​ပေါ်​တွင် ကောင်း​ကင်​တ​မန်​များ​တက် လျက်​ဆင်း​လျက်​ရှိ​သည်​ကို​မြင်​ရ​၏။-
13 Господь же утверждашеся на ней и рече: Аз есмь Бог Авраама отца твоего и Бог Исаака, не бойся: земля, идеже ты спиши на ней, тебе дам ю и семени твоему:
၁၃ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အ​နီး​တွင် ရပ်​နေ​သည်​ကို​မြင်​ရ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​တို့​၏​ဘု​ရား​တည်း​ဟူ သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​ယ​ခု​နား​နေ ရာ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်။-
14 и будет семя твое яко песок земный, и распространится на море, и ливу, и север, и на востоки: и благословятся о тебе вся колена земная и о семени твоем:
၁၄သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ သူ​တို့​၏​နယ်​မြေ​သည်​အ​ရပ် လေး​မျက်​နှာ​သို့​ကျယ်​ပြန့်​လိမ့်​မည်။ ငါ​သည် သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။-
15 и се, Аз есмь с тобою, сохраняяй тя на всяком пути, аможе аще пойдеши, и возвращу тя в землю сию: яко не имам тебе оставити, дондеже сотворити ми вся, елика глаголах тебе.
၁၅ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင်​သွား​ရာ အ​ရပ်​၌​သင့်​ကို​စောင့်​ရှောက်​မည်။ သင့်​ကို​ဤ ပြည်​သို့​တစ်​ဖန်​ပို့​ဆောင်​ဦး​မည်။ ငါ​သည်​သင့် အား​ထား​သော​ကတိ​အ​တိုင်း​အ​ကောင်​အ​ထည် မ​ပေါ်​မီ​သင့်​ကို​စွန့်​ပစ်​၍​မ​ထား'' ဟု​မိန့်​တော် မူ​၏။
16 И воста Иаков от сна своего и рече: яко есть Господь на месте сем, аз же не ведех.
၁၆ထို​နောက်​ယာ​ကုပ်​သည်​အိပ်​ရာ​မှ​နိုး​၍``ထာ​ဝ​ရ ဘု​ရား​သည်​စင်​စစ်​ဤ​အ​ရပ်​၌​ရှိ​တော်​မူ​၏။ ရှိ တော်​မူ​ကြောင်း​ငါ​မ​သိ​ပါ​တ​ကား'' ဟု​ဆို လေ​၏။-
17 И убояся и рече: яко страшно место сие: несть сие, но дом Божий, и сия врата небесная.
၁၇သူ​သည်​ကြောက်​ရွံ့​လျက်``ဤ​အ​ရပ်​သည်​ကြောက်​မက် ဖွယ်​ကောင်း​သော​အ​ရပ်​ဖြစ်​ပါ​သည်​တ​ကား။ ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​ဗိ​မာန်​ကောင်း​ကင်​ဘုံ တံ​ခါး​ဝ​ပင်​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။
18 И воста Иаков заутра, и взя камень, егоже положи тамо в возглавие себе: и постави его в столп, и возлия елей верху его.
၁၈ယာ​ကုပ်​သည်​နောက်​တစ်​နေ့​နံ​နက်​စော​စော အိပ်​ရာ​မှ နိုး​ထ​၍​သူ​ခေါင်း​အုံး​သော​ကျောက်​တုံး​ကို​ယူ​ပြီး လျှင် မှတ်​တိုင်​အ​ဖြစ်​စိုက်​ထူ​လေ​သည်။ ထို​နောက်​မှတ် တိုင်​ပေါ်​တွင်​သံ​လွင်​ဆီ​လောင်း​လျက် ထို​မှတ်​တိုင် ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​လေ​၏။-
19 И прозва Иаков имя месту тому Дом Божий: Уламлуз же бе имя граду первее.
၁၉ထို​အ​ရပ်​ကို​ဗေ​သ​လ​ဟု​နာ​မည်​မှည့်​ခေါ်​လေ သည်။ (ယ​ခင်​က​ထို​မြို့​ကို​လု​ဇ​ဟု​ခေါ်​တွင်​၏။)-
20 И положи Иаков обет, глаголя: аще будет Господь Бог со мною и сохранит мя на пути сем, в оньже аз иду, и даст ми хлеб ясти, и ризы облещися,
၂၀ထို​နောက်​ယာ​ကုပ်​က​ထာ​ဝ​ရ​ဘု​ရား​အား ``ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​၍ အ​ကျွန်ုပ်​သွား​ရ​မည့်​ခ​ရီး​၌​စောင့်​ရှောက်​လျက် အ​စား​အ​စာ​နှင့်​အ​ဝတ်​ကို​ပေး​သ​နား​တော် မူ​ပြီး​လျှင်၊-
21 и возвратит мя здрава в дом отца моего, и будет Господь мне в Бога:
၂၁အ​ကျွန်ုပ်​ဖ​ခင်​အိမ်​သို့​ချော​မော​စွာ​ပြန်​လည်​ပို့ ဆောင်​တော်​မူ​ပါ​က​ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ် ဘု​ရား​ဖြစ်​တော်​မူ​မည်။-
22 и камень сей, егоже поставих в столп, будет ми дом Божий, и от всех, яже ми даси, десятину одесятствую та Тебе.
၂၂အ​ကျွန်ုပ်​စိုက်​ထူ​သော​ဤ​မှတ်​တိုင်​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​ရာ​ဌာ​န​ဖြစ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​လည်း​ကိုယ်​တော်​ရှင်​ပေး​တော်​မူ သ​မျှ​ထဲ​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို​ကိုယ်​တော်​ရှင် အား​လှူ​ဒါန်း​ပါ​မည်'' ဟု​သစ္စာ​ဆို​လေ​၏။

< Бытие 28 >