< ဇာခရိ 7 >

1 ဒါရိမင်းကြီးနန်းစံလေးနှစ်၊ ခိသလုမည်သော နဝမလလေးရက်နေ့တွင်၊
Mwaka wa minne wa utawala mfalme Dario, siku ya nne ya mwezi wa Kisleu(ambao ni mwezi wa tisa), neno la Yahwe lilimjia Zekaria kusema.
2 ထာဝရဘုရားရှေ့တော်၌ ဆုတောင်းခြင်းငှါ၎င်း၊
Watu wa Betheli wamemtuma Shareza, Regemu Meleki na watu wao kuomba mbele ya uso wa Yahwe.
3 နှစ်ပေါင်းများစွာပြုသကဲ့သို့ ပဥ္စမလတွင် ငိုကြွေး၍ ခြိုးခြံစွာ ကျင့်ရပါမည်လောဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အိမ်တော်၌ရှိသော ယဇ် ပုရောဟိတ်နှင့် ပရောဖက်တို့အား မေးလျှောက်ခြင်းငှါ ၎င်း၊ ရှရေဇာ၊ ရေဂင်္မေလက်နှင့် သူတို့လူများကို ဘုရား သခင်၏အိမ်တော်သို့ စေလွှတ်ကြသောအခါ၊
Wakaongea na makuhani waliokuwa katika nyumba ya Yahwe wa majeshi na kwa manabii; wakasema, “Je niomboleze katika mwezi wa tano kwa njia ya kufunga, kama nilivyofanya miaka mingi hii?”
4 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါဇာခရိသို့ ရောက်လာ၍၊
Ndipo neno la Yahwe wa majeshi liliponijia kusema,
5 ယဇ်ပုရောဟိတ်တို့နှင့် ပြည်သူပြည်သား အပေါင်းတို့အား သင်ဆင့်ဆိုရမည်မှာ၊ အနှစ်ခုနစ်ဆယ် ပတ်လုံး သင်တို့သည် ပဥ္စမလနှင့် သတ္တမလတွင် အစာ ရှောင်၍ ငိုကြွေးမြည်တမ်းသောအခါ၊ အကယ်စင်စစ် ငါ့အလိုရှိသည်အတိုင်း ငါ့အားအစာရှောင်ကြသလော။
“Ongea na watu wote wa nchi na makuhani uwaambie, “Mlipofunga na kuomboleza katika mwezi wa tano na wa saba katika hii miaka sabini, je kweli mlifunga kwa ajili yangu?
6 စားသောက်သောအခါ၌လည်း ကိုယ်အလို အလျောက်စားသောက်ကြသည်မဟုတ်လော။
Na mlipokula na kunywa, hamkula na kunywa kwa ajili yenu wenyewe?
7 ယေရုရှလင်မြို့မပျက်၊ စည်ပင်၍ ပတ်လည်၌ ရှိသောမြို့ရွာ၊ တောင်မျက်နှာအရပ်နှင့် မြေညီသော အရပ်၌ လူများသေးသောအခါ၊ ရှေးပရောဖက်တို့ဖြင့် ထာဝရဘုရားကြွေးကြော်တော်မူသော အမိန့်တော် ပြည့်စုံပြီမဟုတ်လောဟု မိန့်တော်မူ၏။
Je hayo siyo maneno aliyosema Yahwe kwa vinywa vya manabii wa zamani, mlipokuwa bado mnaishi Yerusalemu na miji ya kandokando yenye mafanikio na iliyokaa Negebu, na upande wa magharibi chini ya vilima?”
8 ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ဇာခရိသို့ ရောက်လာသည်ကား၊
Neno la Yahwe likamjia Zekaria kusema,
9 တရားအမှုကို တရားသဖြင့် စီရင်ကြလော့။ သနားခြင်းကရုဏာစိတ်နှင့် တယောက်ကို တယောက် ကျေးဇူးပြုကြလော့။
“Yahwe wa majeshi asema hivi, 'Hukumuni kwa haki, uaminifu wa agano, na rehema. Kila mtu na amtendee hivi ndugu yake.
10 ၁၀ မိဘမရှိသောသူ၊ မုတ်ဆိုးမ၊ တကျွန်းတနိုင်ငံ သား၊ ဆင်းရဲသားကို မညှဉ်းဆဲကြနှင့်။ တယောက်ကို တယောက် မကောင်းသောအကြံကို မကြံကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသော် လည်း၊
Juu ya mjane na yatima, mgeni, na masikini - usiwanyanyase, na asiwepo miongoni mwenu anayepanga madhara yoyote dhidi ya mwingine mioyoni mwenu.
11 ၁၁ သူတို့သည် နားမထောင်ဘဲလွတ်အောင် ရုန်းကြ ၏။ မကြားစေခြင်းငှါ နားကို ပိတ်ကြ၏။
Lakini waliyashupaza mabega yao na hawakujari. Waliziba masikio yao ili wasisikie.
12 ၁၂ တရားစကားကို၎င်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှေးပရောဖက်တို့ဖြင့် ထားတော်မူသောစကားကို၎င်း သူတို့သည် မကြားစေ ခြင်းငှါ၊ မိမိတို့နှလုံးကို စိန်ကျောက်ကဲ့သို့ မာစေကြ၏။ ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် အလွန်အမျက်ထွက်တော်မူ၏။
Waliifanya mioyo yao kuwa migumu kama mwamba ili wasiisikie sheria au neno la Yahwe wa majeshi. Alipeleka ujumbe kwa watu nyakati za zamani kwa Roho wake, kwa vinywa vya manabii. Lakini watu hawakusikia, hivyo Yahwe wa majeshi aliwakasirikia sana.
13 ၁၃ ငါဟစ်ခေါ်၍ သူတို့သည် နားမထောင်သကဲ့သို့၊ တဖန် သူတို့သည် ဟစ်ခေါ်၍ ငါလည်း နားမထောင်ဘဲ နေပြီဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူ၏။
Hata ikawa alipoita hawakusikia. Vilevile,” asema Yahwe wa majeshi, “wataniita, lakini sitasikiliza.
14 ၁၄ သူတို့မသိသော လူမျိုးအပေါင်းတို့တွင် လေဘွေ တိုက်၍ ငါလွှင့်ပြီ။ ထိုကြောင့်၊ သူတို့ ပြည်သည် လူဆိတ် ညံလျက်ရှိ၍ အဘယ်သူမျှ မသွားမလာ။ သာယာသော ပြည်သည် သုတ်သင်ပယ်ရှင်းရာဖြစ်လေပြီတကားဟု မိန့် တော်မူ၏။
Kwa maana nitawatawanya kwa upepo wa kisurisuri katika mataifa yote ambayo hawajawai kuyaona, na baada yao nchi itakuwa wazi. Kwa kuwa hakuna hata mmoja atakayepita au kukaa katika hiyo nchi kwa kuwa wameigeuza nchi yao yenye kupendeza kuwa isiyofaa.

< ဇာခရိ 7 >