< မာလခိ 1 >

1 ထာဝရဘုရားသည် မာလခိလက်တွင် ဣသ ရေလအမျိုးသို့ ပေးလိုက်တော်မူသော ဗျာဒိတ်နှုတ်က ပတ်တော်တည်းဟူသော၊
Tamko la neno la Bwana kwa Israeki kwa mkono wa Malaki.
2 ထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား၊ သင်တို့ကို ငါချစ်လေပြီ။ အကျွန်ုပ်တို့ကို အဘယ်သို့ ချစ် တော်မူသနည်းဟု သင်တို့မေးကြလျှင်၊ ဧသောသည် ယာကုပ်၏အစ်ကိုဖြစ်သည်မဟုတ်လော။ သို့သော်လည်း ယာကုပ်ကို ငါချစ်၏။
“Nilikupenda, “asema Bwana. Lakini unasema, “kwa jinsi gani ulitupenda?” Esau siyo ndugu yake Yakobo?” asema Bwana. “Na bado nampenda Yakobo,
3 ဧသောကို ငါမုန်း၍ သူနေသောတောင်တို့ကို လွင်ပြင်ဖြစ်စေပြီ။ သူ့အမွေခံရာမြေကို မြေခွေးတို့၌ အပ်လေပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
lakini nimemchukia Esau. nimeifanya milima yake kuwa ukiwa, na nimepafanya urithi wake kuwa makao ya mbweha wa jangwani.”
4 ဧဒုံအမျိုးသားတို့က၊ ငါတို့သည် ပျက်စီးသော် လည်း၊ ပျက်စီးသောအရပ်တို့ကို တဖန်တည်ဆောက်ဦး မည်ဟုဆိုရာတွင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် တည်ဆောက် သော်လည်း ငါဖြိုဖျက်မည်။ သူတို့ကို ဒုစရိုက်ပြည်သား၊ ထာဝရဘုရားအစဉ်အမျက်ထွက်တော်မူသော လူမျိုးဟူ ၍ သမုတ်ကြလိမ့်မည်။
Kama Edomu husema, “Tumepigwa, lakini tutarudi na kujenga palipoharibiwa; “Bwana wa Majeshi asama hivi, “Watajenga lakini nitaiangusha chini; na wanaume watawaita 'Nchi ya uovu', na 'Watu ambao ambao Mungu ana hasira nao milele.”'
5 ထိုအမှုကို သင်တို့သည် မြင်သောအခါ၊ ထာဝရ ဘုရားသည် ဣသရေလပြည်၏ပြင်မှာ ဘုန်းတန်ခိုး ကြီးတော်မူသည်ဟု ဆိုကြလိမ့်မည်။
kwa macho yenu mtaona hili, na mtasema, “Bwana ni mkuu mbele ya mipaka ya Israel.”
6 သားသည် အဘကို ရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ ငါသည် အဘမှန်လျှင်၊ ငါ့ကို အဘယ်သူရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ် သူ ကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် နာမတော်ကို မထီမဲ့မြင်ပြုသော ယဇ် ပုရောဟိတ်တို့အား မေးတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့ မထီမဲ့မြင်ပြုပါသနည်းဟု သင် တို့မေးရာတွင်၊
mtoto amtiibaba yake, na mtumwa amtii bwana wake. ikiwa mimi, ni baba, iko wapi heshima yangu? na kama mimi ni bwana, iko wapi heshima yangu? Bwana wa majeshi asema hivi kwenu, makuhani, mnaodharau jina langu. lakini mnasema, 'tumeridharauje jina lako?
7 ညစ်ညူးသောအစာကို ငါ့ယဇ်ပလ္လင်သို့ ဆောင် ခဲ့ကြသည်တကား။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အဘယ်သို့ ရှုတ်ချပါသနည်းဟုမေးရာတွင်၊ ထာဝရ ဘုရား၏စားပွဲသည် ယုတ်မာ၏ဟုဆိုသောကြောင့် ငါ့ကို ရှုတ်ချကြပြီ။
kwa kutoa mikate iliyonajisi madhabahuni kwangu. Na mnasema kuwa, 'Tumekuradhau kwa namna gani?' Kwa kusema hivyomeza ya Bwana imedharauliwa.
8 မျက်စိကန်းသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည်မဟုတ်လော။ ခြေဆွံ့သောအကောင်နှင့် နာသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော။ မြို့ဝန်မင်းအား ဆက်ပါလော့။ မင်း၏စိတ် နှင့် တွေ့လိမ့်မည်လော။ သင့်မျက်နှာကို ထောက်လိမ့် မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။
Mkitoa sadaka ya wanyama vipofu, hiyo siyo dhambi? na kama mkitoa vilema na wagonjwa, hiyo siyo dhambi? pelekeni hili kwa liwali; atawakubali au atainua nyuso zetu?” asema Bwana wa Majeshi.
9 ယခုမှာ ဘုရားသခင်သည် ငါတို့ကို ကယ်မ သနားတော်မူမည်အကြောင်း၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းကြပါလော့။ သင်တို့လက်ခံသောကြောင့် ဤသို့ ပြုတတ်ကြ၏။ သင်တို့မျက်နှာကို ထောက်ရမည်လောဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
Na sasa, mnajaribu kutafuta neema ya Mungu, ili kwamba awe mwema kwetu. “Na aina gani ya sadaka kwa sehemu yenu, ataziinua nyuso zenu? asema Bwana wa Majeshi.
10 ၁၀ သင်တို့တွင် အဘယ်သူသည် ငါ့တံခါးတို့ကို ပိတ် လိမ့်မည်နည်း။ သင်တို့သည် ငါ့ယဇ်ပလ္လင်ပေါ်မှာ မီးကို အချည်းနှီးမညှိရကြ။ သင်တို့ကို အလိုမရှိ၊ သင်တို့ပြုသော ပူဇော်သက္ကာကို ငါလက်မခံဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားမိန့်တော်မူ၏။
Kama kungekuwa na mtu ambaye angefunga lango la Hekalu, ili kwamba kusewe na mto madhabahuni bure! lakini sina radhi na ninyi, “asema Bwana wa majeshi, “na sitaikubali sadaka yeyote kutoka katika mikono yenu.
11 ၁၁ နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင် အောင် တပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီး မြတ်ရလိမ့်မည်။ ခပ်သိမ်းသော အရပ်တို့၌ နံ့သာပေါင်း ကို ငါ၏နာမတော်အား မီးရှို့၍၊ သန့်ရှင်းသော ပူဇော် သက္ကာကို ဆက်ကပ်ရကြလိမ့်မည်။ ငါ၏နာမတော်သည် တပါးအမျိုးသားတို့တွင် ကြီးမြတ်ရလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
Kutoka mawio ya jua mpaka machweo jina langu litakuwa kuu katikati ya mataifa; katika kila sehemu uvumba utatolewa katika jina langu, na pia sadaka safi. Kwa sababu jina langu likuwa kuu sana katikatik ya mataif,” asema Bwana wa majeshi.
12 ၁၂ သင်တို့က၊ ထာဝရဘုရား၏ စားပွဲတော်သည် ညစ်ညူး၏။ တင်ထားသော ဘောဇဉ်ပူဇော်သက္ကာသည် ယုတ်မာ၏ဟုဆိုသောကြောင့် စားပွဲတော်ကို ရှုတ်ချကြပြီ။
“lakini ninyi mnachafua mnaposema meza ya Bwana mnainajisi, na matunda yake, na chakula chake kudharauka.
13 ၁၃ တဖန်သင်တို့က၊ အမှုတော်ကို ဆောင်ရွက်၍ ပင်ပန်းစွတကားဟုဆိုလျက်၊ ကဲ့ရဲ့သံကို ပြုတတ်ကြသည် ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏။ လုယူသောအကောင်၊ ခြေဆွံ့သောအကောင်၊ နာ သောအကောင်ကို ဆောင်ခဲ့ကြပြီ။ ထိုသို့သော ပူဇော် သက္ကာကို ဆောင်ခဲ့ကြပြီတကား။ သင်တို့လက်မှ ငါခံရ မည်လောဟု ထာဝရဘုရားမေးတော်မူ၏။
Na ninyi pia mwasema, 'jambo hili limetuchosha, nanyi mnalidharau, “asema Bwana wa majeshi. “Mmerudisha kilichokuwa kimechukuliwa na wanyama wa mwitu au vilema au walio wagonjwa; na ndicho mnaleta kuwa sadaka zenu! Je naweza kuikubali hii mikononi mwenu?” asema Bwana.
14 ၁၄ သစ္စာဂတိထားပြီးမှ မိမိသိုးစု၌ အထီးရှိလျက် ပင် လှည့်စား၍၊ ထာဝရဘုရားအား ချို့တဲ့သော အကောင်ကို ယဇ်ပူဇော်သောသူသည် အမင်္ဂလာရှိစေသ တည်း။ ငါသည် ကြီးမြတ်သော ရှင်ဘုရင်ဖြစ်၏။ ငါ၏ နာမတော်သည် လူအမျိုးမျိုးတို့တွင် ကြောက်မက်ဖွယ်ဖြစ် ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။
Alaniwe alye mdanganyifu, ambaye anaye mnyama dume katika kundi lake ana akaahidi kunitolea, lakini bado anatoa kwangu, mimi Bwana, ambayo ni kiujanja ujanja; kwa kuwa mimi ni mfalme mkuu,” asema Bwana wa Majeshi, “na jina langu litaogopwa katika mataifa.”

< မာလခိ 1 >