< ဇာခရိ 6 >

1 တဖန် ငါမျှော်ကြည့်၍၊ ကြေးဝါဖြင့် ပြီးသော တောင်နှစ်လုံးကြားမှ ရထားလေးစီးထွက်လာ၏။
Kisha nikageuka na kuinua macho na nikaona vibandawazi vinne vya farasi vikija kutoka kati ya milima miwili; na milima hiyo ilikuwa imetengenezwa kwa shaba.
2 ပဌမရထား၌ မြင်းနီ၊ ဒုတိယရထား၌ မြင်းနက်၊
Kibandawazi cha kwanza kilikuwa na farasi wekundu, kibandawazi cha pili kilikuwa na farasi weusi,
3 တတိယရထား၌မြင်းဖြူ၊ စတုတ္ထရထား၌ ခွန် အားကြီးသော မြင်းကျားတို့သည် ကလျက်ရှိကြ၏။
kibandawazi cha tatu kilikuwa na farasi weupe, na kibandawazi cha nne kilikuwa na farasi wa kijivu.
4 အကျွန်ုပ်သခင်၊ ထိုရထားတို့ကား အဘယ်သို့ နည်းဟု ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊
Hivyo nikamwuliza malaika aliyesema nami, “Ni vitu gani hivi bwana wangu?”
5 ကောင်းကင်တမန်က၊ ထိုရထားတို့သည်၊ မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ရှေ့ တော်၌ ရပ်နေရာမှ ထွက်သွားသော မိုဃ်းကောင်းကင် လေ လေးပါးဖြစ်၏။
Malaika akajibu na kuniambia, “Hizi ni pepo nne za mbinguni zisimamazo mbele ya Bwana wa dunia yote.
6 ကသော မြင်းနက်တို့သည် မြောက်ပြည်သို့ သွား ကြ၏။ မြင်းဖြူတို့သည် မြင်းနက်နောက်သို့ လိုက်ကြ၏။ မြင်းကျားတို့သည် တောင်ပြည်သို့ သွားကြ၏ဟု ဆို၏။
Lenye farasi weusi linakwenda nchi ya kaskazini; farasi weupe wanakwenda nchi ya magharibi; na farasi wa kijivu wanakwenda nchi ya kusini.”
7 ခွန်အားကြီးသော မြင်းတို့သည် ထွက်၍၊ မြေ ကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ခြင်းငှါ အား ထုတ်ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား၍ မြေကြီး ပေါ်မှာ တောင်မြောက်သို့ လှည်လည်ကြလော့ ဟုဆိုသည် အတိုင်း၊ သူတို့သည် မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ကြ၏။
Farasi hawa wenye nguvu walitoka na wanatafuta kwenda na kuzunguka juu ya nchi, hivyo malaika akasema, “Nendeni na mzunguke juu ya nchi!” nao wakaenda juu ya dunia yote.
8 ကောင်းကင်တမန်သည်လည်း ငါ့ကို ခေါ်၍၊ ကြည့်လော့။ မြောက်ပြည်သို့ သွားသော မြင်းတို့သည် ငါ့အမျက်ကို မြောက်ပြည်၌ တည်စေကြပြီဟု ဆို၏။
Kisha akaniita na kuniambia, “Tazama wale wanaokwenda nchi ya kaskazini, wataituliza roho yangu juu nchi hiyo.”
9 တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊
Hivyo neno la Yahwe likanijia kusema,
10 ၁၀ အရင်သိမ်းသွားခြင်းကို ခံရ၍ ယခု ဗာဗုလုန် မြို့မှ ပြန်လာသော ဟေလဒဲအမျိုး၊ တောဘိယအမျိုး၊ ယေဒါယအမျိုးအချို့တို့ကို ခေါ်၍၊ တနေ့ခြင်းတွင် ဇေဖနိ၏သားယောရှိအိမ်သို့ သွားပြီးသော်၊
“Chukua sadaka kutoka kwa waliohamishwa - kutoka kwa Helidai, Tobiya na Yedaya - leo hii uende na kuipeleka katika nyumba ya Yosia mwana wa Zefania, aliyetoka Babeli.
11 ၁၁ ရွှေငွေတို့ကို ယူ၍ သရဖူကို လုပ်ပြီးလျှင် ယောဇ ဒက်သား ယဇ်ပုရောဟိတ်မင်းယောရှု၏ ခေါင်းပေါ်မှာ တင်လော့။
Kisha uchukue fedha na dhahabu, ufanye taji na uivike katika kichwa cha Yoshua mwana wa Yehosadaki kuhani mkuu.
12 ၁၂ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အမိန့်တော်ကို ထိုသူအား ဆင့်ဆိုရမည်မှာ၊ အညွန့်အမည် ရှိသော သူကို ကြည့်ရှုလော့။ မိမိဒေသအရပ်၌ ပေါက်၍ ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်။
Ongea naye na useme, Yahwe wa majeshi asema hivi: Mtu huyu, jina lake Tawi! Naye atakuwa alipo na kisha atajenga hekalu la Yahwe!
13 ၁၃ ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက် ပြီးလျှင်၊ ဘုန်းကြီး၍ မိမိရာဇပလ္လင်ပေါ်မှာ ထိုင်လျက် စိုးစံလိမ့်မည်။ ရာဇပလ္လင် တော် ပေါ်မှာ ယဇ်ပုရောဟိတ်လည်း ဖြစ်၍၊ ထိုနှစ်ပါးတို့သည် မိဿဟာယ ပဋိညာဉ်ကို ဖွဲ့ကြ လိမ့်မည်။
Ndiye atakayejenga hekalu la Yahwe naye atauinua utukufu wake; kisha ataketi na kutawala katika kiti chake cha enzi. Atakuwa kuhani juu ya kiti cha enzi na ufahamu wa amani utakuwa kati ya vyote viwili.
14 ၁၄ ထိုသရဖူသည်ဟေလင်၊ တောဘိယ၊ ယေဒါယ၊ ဇေဖနိ၏သား ဟင်တို့အဘို့၊ ထာဝရဘုရား၏ ဗိမာန် တော်၌ သက်သေဖြစ်ရမည်။
Taji itawekwa hekaluni mwa Yahwe kwa heshima ya Heldai, Tobiya na Yedaya na kama kumbukumbu ya ukarimu wa mwana wa Zefania.
15 ၁၅ ဝေးသော သူတို့သည်လည်းလာ၍ ထာဝရဘုရား၏ ဗိမာန်တော်၌ တည်ဆာက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကို စေ့စေ့နားထောင်လျှင်၊ ဤသို့ ဖြစ်ရလိမ့်မည်ဟု မိန့်တော် မူ၏။
Ndipo waliombali watakapokuja na kulijenga hekalu la Yahwe, hivyo mtajua kuwa Yahwe wa majeshi amenituma kwenu; kwani ikiwa kweli mnaisikiliza sauti ya Yahwe Mungu wenu hili litatendeka!”

< ဇာခရိ 6 >