< ဝတ်ပြုရာ 23 >

1 တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
Yahweh akamwambia Musa:
2 သင်တို့သည် စီရင်ရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ငါ ထာဝရဘုရား၏ ပွဲတော်များဟူမူကား၊-
“Zungumza na watu wa Israeli, na uwaambie, 'Hizi ndizo sikukuu zilizoamriwa kwa ajili ya Yahweh, ambazo ni lazima mzitangaze kuwa makusanyiko matakatifu, ni sikukuu zangu za mara kwa mara.
3 ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာနေရသော ဥပုသ်နေ့၊ ဓမ္မ စည်းဝေးခြင်းကို ပြုရသောနေ့ဖြစ်၏။ ထို့နေ့၌ သင်တို့သည် အလုပ်မလုပ်ရကြ။ သင်တို့နေရာအရပ် ရပ်၌ ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။
Mnaweza kufanya kazi kwa siku sita, lakini siku ya saba ni Sabato ya kupumzika kabisa. Usifanye kazi kwa sababu ni Sabato kwa ajili ya Yahweh mahali pote mnaposhi.
4 အချိန်တန်မှ သင်တို့ကြော်ငြာရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရား၏ ပွဲတော်များ ဟူမူကား၊-
Hizi ndizo sikukuu za Yahweh zilizoamriwa, Makusanyiko matakatifu mtakayoyatangaza kwa nyakati zilioamriwa:
5 ပဌမလဆယ်လေးရက်နေ့ ညဦးယံ၌ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။
Katika mwenzi wa kwanza, siku ya kumi na nne ya mwezi kwenye mwanga hafifu wa machweo ya jua, ni Pasaka ya Yahweh.
6 ၎င်းလ ဆယ်ငါးရက်နေ့၌ ထာဝရဘုရားအဘို့ အဇုမပွဲကို ခံရကြမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့် ကို စားရကြမည်။
Siku ya kumi na tano ya mwezi ule ule ni sikukuu ya mikate isiotiwa hamira kwa ajili ya Yahweh. Kwa muda wa siku saba mtakula mikate isiotiwa hamira.
7 ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
Siku ya kwanza ni lazima mjitenge kwa pamoja, hamtafanya kazi ya kawaida.
8 ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာကို ပြုရမည်။ သတ္တမနေ့၌လည်း ဓမ္မစည်း ဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရဟု မိန့်တော်၏။
Kwa siku saba mtamletea Yahweh matoleo ya chakula. Siku ya saba ni ya kusanyiko takatifu lililotengwa kwa ajili ya Yahweh, nanyi katika siku hiyo hamtafanya kazi yoyote ya kawaida.”
9 တဖန် မောရှေအား ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
Yahweh akamwambia Musa, akisema,
10 ၁၀ သင်တို့သည် ငါပေးသော ပြည်သို့ရောက်၍ စပါးကို ရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်း တစည်းကို ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
“Sema na watu wa Israeli uwaambie, 'mtakapika kwenye nchi nitakayowapa nyinyi, na mtakapovuna mazao yake, nanyi yawapasa kumletea kuhani fungu la masuke ya nafaka ya matunda yake ya kwanza.
11 ၁၁ သင်တို့သည် စိတ်တော်နှင့် တွေ့ခြင်းငှါ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရား ရှေ့တော်၌ ချီလွှဲရမည်။
Naye ataliinua hilo fungu la masuke ya nafaka mbele za Yahweh na kulileta kwake, kwa kuwa litakubalika kwa niaba yenu. Nalo litaletwa siku baada ya Sabato ili kwamba kuhani ataliinua na kulileta kwangu.
12 ၁၂ ကောက်လှိုင်းကို ချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရား အဘို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။
Siku ile mtakapoliinua lile fungu la masuke ya nafaka na kulileta kwangu, itawabidi kutoa mwana—kondoo dume wa mwaka mmoja na asiye na dosari awe sadaka ya kuteketezwa kwa Yahweh.
13 ၁၃ ထိုယဇ်နှင့်ဆိုင်သော ဘောဇဉ်ပူဇော်သက္ကာကား၊ ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော ဆီနှင့်ရောသော မုန့်ညက်နှစ်ဩမဲ ဖြစ်ရမည်။ သွန်းလောင်းရာ ပူဇော်သက္ကာကား၊ စပျစ်ရည်သုံးလောဃ ဖြစ်ရမည်။
Matoleo ya nafaka yatakuwa sehemu za kumi za efa za unga laini uliochanganywa na mafuta, uwe matoleo yaliyofanywa kwa moto kwa Yahweh, ili kutoa harufu nzuri ya kupendeza, pamoja na hiyo kutakuwa na matoleo ya kinywaji ya divai, moja ya nne ya hini.
14 ၁၄ သင်တို့၏ ဘုရားသခင်ထံတော်သို့ ပူဇော်သက္ကာကို ဆောင်ခဲ့သောနေ့ မရောက်မှီ၌ မုန့်၊ ဆန်လှော်၊ စိမ်းသောအသီးအနှံကို မစားရ။ သင်တို့နေရာ အရပ်ရပ်၌ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရ သော ပညတ်တော်ဖြစ်သတည်း။
Hamtakula mkate, wala nafaka iliyokaangwa au nafaka mpya hata siku ile mliyoleta matoleo haya kwa Mungu wenu. Hii itakuwa amri ya kudumu katika vizazi vyote vya watu wenu, popote pale mnapoishi.
15 ၁၅ ချီလွှဲရာ ပူဇော်သက္ကာကောက်လှိုင်းကို ဆောင်ခဲ့သောနေ့၊ ဥပုသ်နေ့အလွန် နက်ဖြန်နေ့ကစ၍ သီတင်းခုနစ်သီတင်းစေ့အောင် ရေတွက်ရမည်။
Tangu siku iliyofuata baada ya Sabato—hiyo ilikuwa siku mlipolileta lie fungu la nafaka la matoleo ya kutikiswa—hesabuni majuma saba kamili.
16 ၁၆ သတ္တမဥပုသ်နေ့အလွန် နက်ဖြန်နေ့အထိ အရက်ငါးဆယ်တိုင်တိုင် ရေတွက်ပြီးလျှင်၊ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ အသစ်ကို ဆက်ရကြမည်။
Mtahesabu siku hamsini, ambazo zingekuwa siku baada ya Sabato ya saba. Kisha mtaleta matoleo ya nafaka mpya kwa Yahweh.
17 ၁၇ ထာဝရဘုရားအဘို့ အဦးသီးသော အသီး၊ တဆေးဖြင့် ဖောင်းကြွသော မုန့်ညက် နှစ်ဩမဲနှင့် လုပ်သော ချီလွှဲရာမုန့်နှစ်လုံးကို သင်တို့အိမ်မှ ထုတ်ဆောင်ခဲ့၍၊-
Mtaleta kutoka nyumbani mwenu mikate miwili iliyotengenezwa kutokana na mbili za kumi za efa. Ni lazima ifanywe kwa unga laini na uliochanganywa na hamira; zitakuwa matoleo ya kutikiswa ya malimbuko ya kwanza kwa Yahweh.
18 ၁၈ ထိုမုန့်နှင့်တကွ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်၊ နွားသငယ် အထီးတကောင်၊ ဆိတ်နှစ်ကောင်ကို ဆက်၍၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ၊ ထာဝရဘုရားအား မွှေးကြိုင်ရာသို့ မီးဖြင့်ပြုသောပူဇော်သက္ကာ တည်းဟူသောမီးရှိုရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်ရမည်။
Mtaileta hiyo mikate pamoja na wana—kondoo saba wa mwaka mmoja na wasiokuwa na dosari, fahali mmoja mchanga na dume wa kondoo wawili. Watakuwa matoleo ya kuteketezwa kwa moto kwa Yahweh, pamoja na matoleo yao ya nafaka na matoleo ya kinywaji, matoleo yaliyofanywa kwa moto na kutoa harufu nzuri ya kupendeza kwa Yahweh.
19 ၁၉ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို၎င်း၊ မိဿဟာယယဇ်ဘို့ အခါမလည်သော သိုးသငယ်နှစ်ကောင်ကို၎င်း ပူဇော်၍၊-
Ni lazima mtowe mbuzi dume mmoja kwa ajili ya matoleo ya dhambi, na wana—kondoo dume wawili wa mwaka mmoja kwa ajili ya dhabihu, wawe matoleo ya ushirika.
20 ၂၀ ယဇ်ပုရောဟိတ်သည် အဦးသီးသော အသီးမုန့်နှင့်တကွ ချီလွှဲသဖြင့်၊ သိုးသငယ်နှစ်ကောင်ပါလျက် ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာ ပူဇော်သက္ကာ ပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသော အရာဖြစ်သတည်း။
Ni lazima kuhani azitikise pamoja na mkate wa malimbuko ya kwanza mbele za Yahweh na kuzileta kwake kuwa matoleo pamoja na kondoo dume wawili. Watakuwa sadaka takatifu kwa Yahweh kwa ajili ya kuhani.
21 ၂၁ ထိုနေ့၌လည်း ဓမ္မစည်းဝေးခြင်းကို စီရင်ရကြမည်။ လောကီအလုပ်ကို မလုပ်ရ။ သင်တို့နေရာ အရပ်ရပ်၌ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။
Mtatoa tangazo siku iyo hiyo. Kutakuwa na kusanyiko takatifu, na hamtafanya kazi za kawaida. Hii itakuwa amri ya kudumu katika vizazi vya watu wenu mahali pote mnapoishi.
22 ၂၂ ကိုယ်မြေ၌ ဖြစ်သောစပါးကို ရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍ မကောက်မသိမ်းရ။ ထိုအရာကို ဆင်းရဲသောသူ ဧည့်သည်အာဂန္တု အဘို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
Mtakapovuna mazao ya nchi yenu, Msivune kabisa kabisa pembeni mwa mashamba yenu, wala msivune mazazo ya mavuno yenu. Inawapasa kuyaacha kwa ajili ya masikini na mgeni. Mimi ndimi Yahweh Mungu wenu.”
23 ၂၃ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
Yahweh akazungumza na Musa, akisema,
24 ၂၄ သင်တို့သည် သတ္တမလ၊ ပဌမနေ့ရက်၌ တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။
“Zungumza na watu wa Israeli na uwaambie, “Siku ya kwanza ya mwezi wa kwanza itakuwa siku ya pumzika makini kwa ajili yenu, kumbukumbu pamoja na kupigwa kwa tarumbeta na kusanyiko takatifu,
25 ၂၅ လောကီအလုပ်ကို မလုပ်ရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ရမည်ဟု မိန့်တော်မူ၏။
Hamtafanya kazi ya kawaida, na ni lazima mtoe dhabihu inayofanywa kwa moto kwa Yahweh.”
26 ၂၆ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
Kisha Yahweh akamwambia Musa, akisema,
27 ၂၇ သတ္တမလ၊ ဒသမနေ့သည်လည်း အပြစ်ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံစွာ ကျင့်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။
“Sasa, siku ya kumi ya mwezi huu wa saba, ni Siku ya Upatanisho. Kutakuwa na kusanyiko takatifu, na ni lazima mjinyenyekeze na kuleta kwa Yahweh matoleo kwa moto.
28 ၂၈ ထိုနေ့၌ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်အပြစ် ဖြေခြင်းကို ပြုရသောနေ့ဖြစ်၏။
Hamtafanya kazi katika siku hiyo kwa sababu ni Siku ya Upatanisho, ili kufanya upatanisho kwa ajili yenu mbele za Yahweh Mungu wenu.
29 ၂၉ ထိုနေ့၌ ခြိုးခြံစွာ မကျင့်သောသူမည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။
Yeyote asiyejinyenyekeza siku hiyo lazima akatiliwe mbali na watu wake.
30 ၃၀ ထိုနေ့၌ အလုပ်တစုံတခုကို လုပ်သောသူ မည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှား ဖျက်ဆီးမည်။-
Yeye afanyaye kazi yoyote katika siku hiyo, Mimi, Yahweh, nitamwangamiza atoke miongoni mwa watu wake.
31 ၃၁ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
Msifanye kazi ya aina yoyote katika siku hiyo. Hii itakuwa amri ya kudumu katika vizazi vyote vya watu wenu mahali pote mnapoishi.
32 ၃၂ ထိုနေ့သည် ငြိမ်ဝပ်စွာ နေရသောနေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ ဖြစ်၏။ နဝမနေ့ ညဦးမှစ၍ နက်ဖြန် ညဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟု မိန့်တော်မူ၏။
Siku hii itakuwa Sabato ya pumziko lenye utlivu, na ni lzima siku ya tisa ya mwezi mjinyenyekeze katika majira ya jioni. Tangu jioni hata jioni mtaishika Sabato yenu.”
33 ၃၃ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
Yahweh akazungumza na Musa, akisema,
34 ၃၄ သင်တို့သည် သတ္တမလ၊ ဆယ်ငါးရက်နေ့မှစ၍ ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ သကေနေပွဲ ကို ခံရကြမည်။-
“Zungumza na watu ISraeli, uwaambie 'Katika siku ya kumi na tano ya mwezi wa saba kutakuwa na Sikukuu ya vibanda kwa Yahweh. nayo itadumu siku saba.
35 ၃၅ ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ အလုပ်ကို မလုပ်ရ။
Siku ya kwanza kutakuwa na kusanyiko takatifu. Hamtafanya kazi ya kawaida.
36 ၃၆ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ အဋ္ဌမနေ့၌ လည်း၊ ဓမ္မစည်းဝေးခြင်းကို ပြု၍၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရ မည်။
Kwa muda wa siku saba mtatoa dhabihu iliyofanywa kwa moto kwa Yahweh. Siku ya nane kutakuwa na kusanyiko takatifu, nanyi mtato dhabihu iliyofanywa kwa moto kwa Yahweh. Hili ni kusanyiko lenye utulivu, nanyi msifanye kazi yoyote ya kawaida.
37 ၃၇ ထူးဆန်းသော စည်းဝေးခြင်းဖြစ်၍ လောကီအလုပ်ကို မလုပ်ရ။
Hizi ndizo sikukuu zilizoamriwa kwa ajili ya Yahweh, ambazo mnapaswa kuzitangaza kuwa ni makusanyiko matakatifu ya kutoa dhabihu kwa moto kwa Yahweh, matoleo ya kuteketezwa na matoleo ya nafaka, dhabihu na matoleo ya vinywaji, kila moja kwa siku yake.
38 ၃၈ ဤရွေ့ကား၊ ထာဝရဘုရား၏ ဥပုသ်နေ့၊ ထာဝရဘုရားအား ဆက်ကပ်ရသော အလှူဒါန၊ သစ္စာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာမှတပါး၊ နေ့ရက်အသီးအသီးတို့ ၌ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ပူဇော် ခြင်း၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ပြုစေခြင်းငှါ စီရင်ရသော ဓမ္မစည်းဝေးခြင်း၊ ထာဝရဘုရား ၏ ပွဲတော်များ ဖြစ်သတည်း။
Sikukuu hizi zitakuwa nyongeza kwa Sabato za Yahweh na zawadi zenu, viapo vyenu vyote, na sadaka zenu zote za hiari mzitoazo kwa Yahweh.
39 ၃၉ ထိုမှတပါး၊ သင်တို့သည် မြေအသီးအနှံကို သိမ်းယူသောနောက်၊ သတ္တမလ ဆယ်ငါးရက်နေ့မှစ၍ ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအား ပွဲခံကြရမည်။ ပဌမနေ့နှင့် အဋ္ဌမနေ့၌ ဥပုသ်စောင့်ကြရမည်။
Kuhusu Sikukuu ya vibanda, siku ya kumi na tano ya mwezi wa saba, mtakapokuwa mmeyakusanya ndani matunda ya nchi, ni lazima muitunze sikukuu hii ya Yehweh kwa muda wa siku saba. Siku ya kwanza itakuwa ya pumziko lenye utulivu, na siku ya nane pia itakuwa ya pumziko lenye utulivu.
40 ၄၀ ပဌမနေ့၌ ကောင်းမွန်သော သစ်သီး၊ စွန်ပလွံခက်၊ မိုဃ်းမခပင် အစရှိသော အရွက်များသော အပင်၏ အကိုင်းအခက်တို့ကိုယူ၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပတ်လုံး ရွှင်လန်းခြင်းကို ပြုရကြမည်။
Siku ya kwanza mtachuma tunda lililobora kutoka kwenye miti, mtakata makuti ya mtende, na matawi ya miti minene yenye majani mengi, na majani ya mierebi kutoka chemchemi za maji, nanyi mtashangilia mbele za Yahweh Mungu wenu kwa siku saba.
41 ၄၁ ထိုပွဲတော်ကို တနှစ်တနှစ်လျှင် ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ ခံရကြမည်။ သင်တို့ အမျိုး အစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမလ၌ ခံရကြမည်။
Kwa muda wa siku saba kila mwaka, mtaisherehekea sikukuu hii kwa Yahweh. Hii itakuwa amri ya kudumu katika vizazi vyote vya watu wenu mahali potepote mtakapoishi. Mtaisherehekea sikukuu hii katika mwezi wa saba.
42 ၄၂ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောအခါ၊
Mtaishi kwenye vibanda vidogovidogo kwa siku saba. Waisraeli wenyeji wa kuzaliwa wote itawapasa kuishi katika vibanda vidogovidogo kwa siku saba,
43 ၄၃ သစ်ခက်တဲ၌ နေစေကြောင်းကို သင်တို့ အမျိုးအစဉ်အဆက်တို့သည် သိမှတ်မည်အကြောင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ၌ ခုနှစ်ရက်ပတ်လုံး နေရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
ili kwamba wazao wenu, kizazi baada ya kizazi, waweze kujifunza nilivyowafanya wana wa Israeli kuishi kwenye vibanda kama hivi nilipowaongoza kutoka katika nchi ya Misri. Mimi ndimi Yahweh Mungu wenu.'”
44 ၄၄ မောရှေသည်လည်း၊ ထာဝရဘုရား၏ ပွဲတော်များကို ဣသရေလအမျိုးသားတို့အား ပြန်ကြားလေ၏။
Katika njia hii Musa akazitangaza kwa watu wa ISraeli sikukuu zilizoamria kwa ajili ya Yahweh.

< ဝတ်ပြုရာ 23 >