< ဝတ်ပြုရာ 24 >

1 တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
Yahweh akamwambia Musa, akisema,
2 ပရိသတ်စည်းဝေးရာ တဲတော်တွင် သက်သေခံချက် ကုလားကာပြင်မှာ မီးခုံ၌ အစဉ်မပြတ် မီးထွန်းရာဘို့၊ သံလွင်သီးကို ထောင်း၍ ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသားတို့သည် သင့်ထံသို့ ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။
“Waamru watu wa Israeli wakuletee mafuta halisi yaliyokamliwa kutokana na mizeituni ili yatumike kwenye taa, ili kwamba taa ziweze kuwaka daima na kuleta mwanga.
3 အာရုန်သည်လည်း၊ ညဦးမှသည် နံနက်တိုင်အောင် ထာဝရဘုရားရှေ့တော်၌ ထိုအမှုကို စီရင်ရမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
Nje ya pazia lililoko mbele ya sanduku la maamzi ndani ya hema la kukutania, Aroni ataiwasha daima taa mbele za Yahweh, tangu asubuhi hata jioni. Hii itakuwa amri ya kudumu katika vizazi vyote vya watu wenu.
4 စင်ကြယ်သော မီးခုံ၌ မီးခွက်များကို အာရုန်သည် ထာဝရဘုရား ရှေ့တော်မှာ အစဉ်အမြဲ ပြင်ဆင် ရမည်။
Kuhani mkuu atazifanya taa ziwake daima mbele za Yahweh, taa hizo zilizo kwenye kinara cha dhahabu safi.
5 သင်သည် မုန့်ညက်ကိုယူ၍၊ မုန့်တလုံးသည် နှစ်ဩမဲစီ၊ မုန့်ဆယ်နှစ်လုံးကို လုပ်ပြီးလျှင်၊-
Yawapasa kuchukua unga laini na kuoka kwa huo mikate kumi na miwili. Ni lazima kuwe na mbili za kumi za efa za unga katika kila mkate.
6 ထာဝရဘုရားရှေ့ စင်ကြယ်သော စားပွဲပေါ်မှာ မုန့်တလုံးပေါ်၌ တလုံးကို ထပ်ဆင့်၍၊ တပုံခြောက်လုံးစီ၊ နှစ်ပုံပုံရမည်။
Kisha mtaipanga juu ya meza ya dhahabu safi mbele za Yahweh katika safu mbili, mikate sita katika kila safu,
7 ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော အောက်မေ့တော်မူဘို့ရာ ဖြစ်စေခြင်း ငှါ ထိုမုန့်နှစ်ပုံပေါ်မှာ စင်ကြယ်သော လောဗန်ကို တင်ထားရမည်။-
Mtaweka uvumba safi kando ya kila safu ya mikata kuwa sadaka ya kuwakilisha. Uvumba huo utachomwa kwa moto kwa ajili ya Yahweh.
8 ထာဝရဘုရား ပဠိညာဉ်နှင့်အညီ၊ ဣသရေလအမျိုးသားတို့ လက်မှခံယူသောထိုမုန့်ကို၊ အာရုန်သည် ထာဝရဘုရားရှေ့တော် ဥပုဃ်နေ့တိုင်းအစဉ်အမြဲပြင်ဆင်ရမည်။
Kila siku ya Sabato kuhani mkuu sharti aipange kwa utaratibu hiyo mikate mbele za Yahweh kwa niaba ya watu wa Israeli, iwe ishara ya agano la milele.
9 ထိုမုန့်ကို အာရုန်နှင့်သူ၏သားတို့သည် ပိုင်၍၊ သန့်ရှင်းရာ ဌာနတော်၌ စားရကြမည်။ ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်သည်၊ ထာဝရပညတ်တော်အတိုင်း၊ အာရုန်အဖို့ အလွန်သန့်ရှင်းသော အရာဖြစ်သည်ဟု မိန့်တော်မူ၏။
Sadaka hii itakuwa kwa ajili ya Aroni na wanawe, na ni lazima waile mahali palipo patakatifu, kwa kuwa ni sehemu ya matoleo kwa Yahweh yaliyofanywa kwa moto.”
10 ၁၀ အဲဂုတ္တုလူနှင့် ဣသရေလမိန်းမရ၍ ဣသရေလအမျိုးသားတို့နှင့်အတူ လိုက်လာသော သားတယောက်သည်၊ တပ်တဲမှာ ဣသရေလလူနှင့် ရန်တွေ့သဖြင့်၊-
Sasa ilitokea kwamba mwana wa mwanamke Mwisraeli, ambaye baba yake alikuwa Mmisri, alikwenda miongoni mwa watu wa Israeli. Huyu mwana wa mwanamke Mwisraeli akagombana na mwanume Mwisraeli kambini.
11 ၁၁ နာမတော်ကို ပြစ်မှားလျက် ကျိန်ဆဲလေ၏။ ထိုသူ၏ အမိကား၊ ဒန်အမျိုး၊ ဒိဗရိသမီး ရှေလောမိတ် ဖြစ်သတည်း။-
Mwana wa mwanamke Mwisraeli akalikufuru jina la Yahweh na kumlaani Mungu, kwa hiyo watu wakamleta kwa Musa. Jina la mama yake aliitwa Shelomithi, binti wa Dibri, kutoka kabila la Dani.
12 ၁၂ ပြစ်မှားသောသူကို မောရှေထံသို့ ဆောင်ယူခဲ့၍ ထာဝရဘုရား၏ အလိုတော်ကို မသိမှီတိုင်အောင် ချုပ်ထားကြ၏။
Wakamweka kizuizini mpaka Yahweh mwenyewe atakapotangaza mapenzi yake kwao.
13 ၁၃ ထာဝရဘုရားကလည်း၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ ဆောင်သွား၍၊
Kisha Yahweh akamwambia Musa,
14 ၁၄ သူ၏စကားကို ကြားသော သူအပေါင်းတို့သည် သူ၏ခေါင်းပေါ်မှာ လက်ကိုတင်ပြီးမှ၊ ပရိသတ်အပေါင်းတို့သည် ကျောက်ခဲနှင့် ပစ်ကြစေ။-
“Mchukue nje ya kambi huyo aliyemlaani Mungu. Wale wote waliomskia wataweka mikono yao juu ya kichwa chake, na kisha kusanyiko lote watamponda kwa mawe.
15 ၁၅ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ မိမိဘုရားသခင်ကို ကျိန်ဆဲသောသူသည် မိမိအပြစ်ကို ခံရမည်။-
Ni lazima uwaeleze watu wa Israeli na kusema, 'Yeyote anayemlaani Mungu wake imempasa kubeba hatia yake mwenyewe.
16 ၁၆ ထာဝရဘုရား၏ နာမတော်ကို ပြစ်မှားသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ် အပေါင်းတို့သည် ထိုသူကို အမှန် ကျောက်ခဲနှင့် ပစ်ရကြမည်။ အမျိုးသားချင်းဖြစ်စေ၊ တပါး အမျိုးသားဖြစ်စေ၊ နာမတော်ကို ပြစ်မှားလျှင် အသေသတ်ခြင်းကို ခံရမည်။
Yeye anayelikufuru jina la Yahweh kwa hakika ni lazima auawe. Hakika, kusanyiko lote litampiga mawe, ama awe mgeni au Mwisraeli mwenyeji mzaliwa. Ikiwa yeyote analikufuru jina la Yahweh, ni lazima auawe.
17 ၁၇ လူအသက်ကို သတ်သောသူသည်လည်း အသေသတ်ခြင်းကို အမှန်ခံရမည်။
Naye amuuaye mtu mwingine ni lazima kwa hakika auewa.
18 ၁၈ တိရစ္ဆာန်အသက်ကို သတ်သောသူသည်လည်း ဥစ္စာရှင်အား တကောင်အတွက် တကောင်ကို လျော်ရမည်။
Yeye anayemuua mnyama wa mwingine sharti amfidie, uhai kwa uhai.
19 ၁၉ လူသည် အိမ်နီးချင်းကို နာအောင်ပြုလျှင်၊ သူ့ကိုပြုသည်အတိုင်း ကိုယ်ခံရမည်။
Iwapo mtu anamjeruhi jirani yake, ni lazima atendewe vivyo hivyo alivyomtendea jirani yake:
20 ၂၀ အရိုးကို ချိုးသည်အတွက် အရိုးချိုးခြင်းကို၎င်း၊ မျက်စိကိုဖျက်သည့်အတွက်၊ မျက်စိဖျက်ခြင်းကို၎င်း၊ သွားကိုချိုးသည်အတွက်၊ သွားချိုးခြင်းကို၎င်း၊ သူ့ကို နာကျင်စွာပြုသည်အတိုင်း၊ ကိုယ်တိုင်နာကျင် စွာ ခံရမည်။-
Mvunjiko kwa mvunjiko, jicho kwa jicho, jino kwa jino. Kama amesababisha jeraha kwa mtu, ndivyo ipasavyo kutendwa kwake.
21 ၂၁ တိရစ္ဆာန်အသက်ကို သတ်သောသူသည်၊ တကောင်အတွက်၊ တကောင်ကို ပြန်ပေးရမည်။ လူအသက် ကို သတ်သောသူသည် အသေသတ်ခြင်းကို ခံရမည်။
Yeyote auaye mnyama ni lazima amfidie, na yeyote auaye mtu ni lazima auawe.
22 ၂၂ ကိုယ်အမျိုးသားဖြစ်စေ၊ သူတပါးအမျိုးသားဖြစ်စေ၊ တပါးတည်းသောတရားနှင့်သာ စီရင်ခြင်းကို ခံရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မောရှေအား မိန့်တော်မူ၏။-
Ni lazima mwe na sheria moja kwa wote, mgeni na Mwisraeli mwenyeji mzaliwa, kwa kuwa Mimi ndimi Yahweh Mungu wanu.”
23 ၂၃ ဣသရေလအမျိုးသားတို့သည်၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ကျောက်ခဲနှင့် ပစ်ရမည် အကြောင်း မောရှေဆင့်ဆိုသည်ဖြစ်၍ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည် အတိုင်း သူတို့သည် ပြုကြ၏။
Kwa hiyo Musa akazungumza na watu wa Israeli, nao watu wakamleta mwanaume huyo nje ya kambi, yule ambaye alikuwa amemlaani Yahweh. Wakampiga kwa mawe. Watu waisraeli wakaitekeleza amri ya Yahweh aliyoitoa kupitia Musa.

< ဝတ်ပြုရာ 24 >