< ဝတ်ပြုရာ 22 >

1 တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
Yahweh akazungumza na Musa, kusema,
2 အာရုန်နှင့်သူ၏သားတို့သည် ငါ့အဘို့ သန့်ရှင်းစေသောအရာအားဖြင့်၊ သန့်ရှင်းသော ငါ၏ နာမတော်ကို မရှုတ်မချဘဲ၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသော အရာများနှင့် ကိုယ်ကိုကိုယ် ကွာစေရမည် အကြောင်း ဆင့်ဆိုလော့။ ငါသည် ထာဝရဘုရားဖြစ်၏။
“Ongea na Aroni na wanawe, waambie wajiepushe na vitu vitakatifu vya watu wa Israeli wanavyovitenga kwangu. Wasilinajisi jina langu. Mimi ndimi Yahweh.
3 ထာဝရဘုရားအဘို့ ဣသရေလအမျိုးသား သန့်ရှင်းစေသဖြင့်၊ သန့်ရှင်းခြင်းရှိသော အရာတို့ကို၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ် အမျိုးသား မည်သည်ကား၊ ငါ့ထံမှ ပယ်ရှင်းခြင်းကို ခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
Waambie, 'Ikiwa mmoja wa wazao wenu katika vizazi vyenu vyote anakaribia vitu vitakatiifu vile ambavyo watu wa Israeli wamevitenga kwa Yahweh, wakati akiwa najisi, sharti mtu huyo akatiliwe mbali atoke mbele zangu. Mimi ndimi Yahweh.
4 နူနာ၊ ရိနာစွဲသော အာရုန်၏ အမျိုးသား မည်သည်ကား၊ မစင်ကြယ်မှီတိုင်အောင် သန့်ရှင်းသော အရာကို မစားရ။ အသေကောင်နှင့်ဆိုင်၍ မသန့်ရှင်းသောအရာကို ထိသောသူ၊ သုတ်ရည်ထွက်သောသူ၊-
Hatakuwapo yeyote wa uzao wa Aroni aliye na ungonjwa wa ngozi wa kuambukiza, au maambukizi yatirirkayo kutoka mwilini mwake, atakayekula sehemu yoyote ya dhabihu inatolewayo kwa Yahweh mpaka atakapotakasika. Yeyote agusaye kitu chochote kilichonajisi kwa njia ya kugusa maiti, au kwa kumgusa mtu yeyote aliyetokwa na shahawa,
5 ညစ်ညူးစေ၍ တွားတတ်သော တိရစ္ဆာန်ကိုထိသောသူ၊ ညစ်ညူးခြင်းတစုံတခုစွဲ၍ ညစ်ညူးသောသူ၊ ထိုသို့သောသူကို ထိသမျှသော သူတို့သည်၊-
au yeyote agusaye mnyama atakayemtia unajisi, au mtu yeyote atakayemfanya najisi, kwa hiyo unajisi wowote unaweza kuwa—
6 ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ကိုယ်ကို ရေမချိုးဘဲနေလျှင်၊ သန့်ရှင်းသောအရာကို မစားရ။
kuhani yeyote agusaye kitu chochote kisichosafi atakuwa najisi hata jioni. Hatakula chochote cha vitu vitakatifu, isipokuwa ameuosha mwili wake katika maji.
7 နေဝင်သောနောက်မှ သန့်ရှင်းခြင်းသို့ ရောက်သည်ဖြစ်၍၊ သန့်ရှင်းသောအရာသည် သူတို့ စားစရာဖြစ်သောကြောင့်၊ ထိုနောက်မှ စားရကြမည်။
Jua linapotua, ndipo atakuwa safi. Baada ya machweo anaweza kula kutoka katika vitu vitakatifu, kwasababu hivyo ni vyakuala vyake.
8 အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူးစေ၍ မစားရ။ ငါသည် ထာဝရဘုရားဖြစ်၏။
Asile mzoga wowote uliookotwa au mnyama aliyeraruliwa na wanyama pori, ambaye kwake atajitia unajisi. Mimi ndimi Yahweh.
9 ယဇ်ပုရောဟိတ်တို့သည် ငါ့ပညတ်တော်ကို ဖျက်သဖြင့်၊ ကိုယ်အပြစ်ကိုခံလျက် မသေရမည်အကြောင်း ငါ့ပညတ်တရားကို စောက်ရှောက်ရကြမည်။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ၏။
Ni lazima makuhani wafuate maagizo yangu, ama sivyo watakuwa na hatia ya dhambi na wangeweza kufa kwa kunitia unajisi. Mimi ndimi Yahweh ninayewafanya wao watakatifu.
10 ၁၀ တပါးအမျိုးသားသည် သန့်ရှင်းသောအရာကို မစားရ။ ယဇ်ပုရောဟိတ်၌ တည်းနေသော ဧည့်သည် မစားရ။ သူငှါးလည်း မစားရ။
Hakuna mtu kutoka nje ya familia ya kuahani, wakiwemo wageni wa kuhani au watumwa wake wa kuajiliwa, atakayeweza kula kitu chochote kilicho kitakatifu.
11 ၁၁ ယဇ်ပုရောဟိတ်သည် ကိုယ်ငွေနှင့် ဝယ်သောသူ၊ သူ၏ အိမ်၌မွေးသောသူသည် သူ၏အစာကို စားရမည်။
Lakini kama huyo kuhani amenunua mtumwa kwa fedha yake mwenyewe, mtumwa huyo anaweza kula kutoka katika vitu vilivyotengwa kwa Yahweh. Na watu wa familia ya kuhani na watumwa waliozaliwa nyumbani mwake, pia wanaweza kula pamoja naye kutoka katika vitu hivyo.
12 ၁၂ ယဇ်ပုရောဟိတ်သမီးသည် တပါးအမျိုးသား၏ မယားဖြစ်လျှင်၊ သန့်ရှင်းသော ပူဇော်သက္ကာအရာကို မစားရ။
Ikiwa binti wa kuhani ameolewa na mtu asiye kuhani, hataweza kula chochote cha mchango wa matoleo matakatifu.
13 ၁၃ သို့ရာတွင် လင်သေသော်၎င်း၊ လင်နှင့်ကွာသော်၎င်း၊ သားမရှိဘဲ မိမိအဘအိမ်သို့ပြန်၍ ငယ်စဉ် အခါနေသကဲ့သို့ နေပြန်လျှင်၊ အဘ၏အစာကို စားရမည်။ တပါးအမျိုးသားမစားရ။
Lakini ikiwa huyo binti wa kuhani ni mjane au ametalikiwa, na ikiwa hana mtoto, na anarudi kuishi knyumbani kwa baba yake kama alivyokuwa wakati wa ujana wake, anaweza kula kutoka katika chakula cha baba yake. Lakini hakuna yeyote asiye wa familia ya kikuhani anatakayeruhusiwa kula kutoka katika chakula cha kuhani.
14 ၁၄ လူသည် သန့်ရှင်းသောအရာကို မသိဘဲ စားမိလျှင်၊ စားမိသောအရာ၏ အဘိုးနှင့်တကွ ငါးစုတစု ကိုထပ်၍ ယဇ်ပုရောဟိတ်အား ပေးရမည်။
Kama mtu anakula chakula kitakatifu bila ya kukijua, naye atamlipa kuahani kwa ajili ya hicho; itampasa kuongeza moja ya tano juu yake na kukirejesha kwa kuhani.
15 ၁၅ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအား ပူဇော်၍၊ သန့်ရှင်းသောအရာတို့ကို မရှုတ်မချရ။
Haiwapasi watu wa Israeli kutoheshimu vitu vitakatifu ambavyo vimeinuliwa juu na kuletwa kwa Yahweh,
16 ၁၆ ထိုအရာတို့ကို စားမိ၍ ပြစ်မှားသောအပြစ်ကို မခံစေရ။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ၏။
kisha wakajisababishia wenyewe kuchukua dhambi amabyo ingewafanya kuwa na hatia ya kula chakula kitakatifu, kwa kuwa mimi ndimi Yahweh awafanyaye wao watakatifu.”
17 ၁၇ တဖန်မောရှေအား ထာဝရဘုရားက သင်သည် အာရုန်နှင့် သူ၏သား ဣသရေလအမျိုးသား အပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊-
Yahweh akazungumza na Musa, akasema,
18 ၁၈ ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ သစ္စာဂတိ ရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်လိုလျှင်၊-
“Sema na Aroni na wanawe, na kwa watu wa Israeli wote. Waambie, Mwisraeli yeyote, au Mgeni anayeishi katika Israeli, waletapo dhabihu—iwe ni kutimiza kiapo, au iwe ni sadaka ya hiari, au wanaleta kwa Yahweh sadaka ya kuteketezwa kwa moto,
19 ၁၉ စိတ်တော်နှင့်တွေ့ခြင်းငှါ၊ အပြစ်မပါသောသိုး၊ ဆိတ်၊ နွားအထီးကို ပူဇော်ရမည်။
ikiwa wanataka ikubalike, ni lazima watowe mnyama dume asiye na dosari, kutoka kwenye kundi la ng'ombe, kondoo au mbuzi
20 ၂၀ အပြစ်ပါသော အကောင်ကို မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။
Lakini hamtatoa chochote kilicho na dosari. Sitakipokea kwa niaba yenu.
21 ၂၁ သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာ သိုး၊ ဆိတ်၊ နွားကို ထာဝရဘုရားအား ယဇ်ပူဇော်လိုလျှင်၊ စိတ်တော်နှင့် တွေ့ခြင်းငှါ စုံလင်ရမည်။ အပြစ်တစုံတခုမျှ မရှိရ။
Yeyote atoae dhabihu ya sadaka ya ushirika kutoka katika kundi la ng'ombe au la kondoo kwa Yahweh ili kutimiza kiapo, au kama sadaka ya hiari, ili ikubalike, ni lazima isiwe na kilema. Ni lazima pasiweko na kasoro katika mnyama.
22 ၂၂ မျက်စိကန်းသောအပြစ်၊ အရိုးကျိုးသောအပြစ်၊ အင်္ဂါချို့တဲ့သောအပြစ်၊ မြင်းဖုရှိသောအပြစ်၊ ဝဲနာ၊ ယားနာစွဲသောအပြစ်၊ တစုံတခုရှိလျှင်၊ ထာဝရဘုရားအား မပူဇော်ရ။ ယဇ်ပလ္လင်ပေါ်မှာ ထာဝရ ဘုရားအား မီးဖြင့် ပူဇော်သက္ကာမပြုရ။
Msitoe kabisa wanyama waliovipofu, waliojeruhiwa, wala walio na kilema, wenye upele, vidonda vitokavyo usaha, wala wenye vigaga. Msiwatoe hawa kuwa dhabihu ya kuteketezwa kwa moto iliyotolewa kwa Yahweh juu ya madhabahu.
23 ၂၃ သို့ရာတွင် အင်္ဂါပိုခြင်း၊ ချို့တဲ့ခြင်း အပြစ်ရှိသော သိုး၊ ဆိတ်၊ နွားကို အလိုလို ပူဇော်သက္ကာဘို့ ပူဇော်ရမည်။ သစ္စာဂတိနှင့်ဆိုင်၍ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။
Unaweza kumleta makisai au mwana-kondoo mlemavu au aliyedumaa kuwa sadaka ya hiari, lakini sadaka kama hiyo kwa ajili kutimiza kiapo, haitapokelewa.
24 ၂၄ ကြိတ်နယ် စုတ်ပြတ်ရာ အနာရှိသော အထီးကို ထာဝရဘုရားအား မပူဇော်ရ။ သင်တို့ပြည်၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမပြုရ။
Usitoe kwa Yahweh mnyama yeyote aliyetiwa jeraha, kupondwa, au kukatwa korodani zake.
25 ၂၅ ထိုသို့သောအကောင်ကို တပါးအမျိုးသား ဆက်သော်လည်း ပျက်သောအပြစ်ပါသောကြောင့်၊ သင်တို့၏ ဘုရားသခင့်ပွဲတော်ဘို့ မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့ဟု မိန့်တော်မူ၏။
Usifanye haya katika nchi yako. Usilete mkate wa Mungu wako kutoka mkononi mwa mgeni. Hao wanyama wenye vilema na dosari ndani yao, hawatapokelewa kabisa kwa ajili yako.
26 ၂၆ တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
Yahweh akamwambia Musa na akasema,
27 ၂၇ သိုး၊ ဆိတ်၊ နွားတို့သည် မွေးဘွားသောအခါ ခုနစ်ရက်အတွင်းတွင် သားငယ်ကို အမိနှင့် မကွာစေရ။ အဋ္ဌမနေ့မှစ၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာဘို့တော်သင့်၏။
“Wakati ndama, mwana—kondo au mwana—mbuzi azaliwapo, sharti abaki na mama yake kwa muda wa siku saba. Ndipo kuanzia siku ya nane na kuendelea, anaweza kupokelewa kuwa dhabihu iliyofanywa kwa moto kwa Yahweh.
28 ၂၈ နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ သားအမိနှစ်ကောင်ကို တနေ့ခြင်းတွင် မသတ်ရ။-
Usimchinje ng'ombe jike pamoja na ndama wake au mbuzi jike pamoja na kitoto chake kwa siku moja.
29 ၂၉ ကျေးဇူးတော်ဝန်ခံရာယဇ်ကို ထာဝရဘုရားအား ပူဇော်လိုလျှင်၊ စိတ်တော်နှင့်တွေ့ခြင်းငှါ ပူဇော်လော့။ တနေ့ခြင်းတွင် စားရမည်။ နက်ဖြန်နေ့တိုင်အောင် မကြွင်းစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။
Utoapo sadaka ya shukrani kwa Yahweh utaitoa kwa njia iliyokubalika.
30 ၃၀ သင်တို့သည် ငါ့ပညတ်တို့ကို ကျင့်စောင့်ရကြမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
Ni lazima iliwe siku iyo hiyo inayotolewa. Hutakiwi kubakiza chochote hata asubuhi. Mimi ndimi Yahweh.
31 ၃၁ သန့်ရှင်းသော ငါ၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရား သန့်ရှင်းတော်မူသည်ဟု ဣသရေလ အမျိုးသားတို့သည် ထင်မှတ်ရကြမည်။
Kwa hiyo imewapasa kuzishika amri zangu na kuzifuata. Mimi ndimi Yahweh.
32 ၃၂ ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်ခြင်းငှါ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍၊ သန့်ရှင်းစေသော ထာဝရဘုရားဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
Msiliabishe jina langu takatifu. Ni lazima nitambuliwe kuwa ni mtakatifu na watu wa Israeli. Mimi ndimi Yahweh niwafanyaye ninyi watakatifu,
33 ၃၃
ambaye amewaleta kutoka katika nchi ya Misri ili niwe Mungu wenu: Mimi ndimi Yahweh.”

< ဝတ်ပြုရာ 22 >