< ဇာခရိ 11 >

1 အို လေဗနုန် တောင်၊ သင် ၏ အာရဇ် ပင်တို့ကို မီး လောင် စေခြင်းငှါ သင် ၏တံခါး တို့ကို ဖွင့် လော့။
အို လေဗနုန်တောင်၊ သင်၏ အာရဇ်ပင်တို့ကို မီးလောင်စေခြင်းငှါ သင်၏တံခါးတို့ကို ဖွင့်လော့။
2 အိုထင်းရူး ပင်၊ အာရဇ် ပင်လဲ သောကြောင့် မြည်တမ်း လော့။ မြတ် သောအပင်တို့သည် ပျက်စီး ကြပြီ။ အို ဗာရှန် သပိတ် ပင်တို့၊ ခိုင်ခံ့ သောတော ကို ခုတ်လှဲ သောကြောင့် မြည်တမ်း ကြလော့။
အိုထင်းရူးပင်၊ အာရဇ်ပင်လဲသောကြောင့် မြည် တမ်းလော့။ မြတ်သောအပင်တို့သည် ပျက်စီးကြပြီ။ အို ဗာရှန်သပိတ်ပင်တို့၊ ခိုင်ခံ့သောတောကို ခုတ်လှဲသော ကြောင့် မြည်တမ်းကြလော့။
3 သိုးထိန်း တို့သည် မိမိ တို့ အသရေ ပျက် သောကြောင့် ၊ မြည်တမ်း သောအသံ ကို ပြုကြ၏။ ယော်ဒန် မြစ် ၏ဂုဏ် အသရေပျက် သောကြောင့် ၊ ခြင်္သေ့ ပျိုဟောက် သောအသံ ကို ကြားရ၏။
သိုးထိန်းတို့သည် မိမိတို့ အသရေပျက်သော ကြောင့်၊ မြည်တမ်းသောအသံကို ပြုကြ၏။ ယော်ဒန်မြစ် ၏ဂုဏ်အသရေပျက်သောကြောင့်၊ ခြင်္သေ့ပျိုဟောက် သောအသံကို ကြားရ၏။
4 ငါ ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သတ် ဘို့ရာထားသော ဤသိုးစု ကို ကျွေးမွေး လော့။
ငါ၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူ သည်ကား၊ သတ်ဘို့ရာ ထားသော ဤသိုးစုကို ကျွေးမွေး လော့။
5 ပိုင် သောသူ တို့သည် သတ် ၍ ကိုယ်အပြစ် ရှိသည် ကို မ သိကြ။ ရောင်း စားသောသူ တို့ကလည်း ၊ ငါရ တတ် သည်ဖြစ်၍ ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်းဟု ဆို ကြ၏။ သိုးထိန်း တို့သည်လည်း သနား ခြင်းကရုဏာမ ရှိကြ။
ပိုင်သောသူတို့သည် သတ်၍ ကိုယ်အပြစ်ရှိသည် ကို မသိကြ။ ရောင်းစားသောသူတို့ကလည်း၊ ငါရတတ် သည်ဖြစ်၍ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသ တည်းဟု ဆိုကြ၏။ သိုးထိန်းတို့သည်လည်း သနားခြင်း ကရုဏာမရှိကြ။
6 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ပြည်သူ ပြည်သားတို့ကို နောက် တဖန်မ သနား ၊ မနှမြောဘဲ၊ လူ အသီးအသီး တို့ကို အိမ်နီးချင်း လက် သို့ ၎င်း ၊ ရှင်ဘုရင် လက် သို့ ၎င်း အပ် သဖြင့် ၊ သူတို့သည် တပြည်လုံး ကို နှိပ်စက် ကြလိမ့်မည်။ သူ တို့လက် မှ ငါမ ကယ်လွှတ် ဘဲ နေမည်ဟု မိန့်တော်မူ၏။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ပြည်သူပြည်သားတို့ကို နောက်တဖန်မသနား၊ မနှမြောဘဲ၊ လူအသီးအသီးတို့ကို အိမ်နီးချင်းလက်သို့၎င်း၊ ရှင်ဘုရင် လက်သို့၎င်း အပ်သဖြင့်၊ သူတို့သည် တပြည်လုံးကို နှိပ် စက်ကြလိမ့်မည်။ သူတို့လက်မှ ငါမကယ်လွှတ်ဘဲ နေမည် ဟု မိန့်တော်မူ၏။
7 ထိုသို့ သတ် ဘို့ရာထားသော သိုးစု တည်းဟူသော၊ ဆင်းရဲ သောသိုး တို့ကို ငါကျွေးမွေး ရ၏။ သိုးထိန်းတောင်ဝေး နှစ် စင်းကိုယူ ၍ ၊ တစင်း ကို ကျေးဇူး ဟူ၍၎င်း ၊ တစင်းကို အနှောင် အဖွဲ့ဟူ၍၎င်း ခေါ်ဝေါ် လျက်၊ သိုးစု ကို ကျွေးမွေး ၏။
ထိုသို့ သတ်ဘို့ရာထားသော သိုးစုတည်းဟူ သော၊ ဆင်းရဲသောသိုးတို့ကို ငါကျွေးမွေးရ၏။ သိုးထိန်း တောင်ဝေးနှစ်စင်းကိုယူ၍၊ တစင်းကို ကျေးဇူးဟူ၍၎င်း၊ တစင်းကို အနှောင်အဖွဲ့ဟူ၍၎င်း ခေါ်ဝေါ်လျက်၊ သိုးစုကို ကျွေးမွေး၏။
8 သိုးထိန်း သုံး ယောက်ကိုလည်း တ လ တွင် ငါပယ်ဖြတ် ၏။ သူ တို့ကြောင့် ငါ့ စိတ် ငြီးငွေ့ ၏။ သူ တို့သည်လည်း ငါ့ ကို ရွံရှာ ကြ၏။
သိုးထိန်းသုံးယောက်ကိုလည်း တလတွင် ငါပယ် ဖြတ်၏။ သူတို့ကြောင့် ငါ့စိတ်ငြီးငွေ့၏။ သူတို့သည်လည်း ငါ့ကို ရွံရှာကြ၏။
9 နောက် တဖန် သင် တို့ကို ငါမ ကျွေး ။ သေ သော အကောင်သည် သေ ပါလေစေ။ အသတ် ခံရသောအကောင်သည် ခံရ ပါလေစေ။ ကျန်ကြွင်း သောအကောင်တို့သည် တကောင် ကိုတကောင်စား ပါလေစေဟု ငါဆို လျက် ၊
နောက်တဖန် သင်တို့ကို ငါမကျွေး။ သေသော အကောင်သည် သေပါလေစေ။ အသတ်ခံရသော အကောင်သည် ခံရပါလေစေ။ ကျန်ကြွင်းသောအကောင် တို့သည် တကောင်ကိုတကောင် စားပါလေစေဟု ငါဆို လျက်၊
10 ၁၀ ခပ်သိမ်း သောလူမျိုး တို့နှင့် အရင် ဖွဲ့သော ပဋိညာဉ် ကို ဖျက် လို ၍၊ ကျေးဇူး အမည်ရှိသောငါ ၏ တောင်ဝေး ကို ယူ ၍ ချိုး ၏။
၁၀ခပ်သိမ်းသောလူမျိုးတို့နှင့် အရင်ဖွဲ့သော ပဋိညာဉ်ကို ဖျက်လို၍၊ ကျေးဇူးအမည်ရှိသော ငါ၏ တောင်ဝေးကို ယူ၍ ချိုး၏။
11 ၁၁ ထို ပဋိညာဉ်သည် ထို နေ့၌ ပျက် သောကြောင့် ၊ ငါ့ ကိုအမှီပြုသော သိုး ဆင်းရဲ တို့သည် ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားလည် ကြ၏။
၁၁ထိုပဋိညာဉ်သည် ထိုနေ့၌ပျက်သောကြောင့်၊ ငါ့ကိုအမှီပြုသော သိုးဆင်းရဲတို့သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားလည်ကြ၏။
12 ၁၂ တဖန် ငါက၊ ငါရထိုက် သော အခကို ပေးအံ့သောငှါ ၊ သင်တို့သည် အလိုရှိလျှင် ပေး ကြလော့။ အလို မရှိလျှင် မ ပေး ကြနှင့်ဟုဆိုသော်၊ သူတို့သည် ငါ့ အား အခ ပေးအံ့သောငှါငွေ သုံး ဆယ်ကို ချိန် ကြ၏။
၁၂တဖန် ငါက၊ ငါရထိုက်သော အခကို ပေးအံ့ သောငှါ၊ သင်တို့သည် အလိုရှိလျှင် ပေးကြလော့။ အလို မရှိလျှင် မပေးကြနှင့်ဟုဆိုသော်၊ သူတို့သည် ငါ့အား အခပေးအံ့သောငှါ ငွေသုံးဆယ်ကို ချိန်ကြ၏။
13 ၁၃ ထာဝရဘုရား ကလည်း ၊ ထိုငွေကို အိုးထိန်း သမားရှေ့ မှာ ပစ်ချ လော့။ ငါ့ ကို အဘိုးပြတ်၍ ငွေများလှ သည်တကားဟု မိန့်တော်မူသည်အတိုင်း၊ ထိုငွေ သုံးဆယ် ကို ငါယူ ၍ ထာဝရဘုရား ၏ဗိမာန် တော်၌ အိုးထိန်း သမားရှေ့မှာ ပစ်ချ ၏။
၁၃ထာဝရဘုရားကလည်း၊ ထိုငွေကို အိုးထိန်း သမားရှေ့မှာ ပစ်ချလော့။ ငါ့ကို အဘိုပြတ်၍ ငွေများလှ သည်တကားဟု မိန့်တော်မူသည်အတိုင်း၊ ထိုငွေသုံးဆယ် ကို ငါယူ၍ ထာဝရဘုရား၏ဗိမာန်တော်၌ အိုးထိန်း သမားရှေ့မှာ ပစ်ချ၏။
14 ၁၄ ထိုအခါ ယုဒ အမျိုးနှင့် ဣသရေလ အမျိုးဖွဲ့ သော မိဿဟာယ ကို ဖျက် လို ၍၊ အနှောင် အဖွဲ့အမည်ရှိသော အခြား တောင်ဝေး ကို ငါချိုး ၏။
၁၄ထိုအခါ ယုဒအမျိုးနှင့် ဣသရေလအမျိုးဖွဲ့ သော မိဿဟာယကို ဖျက်လို၍၊ အနှောင်အဖွဲ့အမည်ရှိ သော အခြားတောင်ဝေးကို ငါချိုး၏။
15 ၁၅ တဖန် ထာဝရဘုရား က၊ မိုက် သော သိုးထိန်း ၏ တန်ဆာ တို့ကို သိမ်းယူ လော့။
၁၅တဖန် ထာဝရဘုရားက၊ မိုက်သော သိုးထိန်း၏ တန်ဆာတို့ကို သိမ်းယူလော့။
16 ၁၆ အကြောင်း မူကား၊ ဤပြည် ၌ သိုးထိန်း တဦးကို ငါ ပေါ်ထွန်း စေမည်။ သူသည် အသတ် ခံရသောအကောင်ကို မ ကြည့် မရှု၊ လမ်းလွဲသောအကောင် ကို မ ရှာ ၊ နာ သော အကောင်ကို အနာ ပျောက်စေခြင်းငှါမ ပြု၊ ရပ် နေသောအကောင်ကို မ မစ ၊ ဆူ သောအကောင် တို့ကို စား လိမ့်မည်။ သူ တို့ ခွာ ကိုလည်း ချိုးဖဲ့ လိမ့်မည်။
၁၆အကြောင်းမူကား၊ ဤပြည်၌ သိုးထိန်းတဦးကို ငါပေါ်ထွန်းစေမည်။ သူသည် အသတ်ခံရသောအကောင် ကို မကြည့်မရှု၊ လမ်းလွဲသောအကောင်ကို မရှာ၊ နာသော အကောင်ကို အနာပျောက်စေခြင်းငှါမပြု၊ ရပ်နေသော အကောင်ကို မမစ၊ ဆူသောအကောင်တို့ကို စားလိမ့် မည်။ သူတို့ ခွာကိုလည်း ချိုးဖဲ့လိမ့်မည်။
17 ၁၇ သိုးစု ကို စွန့်ပစ် သော အချည်းနှီး သိုးထိန်း သည် အမင်္ဂလာ ရှိစေသတည်း။ သူ ၏လက်ရုံး နှင့် လက်ျာ မျက်စိ ၌ ထား ဘေးရောက်လိမ့်မည်။ လက်ရုံး သည် အကုန်အစင် ခြောက်ကပ်လိမ့်မည်။ လက်ျာ မျက်စိ သည် အကုန်အစင် မိုက်လိမ့်မည်ဟု မိန့်တော်မူ၏။
၁၇သိုးစုကို စွန့်ပစ်သော အချည်းနှီးသိုးထိန်းသည် အမင်္ဂလာရှိစေသတည်း။ သူ၏လက်ရုံးနှင့်လက်ျာမျက်စိ၌ ထားဘေးရောက်လိမ့်မည်။ လက်ရုံးသည် အကုန်အစင် ခြောက်ကပ်လိမ့်မည်။ လက်ျာမျက်စိသည် အကုန်အစင် မိုက်လိမ့်မည်ဟု မိန့်တော်မူ၏။

< ဇာခရိ 11 >