< ဇာခရိ 10 >

1 နောက် မိုဃ်းရွာရာကာလ တွင် မိုဃ်း ရွာစေမည် အကြောင်း၊ ထာဝရဘုရား ထံ တော်၌ ဆုတောင်း ကြလော့။ ထာဝရဘုရား သည် လျှပ်စစ် ကိုပြင်ဆင် ၍ များစွာမိုဃ်း ရွာ စေသဖြင့်၊ ခပ်သိမ်း သောလူတို့အဘို့ လယ်ပြင် ၌ အပင် ပေါက်စေတော်မူမည်။
နောက်မိုဃ်းရွာရာကာလတွင် မိုဃ်းရွာစေမည် အကြောင်း၊ ထာဝရဘုရားထံတော်၌ ဆုတောင်းကြလော့။ ထာဝရဘုရားသည် လျှပ်စစ်ကိုပြင်ဆင်၍ များစွာ မိုဃ်း ရွာစေသဖြင့်၊ ခပ်သိမ်းသောလူတို့အဘို့ လယ်ပြင်၌ အပင် ပေါက်စေတော်မူမည်။
2 တေရပ်ရုပ်တု တို့သည် အနတ္တ စကားကို ပြော ကြ၏။ ပရောဖက် လုပ်သောသူတို့ သည် မုသာ ရူပါရုံကိုမြင် ၍ ၊ မ မှန်သော အိပ်မက် ကို ဟောပြော ကြ၏။ အချည်းနှီး နှစ်သိမ့် စေကြ၏။ ထိုကြောင့် ၊ သိုးစု ကဲ့သို့ လည် သွား၍ သိုးထိန်း မ ရှိသောကြောင့် ဆင်းရဲ ခံရကြ၏။
တေရပ်ရုပ်တုတို့သည် အနတ္တစကားကို ပြောကြ၏။ ပရောဖက်လုပ်သော သူတို့သည် မုသာ ရူပါရုံကိုမြင်၍၊ မမှန်သော အိပ်မက်ကို ဟောပြောကြ၏။ အချည်းနှီးနှစ်သိမ့်စေကြ၏။ ထိုကြောင့်၊ သိုးစုကဲ့သို့ လည် သွား၍ သိုးထိန်းမရှိသောကြောင့် ဆင်းရဲခံရကြ၏။
3 သိုးထိန်း တို့ကို ငါ အမျက် ထွက် ၍ ၊ ဆိတ်ထီး တို့ကို စစ်ကြော သဖြင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် မိမိ သိုးစု ယုဒ အမျိုး ကို အကြည့်အရှု ကြွလာ ၍ ၊ ဘုန်း တော်ကို ဆောင်သော စစ်တိုက် မြင်း ကဲ့သို့ ဖြစ် စေတော်မူမည်။
သိုးထိန်းတို့ကို ငါအမျက်ထွက်၍၊ ဆိတ်ထီးတို့ကို စစ်ကြောသဖြင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် မိမိသိုးစုယုဒအမျိုးကို အကြည့်အရှုကြွလာ ၍၊ ဘုန်းတော်ကို ဆောင်သော စစ်တိုက်မြင်းကဲ့သို့ ဖြစ်စေ တော်မူမည်။
4 ထိုအမျိုး ထဲက တိုက်ထောင့် အမြစ်ကျောက်၊ တံစို့ ၊ စစ်တိုက် လေး ၊ မင်း ဖြစ်သော လူအပေါင်း တို့သည် ထွက် ကြလိမ့်မည်။
ထိုအမျိုးထဲက တိုက်ထောင့်အမြစ်ကျောက်၊ တံစို့၊ စစ်တိုက်လေး၊ မင်းဖြစ်သော လူအပေါင်းတို့သည် ထွက်ကြလိမ့်မည်။
5 သူတို့သည် စစ်တိုက် ရာတွင် လမ်း ၌ ရှိသောရွှံ့ ကိုနင်း သော စစ် သူရဲကဲ့သို့ ဖြစ် ကြလိမ့်မည်။ ထာဝရ ဘုရား ၏ ကျေးဇူးတော်ကို ခံရသောကြောင့် ၊ စစ်တိုက် ၍ မြင်း စီး သူရဲတို့ကို အရှက် ခွဲကြလိမ့်မည်။
သူတို့သည် စစ်တိုက်ရာတွင် လမ်း၌ရှိသော ရွှံ့ ကိုနင်းသော စစ်သူရဲကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ခံရသောကြောင့်၊ စစ်တိုက်၍ မြင်းစီးသူရဲတို့ကို အရှက်ခွဲကြလိမ့်မည်။
6 ယုဒ အမျိုး ကိုလည်း ငါခိုင်ခံ့ စေမည်။ ယောသပ် အမျိုး ကိုလည်း ငါကယ်တင် မည်။ သူ တို့ကို သနား စုံမက်သောကြောင့် နေရာ ချမည်။ သူ တို့သည် နှင်ထုတ် ခြင်းကို မ ခံဘူးသကဲ့သို့ ဖြစ် ကြလိမ့်မည်။ ငါ သည် သူ တို့၏ဘုရား သခင် ထာဝရဘုရား ဖြစ်၍ သူ တို့စကားကို နားထောင် မည်။
ယုဒအမျိုးကိုလည်း ငါခိုင်ခံ့စေမည်။ ယောသပ် အမျိုးကိုလည်း ငါကယ်တင်မည်။ သူတို့ကို သနားစုံမက် သောကြောင့် နေရာချမည်။ သူတို့သည် နှင်ထုတ်ခြင်းကို မခံဘူးသကဲ့သို့ ဖြစ်ကြလိမ့်မည်။ ငါသည် သူတို့၏ဘုရား သခင်ထာဝရဘုရားဖြစ်၍ သူတို့စကားကို နားထောင် မည်။
7 ဧဖရိမ် အမျိုးသားတို့သည် သူရဲ ကဲ့သို့ ဖြစ် ၍ ၊ စပျစ်ရည် နှင့်ဝသကဲ့သို့ ဝမ်းမြောက် ကြလိမ့်မည်။ သား မြေးတို့သည် မြင် လျက် ဝမ်းမြောက် ၍ ၊ ထာဝရဘုရား ကို အမှီပြု လျက် ရွှင်လန်း ကြလိမ့်မည်။
ဧဖရိမ်အမျိုးသားတို့သည် သူရဲကဲ့သို့ ဖြစ်၍၊ စပျစ်ရည်နှင့်ဝသကဲ့သို့ ဝမ်းမြောက်ကြလိမ့်မည်။ သား မြေးတို့သည် မြင်လျက် ဝမ်းမြောက်၍၊ ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်းကြလိမ့်မည်။
8 သူ တို့ကို ငါနှိုးဆော် ၍ စုဝေး စေမည်။ သူ တို့သည် ငါ၏ရွေးနှုတ် ခြင်းကို ခံရသောအားဖြင့်၊ အရင်များပြား သကဲ့သို့ တဖန် များပြား ကြလိမ့်မည်။
သူတို့ကို ငါနှိုးဆော်၍ စုဝေးစေမည်။ သူတို့သည် ငါ၏ရွေးနှုတ်ခြင်းကို ခံရသောအားဖြင့်၊ အရင်များပြား သကဲ့သို့ တဖန် များပြားကြလိမ့်မည်။
9 သူ တို့ကို တပါး အမျိုးသားတို့တွင် မျိုးစေ့ကဲ့သို့ငါကြဲ သဖြင့် ၊ ဝေး သောပြည်၌ ငါ့ ကိုအောက်မေ့ ၍ ၊ သားမြေး တို့နှင့်တကွ အသက်ရှင် လျက် ပြန် လာကြလိမ့်မည်။
သူတို့ကို တပါးအမျိုးသားတို့တွင် မျိုးစေ့ကဲ့သို့ ငါကြဲသဖြင့်၊ ဝေးသောပြည်၌ ငါ့ကိုအောက်မေ့၍၊ သား မြေးတို့နှင့်တကွ အသက်ရှင်လျက် ပြန်လာကြလိမ့်မည်။
10 ၁၀ သူ တို့ကို အဲဂုတ္တု ပြည် မှ တဖန် ငါဆောင် ခဲ့ဦးမည်။ အာရှုရိ ပြည်မှ ခေါ်၍ စုဝေး စေမည်။ ဂိလဒ် ပြည် နှင့် လေဗနုန် ပြည်သို့ တဖန် ငါဆောင် ခဲ့သဖြင့် ၊ သူတို့ နေစရာဘို့ မြေမလောက်နိုင်။
၁၀သူတို့ကို အဲဂုတ္တုပြည်မှ တဖန် ငါဆောင်ခဲ့ဦး မည်။ အာရှုရိပြည်မှ ခေါ်၍ စုဝေးစေမည်။ ဂိလဒ်ပြည် နှင့် လေဗနုန်ပြည်သို့ တဖန် ငါဆောင်ခဲ့သဖြင့်၊ သူတို့ နေစရာဘို့ မြေမလောက်နိုင်။
11 ၁၁ ပင်လယ် အလယ် ၌ ရှောက်သွား ၍ ညှဉ်းဆဲ လျက် ၊ ပင်လယ် တံပိုးများကို ဒဏ်ခတ် တော်မူမည်။ မြစ် ၌ နက်နဲ သောအရပ်ရှိသမျှ တို့လည်း ခန်းခြောက် ကြ လိမ့်မည်။ အာရှုရိ ပြည်၏မာန ကို နှိမ့်ချ ၍ ၊ အဲဂုတ္တု မင်း၏ အာဏာ သည်လည်း ကွယ်ပျောက် လိမ့်မည်။
၁၁ပင်လယ်အလယ်၌ ရှောက်သွား၍ ညှဉ်းဆဲ လျက်၊ ပင်လယ်တံပိုးများကို ဒဏ်ခတ်တော်မူမည်။ မြစ်၌ နက်နဲသောအရပ်ရှိသမျှတို့လည်း ခန်းခြောက်ကြလိမ့် မည်။ အာရှုရိပြည်၏မာနကို နှိမ့်ချ၍၊ အဲဂုတ္တုမင်း၏ အာဏာသည်လည်း ကွယ်ပျောက်လိမ့်မည်။
12 ၁၂ သူ တို့ကို ထာဝရဘုရား အားဖြင့် ငါခိုင်ခံ့ စေမည်။ နာမ တော်ကို အမှီပြုလျက် လှည့်လည်၍ သွား ကြလိမ့်မည် ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၂သူတို့ကို ထာဝရဘုရားအားဖြင့် ငါခိုင်ခံ့စေမည်။ နာမတော်ကို အမှီပြုလျက် လှည့်လည်၍ သွားကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။

< ဇာခရိ 10 >