< မိက္ခာ 1 >

1 ယုဒ ရှင်ဘုရင် ယောသံ မင်း၊ အာခတ် မင်း၊ ဟေဇကိ မင်းတို့လက်ထက် ၌ မောရရှ ရွာသားမိက္ခါ သည် ရှမာရိ မြို့နှင့် ယေရုရှလင် မြို့အဘို့ ခံရ သော ထာဝရဘုရား ၏ ဗျာဒိတ် တော်ဟူမူကား ၊
ယုဒရှင်ဘုရင်ယောသံမင်း၊ အာခတ်မင်း၊ ဟေဇ ကိမင်းတို့လက်ထက်၌ မောရရှရွာသားမိက္ခာသည် ရှမာရိ မြို့နှင့် ယေရုရှလင်မြို့အဘို့ ခံရသော ထာဝရဘုရား၏ ဗျာဒိတ်တော်ဟူမူကား၊
2 အိုလူ များအပေါင်း တို့၊ ကြား ကြလော့။ အို ပြည် နှင့် ပြည်သားအပေါင်းတို့၊ နားထောင် ကြလော့။ အရှင် ထာဝရဘုရား တည်းဟူသောသန့်ရှင်း သော ဗိမာန် တော် ထဲက ဘုရား ရှင်သည် သင် တို့တဘက် ၌ သက်သေခံ တော်မူမည်။
အိုလူများအပေါင်းတို့၊ ကြားကြလော့။ အို ပြည် နှင့် ပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ အရှင် ထာဝရဘုရားတည်းဟူသော သန့်ရှင်းသော ဗိမာန်တော် ထဲက ဘုရားရှင်သည် သင်တို့ တဘက်၌ သက်သေ ခံတော်မူမည်။
3 ထာဝရဘုရား သည် ကျိန်းဝပ်တော်မူရာ အရပ် ဌာနတော်ထဲက ထွက် ကြွဆင်းသက် ၍ ၊ မြင့် သော မြေ အရပ်တို့ကို နင်း တော်မူမည်။
ထာဝရဘုရားသည် ကျိန်းဝပ်တော်မူရာ အရပ် ဌာနတော်ထဲက ထွက်ကြွဆင်းသက်၍၊ မြင့်သော မြေ အရပ်တို့ကို နင်းတော်မူမည်။
4 မီး ရှေ့ မှာ ဘယောင်း ကဲ့သို့ ၎င်း ၊ ချောက် ကြီးမှ ဆင်း သော ရေ ကဲ့သို့ ၎င်း ရှေ့တော်၌ တောင် တို့သည် အရည် ဖြစ်၍ ၊ ချိုင့် တို့သည်လည်း အက်ကွဲ ကြလိမ့်မည်။
မီးရှေ့မှာ ဘယောင်းကဲ့သို့၎င်း၊ ချောက်ကြီးမှ ဆင်းသော ရေကဲ့သို့၎င်း ရှေ့တော်၌ တောင်တို့သည် အရည်ဖြစ်၍၊ ချိုင့်တို့သည်လည်း အက်ကွဲကြလိမ့်မည်။
5 ထို အမှုသည် ယာကုပ် လွန်ကျူး ၍ ဣသရေလ အမျိုး ပြစ်မှား သောကြောင့် ရောက်သတည်း။ ယာကုပ် လွန်ကျူး ရာကား အဘယ်သို့ နည်း။ ရှမာရိ မြို့မ ဟုတ် လော။ ယုဒ ၏မြင့် ရာအရပ်ကား အဘယ်မှာ ရှိသနည်း။ ယေရုရှလင် မြို့၌ရှိသည်မ ဟုတ်လော။
ထိုအမှုသည် ယာကုပ်လွန်ကျူး၍ ဣသရေလ အမျိုး ပြစ်မှားသောကြောင့် ရောက်သတည်း။ ယာကုပ် လွန်ကျူးရာကား အဘယ်သို့နည်း။ ရှမာရိမြို့မဟုတ် လော။ ယုဒ၏မြင့်ရာအရပ်ကား အဘယ်မှာရှိသနည်း။ ယေရုရှလင်မြို့၌ရှိသည်မဟုတ်လော။
6 ထိုကြောင့် ၊ ရှမာရိ မြို့ကို လယ်ပြင် ၌ မြေပုံ ကဲ့သို့ ၎င်း ၊ စပျစ် ဥယျာဉ် စိုက် ရာအရပ်ကဲ့သို့ ၎င်း ငါဖြစ် စေမည် ။ မြို့ရိုး ကျောက် တို့ကို ချိုင့် ထဲ သို့ သွန် ပစ်၍ ၊ မြို့ရိုး အမြစ် ကို လှန် ပြမည်။
ထိုကြောင့်၊ ရှမာရိမြို့ကို လယ်ပြင်၌ မြေပုံကဲ့သို့၎င်း၊ စပျစ်ဥယျာဉ် စိုက်ရာအရပ်ကဲ့သို့၎င်း ငါဖြစ်စေ မည်။ မြို့ရိုးကျောက်တို့ကို ချိုင့်ထဲသို့ သွန်ပစ်၍၊ မြို့ရိုး အမြစ်ကို လှန်ပြမည်။
7 ခပ်သိမ်း သော ရုပ်တု ဆင်းတုတို့ကို ချိုးဖဲ့ မည်။ သူငှါးလုပ်၍ ရသမျှ သောအခ တို့ကို မီးရှို့ မည်။ မှားသော ဘုရား ရှိသမျှ တို့ကို သုတ်သင် ပယ်ရှင်းမည်။ ပြည်တန်ဆာ လုပ်၍ ဥစ္စာ ကို ဆည်းဖူး သည်ဖြစ်၍၊ ထိုဥစ္စာ သည် ပြည်တန်ဆာ လက်သို့ တဖန်ရောက် ရဦးမည်။
ခပ်သိမ်းသော ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့မည်။ သူငှါးလုပ်၍ ရသမျှသောအခတို့ကို မီးရှို့မည်။ မှားသော ဘုရားရှိသမျှတို့ကို သုတ်သင်ပယ်ရှင်းမည်။ ပြည်တန်ဆာ လုပ်၍ ဥစ္စာကို ဆည်းဖူးသည်ဖြစ်၍၊ ထိုဥစ္စာသည် ပြည် တန်ဆာလက်သို့ တဖန်ရောက်ရဦးမည်။
8 ထို အမှုကြောင့် ငါသည် ငိုကြွေး မြည်တမ်း မည်။ အဝတ်ကိုချွတ် ၍ အချည်းစည်း လည်သွား မည်။ မြေခွေး ကဲ့သို့ အူ လျက် ၊ ကုလားအုပ် ငှက်ကဲ့သို့ မြည် လျက်နေမည်။
ထိုအမှုကြောင့် ငါသည် ငိုကြွေးမြည်တမ်းမည်။ အဝတ်ကိုချွတ်၍ အချည်းစည်း လည်သွားမည်။ မြေခွေး ကဲ့သို့ အူလျက်၊ ကုလားအုပ်ငှက်ကဲ့သို့ မြည်လျက်နေမည်။
9 သူ ခံရသောဒဏ်နာ မ ပျောက်နိုင်။ ယုဒ ပြည်တိုင်အောင် ကူး သဖြင့်၊ ငါ ၏အမျိုးသား နေရာ ယေရုရှလင် မြို့ တံခါး သို့ ရောက် လေပြီ။
သူခံရသော ဒဏ်နာမပျောက်နိုင်။ ယုဒပြည် အောင် ကူးသဖြင့်၊ ငါ၏အမျိုးသားနေရာ ယေရုရှလင်မြို့ တံခါးသို့ ရောက်လေပြီ။
10 ၁၀ ဂါသ မြို့၌ သိတင်းမ ပြော ကြနှင့်။ အလျှင်းမ ငိုကြွေး ကြနှင့်။ ဗေသောဖရာ မြို့မှာ မြေမှုန့် ၌ လူး လဲလျက် နေကြလော့။
၁၀ဂါသမြို့၌ သိတင်းမပြောကြနှင့်။ အလျှင်းမငို ကြွေးကြနှင့်။ ဗေသောဖရာမြို့မှာ မြေမှုန့်၌ လူးလဲလျက် နေကြလော့။
11 ၁၁ အိုရှဖိရ မြို့သမီး ၊ အဝတ်ကို ချွတ် ၍ အရှက်ကွဲ လျက် သွား လော့။ ဇာနန် မြို့သမီး သည် ငိုကြွေး ခြင်းကို ပြုလျက် မ ထွက် ရ။ ဗေသဇေလ မြို့သည် သင်တို့တည်းခိုရသော အခွင့်ကို မပေးရ။
၁၁အိုရှဖိရမြို့သမီး၊ အဝတ်ကို ချွတ်၍ အရှက်ကွဲ လျက် သွားလော့။ ဇာနန်မြို့သမီးသည် ငိုကြွေးခြင်းကို ပြုလျက်မထွက်ရ။ ဗေသဇေလမြို့သည် သင်တို့တည်းခို ရသော အခွင့်ကို မပေးရ။
12 ၁၂ မာရုတ် မြို့သမီး သည်လည်း ကောင်း သောအရာ ကို တောင့်တ၍ နာကျင် လျက်ရှိ၏။ အကြောင်း မူကား၊ ထာဝရဘုရား ထံတော်မှ ဘေးဒဏ် သည် ယေရုရှလင် မြို့ တံခါး သို့ ရောက် လေပြီ။
၁၂မာရုတ်မြို့သမီးသည်လည်း ကောင်းသောအရာ ကို တောင့်တ၍ နာကျင်လျက်ရှိ၏။ အကြောင်းမူကား၊ ထာဝရဘုရားထံတော်မှ ဘေးဒဏ်သည် ယေရုရှလင်မြို့ တံခါးသို့ ရောက်လေပြီ။
13 ၁၃ အိုလာခိရှ မြို့သမီး ၊ လျင်မြန်သော မြင်း ကို ရထား ၌ က လော့။ သင် သည် ဣသရေလ ၏ လွန်ကျူး ခြင်း ကို လက်ခံ ၍၊ ဇိအုန် သတို့သမီး အား အပြစ် လမ်းကို ပြသတည်း။
၁၃အိုလာခိရှမြို့သမီး၊ လျင်မြန်သော မြင်းကို ရထား၌ကလော့။ သင်သည် ဣသရေလ၏ လွန်ကျူးခြင်း ကို လက်ခံ၍၊ ဇိအုန်သတို့သမီးအား အပြစ်လမ်းကို ပြသ တည်း။
14 ၁၄ ထိုကြောင့် သင်သည် ဂါသ ပြည် မောရရှက်မြို့ သို့ လက်ဆောင် ကိုပေး လိုက်ရမည်။ အာခဇိပ် မြို့သား တို့ သည် ဣသရေလ ရှင် ဘုရင်တို့ကို လှည့်စား ကြလိမ့်မည်။
၁၄ထိုကြောင့် သင်သည် ဂါသပြည် မောရရှက်မြို့ သို့ လက်ဆောင်ကို ပေးလိုက်ရမည်။ အာခဇိပ်မြို့သားတို့ သည် ဣသရေလရှင်ဘုရင်တို့ကို လှည့်စားကြလိမ့်မည်။
15 ၁၅ အိုမရေရှ မြို့သမီး ၊ သင် ၏ဥစ္စာကို အမွေ ခံသောသူကို ငါခေါ် ခဲ့မည်။ သူသည် ဣသရေလ ဘုန်း ၊ အဒုလံ မြို့သို့ ရောက် လိမ့်မည်။
၁၅အိုမရေရှမြို့သမီး၊ သင်၏ဥစ္စာကို အမွေခံသော သူကို ငါခေါ်ခဲ့မည်။ သူသည် ဣသရေလဘုန်း၊ အဒုလံ မြို့သို့ ရောက်လိမ့်မည်။
16 ၁၆ ချစ် ဘွယ်သောသင် ၏သားသမီး တို့သည် သိမ်း သွားခြင်းကို ခံရသောကြောင့် ၊ သူတို့အတွက် သင်သည် ခေါင်းပြောင်အောင် ဆံပင်ကိုရိတ် ၍နေလော့။ ရွှေလင်းတ ကဲ့သို့ ကျယ်စွာ သော ခေါင်းပြောင် ခြင်းကို ပြုလော့။
၁၆ချစ်ဘွယ်သော သင်၏သားသမီးတို့သည် သိမ်း သွားခြင်းကို ခံရသောကြောင့်၊ သူတို့အတွက် သင်သည် ခေါင်းပြောင်အောင် ဆံပင်ကို ရိတ်၍နေလော့။ ရွှေ လင်းတကဲ့သို့ ကျယ်စွာသော ခေါင်းပြောင်ခြင်းကို ပြုလော့။

< မိက္ခာ 1 >