< ဆာလံ 11 >

1 မတရား သောသူတို့သည် သဘော ဖြောင့် သောသူတို့ကို မ ထင်မရှားပစ် အံ့သောငှါ လေး ကိုတင် ၍၊ လေးညှို့ ပေါ်မှာ မြှား ကိုပြင် ကြ၏။
မတရားသော သူတို့သည် သဘောဖြောင့်သော သူတို့ကို မထင်မရှားပစ်အံ့သောငှါ လေးကို တင်၍၊ လေးညှို့ပေါ်မှာ မြှားကိုပြင်ကြ၏။
2 အမှီတကဲ တို့သည်ပျက် လျှင် ဖြောင့်မတ် သောသူသည် အဘယ်သို့ ပြု နိုင်သနည်း။
အမှီတကဲတို့သည် ပျက်လျင် ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြုနိုင် သနည်း။
3 ငါ့ ဝိညာဉ် အား သင် သည် ငှက် ကဲ့သို့ ကိုယ်နေရာတောင် ပေါ်သို့ပြေး ချေဟု အဘယ်ကြောင့် ပြော ကြသနည်း။ ထာဝရဘုရား သည် ငါခိုလှုံရာ ဖြစ်တော်မူ၏။
ငါ့ဝိညာဉ်အား သင်သည်ငှက်သကဲ့သို့ ကိုယ် နေရာ တောင်ပေါ်သို့ ပြေးချေဟု အဘယ်ကြောင့် ပြောကြသနည်း။ ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော် မူ၏။
4 ထာဝရဘုရား သည် သန့်ရှင်း သော ဗိမာန် တော်၌ ရှိတော်မူ၏။ ထာဝရ ဘုရား၏ ပလ္လင် တော်သည် ကောင်းကင် ပေါ် မှာတည်၏။ မျက်စိ တော်သည် ကြည့်ရှု ၍ မျက်ခမ်း တော်သည် လူ သား တို့ကို စစ် တော်မူ၏။
ထာဝရဘုရားသည် သန့်ရှင်းသော ဗိမာန် တော်၌ ရှိတော်မူ၏။ ထာဝရဘုရား၏ ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာတည်၏။ မျက်စိတော်သည် ကြည့်ရှု ၍ မျက်ခမ်းတော်သည် လူသားတို့ကို စစ်တော်မူ၏။
5 ထာဝရဘုရား သည် ဖြောင့်မတ် သောသူကို စုံစမ်း တော်မူ၏။ မတရား သောသူနှင့် လုယူ ဖျက်ဆီးလို သော သူကိုဝိညာဉ် တော်သည် မုန်း တော်မူ၏။
ထာဝရဘုရားသည် ဖြောင့်မတ်သော သူကို စုံစမ်းတော်မူ၏။ မတရားသောသူနှင့် လုယူဖျက်ဆီးလို သော သူကိုဝိညာဉ်တော်သည် မုန်းတော်မူ၏။
6 မတရား သောသူတို့အပေါ် မှာ တောက်သော မီးခဲ၊ ကန့် နှင့် ရောသောမီးလျှံ ၊ ပူလောင် သော မုန်တိုင်း ကို သက်ရောက် စေ၍ ၊ သူ တို့သောက် စရာဘို့ စီရင်တော်မူ မည်။
မတရားသောသူတို့အပေါ်မှာ တောက်သော မီးခဲ၊ ကန့်နှင့်ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကို သက်ရောက်စေ၍၊ သူတို့သောက်စရာဘို့ စီရင်တော် မူမည်။
7 တရား သဖြင့် ပြုတော်မူသောထာဝရဘုရား သည် တရား သောအမှုကို နှစ်သက် ၍ သဘော ဖြောင့် သောသူ ကို မျက်နှာ ပြု တော်မူ၏။
တရားသဖြင့် ပြုတော်မူသောထာဝရဘုရား သည် တရားသောအမှုကို နှစ်သက်၍ သဘောဖြောင့် သောသူကို မျက်နှာပြုတော်မူ၏။

< ဆာလံ 11 >