< ဆာလံ 10 >

1 အိုထာဝရဘုရား ၊ ကိုယ်တော်သည် အဘယ်ကြောင့် ဝေးဝေး ရပ် ၍ နေတော်မူသနည်း။ ဘေး အန္တရာယ် ရောက် သည်ကာလ အဘယ်ကြောင့်ပုန်းကွယ် ၍ နေတော်မူသနည်း။
အိုထာဝရဘုရား။ ကိုယ်တော်သည် အဘယ် ကြောင့် ဝေးဝေးရပ်၍နေတော်မူသနည်း။ ဘေးအန္တရာယ် ရောက်သည်ကာလ အဘယ်ကြောင့် ပုန်းကွယ်၍ နေတော်မူသနည်း။
2 မတရား သောသူသည် မာန စိတ်ရှိ၍ ၊ ဆင်းရဲ သော သူကိုညှဉ်းဆဲ တတ်ပါ၏။ မိမိ ပြုသော ပရိယာယ် အားဖြင့် ထိုသူကို ဘမ်းဆီး တတ်ပါ၏။
မတရားသောသူသည် မာနစိတ်ရှိ၍၊ ဆင်းရဲ သော သူကိုညှဉ်းဆဲတတ်ပါ၏။ မိမိပြုသောပရိယာယ် အားဖြင့် ထိုသူကို ဘမ်းဆီးတတ်ပါ၏။
3 မတရား သောသူသည် မိမိ စိတ် အလို ၌ ဝါကြွား တတ်ပါ၏။ လောဘ ကြီးသောသူသည် ထာဝရဘုရား ကို ပယ်၍ မထီမဲ့မြင် ပြုတတ်ပါ၏။
မတရားသောသူသည် မိမိစိတ်အလို၌ ဝါကြွား တတ်ပါ၏။ လောဘကြီးသောသူသည် ထာဝရဘုရားကို ပယ်၍ မထီမဲ့မြင်ပြုတတ်ပါ၏။
4 မတရား သောသူသည် မာန ထောင်လွှား သောကြောင့် ၊ မ စဉ်းစား တတ်ပါ။ ဘုရား သခင်မ ရှိဟု အစဉ် အောက်မေ့ တတ်ပါ၏။
မတရားသောသူသည် မာနထောင်လွှားသော ကြောင့်၊ မစဉ်းစားတတ်ပါ။ ဘုရားသခင်မရှိဟု အစဉ် အောက်မေ့တတ်ပါ၏။
5 အစဉ် ခိုင်မာစွာ ကျင့်ကြံပြုမူတတ်ပါ၏။ တရား စီရင် တော်မူချက်တို့သည်သူ နှင့် ဝေးမြင့် သည်ဖြစ်၍ခပ်သိမ်း သောရန်သူ တို့ကို မထီမဲ့မြင် ပြုတတ်ပါ၏။
အစဉ်ခိုင်မာစွာ ကျင့်ကြံပြုမူတတ်ပါ၏။ တရား စီရင်တော်မူ ချက်တို့သည်သူနှင့်ဝေးမြင့်သည်ဖြစ်၍ ခပ်သိမ်းသောရန်သူတို့ကို မထီမဲ့မြင်ပြုတတ်ပါ၏။
6 ငါသည်အစဉ်မ ရွေ့ ရ၊ ဆင်းရဲ ခြင်းသို့ မ ရောက်ရ ဟု အောက်မေ့ တတ်ပါ၏။
ငါသည်အစဉ်မရွေ့ရ၊ ဆင်းရဲခြင်းသို့ မရောက်ရ ဟု အောက်မေ့တတ်ပါ၏။
7 သူ ၏နှုတ် သည်ကျိန်ဆဲ ခြင်း၊ လှည့်စား ခြင်း၊ ရှုတ်ချ ခြင်းနှင့် ပြည့်ဝ ပါ၏။ လျှာ အောက် မှာ မကောင်း သောအကြံနှင့် မ တရားသော အမှုရှိပါ၏။
သူ၏နှုတ်သည်ကျိန်ဆဲခြင်း၊ လှည့်စားခြင်း၊ ရှုတ်ချခြင်းနှင့် ပြည့်ဝပါ၏။ လျှာအောက်မှာ မကောင်း သောအကြံနှင့် မတရားသော အမှုရှိပါ၏။
8 ရွာ အနားတွင် ပုန်း နေရာအရပ်မှာ ထိုင် ၍၊ အပြစ် မရှိသောသူကို ဆိတ်ကွယ် ရာအရပ်၌ သတ် တတ် ပါ၏။ ဆင်းရဲ သောသူ ကို ချောင်းမြောင်း တတ်ပါ၏။
ရွာအနားတွင် ပုန်းနေရာအရပ်မှာထိုင်၍၊ အပြစ်မရှိသော သူကို ဆိတ်ကွယ်ရာအရပ်၌ သတ်တတ် ပါ၏။ ဆင်းရဲသောသူကို ချောင်းမြောင်းတတ်ပါ၏။
9 ချုံ ထဲ မှာနေသောခြင်္သေ့ ကဲ့ သို့ကွယ် ရာအရပ်၌ ပုန်း ၍နေတတ်ပါ၏။ ဆင်းရဲ သောသူကို ဘမ်းဆီး ခြင်းငှါ ပုန်းကွယ် ၍ နေပါ၏။ ဆင်းရဲ သောသူကို ကွန်ရွက် ထဲ သို့ ဆွဲ ၍ဘမ်းဆီး တတ်ပါ၏။
ချုံထဲမှာနေသော ခြင်္သေ့ကဲ့သို့ ကွယ်ရာအရပ်၌ ပုန်း၍နေတတ်ပါ၏။ ဆင်းရဲသောသူကို ဘမ်းဆီးခြင်းငှါ ပုန်းကွယ်၍ နေပါ၏။ ဆင်းရဲသောသူကို ကွန်ရွက်ထဲသို့ ဆွဲ၍ဘမ်းဆီးတတ်ပါ၏။
10 ၁၀ ထိုသို့ ညှဉ်းဆဲ နှိပ်စက် ခြင်းကို ခံရ၍ ၊ ဆင်းရဲ သော သူအပေါင်းတို့ သည်သူ ၏လက် သို့ ကျ ရောက် တတ် ကြပါ၏။
၁၀ထိုသို့ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရ၍၊ ဆင်းရဲ သော သူအပေါင်းတို့ သည်သူ၏လက်သို့ ကျရောက်တတ် ကြပါ၏။
11 ၁၁ ထို သူက၊ ဘုရား သခင်သည် မေ့လျော့ တော်မူ၏။ မျက်နှာ ကို လွှဲ တော်မူ၏။ မြင် တော်မ မူဟု အောက်မေ့ တတ်ပါ၏။
၁၁ထိုသူက၊ ဘုရားသခင်သည် မေ့လျော့တော်မူ ၏။ မျက်နှာကို လွှဲတော်မူ၏။ မြင်တော်မမူဟု အောက်မေ့ တတ်ပါ၏။
12 ၁၂ အိုထာဝရဘုရား ထ တော်မူပါ။ အိုဘုရား သခင်လက် တော်ကို ချီ တော်မူပါ။ နှိမ့်ချ လျက်ရှိသောသူတို့ကို မေ့လျော့ တော်မ မူပါနှင့်။
၁၂အိုထာဝရဘုရား ထတော်မူပါ။ အိုဘုရားသခင် လက်တော်ကို ချီတော်မူပါ။ နှိမ့်ချလျက်ရှိသောသူတို့ကို မေ့လျော့တော်မမူပါနှင့်။
13 ၁၃ မတရား သောသူသည် ဘုရား သခင်ကို အဘယ်ကြောင့် မထီမဲ့မြင် ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ် တော်မ မူဟု အဘယ်ကြောင့်အောက်မေ့ ရပါအံ့နည်း။
၁၃မတရားသောသူသည် ဘုရားသခင်ကို အဘယ် ကြောင့် မထီမဲ့မြင်ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ်တော်မမူဟု အဘယ်ကြောင့် အောက်မေ့ရပါအံ့နည်း။
14 ၁၄ သို့သော်လည်း ကိုယ်တော် သည် မြင် တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်း စေခြင်းနှင့် နှောင့်ရှက် စေခြင်း ကို လက်ဝါး တော်၌ မှတ်သား မည်ဟု ကြည့်ရှု တော်မူတတ်ပါ၏။ ဆင်းရဲ သောသူသည် ကိုယ်တော် ၌ ကိုယ်ကို အပ် တတ်ပါ၏။ ကိုယ်တော် သည် မိဘ မရှိသောသူ ၏ ခိုလှုံ ရာဖြစ် တော်မူ၏။
၁၄သို့သော်လည်း၊ ကိုယ်တော်သည် မြင်တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်းစေခြင်းနှင့် နှောင့်ရှက်စေခြင်း ကို လက်ဝါးတော်၌ မှတ်သားမည်ဟု ကြည့်ရှုတော်မူ တတ်ပါ၏။ ဆင်းရဲသောသူသည် ကိုယ်တော်၌ ကိုယ်ကို အပ်တတ်ပါ၏။ ကိုယ်တော်သည် မိဘမရှိသော သူ၏ ခိုလှုံရာဖြစ်တော်မူ၏။
15 ၁၅ မတရား သဖြင့် ပြု၍ ဆိုး သောသူ ၏လက်ရုံး ကို ချိုး တော်မူပါ။ သူ ပြုသော အဓမ္မအမှုကို အကုန်အစင်စစ် တော်မူပါ။
၁၅မတရားသဖြင့် ပြု၍ဆိုးသော သူ၏လက်ရုံးကို ချိုးတော်မူပါ။ သူပြုသော အဓမ္မအမှုကို အကုန်အစင် စစ်တော်မူပါ။
16 ၁၆ ထာဝရဘုရား သည် ကာလ အစဉ်အမြဲတည် သော ရှင် ဘုရင်ဖြစ်တော်မူ၍၊ တပါးအမျိုးသား တို့သည် နိုင်ငံ တော်ထဲ က ကွယ်ပျောက် ကြပါလိမ့်မည်။
၁၆ထာဝရဘုရားသည် ကာလ အစဉ်အမြဲတည် သော ရှင်ဘုရင်ဖြစ်တော်မူ၍၊ တပါးအမျိုးသားတို့သည် နိုင်ငံတော်ထဲက ကွယ်ပျောက်ကြပါလိမ့်မည်။
17 ၁၇ အိုထာဝရဘုရား ၊ ကိုယ်တော်သည် နှိမ့်ချ လျက် ရှိသောသူတို့ ၏တောင့်တ ခြင်း အသံကိုကြား တော်မူ၏။ သူ တို့၏စိတ် နှလုံးကို တည်ကြည် စေတော်မူ၏။
၁၇အိုထာဝရဘုရား၊ ကိုယ်တော်သည် နှိမ့်ချလျက် ရှိသော သူတို့၏တောင့်တခြင်း အသံကိုကြားတော်မူ၏။ သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
18 ၁၈ ဆင်းရဲသားကို သူ ၏မြေ မှ တဖန် မ နှင်ထုတ် မည် အကြောင်း ၊ မိဘ မရှိသော သူနှင့် ညှဉ်းဆဲ ခံရသောသူတို့ ကို တရား ပေးခြင်းငှါ နား တော်ကို ဖွင့် တော်မူ၏။
၁၈ဆင်းရဲသားကို သူ၏မြေမှ တဖန်မနှင်ထုတ်မည် အကြောင်း၊ မိဘမရှိသော သူနှင့်ညှဉ်းဆဲခံရသော သူတို့ကို တရားပေးခြင်းငှါ နားတော်ကို ဖွင့်တော်မူ၏။

< ဆာလံ 10 >