< သုတ္တံကျမ်း 1 >

1 ပညာတရား ၊ နည်း ဥပဒေသတရားကိုသိ ၍၊ ဉာဏ် နှင့်ယှဉ်သောစကား ကိုနားလည် မည်အကြောင်း ၊
ပညာတရား၊ နည်းဥပဒေသတရားကိုသိ၍၊ ဥာဏ်နှင့်ယှဉ်သော စကားကို နားလည်မည်အကြောင်း၊
2 ပညာ သွန်သင်ခြင်း၊ ဖြောင့်မတ် စွာကျင့်ခြင်း၊ တရားသဖြင့်
ပညာသွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ကျင့်ခြင်း၊ တရား သဖြင့်စီရင်ခြင်း၊
3 စီရင်ခြင်း၊ လျစ်လျူ စွာဆုံးဖြတ်ခြင်းအမှုအရာ၌လေ့ကျက် မည်အကြောင်း၊ မိုက် သောသူသည်လိမ္မာ ၍၊ လူပျို သည်ပညာသတိ နှင့်ပြည့်စုံမည်အကြောင်း၊
လျစ်လျူစွာဆုံဖြတ်ခြင်းအမှုအရာ၌ လေ့ကျက်မည်အကြောင်း၊ မိုက်သောသူသည် လိမ္မာ၍၊ လူပျိုသည် ပညာသတိနှင့်ပြည့်စုံမည်အကြောင်း၊
4 ဒါဝိဒ် ၏သား တော်ဖြစ်သော ဣသရေလ ရှင်ဘုရင် ရှောလမုန် စီရင်သော သုတ္တံစကား ဟူမူကား၊
ဒါဝိဒ်၏ သားတော်ဖြစ်သော ဣသရေလရှင်ဘုရင်ရှောလမုန် စီရင်သော သုတ္တံစကားဟူမူကား၊
5 ပညာရှိ သောသူသည် နားထောင် သဖြင့် ၊ ပညာ အတတ်တိုးပွါး ရလိမ့်မည်။
ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာ အတတ်တိုးပွါးရလိမ့်မည်။
6 ဉာဏ်ကောင်း သောသူသည် သုတ္တံ စကားအနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိ ဟောပြော ၍ နက်နဲ သောစကားတို့ကို၎င်း၊ နားလည် သောနိဿရည်းဆရာအဖြစ်သို့ ရောက် ရလိမ့်မည်။
ဥာဏ်ကောင်းသော သူသည် သုတ္တံစကားအနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိဟောပြော၍ နက်နဲသောစကားတို့ကို၎င်း၊ နားလည်သော နိဿရည်း ဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။
7 ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် ပညာ ၏အချုပ် အခြာဖြစ်၏။ လူမိုက် တို့သည် ပညာ နှင့် ဥပဒေသ ကို မထီမဲ့မြင် ပြုတတ်ကြ၏။
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။
8 ငါ့ သား ၊ အဘ ၏နည်း ဥပဒေသကို နားထောင် လော့။ အမိ ၏တရား ကိုလည်း မ ပယ် နှင့်။
ငါ့သား၊ အဘ၏နည်းဥပဒေသကို နားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။
9 ထိုနည်းဥပဒေသတရားတို့သည် သင် ၏ခေါင်း ၌ တင့်တယ် သော ဦးရစ် ၊ သင် ၏လည်ပင်း ၌ ပတ်ရစ်သော လည်ဆွဲ ဖြစ်ကြလိမ့်မည်။
ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သော ဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သော လည်ဆွဲဖြစ်ကြလိမ့်မည်။
10 ၁၀ ငါ့ သား ၊ လူဆိုး တို့သည် သင့် ကိုသွေးဆောင် လျှင် ဝန် မ ခံနှင့်။
၁၀ငါ့သား၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့်။
11 ၁၁ သူတို့က ငါ တို့နှင့်အတူ လိုက် တော့။ သူ့အသက် ကို သတ်အံ့သောငှါစောင့် ကြစို့။ အချည်းနှီး အပြစ် လွတ် သောသူတို့ ကို ချောင်းမြောင်း ကြစို့။
၁၁သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့။
12 ၁၂ သင်္ချိုင်းတွင်း သို့ဆင်း သောသူတို့ ကဲ့သို့ တကိုယ်လုံး ပါ လျက်၊ အသက်ရှင် လျက်ရှိသောထိုသူ တို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျို ကြစို့။ (Sheol h7585)
၁၂သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့ တကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျိုကြစို့။ (Sheol h7585)
13 ၁၃ အဘိုး ထိုက်သော ဘဏ္ဍာ အမျိုးမျိုး ကိုတွေ့ ၍ လုယူသောဥစ္စာ နှင့် ငါ တို့အိမ် ကိုပြည့် စေကြမည်။
၁၃အဘိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။
14 ၁၄ ငါတို့နှင့် ပေါင်းဘော်တော့။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း၊
၁၄ငါတို့နှင့် ပေါင်းဘော်တော့။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း၊
15 ၁၅ ငါ့ သား ၊ သူ တို့နှင့်အတူ မ လိုက် နှင့်။ သူ တို့သွားသောလမ်း ကို ရှောင် လော့။
၁၅ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။
16 ၁၆ အကြောင်း မူကား၊ သူ တို့ခြေ သည် ဒုစရိုက် ပြုရာ သို့ ပြေး ၍ ၊ လူအသက် ကို သတ် ခြင်းငှါ လျင်မြန် ၏။
၁၆အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။
17 ၁၇ အကယ် စင်စစ်ငှက် မျက်မှောက် ၌ ပိုက်ကွန် ကို ဖြန့် ထားလျှင် အကြံ မမြောက်ရာ။
၁၇အကယ်စင်စစ်ငှက်မျက်မှောက်၌ ပိုက်ကွန်ကို ဖြန့်ထားလျှင် အကြံမမြောက်ရာ။
18 ၁၈ လူဆိုး တို့သည် ကိုယ် အသွေး ကို သွန်အံ့သောငှါစောင့်၍၊ ကိုယ် အသက် ကိုသတ် အံ့သောငှါချောင်းမြောင်း တတ်ကြ၏။
၁၈လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှါ စောင့်၍၊ ကိုယ်အသက်ကို သတ်အံ့သောငှါ ချောင်း မြောင်းတတ်ကြ၏။
19 ၁၉ မ တရားသောစီးပွါးကို ရှာ သောသူအပေါင်း တို့သည် ထိုသို့ သော အကျိုး ကိုခံရ၍၊ ထိုစီးပွါးသည် မိမိ အရှင် ၏အသက် ကိုသတ် တတ်၏။
၁၉မတရားသောစီးပွါးကို ရှာသောသူအပေါင်းတို့သည် ထိုသို့သော အကျိုးကိုခံရ၍၊ ထိုစီးပွါးသည် မိမိ အရှင်၏အသက်ကို သတ်တတ်၏။
20 ၂၀ ပညာ သည်ပြင် မှာ ကြွေးကြော် ၍၊ လမ်းခရီး တို့၌ မိမိ စကား သံကို လွှင့် တတ်၏။
၂၀ပညာသည်ပြင်မှာကြွေးကြော်၍၊ လမ်းခရီးတို့၌ မိမိစကားသံကို လွှင့်တတ်၏။
21 ၂၁ လူ စည်းဝေးရာ အဦး ၌ ၎င်း၊ မြို့ တံခါးဝ တို့၌ ၎င်း၊ မြို့ ထဲ ၌၎င်း ခေါ် ၍မြွက်ဆို သောစကား ဟူမူကား၊
၂၁လူစည်းဝေးရာ အဦး၌၎င်း၊ မြို့တံခါးဝတို့၌၎င်း၊ မြို့ထဲ၌၎င်း ခေါ်၍မြွက်ဆိုသောစကားဟူမူကား၊
22 ၂၂ အိုလူမိုက် တို့၊ သင်တို့သည်မိုက် သောအကျင့်ကို နှစ်သက် လျက် ၊ ကဲ့ရဲ့ သောသူတို့သည် ကဲ့ရဲ့ ခြင်း၌ မွေ့လျော် လျက် ၊ မိုက်မဲ သောသူတို့သည် ပညာ အတတ်ကို မုန်း လျက်၊ အဘယ် မျှကာလ ပတ်လုံးနေကြလိမ့်မည်နည်း။
၂၂အိုလူမိုက်တို့၊ သင်တို့သည်မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌ မွေ့ လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကို မုန်းလျက်၊ အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နည်း။
23 ၂၃ ငါ ဆုံးမ သော စကားကို နားထောင် ၍ ပြောင်းလဲ ကြလော့။ ငါ့ ဝိညာဉ် ကို သင် တို့အပေါ် သို့ ငါသွန်းလောင်း ၍၊ ငါ့ စကား ၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။
၂၃ငါဆုံးမသော စကားကို နားထောင်၍ ပြောင်း လဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း၍၊ ငါ့စကား၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။
24 ၂၄ ငါသည်ခေါ် ၍ သင်တို့သည် ငြင်းပယ် သောကြောင့် ၎င်း၊ ငါ့ လက် ကိုဆန့် ၍ အဘယ်သူ မျှမမှတ် သောကြောင့် ၎င်း၊
၂၄ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်သော ကြောင့်၎င်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှမမှတ်သော ကြောင့်၎င်း၊
25 ၂၅ ငါ သတိ ပေးခြင်းရှိသမျှ ကို သင်တို့သည်ပယ် ၍ ၊ ငါ ဆုံးမ သော စကားတခွန်းကိုမျှ နာ မ ခံဘဲနေသောကြောင့် ၎င်း၊
၂၅ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ်၍၊ ငါဆုံးမသော စကားတခွန်းကို နားမခံဘဲနေသောကြောင့် ၎င်း၊
26 ၂၆ သင် တို့သည် ဘေး ဥပဒ်နှင့် တွေ့ကြုံသောအခါ ငါရယ် မည်။ ကြောက်မက် ဖွယ်သော အမှုရောက် သောအခါ ငါပြက်ယယ် ပြုမည်။
၂၆သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သော အမှုရောက်သော အခါ ငါပြက်ယယ်ပြုမည်။
27 ၂၇ သင် တို့ကြောက်မက် ဘွယ်သော အမှုသည်သုတ်သင် ပယ်ရှင်းခြင်းအမှုကဲ့သို့ ၎င်း၊ သင် တို့ပျက်စီး ခြင်း အမှုသည် လေပြင်း မုန်တိုင်းကဲ့သို့ ၎င်း ရောက် လာ၍ ၊ သင် တို့သည်ဆင်းရဲ ခြင်း၊ ပူပန် ခြင်းနှင့် တွေ့ကြုံ သောအခါ ၊
၂၇သင်တို့ ကြောက်မက်ဘွယ်သော အမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့၎င်း၊ သင်တို့ပျက်စီးခြင်း အမှုသည် လေပြင်းမုန်တိုင်းကဲ့သို့၎င်း ရောက်လာ၍၊ သင်တို့သည်ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသော အခါ၊
28 ၂၈ ထို အမှုရောက်သောသူတို့သည် ငါ့ ကိုခေါ် သော်လည်း ငါမ ထူး။ ငါ့ ကို ကြိုးစား၍ ရှာ သော်လည်း မ တွေ့ ရကြ။
၂၈ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။
29 ၂၉ အကြောင်း မူကား၊ သူတို့သည် ပညာ အတတ်ကိုမုန်း ကြ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောကို အလို မ ရှိကြ။
၂၉အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ။
30 ၃၀ ငါ သတိ ပေးခြင်းကို အလျှင်းနာ မ ခံကြ။ ငါ ဆုံးမ ခြင်းရှိသမျှ ကို မထီမဲ့မြင် ပြုကြ၏။
၃၀ငါသတိပေးခြင်းကို အလျှင်းနားမခံကြ။ ငါဆုံးမ ခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။
31 ၃၁ ထိုကြောင့် သူတို့သည် ကိုယ် ကျင့် ခြင်း၏ အကျိုး အပြစ်ကို စား ၍ ၊ ကိုယ် ကြံသော အကြံ တို့နှင့် ဝ ကြလိမ့်မည်။
၃၁ထိုကြောင့်သူတို့သည် ကိုယ်ကျင့်ခြင်း၏ အကျိုး အပြစ်ကိုစား၍၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့် မည်။
32 ၃၂ ဉာဏ် တိမ်သောသူတို့သည် လမ်းလွဲ သဖြင့် အသက် ဆုံးတတ်ကြ၏။ မိုက် သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီး ခြင်းသို့ ရောက်တတ်ကြ၏။
၃၂ဥာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
33 ၃၃ ငါ့ စကားကို နားထောင် သောသူမူကား လုံခြုံ စွာ နေ ၍ ၊ ဘေး ကို မ ကြောက်ဘဲငြိမ်ဝပ် လိမ့်မည်။
၃၃ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာ နေ၍၊ ဘေးကို မကြောက်ဘဲငြိမ်ဝပ်လိမ့်မည်။

< သုတ္တံကျမ်း 1 >