< မိက္ခာ 7 >

1 ငါ သည် အ မင်္ဂလာရှိ၏။ နွေ ကာလ၌ ဆွတ် သော သင်္ဘောသဖန်းသီးကဲ့သို့ ၎င်း ၊ လိုက်၍ ကောက် သော စပျစ်သီး အကျန်အကြွင်းကဲ့သို့ ၎င်း ငါဖြစ် ၏။ စား စရာဘို့ စပျစ်သီးပြွတ် မ ရှိ။ အဦး မှည့်သော သင်္ဘောသဖန်းသီး ကို ငါ တောင့်တ ရ၏။
ငါသည် အမင်္ဂလာရှိ၏။ နွေကာလ၌ ဆွတ်သော သင်္ဘောသဖန်းသီးကဲ့သို့၎င်း၊ လိုက်၍ ကောက်သော စပျစ်သီး အကျန်အကြွင်းကဲ့သို့၎င်း ငါဖြစ်၏။ စားစရာ ဘို့ စပျစ်သီးပြွတ်မရှိ။ အဦးမှည့်သော သင်္ဘောသဖန်းသီး ကို ငါတောင့်တရ၏။
2 ကောင်း သော ပြည်သားအပေါင်းတို့သည် ကွယ်ပျောက် ကြပြီ။ ဖြောင့်မတ် သော သူတယောက် မျှမရှိ။ ခပ်သိမ်း သော သူ တို့ သည် လူအသက်ကို သတ် ခြင်းငှါ ချောင်း ၍ ကြည့်တတ် ကြ၏။ အချင်းချင်း တယောက် ကို တယောက် ကျော့ကွင်း နှင့်ဘမ်း တတ်ကြ၏။
ကောင်းသော ပြည်သားအပေါင်းတို့သည် ကွယ် ပျောက်ကြပြီ။ ဖြောင့်မတ်သော သူတယောက်မျှမရှိ။ ခပ်သိမ်းသော သူတို့သည် လူအသက်ကို သတ်ခြင်းငှါ ချောင်း၍ ကြည့်တတ်ကြ၏။ အချင်းချင်း တယောက်ကို တယောက် ကျော့ကွင်းနှင့်ဘမ်းတတ်ကြ၏။
3 ဒုစရိုက် ကို ကြိုးစား၍ပြု ခြင်းငှါ အသင့်ရှိကြ၏။ မင်း သည် လက်ဆောင်ကို တောင်း တတ်၏။ တရားသူကြီး သည် တံစိုး ကို စားတတ်၏။ သူတပါးထက်ကြီး သော သူသည် မတရားသော လောဘ ကို ထင်ရှား စေတတ်၏။ ထိုသို့အမှု ကို ရှုပ် စေခြင်းငှါပြုတတ်ကြ၏။
ဒုစရိုက်ကို ကြိုးစား၍ပြုခြင်းငှါ အသင့်ရှိကြ၏။ မင်းသည် လက်ဆောင်ကို တောင်းတတ်၏။ တရားသူကြီး သည် တံစိုးကို စားတတ်၏။ သူတပါးထက်ကြီးသော သူ သည် မတရားသော လောဘကို ထင်ရှားစေတတ်၏။ ထိုသို့အမှုကို ရှုပ်စေခြင်းငှါ ပြုတတ်ကြ၏။
4 အကောင်း ဆုံးသောသူ သည် ဆူး ပင်ကဲ့သို့ ဖြစ် ၏။ အဖြောင့် ဆုံးသောသူသည် ဆူး ခြံထက် ခက်လှ၏။ သင် ၏ကင်းစောင့် တို့သည် သတိပေးသောနေ့ ၊ သင် စစ်ကြော ခြင်းကို ခံရသောနေ့ရက်သည် ရောက် လာပြီ။ နှိပ်စက် နှောင့်ရှက်ရာကာလဖြစ် ၏။
အကောင်းဆုံးသော သူသည် ဆူးပင်ကဲ့သို့ ဖြစ် ၏။ အဖြောင့်ဆုံးသော သူသည် ဆူးခြံထက် ခက်လှ၏။သင်၏ကင်းစောင့်တို့သည် သတိပေးသောနေ့၊ သင်စစ် ကြောခြင်းကို ခံရသောနေ့ရက်သည် ရောက်လာပြီ။ နှိပ် စက်နှောင့်ရှက်ရာကာလဖြစ်၏။
5 အဆွေ ခင်ပွန်းကို မ ယုံ နှင့်။ လမ်းပြ သောသူကို အမှီ မ ပြုနှင့်။ သင့် ရင်ခွင် ၌ အိပ် သော မယားကို မယုံမူ၍၊ သင့် နှုတ် တံခါး ကို ပိတ် ထားလော့။
အဆွေခင်ပွန်းကို မယုံနှင့်။ လမ်းပြသော သူကို အမှီမပြုနှင့်။ သင့်ရင်ခွင်၌ အိပ်သော မယားကို မယုံမူ၍၊ သင့်နှုတ်တံခါးကို ပိတ်ထားလော့။
6 အကြောင်း မူကား၊ သား သည် အဘ ၏အသရေ ကို ဖျက်လိမ့်မည်။ သမီး သည် အမိ ကို ၎င်း ၊ ချွေးမ သည် ယောက္ခမ ကို ၎င်း ရန်ဘက်ပြုလိမ့်မည်။ ကိုယ် အိမ်သူ အိမ်သား တို့သည်လည်း ကိုယ် ရန်သူ ဖြစ်ကြလိမ့်မည်။
အကြောင်းမူကား၊ သားသည် အဘ၏အသရေ ကို ဖျက်လိမ့်မည်။ သမီးသည် အမိကို၎င်း၊ ချွေးမသည် ယောက္ခမကို၎င်း ရန်ဘက်ပြုလိမ့်မည်။ ကိုယ်အိမ်သူ အိမ် သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည်။
7 ငါ မူကား ၊ ထာဝရဘုရား ကို မြော်လင့် မည်။ ငါ့ ကို ကယ်တင် တော်မူသောဘုရား သခင်ကို ငါခိုလှုံ မည်။ ငါ ၏ဘုရား သခင်သည် ငါ့ စကားကို နားထောင် တော်မူ မည်။
ငါမူကား၊ ထာဝရဘုရားကို မြော်လင့်မည်။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားထောင်တော် မူမည်။
8 အချင်းရန်သူ ၊ ငါ့ အပေါ် မှာ ဝါကြွား ဝမ်းမြောက်ခြင်း မ ရှိနှင့်။ ငါလဲ သော်လည်း ထ ဦးမည်။ မှောင်မိုက် ၌ ထိုင် ရသော်လည်း ၊ ထာဝရဘုရား သည် ငါ ၏ အလင်း ဖြစ် တော်မူလိမ့်မည်။
အချင်းရန်သူ၊ ငါ့အပေါ်မှာ ဝါကြွားဝမ်းမြောက် ခြင်း မရှိနှင့်။ ငါလဲသော်လည်း ထဦးမည်။ မှောင်မိုက်၌ ထိုင်ရသော်လည်း၊ ထာဝရဘုရားသည် ငါ၏အလင်းဖြစ် တော်မူလိမ့်မည်။
9 ငါသည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ အမျက် တော်ကို ခံရ ၏။ ငါ့ အမှု ကို စစ်ကြော ၍ တရား ဆုံးဖြတ် တော်မ မူမှီတိုင်အောင်ငါခံရ၏။ ငါ့ ကို အလင်း ထဲ သို့ ထုတ် ၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ် ခြင်း ပါရမီတော်ကို ငါမြင် ရလိမ့်မည်။
ငါသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ အမျက်တော်ကို ခံရ၏။ ငါ့အမှုကို စစ်ကြော၍ တရားဆုံး ဖြတ်တော်မမူမှီတိုင်အောင် ငါခံရ၏။ ငါ့ကို အလင်းထဲသို့ ထုတ်၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ်ခြင်း ပါရမီတော်ကို ငါမြင်ရလိမ့်မည်။
10 ၁၀ သင် ၏ဘုရား သခင်ထာဝရဘုရား ကား၊ အဘယ်မှာ ရှိသနည်းဟုမေး သော ငါ့ ရန်သူ သည် ထိုအမှု ကို မြင် ၍ ရှက်ကြောက် လိမ့်မည်။ သူ ၌ ငါ့စိတ်ပြေလိမ့်မည်။ သူသည် လမ်း မှာ ရွံ့ ကဲ့သို့ ကျော်နင်း ခြင်းကို ခံရ လိမ့်မည်။
၁၀သင်၏ဘုရားဘုရားသခင်ထာဝရဘုရားကား၊ အဘယ်မှာရှိသနည်းဟု မေးသော ငါ့ရန်သူသည် ထိုအမှု ကို မြင်၍ ရှက်ကြောက်လိမ့်မည်။ သူ၌ငါ့စိတ်ပြေလိမ့် မည်။ သူသည် လမ်းမှာ ရွံ့ကဲ့သို့ ကျော်နင်းခြင်းကို ခံရ လိမ့်မည်။
11 ၁၁ သင် ၏မြို့ရိုး တည် သောကာလ သည် ရောက်လိမ့်မည် ။ အမိန့် တော်အရှိန် ကုန်လိမ့်မည်။
၁၁သင်၏မြို့ရိုးတည်သောကာလသည် ရောက်လိမ့် မည်။ အမိန့်တော်အရှိန်ကုန်လိမ့်မည်။
12 ၁၂ ထို ကာလ ၌ အာရှုရိ ပြည်နှင့် အဲဂုတ္တု မြို့ များမှ ၎င်း ၊ အဲဂုတ္တု ပြည်နှင့် မြစ် ကြီးစပ်ကြားအရပ်မှ၎င်း ၊ ပင်လယ် ကမ်းနားအရပ်ရပ်၊ တောင် ခြေရင်းအရပ်ရပ်တို့ မှ ၎င်း ၊ သင့် ထံ သို့လာ ကြလိမ့်မည်။
၁၂ထိုကာလ၌ အာရှုရိပြည်နှင့် အဲဂုတ္တုမြို့များမှ၎င်း၊ အဲဂုတ္တုပြည်နှင့် မြစ်ကြီးစပ်ကြားအရပ်မှ၎င်း၊ ပင်လယ်ကမ်းနားအရပ်ရပ်၊ တောင်ခြေရင်းအရပ်ရပ်တို့ မှ၎င်း၊ သင့်ထံသို့ လာကြလိမ့်မည်။
13 ၁၃ ထိုသို့ မဖြစ်မှီ ပြည်သူ ပြည်သားပြု မိသော ဒုစရိုက် အပြစ်ကြောင့် ပြည် တော်သည် လူဆိတ်ညံ လျက် ရှိ ရလိမ့်မည်။
၁၃ထိုသို့ မဖြစ်မှီ ပြည်သူပြည်သားပြုမိသော ဒုစ ရိုက်အပြစ်ကြောင့် ပြည်တော်သည် လူဆိတ်ညံလျက် ရှိရလိမ့်မည်။
14 ၁၄ ကိုယ်တော် ၏လူ တည်းဟူသောအပေါင်းအဘော်မရှိဘဲ၊ တော တွင် ကရမေလတောင်ပေါ်မှာ နေ ရ သော အမွေ တော်သိုးစု ကို သိုးထိန်း နှင်တံ နှင့် ထိန်း တော်မူ ပါ။ ရှေး ကာလ ၌ ရှိသကဲ့သို့ ၊ ဗာရှန် ပြည်နှင့် ဂိလဒ် ပြည် ၌ ကျက်စား သော အခွင့်ကိုပေး တော်မူပါ။
၁၄ကိုယ်တော်၏လူတည်းဟူသော အပေါင်း အဘော်မရှိဘဲ၊ တောတွင် ကရမေလတောင်ပေါ်မှာ နေရ သော အမွေတော်သိုးစုကို သိုးထိန်းနှင်တံနှင့် ထိန်းတော် မူပါ။ ရှေးကာလ၌ ရှိသကဲ့သို့၊ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည် ၌ ကျက်စားသော အခွင့်ကို ပေးတော်မူပါ။
15 ၁၅ သင် သည် အဲဂုတ္တု ပြည် မှ ထွက် သောနေ့ ၌ မြင် သည်အတိုင်း ၊ တဖန်အံ့ဩ ဘွယ်သော အမှုတို့ကို ငါပြ မည်။
၁၅သင်သည် အဲဂုတ္တုပြည်မှ ထွက်သောနေ့၌ မြင် သည်အတိုင်း၊ တဖန်အံ့ဩဘွယ်သော အမှုတို့ကို ငါပြ မည်။
16 ၁၆ လူ အမျိုးမျိုးတို့သည် ငါ၏လူတို့၌ရှိသမျှ သော တန်ခိုး ကိုမြင် ၍ မိန်းမော တွေဝေလျက်၊ မိမိ တို့နှုတ် ကို လက် နှင့်ပိတ် ၍ နားပင်း ကြလိမ့်မည်။
၁၆လူအမျိုးမျိုးတို့သည် ငါ၏လူတို့၌ရှိသမျှသော တန်ခိုးကိုမြင်၍ မိန်းမောတွေဝေလျက်၊ မိမိတို့နှုတ်ကို လက်နှင့်ပိတ်၍ နားပင်းကြလိမ့်မည်။
17 ၁၇ မြွေ ကဲ့သို့ မြေမှုန့် ကိုလျက် ၍၊ တီ ကဲ့သို့ တွင်း ထဲက တုန်လှုပ် လျက် ထွက်ကြလိမ့်မည်။ ငါ တို့ဘုရား သခင် ထာဝရ ဘုရား ကို ၎င်း ၊ သင့် ကို ၎င်း ကြောက်ရွံ့ ကြလိမ့်မည်။
၁၇မြွေကဲ့သို့ မြေမှုန့်ကိုလျက်၍၊ တီကဲ့သို့တွင် ထဲက တုန်လှုပ်လျက် ထွက်ကြလိမ့်မည်။ ငါတို့ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သင့်ကို၎င်း ကြောက်ရွံ့ကြလိမ့်မည်။
18 ၁၈ အပြစ် မှလွှတ် တော်မူထသော၊ ကျန် ကြွင်းသော အမွေ တော် လူတို့၏ လွန်ကျူး ခြင်းများကို သည်းခံ တော်မူထသော၊ ကရုဏာ ၌ မွေ့လျော် သောကြောင့် အစဉ် အမျက် ထွက် တော် မ မူသော ကိုယ်တော် ကဲ့သို့ အဘယ် ဘုရား ရှိပါသနည်း။
၁၈အပြစ်မှလွှတ်တော်မူထသော၊ ကျန်ကြွင်းသော အမွေတော်လူတို့၏ လွန်ကျူးခြင်းများကို သည်းခံတော် မူထသော၊ ကရုဏာ၌ မွေ့လျော်သောကြောင့် အစဉ် အမျက်ထွက်တော်မမူသော ကိုယ်တော်ကဲ့သို့ အဘယ် ဘုရားရှိပါသနည်း။
19 ၁၉ ကိုယ်တော်သည် အကျွန်ုပ် တို့ကို တဖန် သနား ၍၊ အကျွန်ုပ် တို့၏ ဒုစရိုက် ရှိသမျှတို့ကို ကျော်နင်း တော်မူလိမ့်မည်။ အကျွန်ုပ် တို့၏ အပြစ် အလုံးစုံ တို့ကို နက်နဲ သော ပင်လယ် ထဲ သို့ ချ ပစ်တော်မူလိမ့်မည်။
၁၉ကိုယ်တော်သည် အကျွန်ုပ်တို့ကို တဖန်သနား၍၊ အကျွန်ုပ်တို့၏ ဒုစရိုက်ရှိသမျှတို့ကို ကျော်နင်းတော်မူလိမ့် မည်။ အကျွန်ုပ်တို့၏ အပြစ်အလုံးစုံတို့ကို နက်နဲသော ပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည်။
20 ၂၀ ရှေး ကာလ မှစ၍ဘိုးဘေး တို့အား ကျိန်ဆို တော်မူ သည်အတိုင်း ၊ ယာကုပ် ၌ သစ္စာ စောင့်ခြင်း၊ အာဗြဟံ အား ကရုဏာ ကျေးဇူးပြုခြင်းကို စီရင် တော်မူလိမ့်မည်။
၂၀ရှေးကာလမှစ၍ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသည်အတိုင်း၊ ယာကုပ်၌ သစ္စာစောင့်ခြင်း၊ အာဗြဟံ အား ကရုဏာကျေးဇူးပြုခြင်းကို စီရင်တော်မူလိမ့်မည်။

< မိက္ခာ 7 >