< မိက္ခာ 6 >

1 ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် ကြလော့ ။ ထ ၍ တောင် ကြီးတို့ရှေ့ မှာ တရား တွေ့သဖြင့် ၊ တောင် ငယ်တို့ သည် သင့် စကား ကို ကြား ကြစေ။
ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြ လော့။ ထ၍ တောင်ကြီးတို့ရှေ့မှာ တရားတွေ့သဖြင့်၊ တောင်ငယ်တို့သည် သင့်စကားကို ကြားကြစေ။
2 အိုတောင် တို့၊ ခိုင်ခံ့ သောမြေ အမြစ် တို့၊ ထာဝရဘုရား ၏တရား တွေ့မှုကို နားထောင် ကြလော့။ ထာဝရဘုရား သည် မိမိ လူမျိုး နှင့် တရား တွေ့စရာရှိ၏။ ဣသရေလ အမျိုးနှင့် ဆွေးနွေး ငြင်းခုံတော်မူမည်။
အိုတောင်တို့၊ ခိုင်ခံ့သောမြေအမြစ်တို့၊ ထာဝရ ဘုရား၏တရားတွေ့မှုကို နားထောင်ကြလော့။ ထာဝရ ဘုရားသည် မိမိလူမျိုးနှင့် တရားတွေ့စရာရှိ၏။ ဣသရေ လအမျိုးနှင့် ဆွေးနွေးငြင်းခုံတော်မူမည်။
3 အို ငါ ၏လူမျိုး ၊ သင့် ကို အဘယ်သို့ ငါပြု ဘူး သနည်း။ အဘယ်သို့ ညှဉ်းဆဲ ဘူးသနည်း။ ငါ့ တဘက် ၌ သက်သေခံ လော့။
အို ငါ၏လူမျိုး၊ သင့်ကို အဘယ်သို့ ငါပြုဘူး သနည်း။ အဘယ်သို့ ညှဉ်းဆဲဘူးသနည်း။ ငါ့တဘက်၌ သက်သေခံလော့။
4 သင့် ကို အဲဂုတ္တု ပြည် မှ ငါဆောင် ခဲ့ပြီ။ ကျွန် ခံ နေရာ အရပ်မှ ရွေးနှုတ် ပြီ။ သင့် ရှေ့ မှာ မောရှေ ၊ အာရုန် ၊ မိရိအံ တို့ကို ငါစေလွှတ် လေပြီ။
သင့်ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ပြီ။ ကျွန်ခံ နေရာအရပ်မှ ရွေးနှုတ်ပြီ။ သင့်ရှေ့မှာ မောရှေ၊ အာရုန်၊ မိရိအံတို့ကို ငါစေလွှတ်လေပြီ။
5 အို ငါ ၏လူမျိုး ၊ ရှိတ္တိမ် မြို့နှင့် ဂိလဂါလ မြို့ စပ်ကြားမှာ မောဘ မင်းကြီး ဗာလက် ကြံစည် သော အကြံ ကို၎င်း ၊ ဗောရ သား ဗာလမ် ပြန်ပြော သောစကားကို၎င်းအောက်မေ့ လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရဘုရား ၏ ဖြောင့်မတ် တော်မူခြင်းကို နားလည် လိမ့်မည်။
အို ငါ၏လူမျိုး၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံ ကို၎င်း၊ ဗောရသား ဗာလမ်ပြန်ပြောသောစကားကို၎င်း အောက်မေ့လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရ ဘုရား၏ ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည်။
6 ငါသည် ထာဝရဘုရား ရှေ့တော်သို့ အဘယ် ပူဇော် သက္ကာပါ လျက် ချဉ်းကပ် ၍၊ အမြင့်ဆုံး သော ဘုရား သခင့်ရှေ့ တော်၌ ကိုးကွယ် ရမည်နည်း။ မီးရှို့ ရာယဇ်နှင့် အခါလည် သော နွားသငယ် တို့ကို ဆောင်လျက် ချဉ်းကပ် ရမည်လော။
ငါသည် ထာဝရဘုရားရှေ့တော်သို့ အဘယ် ပူဇော်သက္ကာပါလျက် ချဉ်းကပ်၍၊ အမြင့်ဆုံးသော ဘုရား သခင့်ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ် ရမည်လော။
7 ထာဝရဘုရား သည် သိုး ထီးတထောင် ၊ ဆီ မြစ် တသောင်း ကို အားရ နှစ်သက်တော်မူမည်လော။ ငါ့ လွန်ကျူး ခြင်းအတွက် ငါ ၏သားဦး ကို၎င်း၊ ငါ့ စိတ် ဝိညာဉ်၏ အပြစ် အတွက် ငါ ၏ ရင်သွေး ကို၎င်းပူဇော် ရမည်လော၊
ထာဝရဘုရားသည် သိုးထီးတထောင်၊ ဆီမြစ် တသောင်းကို အားရနှစ်သက်တော်မူမည်လော။ ငါ့လွန် ကျူးခြင်းအတွက် ငါ၏သားဦးကို၎င်း၊ ငါ့စိတ်ဝိညာဉ်၏ အပြစ်အတွက် ငါ၏ရင်သွေးကို၎င်း ပူဇော်ရမည်လော၊
8 အချင်းလူ ၊ ကောင်း သောလမ်းကို ပြ တော်မူပြီ။ တရား သဖြင့် ပြု ခြင်း၊ ကရုဏာ ကို နှစ်သက် ခြင်း၊ သင် ၏ ဘုရား သခင့်ရှေ့ တော်၌ နှိမ့်ချ သောစိတ် နှင့် ကျင့် နေခြင်း မှတပါး အဘယ် ပူဇော်သက္ကာကို ထာဝရဘုရား တောင်း တော်မူသနည်း။
အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသော စိတ်နှင့် ကျင့်နေခြင်း မှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရားတောင်း တော်မူသနည်း။
9 ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် မြို့ ကို ဟစ်ခေါ် တော်မူ၏။ ပညာရှိ သောသူသည် နာမ တော်ကို ကြောက်ရွံ့ ရ၏။ ဆုံးမ ခြင်းကို၎င်း ၊ စီရင် သောသူသည် အဘယ်သူ ဖြစ်သည်ကို၎င်းနားထောင် ကြလော့။
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မြို့ကို ဟစ်ခေါ်တော်မူ၏။ ပညာရှိသော သူသည် နာမတော်ကို ကြောက်ရွံ့ရ၏။ ဆုံးမခြင်းကို၎င်း၊ စီရင်သောသူသည် အဘယ်သူဖြစ်သည်ကို၎င်း နားထောင်ကြလော့။
10 ၁၀ မတရား သောသူတို့ ၏အိမ် ၌ မတရား သဖြင့် ဆည်းဖူးသော ဥစ္စာ နှင့် ၊ ရွံရှာ ဘွယ်သော တင်းတောင်း ငယ် ရှိ သေး သလော။
၁၀မတရားသော သူတို့၏အိမ်၌ မတရားသဖြင့် ဆည်းဖူးသော ဥစ္စာနှင့်၊ ရွံရှာဘွယ်သော တင်းတောင်း ငယ်ရှိသေးသလော။
11 ၁၁ မတရား သော ချိန်ခွင် နှင့် စဉ်းလဲ သော အလေး အိတ် ရှိသောမြို့ကိုသန့်ရှင်း သော မြို့ဟူ၍ငါမှတ်ရမည် လော။
၁၁မတရားသော ချိန်ခွင်နှင့် စဉ်းလဲသော အလေး အိတ်ရှိသော မြို့ကိုသန့်ရှင်းသော မြို့ဟူ၍ ငါမှတ်ရမည် လော။
12 ၁၂ မြို့ သားသူဌေး တို့သည် အနိုင်အထက် ပြု၍ ရ တတ်ကြ၏။ ဆင်းရဲသားတို့သည်လည်း မုသာ ကို သုံး တတ်ကြ၏။ သူ တို့နှုတ် ၌ ရှိသောလျှာ သည် မုသာ ဖြစ်၏။
၁၂မြို့သားသူဌေးတို့သည် အနိုင်အထက်ပြု၍ ရတတ်ကြ၏။ ဆင်းရဲသားတို့သည်လည်း မုသာကို သုံး တတ်ကြ၏။ သူတို့နှုတ်၌ ရှိသောလျှာသည် မုသာဖြစ်၏။
13 ၁၃ သို့ဖြစ်၍ ၊ သင် ၏အပြစ် ကြောင့် သင့် ကိုငါ သုတ်သင် ပယ်ရှင်း ခြင်းအလိုငှါ နာကျင် စွာ ဒဏ်ခတ်မည်။
၁၃သို့ဖြစ်၍၊ သင်၏အပြစ်ကြောင့် သင့်ကိုငါ သုတ် သင်ပယ်ရှင်းခြင်းအလိုငှါ နာကျင်စွာ ဒဏ်ခတ်မည်။
14 ၁၄ သင် သည် စား သော်လည်း မ ဝ ရ။ မွတ်သိပ် ခြင်း ကိုခံရမည်။ သင်သည် ချီ သော်လည်း ယူ ၍ မ သွားရ။ ယူ သွားသော အရာကိုလည်း ထား ဘေးသို့ ငါအပ် မည်။
၁၄သင်သည် စားသော်လည်းမဝရ။ မွတ်သိပ်ခြင်း ကို ခံရမည်။ သင်သည် ချီသော်လည်းယူ၍ မသွားရ။ ယူသွားသော အရာကိုလည်း ထားဘေးသို့ ငါအပ်မည်။
15 ၁၅ မျိုးစေ့ကို ကြဲ သော်လည်း ၊ စပါးကို မ ရိတ် ရ။ သံလွင် သီးကို နယ် သော်လည်း ၊ ဆီ နှင့်ကိုယ်ကိုမ လိမ်း ရ။ စပျစ်သီး ကို နယ်သော်လည်း ၊ စပျစ်ရည် ကို မ သောက် ရ။
၁၅မျိုးစေ့ကို ကြဲသော်လည်း၊ စပါးကို မရိတ်ရ။ သံလွင်သီးကို နယ်သော်လည်း၊ ဆီနှင့်ကိုယ်ကိုမလိမ်းရ။ စပျစ်သီးကို နယ်သော်လည်း၊ စပျစ်ရည်ကို မသောက်ရ။
16 ၁၆ အကြောင်း မူကား၊ သင်သည် ဩမရိ မင်း၏ စီရင် ထုံးဖွဲ့ချက်တို့ကို၎င်း ၊ အာဟပ် မင်းမျိုး ကျင့်သောအကျင့် ရှိသမျှ ကို၎င်း ကျင့်စောင့် ၍ ၊ သူ တို့၏ တိုက်တွန်း ရာသို့ လိုက် တတ်၏။ သို့ဖြစ်၍ ၊ သင့် ကို ငါ သုတ်သင် ပယ်ရှင်း၍ မြို့ သားတို့ကို ဆဲရေး ရာဖြစ်စေသဖြင့်၊ သင် သည် ငါ ၏လူ တို့ကဲ့ရဲ့ ခြင်းကိုခံရ မည်။
၁၆အကြောင်းမူကား၊ သင်သည် ဩမရိမင်း၏ စီရင်ထုံးဖွဲ့ချက်တို့ကို၎င်း၊ အာဟပ်မင်းမျိုး ကျင့်သော အကျင့်ရှိသမျှကို၎င်း ကျင့်စောင့်၍၊ သူတို့၏ တိုက်တွန်း ရာသို့ လိုက်တတ်၏။ သို့ဖြစ်၍၊ သင့်ကို ငါ သုတ်သင် ပယ်ရှင်း၍ မြို့သားတို့ကို ဆဲရေးရာဖြစ်စေသဖြင့်၊ သင် သည် ငါ၏လူတို့ကဲ့ရဲ့ခြင်းကို ခံရမည်။

< မိက္ခာ 6 >