< ယောလ 3 >

1 ထိုနေ့ ရက်ကာလ ၌ အထက်က သိမ်း သွားခြင်း ကို ခံရသောယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို ငါဆောင် ခဲ့ပြန်သောအခါ ၊
ထိုနေ့ရက်ကာလ၌ အထက်က သိမ်းသွားခြင်း ကို ခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊
2 ခပ်သိမ်း သော လူမျိုး တကာတို့ကို ငါသည် စုဝေး စေ၍ ယောရှဖတ် ချိုင့် သို့ ခေါ် ခဲ့မည်။ သူတို့သည် ငါ့ ပြည် ကို ဝေဖန် ၍ အတိုင်းတိုင်း အပြည်ပြည်တို့တွင် ကွဲပြား စေ သော ငါ ၏အမွေ လူ ဣသရေလ အမျိုးဘက် မှာ ငါသည် တရား စီရင်မည်။
ခပ်သိမ်းသော လူမျိုးတကာတို့ကို ငါသည် စုဝေး စေ၍ ယောရှဖတ်ချိုင့်သို့ ခေါ်ခဲ့မည်။ သူတို့သည် ငါ့ပြည် ကို ဝေဖန်၍ အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကွဲပြားစေ သော ငါ၏အမွေလူ ဣသရေလအမျိုးဘက်မှာ ငါသည် တရားစီရင်မည်။
3 သူတို့သည် ငါ ၏လူ တို့အဘို့ စာရေးတံ ချ ကြပြီ။ လူ ကလေးကို ပြည်တန်ဆာ နှင့် ၎င်း ၊ မိန်းမ ကလေးကို မိမိသောက် စရာ စပျစ်ရည် နှင့် ၎င်း ဖယ်လှယ် ကြပြီ တကား။
သူတို့သည် ငါ၏လူတို့အဘို့ စာရေးတံချကြပြီ။ လူကလေးကို ပြည်တန်ဆာနှင့်၎င်း၊ မိန်းမကလေးကို မိမိသောက်စရာ စပျစ်ရည်နှင့်၎င်း ဖယ်လှယ်ကြပြီ တကား။
4 အိုတုရု မြို့၊ ဇိဒုန် မြို့၊ ပါလေတ္တိန ပြည်နှင့် နီးစပ်သော အရပ် ရှိသမျှ တို့၊ သင်တို့သည် ငါ နှင့် အဘယ်သို့ ဆိုင်ကြသနည်း။ ငါ့ ကို ရန် တုံ့ပြုကြမည်လော။ ငါ့ ကို ရန် တုံ့ ပြုကြလျှင် ၊ ထိုရန်ကို သင် တို့ခေါင်း ပေါ် သို့ အလျင် အမြန်ငါပြန် ရောက်စေမည်။
အိုတုရုမြို့၊ ဇိဒုန်မြို့၊ ပါလေတ္တိနပြည်နှင့် နီးစပ် သော အရပ်ရှိသမျှတို့၊ သင်တို့သည် ငါနှင့် အဘယ်သို့ ဆိုင်ကြသနည်း။ ငါ့ကို ရန်တုံ့ပြုကြမည်လော။ ငါ့ကို ရန်တုံ့ ပြုကြလျှင်၊ ထိုရန်ကို သင်တို့ ခေါင်းပေါ်သို့ အလျင်အမြန် ငါပြန်ရောက်စေမည်။
5 သင်တို့သည် ငါ့ ရွှေ ငွေ ကို ယူ ၍ ၊ ငါ နှစ်သက် ဘွယ်သော ဥစ္စာ မြတ်တို့ကို သင် တို့ဘုံ ဗိမာန်ထဲ သို့ သွင်း သောကြောင့် ၎င်း ၊
သင်တို့သည် ငါ့ရွှေငွေကို ယူ၍၊ ငါနှစ်သက် ဘွယ်သော ဥစ္စာမြတ်တို့ကို သင်တို့ဘုံဗိမာန်ထဲသို့ သွင်းသောကြောင့်၎င်း၊
6 ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့ကို နေရင်း ပြည် မှ အဝေး သို့ ပြောင်းစေလိုသောငှါ ၊ ဟေလသ အမျိုးသား တို့အား ရောင်း လိုက်သောကြောင့်၎င်း ၊
ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို နေရင်း ပြည်မှ အဝေးသို့ ပြောင်းစေလိုသောငှါ၊ ဟေလသ အမျိုးသားတို့အား ရောင်းလိုက်သောကြောင့်၎င်း၊
7 သင်တို့ရောင်း လိုက်ရာအရပ် မှ ငါ သည် ထမြောက် ၍ ၊ သင် တို့ရန် တုံ့ပြုခြင်းကို သင် တို့ခေါင်း ပေါ် သို့ ပြန် ရောက်စေမည်။
သင်တို့ ရောင်းလိုက်ရာအရပ်မှ ငါသည် ထ မြောက်၍၊ သင်တို့ ရန်တုံ့ပြုခြင်းကို သင်တို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်။
8 သင် တို့သား သမီး များကိုလည်း ယုဒ အမျိုးသား တို့၌ ငါရောင်း ၍ ၊ သူ တို့သည် တဖန်ဝေး သော အမျိုး၊ ရှေဘ ပြည် သားတို့၌ ရောင်း လိုက်ကြလိမ့်မည်။ ထိုသို့ ထာဝရဘုရား မိန့် တော်မူပြီ။
သင်တို့သားသမီးများကိုလည်း ယုဒအမျိုးသား တို့၌ ငါရောင်း၍၊ သူတို့သည် တဖန်ဝေးသော အမျိုး၊ ရှေဘပြည်သားတို့၌ ရောင်းလိုက်ကြလိမ့်မည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။
9 ဤ အမှုကို တပါးအမျိုးသား တို့အား ကြား ပြော ကြလော့။ စစ်တိုက် ခြင်းငှာပြင်ဆင် ၍ စစ် သူရဲတို့ကို နှိုးဆော် ကြလော့။ စစ် သူရဲအပေါင်း တို့သည် ချဉ်းကပ် ၍ တက် လာကြစေ။
ဤအမှုကို တပါးအမျိုးသားတို့အား ကြားပြော ကြလော့။ စစ်တိုက်ခြင်းငှာ ပြင်ဆင်၍ စစ်သူရဲတို့ကို နှိုးဆော်ကြလော့။ စစ်သူရဲအပေါင်းတို့သည် ချဉ်းကပ်၍ တက်လာကြစေ။
10 ၁၀ သံထွန်သွား များကို ထား ဖြစ်စေ ခြင်းငှာ၎င်း ၊ တံစဉ် များကို လှံ ဖြစ်စေ ခြင်းငှာ၎င်း ထု လုပ်ကြလော့။ အားနည်း သောသူက၊ ငါ အား ကြီးသည်ဟု ပြောဆို စေ။
၁၀သံထွန်သွားများကို ထားဖြစ်စေခြင်းငှာ၎င်း၊ တံစဉ်များကို လှံဖြစ်စေခြင်းငှာ၎င်း ထုလုပ်ကြလော့။ အားနည်းသောသူက၊ ငါအားကြီးသည်ဟု ပြောဆိုစေ။
11 ၁၁ ပတ်လည် ၌ နေသောတပါးအမျိုးသား အပေါင်း တို့၊ စုဝေး ၍ လာ ကြလော့။ သင်းဖွဲ့ကြလော့။ စုဝေးရာအရပ် ၌ သင်တို့သူရဲ များကို ထာဝရဘုရား နှိမ့်ချ တော်မူမည် ။
၁၁ပတ်လည်၌နေသော တပါးအမျိုးသား အပေါင်းတို့၊ စုဝေး၍ လာကြလော့။ သင်းဖွဲ့ကြလော့။ စုဝေးရာအ ရပ်၌ သင်တို့သူရဲများကို ထာဝရဘုရားနှိမ့်ချတော်မူ မည်။
12 ၁၂ တပါးအမျိုးသား တို့သည် ထ ၍ ယောရှဖတ် ချိုင့် သို့ တက် လာကြစေ။ ပတ်လည် ၌ နေသောတပါး အမျိုးသား အပေါင်းတို့ကို စစ်ကြော စီရင်ခြင်းငှာ ထို အရပ်၌ ငါထိုင် မည်။
၁၂တပါးအမျိုးသားတို့သည် ထ၍ ယောရှဖတ်ချိုင့် သို့ တက်လာကြစေ။ ပတ်လည်၌နေသော တပါးအမျိုး သားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှာ ထိုအရပ်၌ ငါထိုင်မည်။
13 ၁၃ ရိတ် စရာ စပါးမှည့် သောကြောင့် တံစဉ် ကို လွှတ် ကြလော့။ စပျစ်သီး နယ်ရာတန်ဆာပြည့် ၍၊ စပျစ်ရည် ကျင်းတို့သည် လျှံ သောကြောင့် လာ ကြ။ ဆင်းကြလော့ ။ အကြောင်း မူကား၊ သူ တို့ပြုသောဒုစရိုက် အပြစ် သည် ကြီး လှ၏။
၁၃ရိတ်စရာ စပါးမှည့်သောကြောင့် တံစဉ်ကို လွှတ်ကြလော့။ စပျစ်သီး နယ်ရာတန်ဆာပြည့်၍၊ စပျစ် ရည် ကျင်းတို့သည် လျှံသောကြောင့် လာကြ။ ဆင်းကြ လော့။ အကြောင်းမူကား၊ သူတို့ပြုသော ဒုစရိုက်အပြစ် သည် ကြီးလှ၏။
14 ၁၄ ကွပ်မျက် ရာချိုင့် ၌ လူ များစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက် ရာချိုင့် ၌ ထာဝရဘုရား ၏ နေ့ရက် သည် ရောက်လုနီး ပြီ။
၁၄ကွပ်မျက်ရာချိုင့်၌ လူများ စည်းဝေးလျက်၊ လူများစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ ထာဝရ ဘုရား၏ နေ့ရက်သည် ရောက်လုနီးပြီ။
15 ၁၅ နေ နှင့် လ သည် မိုက် လိမ့်မည်။ ကြယ် တို့သည် လည်း မ ထွန်းလင်း ဘဲနေကြလိမ့် မည်။
၁၅နေနှင့်လသည် မိုက်လိမ့်မည်။ ကြယ်တို့သည် လည်း မထွန်းလင်းဘဲ နေကြလိမ့်မည်။
16 ၁၆ ထာဝရဘုရား သည်လည်း ဇိအုန် တောင်ပေါ်က ကြွေးကြော် ၍ ၊ ယေရှုရှလင် မြို့ထဲက အသံ ကိုလွှင့် တော်မူသဖြင့် ၊ မိုဃ်းကောင်းကင် နှင့် မြေကြီး သည် တုန်လှုပ် လိမ့်မည် ။ သို့ရာတွင် ၊ ထာဝရဘုရား သည် မိမိ လူ တို့၏ ခိုလှုံ ရာ ၊ ဣသရေလ အမျိုးသား တို့၏ အစွမ်း သတ္တိဖြစ်တော်မူလိမ့် မည်။
၁၆ထာဝရဘုရားသည်လည်း ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရှုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူ သဖြင့်၊ မိုဃ်းကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လိမ့် မည်။ သို့ရာတွင်၊ ထာဝရဘုရားသည် မိမိလူတို့၏ ခိုလှုံရာ၊ ဣသရေလအမျိုးသားတို့၏ အစွမ်းသတ္တိဖြစ်တော်မူလိမ့် မည်။
17 ၁၇ ငါ သည်လည်း ငါ ၏သန့်ရှင်း သော ဇိအုန် တောင် ပေါ် မှာနေ သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။ ယေရုရှလင် မြို့ သည်လည်း သန့်ရှင်း လိမ့်မည် ။ နောက် တဖန် ထိုမြို့ ကို တပါး အမျိုးသားမ နင်း ရ။
၁၇ငါသည်လည်း ငါ၏သန့်ရှင်းသော ဇိအုန်တောင် ပေါ်မှာနေသော သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ယေရုရှလင်မြို့ သည်လည်း သန့်ရှင်းလိမ့်မည်။ နောက်တဖန် ထိုမြို့ကို တပါးအမျိုးသား မနင်းရ။
18 ၁၈ ထို ကာလ ၌ ချိုသော စပျစ်ရည် သည် တောင် တို့ မှ ယို လိမ့်မည်။ နို့ ရည်သည် ကုန်း တို့မှ ထွက် လိမ့်မည်။ ယုဒ မြစ် ရှိသမျှ တို့သည် ရေစီး ကြလိမ့်မည်။ ထာဝရဘုရား ၏ အိမ် တော်ထဲက စမ်းရေ ထွက် ၍ ရှိတ္တိမ် ချိုင့် ကို စို စေလိမ့်မည်။
၁၈ထိုကာလ၌ ချိုသော စပျစ်ရည်သည် တောင်တို့ မှ ယိုလိမ့်မည်။ နို့ရည်သည် ကုန်းတို့မှ ထွက်လိမ့်မည်။ ယုဒမြစ်ရှိသမျှတို့သည် ရေစီးကြလိမ့်မည်။ ထာဝရဘုရား၏ အိမ်တော်ထဲက စမ်းရေထွက်၍ ရှိတ္တိမ်ချိုင့်ကို စိုစေလိမ့်မည်။
19 ၁၉ ယုဒ ပြည် ၌ အပြစ် မရှိသောသူ တို့ကိုသတ် ၍ ယုဒ အမျိုးသား တို့ကို ညှဉ်းဆဲ သောကြောင့် ၊ အဲဂုတ္တု ပြည် သည်လူဆိတ်ညံ လျက် ရှိ လိမ့်မည်။ ဧဒုံ ပြည်သည်လည်း လူဆိတ်ညံ သော တော ဖြစ် လိမ့်မည်။
၁၉ယုဒပြည်၌ အပြစ်မရှိသောသူတို့ကို သတ်၍ ယုဒအမျိုးသားတို့ကို ညှဉ်းဆဲသောကြောင့်၊ အဲဂုတ္တုပြည် သည်လူဆိတ်ညံလျက် ရှိလိမ့်မည်။ ဧဒုံပြည်သည်လည်း လူဆိတ်ညံသော တောဖြစ်လိမ့်မည်။
20 ၂၀ ယုဒ ပြည်မူကား ၊ ထာဝရ ပြည်၊ ယေရုရှလင် မြို့မူကား ၊ ကာလ အစဉ်အဆက်တည်သော မြို့ ဖြစ်လိမ့်မည်။
၂၀ယုဒပြည်မူကား၊ ထာဝရပြည်၊ ယေရုရှလင်မြို့မူကား၊ ကာလအစဉ်အဆက်တည်သော မြို့ဖြစ်လိမ့်မည်။
21 ၂၁ ထို မြို့သားတို့သည် အသေ သတ်ခြင်းကို ခံရသော အပြစ်ကြောင့်၊ ငါသည် မ ပေး သေးသော ဒဏ်ကို တဖန်ပေးဦ းမည်။ ထာဝရဘုရား သည် ဇိအုန် တောင်ပေါ် မှာ ကျိန်းဝပ် တော်မူသတည်း။
၂၁ထိုမြို့သားတို့သည် အသေသတ်ခြင်းကို ခံရသောအပြစ်ကြောင့်၊ ငါသည် မပေးသေးသောဒဏ်ကို တဖန်ပေးဦးမည်။ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ်တော်မူသတည်း။

< ယောလ 3 >