< အာမုတ် 1 >

1 ယုဒ ရှင်ဘုရင် ဩဇိ မင်း၊ ဣသရေလ ရှင်ဘုရင် ယောရှ ၏သား ယေရောဗောင် မင်းတို့လက်ထက် ၊ မြေကြီး မ လှုပ် မှီနှစ် နှစ် အထက်က၊ သိုးထိန်း စုအဝင်ဖြစ်သော တေကော ရွာသားအာမုတ် သည် ဣသရေလ ပြည်အတွက် ခံရ သောဗျာဒိတ်တော်စကား ဟူမူကား၊
ယုဒရှင်ဘုရင် ဩဇိမင်း၊ ဣသရေလရှင်ဘုရင်ယောရှ၏သား ယေရောဗောင်မင်းတို့လက်ထက်၊ မြေကြီး မလှုပ်မှီနှစ်နှစ် အထက်က၊ သိုးထိန်းစုအဝင်ဖြစ်သော တေကောရွာသားအာမုတ်သည် ဣသရေလပြည်အတွက် ခံရသော ဗျာဒိတ်တော်စကားဟူမူကား၊
2 ထာဝရဘုရား သည် ဇိအုန် တောင်ပေါ်က ကြွေးကြော် ၍ ၊ ယေရုရှလင် မြို့ထဲက အသံ ကို လွှင့် တော်မူသောကြောင့် ၊ သိုးထိန်း နေရာ တို့သည် ညှိုးငယ် ၍ ၊ ကရမေလ တောင်ထိပ် သည် နွမ်းရိ လိမ့်မည်။
ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်ကကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲကအသံကို လွှင့်တော်မူသော ကြောင့်၊ သိုးထိန်းနေရာတို့သည် ညှိုးငယ်၍၊ ကရမေလတောင်ထိပ်သည် နွမ်းရိလိမ့်မည်။
3 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဒမာသက် မြို့သည် ဂိလဒ် ပြည်ကို စပါးနယ်ရာ သံ ယန္တရား စက်တို့ နှင့် ကြိတ်နယ်သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည် ဒဏ် မ ပေးဘဲမနေ။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒမာသက်မြို့သည် ဂိလဒ်ပြည်ကို စပါးနယ်ရာ သံယန္တရားစက်တို့ နှင့် ကြိတ်နယ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
4 ဟာဇေလ မင်းမျိုး အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ဗင်္ဟာဒဒ် မင်း၏ဘုံ ဗိမာန်တို့ကို လောင် စေမည်။
ဟာဇေလမင်းမျိုးအပေါ်သို့ မီးကိုလွှတ်၍၊ ဗင်္ဟာဒဒ်မင်း၏ဘုံဗိမာန်တို့ကို လောင်စေမည်။
5 ဒမာသက် မြို့ တံခါးကန့်လန့်ကျင် တို့ကိုချိုး မည်။ အာဝင်ချိုင့် သား တို့ကို၎င်း၊ ဗေသေဒင် မြို့၌ မင်း ပြုသောသူတို့ ကို၎င်း ပယ်ဖြတ် မည်။ ရှုရိ ပြည်သား တို့သည် ကိရ မြို့သို့ သိမ်း သွားခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
ဒမာသက်မြို့ တံခါးကန့်လန့်ကျင်တို့ကိုချိုးမည်။ အာဝင်ချိုင့်သားတို့ကို၎င်း၊ ဗေသေဒင်မြို့၌ မင်းပြုသော သူတို့ကို၎င်း ပယ်ဖြတ်မည်။ ရှုရ်ပြည်သားတို့သည် ကိရမြို့သို့ သိမ်းသွားခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
6 တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဂါဇ မြို့သည် ချုပ်ထား သောသူ အပေါင်း တို့ကို ဧဒုံ မင်း၌ အပ် ခြင်းငှါ သိမ်း သွားသောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည် ဒဏ် မ ပေးဘဲမနေ။
တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဂါဇမြို့သည် ချုပ်ထားသောသူအပေါင်းတို့ကို ဧဒုံမင်း၌ အပ်ခြင်းငှါ သိမ်းသွားသောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
7 ဂါဇ မြို့ရိုး အပေါ် သို့ မီး ကိုလွှတ် ၍ ဘုံ ဗိမာန်တို့ကို လောင် စေမည်။
ဂါဇမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။
8 အာဇုတ် မြို့သား တို့ကို ၎င်း ၊ အာရှကေလုန် မြို့၌ မင်း ပြုသောသူတို့ကို၎င်း ပယ်ဖြတ် မည်။ ဧကြုန် မြို့ကိုလည်း တိုက် ၍ ကျန်ကြွင်း သော ဖိလိတ္တိ လူတို့သည် ပျက်စီး ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
အာဇုတ်မြို့သားတို့ကို၎င်း၊ အာရှကေလုန်မြို့၌ မင်းပြုသောသူတို့ကို၎င်း ပယ်ဖြတ်မည်။ ဧကြုန်မြို့ကို လည်း တိုက်၍ ကျန်ကြွင်းသော ဖိလိတ္တိလူတို့သည် ပျက်စီးကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
9 တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တုရု မြို့သည် ညီအစ်ကို ချင်းဖွဲ့သောမိဿဟာယ ကို မ စောင့် ၊ ချုပ် ထားသော သူ အပေါင်း တို့ကို ဧဒုံ မင်း၌ အပ် သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည် ဒဏ် မ ပေးဘဲမနေ။
တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ တုရုမြို့သည် ညီအစ်ကိုချင်းဖွဲ့သောမိဿဟာယကို မစောင့်၊ ချုပ်ထားသော သူအပေါင်းတို့ကို ဧဒုံမင်း၌အပ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ် မပေးဘဲမနေ။
10 ၁၀ တုရု မြို့ရိုး အပေါ် သို့ မီး ကိုလွှတ် ၍ ဘုံ ဗိမာန်တို့ကို လောင် စေမည်။
၁၀တုရုမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။
11 ၁၁ တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဧဒုံ ပြည်သည် သနား သောစိတ်ကိုချုပ်တည်း ၍ ၊ ညီအစ်ကို ကို ထား နှင့် လိုက် သောအပြစ်၊ ဒေါသ စိတ်နှင့် အစဉ်အမြဲ ဆွဲဖြတ် ၍ အစဉ်အမြဲ အငြိုး ထား သော အပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည်ဒဏ် မ ပေးဘဲမနေ။
၁၁တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဧဒုံပြည်သည် သနားသောစိတ်ကိုချုပ်တည်း၍၊ ညီအစ်ကို ကို ထားနှင့်လိုက်သောအပြစ်၊ ဒေါသစိတ်နှင့် အစဉ်အမြဲဆွဲဖြတ်၍ အစဉ်အမြဲအငြိုးထားသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ။
12 ၁၂ တေမန် မြို့အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ဗောဇရ မြို့၏ ဘုံ ဗိမာန်တို့ကို လောင် စေမည်။
၁၂တေမန်မြို့အပေါ်သို့ မီးကိုလွှတ်၍၊ ဗောဇရမြို့၏ ဘုံဗိမာန်တို့ကို လောင်စေမည်။
13 ၁၃ တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အမ္မုန် ပြည်သား တို့သည် မိမိ တို့နေရာ ကို ကျယ် စေခြင်းငှါ ၊ ကိုယ်ဝန် ဆောင်သော ဂိလဒ် ပြည်သူမိန်းမတို့၏ ဝမ်းကိုခွဲ သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည် ဒဏ် မ ပေးဘဲမနေ။
၁၃တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်ပြည်သားတို့သည် မိမိတို့နေရာကို ကျယ်စေခြင်းငှါ၊ ကိုယ်ဝန်ဆောင်သော ဂိလဒ်ပြည်သူမိန်းမတို့၏ ဝမ်းကိုခွဲသောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
14 ၁၄ ရဗ္ဗာ မြို့ရိုး ကို မီး ရှို့ ၍ ဘုံ ဗိမာန်တို့ကို လောင် စေမည်။ စစ်တိုက် သောနေ့ ၌ အော်ဟစ် ခြင်း၊ မိုဃ်းသက်မုန်တိုင်း ရောက်သောနေ့ ၌ လွင့်သွားခြင်း ရှိလိမ့်မည်။
၁၄ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ဘုံဗိမာန်တို့ကို လောင်စေမည်။ စစ်တိုက်သောနေ့၌ အော်ဟစ်ခြင်း၊ မိုဃ်းသက် မုန်တိုင်းရောက်သောနေ့၌ လွင့်သွားခြင်း ရှိလိမ့်မည်။
15 ၁၅ သူ တို့ရှင်ဘုရင် ကိုယ်တိုင်မှစ၍ ၊ မှူး တော်မတ်တော်များတို့သည် သိမ်း သွားခြင်းကို ခံရ ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၅သူတို့ရှင်ဘုရင် ကိုယ်တိုင်မှစ၍၊ မှူးတော်မတ်တော်များတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

< အာမုတ် 1 >