< ယေရမိ 23 >

1 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ့ ထံမှာကျက်စား သော သိုး တို့ကို ဖျက်ဆီး ၍ ၊ အရပ်ရပ်သို့ ကွဲပြား စေသော သိုးထိန်း တို့သည် အမင်္ဂလာ ရှိကြ၏။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ့ထံမှာ ကျက်စားသော သိုးတို့ကို ဖျက်ဆီး၍၊ အရပ်ရပ်သို့ ကွဲပြား စေသော သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။
2 ထိုကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ လူ တို့ကို ကျွေးမွေး ရသောသိုးထိန်း တို့အမှုမှာ သင်တို့သည် ငါ ၏ သိုးစု ကို မ ကြည့်ရှု ၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြား စေ၍ နှင်ထုတ် သောကြောင့်၊ သင် တို့ပြု သောဒုစရိုက် အပြစ်ကို သင် တို့အပေါ် မှာ ငါ သက်ရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
ထိုကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ လူတို့ကို ကျွေးမွေးရသော သိုးထိန်းတို့အမှုမှာ သင်တို့သည် ငါ၏ သိုးစုကို မကြည့်ရှု၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြားစေ၍ နှင်ထုတ်သောကြောင့်၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
3 တဖန်မိန့်တော်မူသည်ကား၊ ငါ ၏သိုးစု ကို ငါနှင်ထုတ် သော ပြည် ရှိသမျှ တို့၌ ကျန် ကြွင်းသော သိုး တို့ကို ငါစုဝေး ၍၊ နေရင်းသိုးခြံ သို့ တဖန်ငါဆောင် ခဲ့ ဦးမည်။ သူတို့သည်လည်း ၊ သားဘွား ၍ များ ပြားကြ လိမ့်မည်။
တဖန်မိန့်တော်မူသည်ကား၊ ငါ၏သိုးစုကို ငါနှင်ထုတ်သော ပြည်ရှိသမျှတို့၌ ကျန်ကြွင်းသော သိုး တို့ကို ငါစုဝေး၍၊ နေရင်းသိုးခြံသို့ တဖန်ငါဆောင်ခဲ့ ဦးမည်။ သူတို့သည်လည်း၊ သားဘွား၍ များပြားကြလိမ့် မည်။
4 သူတို့ကို ကျွေးမွေးသော သိုးထိန်း တို့ကို သူ တို့ အပေါ် မှာ ငါခန့် ထားသဖြင့် ၊ သူတို့သည် နောက် တဖန် ကြောက် ခြင်း၊ ထိတ်လန့် ခြင်းမ ရှိ ရကြ။ ဆုံးမ ခြင်းကိုလည်း မ ခံရကြဟု ထာဝရဘုရား မိန့် တော်မူ၏။
သူတို့ကို ကျွေးမွေးသော သိုးထိန်းတို့ကို သူတို့ အပေါ်မှာ ငါခန့်ထားသဖြင့်၊ သူတို့သည် နောက်တဖန် ကြောက်ခြင်း၊ ထိတ်လန့်ခြင်းမရှိ ရကြ။ ဆုံးမခြင်းကိုလည်း မခံရကြဟု ထာဝရဘုရား မိန့်တော်မူ၏။
5 ထာဝရဘုရား မိန့် တော်မူသည်ကား၊ သန့်ရှင်း သော အညွန့် ကို ဒါဝိဒ် အဘို့ ငါပေါက် စေသည်အတိုင်း ၊ ဉာဏ် ကောင်းသောရှင်ဘုရင် တဦးသည် စိုးစံ ၍ ၊ မြေကြီး ပေါ် မှာ တရား သဖြင့် ဖြောင့်မတ် စွာ စီရင် ရာ ကာလ သည် ရောက် လိမ့်မည်။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ သန့်ရှင်း သော အညွန့်ကို ဒါဝိဒ်အဘို့ ငါပေါက်စေသည်အတိုင်း၊ ဥာဏ်ကောင်းသောရှင်ဘုရင်တဦးသည် စိုးစံ၍၊ မြေကြီး ပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာ ကာလ သည် ရောက်လိမ့်မည်။
6 ထိုမင်း လက်ထက် ၌ ယုဒ ပြည်သည် ကယ်တင် ခြင်းသို့ရောက်၍ ၊ ဣသရေလ ပြည်လည်း ငြိမ်ဝပ် စွာ နေ ရ လိမ့်မည်။ ထို မင်းသည် ယေဟောဝါ ဇေဒကနု ဟူသော ဘွဲ့ နာမရှိ လိမ့်သတည်း။
ထိုမင်းလက်ထက်၌ ယုဒပြည်သည် ကယ်တင် ခြင်းသို့ရောက်၍၊ ဣသရေလပြည်လည်း ငြိမ်ဝပ်စွာ နေရ လိမ့်မည်။ ထိုမင်းသည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း။
7 သို့ ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင် သော ထာဝရဘုရား အသက်ရှင် တော်မူသည်ဟူ၍မ ကျိန်ဆို ဘဲ၊
သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော ထာဝရဘုရားအသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊
8 ဣသရေလ အမျိုးသား အစဉ် အဆက်တို့ကို မြောက် ပြည် မှစ၍ ၊ နှင်ထုတ် ဘူးသော ပြည် ရှိသမျှ တို့မှ ပို့ဆောင် သော ထာဝရဘုရား အသက် ရှင်တော်မူသည် ဟူ၍ကျိန်ဆိုရသော ကာလသည် နောက်တဖန် ရောက် လိမ့်မည်။ သူ တို့သည် နေရင်းပြည် ၌ တဖန် နေ ရကြ လိမ့်မည်။
ဣသရေလအမျိုးသား အစဉ်အဆက်တို့ကို မြောက်ပြည်မှစ၍၊ နှင့်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ ပို့ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည် ဟူ၍ ကျိန်ဆိုရသော ကာလသည် နောက်တဖန် ရောက် လိမ့်မည်။ သူတို့သည် နေရင်းပြည်၌ တဖန် နေရကြ လိမ့်မည်။
9 ပရောဖက် များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရား ကြောင့် ၎င်း ၊ သန့်ရှင်း သော စကား တော် ကြောင့် ၎င်း ငါ့ စိတ် ပျက် လျက်ရှိ၏။ ငါ့ အရိုး ရှိသမျှ တို့သည် လှုပ်ရှား ကြ၏။ ယစ်မူး သောသူ နှင့် စပျစ်ရည် နိုင် သော သူ ကဲ့သို့ ငါဖြစ် ၏။
ပရောဖက်များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရားကြောင့်၎င်း၊ သန့်ရှင်းသော စကားတော် ကြောင့်၎င်း ငါ့စိတ်ပျက်လျက်ရှိ၏။ ငါ့အရိုးရှိသမျှတို့သည် လှုပ်ရှားကြ၏။ ယစ်မူးသောသူနှင့် စပျစ်ရည်နိုင်သော သူကဲ့သို့ ငါဖြစ်၏။
10 ၁၀ အကြောင်း မူကား၊ မတရား သောမေထုန် ၌မှီဝဲ သောသူတို့သည် တပြည် လုံး၌ အနှံ့အပြားရှိ ကြ၏။ ထိုသူတို့ကြောင့် တပြည် လုံးမြည်တမ်း ရ၏။ တော ၌ ကျက်စား ရာအရပ်တို့သည် သွေ့ ခြောက်ကြ၏။ ပြည်သားများလိုက်သောလမ်း သည် မဖြောင့် ၊ သူ တို့အစွမ်း သတ္တိ သည် တရား ဘက်၌ မ နေတတ်။
၁၀အကြောင်းမူကား၊ မတရားသော မေထုန်၌မှီဝဲ သောသူတို့သည် တပြည်လုံး၌ အနှံ့အပြားရှိကြ၏။ ထိုသူတို့ကြောင့် တပြည်လုံးမြည်တမ်းရ၏။ တော၌ ကျက်စားရာအရပ်တို့သည် သွေ့ခြောက်ကြ၏။ ပြည်သား များလိုက်သောလမ်းသည် မဖြောင့်၊ သူတို့အစွမ်းသတ္တိ သည် တရားဘက်၌ မနေတတ်။
11 ၁၁ ပရောဖက် နှင့် ယဇ်ပုရောဟိတ် နှစ်ပါးတို့သည် ဘုရားကို မရိုမသေ ပြုကြပြီ။ ငါ့ အိမ် ၌ ပင် သူ တို့ပြုသောအဓမ္မ အမှုကို ငါတွေ့ ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၁ပရောဖက်နှင့်ယဇ်ပုရောဟိတ်နှစ်ပါးတို့သည် ဘုရားကို မရိုမသေပြုကြပြီ။ ငါ့အိမ်၌ပင် သူတို့ပြုသော အဓမ္မအမှုကို ငါတွေ့ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
12 ၁၂ ထိုကြောင့်၊ သူ တို့သွားသောလမ်း သည် မှောင်မိုက် ၌ ချော တတ်သော လမ်းကဲ့သို့ ဖြစ်၍၊ သူတို့သည် တွန်း တိုးခြင်းကို ခံရ၍ လဲ ကြလိမ့်မည်။ အကြောင်း မူကား၊ သူ တို့သည် ဆုံးမ ခြင်းကို ခံရသောကာလ ၌ သူ တို့အပေါ် မှာ ဘေးဥပဒ် ကို သင့် ရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၂ထိုကြောင့်၊ သူတို့သွားသောလမ်းသည် မှောင်မိုက်၌ ချောတတ်သော လမ်းကဲ့သို့ဖြစ်၍၊ သူတို့သည် တွန်းတိုးခြင်းကို ခံရ၍ လဲကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဆုံးမခြင်းကို ခံရသော ကာလ၌ သူတို့အပေါ်မှာ ဘေးဥပဒ်ကို သင့်ရောက် စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
13 ၁၃ ရှမာရိ ပြည်သား ပရောဖက် တို့၌ လည်း ၊ မိုက် သောသဘောကို ငါမြင် ပြီ။ သူတို့သည် ဗာလ ဘုရားကို မှီဝဲ ၍ ပရောဖက် ပြုသဖြင့် ၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်း စေကြပြီ။
၁၃ရှမာရိပြည်သား ပရောဖက်တို့၌လည်း၊ မိုက် သောသဘောကို ငါမြင်ပြီ။ သူတို့သည် ဗာလဘုရားကို မှီဝဲ၍ ပရောဖက်ပြုသဖြင့်၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်းစေကြပြီ။
14 ၁၄ ယေရုရှလင် မြို့သား ပရောဖက် တို့၌ လည်း ၊ စက်ဆုပ် ရွံရှာဘွယ်သောသဘောကို ငါမြင် ပြီ။ သူတို့သည် မတရား သောမေထုန် ၌မှီဝဲလျက် ၊ မုသာ ကိုလည်း သုံး လျက် ၊ အဓမ္မ ပြုသောသူတို့ကို အားပေး တတ်သဖြင့်၊ အဘယ်သူမျှမိမိ ပြုသော အဓမ္မ အမှုကို မ စွန့် ။ ထိုသူ ရှိ သမျှတို့သည် ငါ၌ သောဒုံ မြို့သားကဲ့သို့ ၎င်း ၊ ယေရုရှလင် မြို့သား တို့သည် ဂေါမောရ မြို့သားကဲ့သို့ ၎င်း ဖြစ် ကြ၏။
၁၄ယေရုရှလင်မြို့သား ပရောဖက်တို့၌လည်း၊ စက်ဆုပ်ရွံရှာဘွယ်သောသဘောကို ငါမြင်ပြီ။ သူတို့သည် မတရားသော မေထုန်၌မှီဝဲလျက်၊ မုသာကိုလည်း သုံးလျက်၊ အဓမ္မပြုသောသူတို့ကို အားပေးတတ်သဖြင့်၊ အဘယ်သူမျှမိမိပြုသော အဓမ္မအမှုကို မစွန့်။ ထိုသူ ရှိသမျှတို့သည် ငါ၌ သောဒုံမြို့သားကဲ့သို့၎င်း၊ ယေရု ရှလင်မြို့သားတို့သည် ဂေါမောရမြို့သားကဲ့သို့၎င်း ဖြစ်ကြ၏။
15 ၁၅ ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ပရောဖက် တို့အမှု ၌ မိန့် တော်မူသည်ကား ၊ သူ တို့ကို ဒေါန နှင့် ငါ ကျွေး မည်။ ဆေးခါး ကိုလည်း သောက် စေမည်။ ယေရုရှလင် မြို့သား ပရောဖက် တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မ အမှုသည် တပြည် လုံး ကို နှံ့ပြား လေပြီ။
၁၅ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် ပရောဖက်တို့အမှု၌ မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးကိုလည်း သောက်စေမည်။ ယေရုရှလင်မြို့သား ပရောဖက်တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မအမှုသည် တပြည်လုံးကို နှံ့ပြား လေပြီ။
16 ၁၆ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ပရောဖက်ပြု၍ သင် တို့အား ဟော တတ်သော ဆရာ တို့၏ စကား ကို နား မ ထောင်ကြနှင့်။ သူ တို့သည် သင်တို့အား အချည်းနှီးဟော တတ် ကြ၏။ ထာဝရဘုရား ၏ နှုတ် တော်ထွက်သို့မ လိုက်၊ ကိုယ် အလို အလျောက်ရူပါရုံ ကို မြင်သည်အတိုင်း ဟော ပြောတတ်ကြ၏။
၁၆ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍ သင်တို့အား ဟောတတ်သော ဆရာတို့၏ စကားကို နားမထောင် ကြနှင့်။ သူတို့သည် သင်တို့အား အချည်းနှီးဟောတတ် ကြ၏။ ထာဝရဘုရား၏ နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက် ရူပါရုံကို မြင်သည်အတိုင်း ဟောပြောတတ်ကြ၏။
17 ၁၇ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို မထီမဲ့မြင် ပြုသောသူတို့ အား ၊ သင် တို့သည် ငြိမ်ဝပ် ခြင်းရှိ ကြ လိမ့်မည်ဟု ဟော တတ်ကြ၏။ မိမိ တို့စိတ်နှလုံး ခိုင်မာ ခြင်း သဘောသို့ လိုက် သောသူတို့ အား၊ သင် တို့သည် ဘေးဥပဒ် နှင့် မ တွေ့ ရကြဟု ဟော တတ်ကြ၏။
၁၇ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုသော သူတို့အား၊ သင်တို့သည် ငြိမ်ဝပ်ခြင်းရှိကြ လိမ့်မည်ဟု ဟောတတ်ကြ၏။ မိမိတို့စိတ်နှလုံးခိုင်မာခြင်း သဘောသို့လိုက်သော သူတို့အား၊ သင်တို့သည် ဘေးဥပဒ် နှင့် မတွေ့ရကြဟု ဟောတတ်ကြ၏။
18 ၁၈ ထိုသူတို့တွင် အဘယ်သူ သည် ထာဝရဘုရား နှင့် တိုင်ပင်ဘက် ပြုသနည်း။ အဘယ်သူသည် အမှုတော်ကို ကြား မြင် သနည်း။ အဘယ်သူ သည် နှုတ်ကပတ် တော်ကို နားထောင် ၍ ကြား သနည်း။
၁၈ထိုသူတို့တွင် အဘယ်သူသည် ထာဝရဘုရားနှင့် တိုင်ပင်ဘက်ပြုသနည်း။ အဘယ်သူသည် အမှုတော်ကို ကြားမြင်သနည်း။ အဘယ် သူသည် နှုတ်ကပတ်တော်ကို နားထောင်၍ ကြားသနည်း။
19 ၁၉ ထာဝရဘုရား ၏ လေဘွေ တော်သည် ပူသော အရှိန်နှင့်ထွက် ၏။ ပြင်းစွာသော လေဘွေ ဖြစ်၍၊ မတရား သောသူတို့ ခေါင်း ပေါ် မှာ ပြင်းစွာတိုက် လိမ့်မည်။
၁၉ထာဝရဘုရား၏ လေဘွေတော်သည် ပူသော အရှိန်နှင့်ထွက်၏။ ပြင်းစွာသော လေဘွေဖြစ်၍၊ မတရား သော သူတို့ခေါင်းပေါ်မှာ ပြင်းစွာ တိုက်လိမ့်မည်။
20 ၂၀ ထာဝရဘုရား သည် လက်စ သတ်၍ ၊ အကြံအစည် တော်ကို ပြည့်စုံ စေတော်မမူမှီ အမျက် တော် မ ငြိမ်း ရ။ နောက် ကာလ ၌ သင်တို့သည် ရှင်းလင်းစွာ နားလည် ကြလိမ့်မည်။
၂၀ထာဝရဘုရားသည် လက်စသတ်၍၊ အကြံ အစည်တော်ကို ပြည့်စုံစေတော်မမူမှီ အမျက်တော် မငြိမ်း ရ။ နောက်ကာလ၌ သင်တို့သည် ရှင်းလင်းစွာ နားလည် ကြလိမ့်မည်။
21 ၂၁ ငါမ စေလွှတ် ဘဲ ထိုပရောဖက် တို့သည် ပြေး ကြပြီ ။ ငါမ မှာ ထားဘဲ သူ တို့သည် ကိုယ်အလိုအလျောက်ဟော ပြောကြပြီ။
၂၁ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည် ပြေးကြ ပြီ။ ငါမမှာထားဘဲ သူတို့သည် ကိုယ်အလိုအလျောက် ဟောပြောကြပြီ။
22 ၂၂ ထိုသူတို့သည် ငါ နှင့် တိုင်ပင်ဘက် ပြု လျှင် ၊ ငါ့ စကား ကို ငါ၏ လူမျိုးအားဆင့်ဆို ၍ ၊ ငါ ၏လူမျိုး ကို မတရား သော လမ်း မှ ၎င်း ၊ မကောင်း သောအကျင့် ဓလေ့မှ ၎င်း လွဲသွား စေကြပြီ။
၂၂ထိုသူတို့သည် ငါနှင့် တိုင်ပင်ဘက်ပြုလျှင်၊ ငါ့စကားကို ငါ၏ လူမျိုးအားဆင့်ဆို၍၊ ငါ၏လူမျိုးကို မတရားသော လမ်းမှ၎င်း၊ မကောင်း သောအကျင့်ဓလေ့ မှ၎င်း လွဲသွားစေကြပြီ။
23 ၂၃ ငါ သည်နီး သော အရပ်၌ သာ ဘုရား ဖြစ် သလော။ ဝေး သော အရပ်၌ လည်း ဘုရား ဖြစ်သည် မ ဟုတ်လောဟု ထာဝရဘုရား မေး တော်မူ၏။
၂၃ငါသည်နီးသော အရပ်၌သာ ဘုရားဖြစ် သလော။ ဝေးသော အရပ်၌လည်း ဘုရားဖြစ်သည် မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။
24 ၂၄ ငါ မ မြင် စေခြင်းငှါ အဘယ်သူသည် မထင်ရှား သော အရပ်၌ ပုန်းရှောင် ၍ နေနိုင်သနည်းဟု ထာဝရဘုရား မေး တော်မူ၏။ ငါ သည် ကောင်းကင် မြေကြီး ကို နှံ့ပြား သည် မ ဟုတ်လောဟု ထာဝရဘုရား မေး တော်မူ ၏။
၂၄ငါမမြင်စေခြင်းငှါ အဘယ်သူသည် မထင်ရှား သော အရပ်၌ ပုန်းရှောင်၍ နေနိုင်သနည်းဟု ထာဝရ ဘုရားမေးတော်မူ၏။ ငါသည် ကောင်းကင်မြေကြီးကို နှံ့ပြားသည် မဟုတ်လောဟု ထာဝရဘုရား မေးတော် မူ၏။
25 ၂၅ ငါသည် အိပ်မက် မြင်ပြီ၊ အိပ်မက် မြင်ပြီဟု၊ ငါ့ နာမ ကို အမှီပြု၍၊ မုသာဖြင့် ဟောပြော သော ပရောဖက် တို့၏ စကား ကို ငါကြား ပြီ။
၂၅ငါသည် အိပ်မက်မြင်ပြီ၊ အိပ်မက်မြင်ပြီဟု၊ ငါ့နာမကို အမှီပြု၍၊ မုသာဖြင့် ဟောပြောသော ပရောဖက်တို့၏ စကားကို ငါကြားပြီ။
26 ၂၆ ထိုပရောဖက် တို့သည် အဘယ် မျှကာလပတ်လုံး ဤသို့ကြံစည်ကြလိမ့်မည်နည်း။ သူတို့သည် မုသာ စကား ကို ဟော ပြောတတ်ကြ၏။ ကိုယ် စိတ် နှလုံးလှည့်စား သည် အတိုင်း ဟောပြောတတ်ကြ၏။
၂၆ထိုပရောဖက်တို့သည် အဘယ်မျှကာလပတ်လုံး ဤသို့ကြံစည် ကြလိမ့်မည်နည်း။ သူတို့သည် မုသာစကား ကို ဟောပြောတတ်ကြ၏။ ကိုယ်စိတ်နှလုံး လှည့်စားသည် အတိုင်း ဟောပြောတတ်ကြ၏။
27 ၂၇ ဘိုးဘေး တို့သည် ဗာလ ကြောင့် ငါ့ နာမ ကို မေ့လျော့ သကဲ့သို့ ၊ သူတို့သည် အိမ်နီးချင်း တ ယောက်ကို တယောက်ပြော တတ်သော အိပ်မက် များအားဖြင့် ငါ ၏ လူမျိုး သည် ငါ့ နာမ ကို မေ့လျော့ စေမည်ဟု အကြံ ရှိကြ သည်တကား။
၂၇ဘိုးဘေးတို့သည် ဗာလကြောင့် ငါ့နာမကို မေ့လျော့သကဲ့သို့၊ သူတို့သည် အိမ်နီးချင်းတယောက်ကို တယောက်ပြောတတ်သော အိပ်မက်များအားဖြင့် ငါ၏ လူမျိုးသည် ငါ့နာမကို မေ့လျော့စေမည်ဟု အကြံရှိကြ သည်တကား။
28 ၂၈ အိပ်မက် မြင်သော ပရောဖက် သည် အိပ်မက် စကားကို ပြော ပါလေစေ။ ငါ ၏နှုတ်ကပတ် တော်ကို ခံရသောသူ သည်နှုတ်ကပတ် စကားတော်ကို မှန်ကန် စွာ ဟော ပြောပါလေစေ။ အဖျင်း သည်စပါး နှင့် အဘယ် သို့ဆိုင် သနည်းဟု ထာဝရဘုရား မိန့် တော်မူ၏။
၂၈အိပ်မက်မြင်သော ပရောဖက်သည် အိပ်မက် စကားကို ပြောပါလေစေ။ ငါ၏နှုတ်ကပတ်တော်ကို ခံရ သော သူသည် နှုတ်ကပတ်စကားတော်ကို မှန်ကန်စွာ ဟောပြောပါလေစေ။ အဖျင်းသည်စပါးနှင့် အဘယ်သို့ ဆိုင်သနည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
29 ၂၉ ငါ ၏ နှုတ်ကပတ် တော်သည် မီး ကဲ့သို့ ၎င်း ၊ ကျောက် ကို ထု ချေသောသံတူ ကဲ့သို့ ၎င်း ဖြစ်သည်မဟုတ် လောဟု ထာဝရဘုရား မေး တော်မူ၏။
၂၉ငါ၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့၎င်း၊ ကျောက်ကို ထုချေသောသံတူကဲ့သို့၎င်း ဖြစ်သည်မဟုတ် လောဟု ထာဝရဘုရား မေးတော်မူ၏။
30 ၃၀ သို့ဖြစ်၍၊ ငါ့ စကား တော်ကို အိမ်နီးချင်း တယောက်မှ တယောက်ခိုး သော ပရောဖက် တို့ကို ငါ သည် ဆန့်ကျင် ဘက်ပြုမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၃၀သို့ဖြစ်၍၊ ငါ့စကားတော်ကို အိမ်နီးချင်း တယောက်မှတယောက်ခိုးသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
31 ၃၁ မိမိ တို့အလို အလျောက်ဟော ပြောလျက် နှင့် အမိန့် တော်ရှိ သည်ဟုဆိုသော ပရောဖက် တို့ကို ငါ သည် ဆန့်ကျင် ဘက်ပြုမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၃၁မိမိတို့အလိုအလျောက် ဟောပြောလျက်နှင့် အမိန့်တော်ရှိသည်ဟုဆိုသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
32 ၃၂ မှား သောအိပ်မက် ကိုဟော ပြော၍၊ မုသာ စကား နှင့် အချည်းနှီး စကားအားဖြင့် ငါ ၏လူမျိုး ကိုမှားယွင်း စေသော ပရောဖက်တို့ကို ငါ သည် ဆန့်ကျင် ဘက်ပြုမည်။ သူ တို့ကို ငါ မ စေလွှတ် ၊ မ မှာ ထားသောကြောင့် ၊ ဤ လူမျိုး သည် ကျေးဇူး မ ရှိဟု ထာဝရဘုရား မိန့် တော်မူ၏။
၃၂မှားသာအိပ်မက်ကိုဟောပြော၍၊ မုသာစကား နှင့် အချည်းနှီးစကားအားဖြင့် ငါ၏လူမျိုးကိုမှားယွင်း စေသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်။ သူတို့ကို ငါမစေလွှတ်၊ မမှာထားသောကြောင့်၊ ဤလူမျိုး သည် ကျေးဇူးမရှိဟု ထာဝရဘုရား မိန့်တော်မူ၏။
33 ၃၃ ဤ လူမျိုး တွင် ဆင်းရဲသားဖြစ်စေ၊ ပရောဖက် ဖြစ်စေ ၊ ယဇ်ပုရောဟိတ် ဖြစ်စေ၊ တစုံတယောက်က၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်အဘယ်သို့ နည်းဟု သင့် ကို မေး လျှင် ၊ ပြန် ပြော ရမည်မှာ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ် တော်ဟူမူကား၊ သင် တို့ကို ငါစွန့်ပစ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၃၃ဤလူမျိုးတွင် ဆင်းရဲသားဖြစ်စေ၊ ပရောဖက် ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ၊ တစုံတယောက်က၊ ထာဝရဘုရား၏ ဗျာဒိတ်တော်အဘယ်သို့နည်းဟု သင့်ကို မေးလျှင်၊ ပြန်ပြောရမည်မှာ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ်တော်ဟူမူကား၊ သင်တို့ကို ငါစွန့်ပစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
34 ၃၄ ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိသည်ဟု ပြော ဆို သော ပရောဖက် ၊ ယဇ်ပုရောဟိတ် ၊ ပြည်သူ ပြည်သားကို၎င်း၊ ထိုသူ ၏ အိမ် သူအိမ်သားတို့ကို၎င်း၊ ငါသည် ဒဏ်ပေး မည်။
၃၄ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု ပြော ဆိုသော ပရောဖက်၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သား ကို၎င်း၊ ထိုသူ၏ အိမ်သူအိမ်သားတို့ကို၎င်း၊ ငါသည် ဒဏ်ပေးမည်။
35 ၃၅ သင်တို့က၊ ထာဝရဘုရား သည် အဘယ် သို့ပြန်ပြော တော်မူသနည်းဟူ၍၎င်း ၊ အဘယ်သို့ မိန့် တော်မူသနည်းဟူ၍၎င်း ၊ အိမ်နီးချင်း ၊ ညီအစ်ကို ချင်း တယောက် ကို တယောက် မေးမြန်း ရမည်။
၃၅သင်တို့က၊ ထာဝရဘုရားသည် အဘယ်သို့ ပြန်ပြောတော်မူသနည်းဟူ၍၎င်း၊ အဘယ်သို့ မိန့်တော်မူသနည်းဟူ၍၎င်း၊ အိမ်နီးချင်း၊ ညီအစ်ကို ချင်း တယောက်ကိုတယောက် မေးမြန်းရမည်။
36 ၃၆ ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိသည်ဟူ၍နောက် တဖန် မ ဆို ရ။ လူ တိုင်းမိမိ စကား မှတပါး အခြား သောဗျာဒိတ် တော်မရှိရ။ အကြောင်းမူကား၊ သင်တို့သည် အသက်ရှင် တော်မူသောဘုရား ၊ ငါ တို့၏ ဘုရား သခင်တည်းဟူသောကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား ၏ စကား တော်ကို ဖျက် ကြပြီ။
၃၆ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူ၍ နောက်တဖန် မဆိုရ။ လူတိုင်းမိမိစကားမှတပါး အခြား သောဗျာဒိတ်တော်မရှိရ။ အကြောင်းမူကား၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရား၊ ငါတို့၏ ဘုရားသခင် တည်းဟူသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ စကားတော်ကို ဖျက်ကြပြီ။
37 ၃၇ ထာဝရဘုရား သည် သင့် အား အဘယ်သို့ ပြန်ပြော တော်မူသနည်း။ ထာဝရဘုရား သည် အဘယ်သို့ မိန့် တော်မူသနည်းဟု ပရောဖက် ကို မေး လော့။
၃၇ထာဝရဘုရားသည် သင့်အား အဘယ်သို့ ပြန်ပြောတော်မူသနည်း။ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု ပရောဖက်ကို မေးလော့။
38 ၃၈ သင်တို့က၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်ဟု ဆို ကြသည်ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိ သည်ဟု မ ဆို ရမည် အကြောင်း၊ ငါပညတ် သော်လည်း ၊ သင် တို့သည် ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိ သည်ဟူသောစကား ကို သုံး ကြ သောကြောင့် ၊
၃၈သင်တို့က၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ဟု ဆိုကြသည်ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု မဆိုရမည် အကြောင်း၊ ငါ ပညတ်သော်လည်း၊ သင်တို့သည် ထာဝရ ဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူသော စကားကို သုံးကြ သောကြောင့်၊
39 ၃၉ ငါသည် သင် တို့ကို၎င်း၊ သင် တို့နှင့် ဘိုးဘေး တို့ အား ငါပေး သော မြို့ ကို၎င်း၊ ငါ့ ထံမှ အကုန်အစင်ကျုံး ၍ ပစ်လိုက်မည်။
၃၉ငါသည် သင်တို့ကို၎င်း၊ သင်တို့နှင့် ဘိုးဘေးတို့ အား ငါပေးသော မြို့ကို၎င်း၊ ငါ့ထံမှ အကုန်အစင် ကျုံး၍ ပစ်လိုက်မည်။
40 ၄၀ အစဉ်အမြဲ မ မေ့လျော့ နိုင်သော ထာဝရ ကဲ့ရဲ့ ခြင်းနှင့် အရှက်ကွဲ ခြင်းကို သင် တို့အပေါ် မှာ သက်ရောက် စေမည်။
၄၀အစဉ်အမြဲ မမေ့လျော့နိုင်သော ထာဝရကဲ့ရဲ့ ခြင်းနှင့် အရှက်ကွဲခြင်းကို သင်တို့အပေါ်မှာ သက်ရောက် စေမည်။

< ယေရမိ 23 >