< ယေရမိ 22 >

1 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ယုဒ ရှင်ဘုရင် ၏ နန်းတော် သို့သွား ၍ ဆင့် ဆိုရမည်မှာ၊
ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင်၏ နန်းတော်သို့သွား၍ ဆင့်ဆိုရမည်မှာ၊
2 ဒါဝိဒ် မင်းကြီး၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် သော ယုဒ ရှင်ဘုရင် ၊ သင့် ကိုယ်တိုင်မှစ၍ သင် ၏ကျွန် များနှင့် ၊ ဤ မြို့တံခါး တို့ဖြင့် ဝင် သောသင် ၏လူ များတို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။
ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ယုဒရှင်ဘုရင်၊ သင့်ကိုယ်တိုင်မှစ၍ သင်၏ကျွန်များနှင့်၊ ဤမြို့တံခါးတို့ဖြင့် ဝင်သော သင်၏လူများတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
3 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တရား သဖြင့် စီရင် ၍ ဖြောင့်မတ် စွာ ဆုံးဖြတ်ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲ သောသူ ၏လက် မှ ကယ်နှုတ် ကြလော့။ ဧည့်သည် ဖြစ်သောသူ၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့ကို မတရား သဖြင့်မ ပြု၊ မ ညှဉ်းဆဲ ကြနှင့်။ အပြစ် မရှိသောသူတို့ ကို ဤ အရပ် ၌ မ ကွပ်မျက် ကြနှင့်။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရား သဖြင့် စီရင်၍ ဖြောင့်မတ်စွာ ဆုံးဖြတ်ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲသော သူ၏လက်မှကယ်နှုတ် ကြလော့။ ဧည့်သည်ဖြစ်သောသူ၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့ကို မတရားသဖြင့်မပြု၊ မညှဉ်းဆဲကြနှင့်။ အပြစ်မရှိသော သူတို့ကို ဤအရပ်၌မကွပ်မျက်ကြနှင့်။
4 အကြောင်း မူကား၊ သင်တို့သည် ဤ ပညတ် တော် အတိုင်း အမှန်ပြု လျှင် ၊ ဒါဝိဒ် မင်းကြီး၏ ရာဇပလ္လင် ပေါ် မှာ ထိုင် သော ရထား စီး ၊ မြင်း စီးရှင် ဘုရင်တို့သည် ကျွန် များ၊ နိုင်ငံတော်သား များနှင့်တကွ၊ ဤ နန်းတော် တံခါး များ ကို ထွက်ဝင် ရကြလိမ့်မည်။
အကြောင်းမူကား၊ သင်တို့သည် ဤပညတ်တော် အတိုင်း အမှန်ပြုလျှင်၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ် မှာ ထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်တို့သည် ကျွန် များ၊ နိုင်ငံတော်သားများနှင့်တကွ၊ ဤနန်းတော်တံခါးများ ကို ထွက်ဝင်ရကြလိမ့်မည်။
5 သို့မဟုတ် ၊ သင်တို့သည် ဤ အမိန့် တော်ကို နား မ ထောင်ဘဲနေလျှင် ၊ ဤ နန်းတော် သည် လူဆိတ်ညံ သော အရပ်ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရား သည် ကိုယ် ကို ကိုယ်တိုင်တည် ၍ မိန့် တော်မူ၏။
သို့မဟုတ်၊ သင်တို့သည် ဤအမိန့်တော်ကို နားမထောင်ဘဲနေလျှင်၊ ဤနန်းတော်သည် လူဆိတ်ညံ သော အရပ်ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရားသည် ကိုယ်ကို ကိုယ်တိုင်တည်၍ မိန့်တော်မူ၏။
6 ယုဒ ရှင်ဘုရင် ၏ နန်းတော် ကို ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည်ငါ ၌ ဂိလဒ် အရပ်ကဲ့သို့၎င်း ၊ လေဗနုန် တောင်ထိပ် ကဲ့သို့၎င်း ဖြစ်သော်လည်း၊ အကယ်စင်စစ်ငါသည်သင့်ကို လူမ နေ သောမြို့ ကဲ့သို့တော ဖြစ် စေမည်။
ယုဒရှင်ဘုရင်၏ နန်းတော်ကို ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ငါ၌ ဂိလဒ်အရပ်ကဲ့သို့ ၎င်း၊ လေဗနုန်တောင်ထိပ်ကဲ့သို့၎င်း ဖြစ်သော်လည်း၊ အကယ်စင်စစ် ငါသည်သင့်ကို လူမနေသော မြို့ကဲ့သို့ တောဖြစ်စေမည်။
7 သင့် ကို ဖျက်ဆီးစေခြင်းငှါ၊ ထား နှင့်ပုဆိန်ပါ သောသူ တို့ ကို ငါပြင်ဆင် သဖြင့် ၊ သူတို့သည် သင် ၌ အမြတ် ဆုံးသော အာရဇ ပင်တို့ကို ခုတ်လှဲ ၍ မီး ထဲသို့ ချ လိုက် ကြလိမ့်မည်။
သင့်ကို ဖျက်ဆီးစေခြင်းငှါ၊ ထားနှင့်ပုဆိန်ပါ သော သူတို့ကို ငါပြင်ဆင်သဖြင့်၊ သူတို့သည် သင်၌ အမြတ်ဆုံးသော အာရဇပင်တို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက် ကြလိမ့်မည်။
8 လူ အမျိုးမျိုး တို့သည် ဤ မြို့ အနားမှာ ရှောက် သွား လျက် ၊ ထာဝရဘုရား သည် ဤ မြို့ ကြီး ကို အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်းဟု၊ တယောက် ကို တယောက်မေး ကြသည်ရှိသော် ၊
လူအမျိုးမျိုးတို့သည် ဤမြို့အနားမှာ ရှောက် သွားလျက်၊ ထာဝရဘုရားသည် ဤမြို့ကြီးကို အဘယ် ကြောင့် ဤသို့ပြုတော်မူသနည်းဟု၊ တယောက်ကို တယောက် မေးကြသည်ရှိသော်၊
9 ဤ မြို့သားတို့သည် မိမိတို့ဘုရား သခင်ထာဝရဘုရား ၏ ပဋိညာဉ် ကို စွန့်ပစ် ၍ ၊ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု ကိုးကွယ် ကြသောကြောင့် ၊ ဤသို့ပြုတော်မူသည်ဟု ပြန်ပြော ကြလိမ့်မည်။
ဤ မြို့သားတို့သည် မိမိတို့ဘုရားသခင် ထာဝရ ဘုရား၏ ပဋိညာဉ်ကို စွန့်ပစ်၍၊ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ဤသို့ ပြုတော်မူသည်ဟု ပြန်ပြောကြလိမ့်မည်။
10 ၁၀ သေ သောသူအတွက် ငိုကြွေး မြည်တမ်း ခြင်းကို မ ပြုကြနှင့်။ အခြားတပါးသို့ သွား သောသူအတွက် ငိုကြွေး ခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မ လာ ရ။ မိမိ မွေးဘွား ရာဌာန ကို မမြင် ရ။
၁၀သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။ အခြားတပါးသို့ သွားသောသူအတွက် ငိုကြွေး ခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မလာရ။ မိမိမွေးဘွားရာဌာနကို မမြင်ရ။
11 ၁၁ ခမည်းတော် ယောရှိ မင်းကြီးအရာ ၌စိုးစံ ၍ ဤ ပြည် မှ ထွက် သွားသော ယုဒ ရှင်ဘုရင် ယောရှိ မင်းကြီး၏ သား ရှလ္လုံ ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ထိုမင်းသည် နောက် တဖန်ဤပြည်သို့ ပြန်၍မ လာ ရ။
၁၁ခမည်းတော်ယောရှိမင်းကြီး အရာ၌စိုးစံ၍ ဤပြည်မှ ထွက်သွားသော ယုဒရှင်ဘုရင် ယောရှိမင်းကြီး ၏ သားရှလ္လုံကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ထိုမင်းသည် နောက်တဖန်ဤပြည်သို့ ပြန်၍မလာရ။
12 ၁၂ ရန်သူတို့ သိမ်း သွားရာပြည် ၌ ပင် သေ ရလိမ့်မည်။ ဤ ပြည် ကို နောက် တဖန်မ မြင် ရ။
၁၂ရန်သူတို့ သိမ်းသွားရာပြည်၌ပင် သေရလိမ့် မည်။ ဤပြည်ကို နောက်တဖန်မမြင်ရ။
13 ၁၃ မ တရား သော အမှုအားဖြင့် မိမိ အိမ် ကို၎င်း ၊ အဓမ္မ ပြု၍ အထက် ခန်းတို့ကို၎င်းဆောက် သောသူ၊ အိမ်နီးချင်း ကိုအခ မ ပေးဘဲ စေစား ၍၊ အလုပ်လုပ်သည် အတွက် ဆုမချ သော သူသည် အမင်္ဂလာ ရှိ၏။
၁၃မတရားသော အမှုအားဖြင့် မိမိအိမ်ကို၎င်း၊ အဓမ္မပြု၍ အထက်ခန်းတို့ကို၎င်း ဆောက်သောသူ၊ အိမ်နီးချင်းကိုအခမပေးဘဲ စေစား၍၊ အလုပ်လုပ်သည် အတွက် ဆုမချသောသူသည် အမင်္ဂလာရှိ၏။
14 ၁၄ ကြီး သောအိမ် ၊ ကျယ် သောအထက် ခန်းတို့ကို ငါဆောက် မည်ဟု ဆို လျက် ၊ ပြတင်းပေါက် ကို ဖေါက် ၍ ၊ အာရဇ် သစ်သားနှင့် မိုး ပြီးမှ ၊ ဟင်းသပြတား နှင့် ချယ်လှယ် ပြီတကား။
၁၄ကြီးသောအိမ်၊ ကျယ်သောအထက်ခန်းတို့ကို ငါဆောက်မည်ဟု ဆိုလျက်၊ ပြတင်းပေါက်ကို ဖေါက်၍၊ အာရဇ်သစ်သားနှင့် မိုးပြီးမှ၊ ဟင်းသပြတားနှင့် ချယ်လှယ်ပြီတကား။
15 ၁၅ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်သည် အာရဇ် သစ်သား၏ ဂုဏ်ကိုကိုးစားသောကြောင့် စိုးစံ ရမည်လော။ သင် ၏ အဘ သည်ဝစွာ စား သောက် ရသည် မ ဟုတ်လော။ တရား သဖြင့် စီရင် ဆုံးဖြတ်သည်မဟုတ် လော။ ထို သို့ပြု၍ ကောင်းစား ခြင်းရှိ၏။
၁၅ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရဇ်သစ်သား၏ ဂုဏ်ကိုကိုးစားသောကြောင့် စိုးစံ ရမည်လော။ သင်၏ အဘသည်ဝစွာ စားသောက်ရသည် မဟုတ်လော။ တရားသဖြင့် စီရင်ဆုံးဖြတ်သည်မ ဟုတ်လော။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။
16 ၁၆ သူသည် ဆင်းရဲ ငတ်မွတ် သောသူတို့ အမှု ကို စောင့် ၍ တရား သဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။ ငါ့ ကိုသိ သော အကျိုးမ ဟုတ်လော။
၁၆သူသည် ဆင်းရဲငတ်မွတ်သော သူတို့အမှုကို စောင့်၍ တရားသဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစား ခြင်းရှိ၏။ ငါ့ကိုသိသော အကျိုးမဟုတ်လော။
17 ၁၇ သင် ၏ မျက်စိ နှင့် သင် ၏နှလုံး မူကား ၊ လောဘ လွန်ကျူးခြင်း၊ အပြစ် မရှိသောသူကို သတ် ခြင်း၊ ညှဉ်းဆဲ နှိပ်စက် ခြင်းမှတပါး ၊ အဘယ်အမှုကိုမျှ မ မှတ် တတ်။
၁၇သင်၏ မျက်စိနှင့် သင်၏နှလုံးမူကား၊ လောဘ လွန်ကျူးခြင်း၊ အပြစ်မရှိသောသူကို သတ်ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်းမှတပါး၊ အဘယ်အမှုကိုမျှ မမှတ်တတ်။
18 ၁၈ ထိုကြောင့်၊ ထာဝရဘုရား သည် ယုဒ ရှင်ဘုရင် ယောရှိ မင်းကြီး၏သား ယောယကိမ် ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား ၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩ ငါ့ အစ်ကို ၊ ဩ ငါ့နှမ ဟူ၍မ ငိုကြွေး ရကြ။ သူ ၏ အတွက် လည်း၊ ဩ သခင် ၊ ဩ အရှင်မ၏ ဘုန်း ဟူ၍မ မြည်တမ်း ရကြ။
၁၈ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သား ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩငါ့အစ်ကို၊ ဩ ငါ့နှမ ဟူ၍ မငိုကြွေးရကြ။ သူ၏ အတွက်လည်း၊ ဩ သခင်၊ ဩ အရှင်မ၏ ဘုန်းဟူ၍ မမြည်တမ်းရကြ။
19 ၁၉ ယေရုရှလင် မြို့ပြင် သို့ ဆွဲသွား ၍ ပစ် ထားသဖြင့်၊ မြည်း ကို သင်္ဂြိုဟ် သကဲ့သို့ထိုမင်းကို သင်္ဂြိုဟ် ရလိမ့်မည်။
၁၉ယေရုရှလင်မြို့ပြင်သို့ ဆွဲသွား၍ ပစ်ထားသဖြင့်၊ မြည်းကို သင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည်။
20 ၂၀ လေဗနုန် တောင်ပေါ်သို့ တက် ၍ ကြွေးကြော် လော့။ ဗာရှန် ပြည်၌ အော်ဟစ် လော့။ အာဗရိမ် အရပ်မှာ အသံ ကိုလွှင့်လော့။ အကြောင်း မူကား၊ သင် ၏မိတ်ဆွေ အပေါင်း တို့သည် ပျက်စီး ခြင်းသို့ ရောက်ကြပြီ။
၂၀လေဗနုန်တောင်ပေါ်သို့ တက်၍ ကြွေးကြော် လော့။ ဗာရှန်ပြည်၌ အော်ဟစ်လော့။ အာဗရိမ်အရပ်မှာ အသံကိုလွှင့်လော့။ အကြောင်းမူကား၊ သင်၏မိတ်ဆွေ အပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
21 ၂၁ သင် သည် ကောင်းစား သောအခါ ငါသတိပေး ၏။ သင်က၊ ငါနား မ ထောင်ဟု ပြန်ပြော ၏။ ငယ် သောအရွယ်မှစ၍ ငါ့ စကား ကို နား မ ထောင်ဘဲ နေမြဲရှိ၏။
၂၁သင်သည် ကောင်းစားသောအခါ ငါသတိ ပေး၏။ သင်က၊ ငါနားမထောင်ဟု ပြန်ပြော၏။ ငယ်သောအရွယ်မှစ၍ ငါ့စကားကို နားမထောင်ဘဲ နေမြဲရှိ၏။
22 ၂၂ သင့် ကို ကျွေးမွေး သော သူအပေါင်း တို့ကို လေ သည် စား လိမ့်မည်။ သင် ၏မိတ်ဆွေ တို့ကို ရန်သူတို့ သည် သိမ်း သွား ကြလိမ့်မည်။ ထိုအခါ သင်သည် ကိုယ် ပြု သမျှ သောဒုစရိုက် တို့ကြောင့် အမှန် ရှက်ကြောက် ၍ စိတ်ပျက် ခြင်း ရှိလိမ့်မည်။
၂၂သင့်ကို ကျွေးမွေးသော သူအပေါင်းတို့ကို လေသည် စားလိမ့်မည်။ သင်၏မိတ်ဆွေတို့ကို ရန်သူတို့ သည် သိမ်းသွားကြလိမ့်မည်။ ထိုအခါ သင်သည် ကိုယ်ပြု သမျှသော ဒုစရိုက်တို့ကြောင့် အမှန်ရှက်ကြောက်၍ စိတ်ပျက်ခြင်း ရှိလိမ့်မည်။
23 ၂၃ အာရဇ် ပင်တို့၌ အသိုက် လုပ်တတ်သော လေဗနုန် တောင်သား ၊ သားဘွား ခြင်းဝေဒနာကို မိန်းမခံရသကဲ့သို့ ၊ သင် သည်နာကျင် ခြင်းဝေဒနာ ကိုခံရ သောအခါ ၊ အဘယ် မျှလောက်သနား ဘွယ်ဖြစ်လိမ့်မည်တကား။
၂၃အာရဇ်ပင်တို့၌ အသိုက်လုပ်တတ်သော လေဗနုန်တောင်သား၊ သားဘွားခြင်းဝေဒနာကို မိန်းမ ခံရသကဲ့သို့၊ သင်သည်နာကျင်ခြင်းဝေဒနာ ကိုခံရသော အခါ၊ အဘယ်မျှလောက် သနားဘွယ်ဖြစ်လိမ့်မည် တကား။
24 ၂၄ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယုဒ ရှင်ဘုရင် ယောယကိမ် မင်းကြီး၏သား ခေါနိ သည်၊ ငါ့ လက်ျာ လက် ၌ ပါသောတံဆိပ် လက်စွပ်မှန် သော်လည်း ၊ ငါ အသက် ရှင်သည်အတိုင်း သင့် ကို ငါပယ် ပစ်မည်။
၂၄ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒ ရှင်ဘုရင် ယောယကိမ်မင်းကြီး၏သား ခေါနိသည်၊ ငါ့လက်ျာ လက်၌ပါသော တံဆိပ်လက်စွပ် မှန်သော်လည်း၊ ငါအသက်ရှင်သည်အတိုင်း သင့်ကို ငါပယ်ပစ်မည်။
25 ၂၅ သင့် အသက် ကိုသတ် ချင်သောသူ၊ သင် အလွန် ကြောက် သော သူတည်းဟူသောဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းမှစ၍ ခါလဒဲ လူတို့ လက် သို့ ငါအပ် မည်။
၂၅သင့်အသက်ကို သတ်ချင်သောသူ၊ သင်အလွန် ကြောက်သော သူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းမှစ၍ ခါလဒဲလူတို့ လက်သို့ ငါအပ် မည်။
26 ၂၆ သင့် ကို၎င်း ၊ သင့် ကိုဘွား မြင်သော သင် ၏အမိ ကို၎င်း ၊ မွေးဘွား ရာ ဌာနမ ဟုတ်သော ပြည်သို့ ငါနှင်ထုတ် သဖြင့် ၊ ထို ပြည်၌ သင်တို့သည် သေ ကြ လိမ့်မည်။
၂၆သင့်ကို၎င်း၊ သင့်ကိုဘွားမြင်သော သင်၏အမိကို၎င်း၊ မွေးဘွားရာ ဌာနမဟုတ်သော ပြည်သို့ ငါနှင်ထုတ်သဖြင့်၊ ထိုပြည်၌ သင်တို့သည် သေကြ လိမ့်မည်။
27 ၂၇ ပြန် လို သောပြည် သို့ နောက်တဖန်ပြန် ၍ မ လာရကြ။
၂၇ပြန်လိုသောပြည်သို့ နောက်တဖန်ပြန်၍ မလာရကြ။
28 ၂၈ ဤ မင်းသား ခေါနိ သည် ရိုသေ ဘွယ်မဟုတ်၊ ကျိုးပဲ့ သောရုပ်တု ဖြစ်သလော။ အဘယ်သူမျှမ နှစ်သက် သောတန်ဆာ ဖြစ်သလော။ သူ နှင့် တကွ သူ ၏သား မြေး တို့ကို နှင်ထုတ် ၍ ၊ သူတို့မ သိ ဘူးသောပြည် ၌ အဘယ်ကြောင့် ချ ပစ်ရသနည်း။
၂၈ဤမင်းသားခေါနိသည် ရိုသေဘွယ်မဟုတ်၊ ကျိုးပဲ့သောရုပ်တုဖြစ်သလော။ အဘယ်သူမျှ မနှစ်သက် သောတန်ဆာဖြစ်သလော။ သူနှင့်တကွ သူ၏သားမြေး တို့ကို နှင်ထုတ်၍၊ သူတို့မသိဘူးသောပြည်၌ အဘယ် ကြောင့် ချပစ်ရသနည်း။
29 ၂၉ အိုမြေကြီး ၊ မြေကြီး ၊ မြေကြီး ၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် လော့။
၂၉အိုမြေကြီး၊ မြေကြီး၊ မြေကြီး၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်လော့။
30 ၃၀ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ မင်း ကို သား မရှိသောသူ ဟူ၍၎င်း ၊ တသက် လုံးမ ကောင်းစား သောသူဟူ၍၎င်း ရေး မှတ်လော့။ သူ ၏သား မြေးတစုံ တယောက်မျှ ဒါဝိဒ် မင်းကြီး၏ ရာဇပလ္လင် ပေါ် မှာ ထိုင် ရ သောအခွင့်နှင့်၊ ယုဒ ပြည်ကို စိုးစံ ရသောအခွင့်မရှိရ။
၃၀ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤမင်းကို သားမရှိသောသူဟူ၍၎င်း၊ တသက်လုံး မကောင်းစား သောသူဟူ၍၎င်း ရေးမှတ်လော့။ သူ၏သားမြေးတစုံ တယောက်မျှ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရ သောအခွင့်နှင့်၊ ယုဒပြည်ကို စိုးစံရသောအခွင့်မရှိက။

< ယေရမိ 22 >