< ဟေရှာယ 1 >

1 ယုဒ ရှင်ဘုရင် ဩဇိ မင်း၊ ယောသံ မင်း၊ အာခတ် မင်း၊ ဟေဇကိ မင်းတို့ လက်ထက် ၌ ၊ အာမုတ် ၏သား ဟေရှာယ သည် ယေရုရှလင် မြို့မှစ၍ ၊ ယုဒ ပြည်နှင့်ဆိုင် သော ဗျာဒိတ် တော်ကိုခံရ သည်မှာ၊
ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ် မင်း၊ ဟေဇကိမင်းတို့ လက်ထက်၌၊ အာမုတ်၏သား ဟေရှာယသည် ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင် သော ဗျာဒိတ်တော်ကို ခံရသည်မှာ၊
2 ထာဝရဘုရား မိန့် တော်မူသည်ဖြစ်၍ ၊ အို ကောင်းကင် ၊ ကြား လော့။ အိုမြေကြီး ၊ နားထောင် လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါ ကျွေးမွေးပြုစုသော သားသမီး တို့သည် ငါ့ ကို ပုန်ကန် ကြပြီ။
ထာဝရဘုရား မိန့်တော်မူသည်ဖြစ်၍၊ အို ကောင်းကင်၊ ကြားလော့။ အိုမြေကြီး၊ နားထောင် လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည် ငါ့ကို ပုန်ကန်ကြပြီ။
3 နွား သော်လည်းမိမိ အရှင် ကိုသိ ၏။ မြည်း သော်လည်း မိမိ သခင် ၏ မြည်းဇောင်း ကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား၊ ငါ့ကိုမ သိ ကြ။ ငါ ၏လူမျိုး မူကား၊ မ ဆင်ခြင် တတ်ပါတကား။
နွားသော်လည်း မိမိအရှင်ကိုသိ၏။ မြည်သော် လည်း မိမိသခင်၏ မြည်းဇောင်းကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား၊ ငါ့ကိုမသိကြ။ ငါ၏လူမျိုးမူကား၊ မဆင်ခြင်တတ်ပါတကား။
4 ဆိုးယုတ် သောအမျိုး ၊ ဒုစရိုက် ဝန်ကို ထမ်းရွက် သော လူစု ၊ မတရား သဖြင့်ပြုသောအနွှယ် ၊ ဖောက်ပြန် သော သားသမီး ပါတကား။ ထာဝရဘုရား ကို စွန့် ကြပြီ။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို မရိုမသေပြု၍ ပယ် ကြပြီ။ ကျော ခိုင်း၍ ခွာသွား ကြပြီ။
ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက် သော လူစု၊ မတရားသဖြင့်ပြုသောအနွှယ်၊ ဖောက်ပြန် သော သားသမီးပါတကား။ ထာဝရဘုရားကို စွန့်ကြပြီ။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို မရိုမသေ ပြု၍ ပယ်ကြပြီ။ ကျောခိုင်း၍ ခွားသွားကြပြီ။
5 သူတို့ကိုအဘယ်သို့ ဒဏ် ပေးရဦးမည်နည်း။ အဘယ်သို့ထပ်၍ဆုံးမရဦးမည်နည်း။ ဦးခေါင်း သည် အနာ သက်သက်ရှိ၏။ နှလုံး သည်လည်း ခွန်အား အလျှင်း မရှိ။
သူတို့ကိုအဘယ်သို့ ဒဏ်ပေးရဦးမည်နည်း။ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်း မရှိ။
6 ခြေ ဘဝါး မှသည် ဦးခေါင်း တိုင်အောင် ကျန်းမာ ခြင်းမရှိ။ စုတ်ရှ သောအနာ ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသော အနာ သက်သက်ရှိ၏။ ထိုအနာများကို မနှိပ် မ နယ်ရ။ အဝတ်နှင့်မ စည်း ရ။ ဘယောင်းဆီ နှင့် မ ပြော့ စေရသေး။
ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာ ခြင်းမရှိ။ စုတ်ရှသောအနာ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသော အနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ် မနယ်ရ။ အဝတ်နှင့်မစည်းရ။ ဘယောင်းဆီးနှင့် မပြော့ စေရသေး။
7 သင် တို့ပြည် သည် လူဆိတ်ညံ လျက်ရှိ၏။ သင် တို့မြို့ များကို မီးလောင် ပြီ။ သင် တို့မြေ ကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင် တို့မျက်မှောက် ၌ စား ကြ၏။ ရန်သူ ဖျက် ပြီးသကဲ့သို့ ၊ လူဆိတ်ညံ လျက်ရှိ၏။
သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏။ သင်တို့ မြို့များကို မီလောင်ပြီ။ သင်တို့မြေကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင်တို့မျက်မှောက်၌စားကြ၏။ ရန်သူဖျက်ပြီးသကဲ့သို့၊ လူဆိတ်ညံလျက်ရှိ၏။
8 ဇိအုန် သတို့သမီး သည်လည်း ၊ စပျစ် ဥယျာဉ်၌ တဲ ကဲ့သို့ ၎င်း၊ သခွါး တောင်ယာ၌ လင့်စင် ကဲ့သို့ ၎င်း၊ ရန်သူဝိုင်း သောမြို့ ကဲ့သို့ ၎င်း ကျန်ရစ် လေ၏။
ဇိအုန်သတို့သမီးသည်လည်း၊ စပျစ်ဥယျာဉ်ထဲ ၌ တဲကဲ့သို့၎င်း၊ သခွါးတောင်ယာ၌ လင့်စင်ကဲ့သို့၎င်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့၎င်း ကျန်ရစ်လေ၏။
9 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားသည် ငါ တို့ ၌ အနည်းငယ် မျှ ကြွင်း စေတော်မ မူလျှင်၊ ငါတို့သည် သောဒုံ မြို့ကဲ့သို့ ဖြစ် ၍ဂေါမောရ မြို့နှင့် တူ ကြပြီ။
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့ ၌အနည်းငယ်မျှ ကြွင်းစေတော်မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။
10 ၁၀ သောဒုံ မြို့ကို အစိုးရသောမင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ကြား ကြလော့။ ဂေါမောရ မြို့သား တို့၊ ငါ တို့ဘုရား သခင်၏ တရား တော်ကို နားထောင် ကြလော့။
၁၀သောဒုံမြို့ကို အစိုးရသောမင်းတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြလော့။ ဂေါမောရမြို့သားတို့၊ ငါတို့ဘုရားသခင်၏ တရား တော်ကို နားထောင်ကြလော့။
11 ၁၁ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ပူဇော်သော ယဇ် များကို ငါ သည်အဘယ်သို့ ဆိုင်သနည်း။ မီးရှို့၍ ပူဇော် သောသိုး ကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန် တို့၏ ဆီဥ နှင့် ငါဝ ပြီ။ နွား နှင့် သိုးသငယ် ၊ ဆိတ် တို့၏အသွေး ကို ငါမ နှစ်သက်။
၁၁ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ပူဇော်သော ယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ် တို့၏အသွေးကို ငါမနှစ်သက်။
12 ၁၂ သင်တို့သည် ငါ ရှေ့ မှာ မျက်နှာပြ ခြင်းငှါ လာ ကြ သောအခါ ၊ ငါ့ တန်တိုင်း တော်ကို ကျော်နင်း သောသင် တို့၌ ထိုသို့ သော ဝတ်ကို အဘယ်သူ တောင်း သနည်း။
၁၂သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြ သောအခါ၊ ငါ့တန်တိုင်းတော်ကို ကျော်နင်းသောသင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူတောင်းသနည်း။
13 ၁၃ အချည်းနှီး သော ပူဇော် သက္ကာကို နောက်တဖန် မ ဆောင် ခဲ့ကြနှင့်။ သင်တို့မီးရှို့သောနံ့သာ ပေါင်းကို ငါ ရွံရှာ ၏။ လဆန်း နေ့၊ ဥပုသ် နေ့၊ ပရိသတ်စည်းဝေး သောနေ့ ကိုလည်း ရွံရှာ၏။ အဓမ္မ အမှုနှင့်ရောနှောသော ဓမ္မစည်းဝေး ခြင်းတို့ကို သည်းမ ခံ နိုင်။
၁၃အချည်းနှီးသော ပူဇော်သက္ကကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊ သင်တို့မီးရှို့သောနံ့သာပေါင်းကို ငါရွံရှာ၏။ လေဆန်နေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေး သော နေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့်ရောနှော သော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။
14 ၁၄ ငါ့ ဝိညာဉ် သည် သင် တို့လဆန်း နေ့များနှင့် ၊ သင် တို့ပွဲ များကို မုန်း ၏။ ငါ့ ကို နှောက်ရှက် စရာဖြစ် ၏။ သည်းခံ ခြင်းအားဖြင့်ငါပင်ပန်း ၏။
၁၄ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့်၊ သင်တို့ပွဲများကို မုန်း၏။ ငါ့ကိုနှောက်ရှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။
15 ၁၅ သင် တို့သည်လက်ဝါး တို့ကို ဖြန့် ကြသောအခါ ၊ ငါသည်မျက်စိ ကိုလွှဲ မည်။ များ စွာသော ပဌနာ ကို ပြုကြသောအခါ ၊ ငါ သည်နား မ ထောင်။ သင် တို့လက် တို့ သည် အသွေး နှင့် ပြည့် ကြ၏။
၁၅သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်။ များစွာသော ပဌနာကို ပြုကြသောအခါ၊ ငါသည်နားမထောင်။ သင်တို့လက်တို့ သည် အသွေးနှင့် ပြည့်ကြ၏။
16 ၁၆ ကိုယ်ကိုကိုယ်ဆေးကြော ကြလော့။ ကိုယ်ကို ကိုယ်စင်ကြယ် စေကြလော့။ သင် တို့ဒုစရိုက် များကို ငါ့ မျက်မှောက် မှ ပယ်ရှား ကြလော့။ မကောင်း သောအကျင့် ကို ဖြတ် ကြလော့။
၁၆ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ ကိုယ်ကို ကိုယ်စင်ကြယ်စေကြလော့။ သင်တို့ ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသော အကျင့်ကို ဖြတ်ကြလော့။
17 ၁၇ ကောင်း သောအကျင့်ကို ကျင့်အံ့သောငှါသင် ကြလော့။ တရား သဖြင့် ပြုခြင်းငှါ ရှာကြံ ကြလော့။ ကောက်သောအရာကို ဖြောင့်စေကြလော့။ မိဘ မရှိသောသူတို့ အဘို့ တရား သဖြင့် စီရင်ကြလော့။ မုဆိုးမ တို့၏အမှုကို စောင့် ကြလော့။
၁၇ကောင်းသောအကျင့်ကို ကျင့်အံ့သောငှါ သင်ကြလော့။ တရားသဖြင့် ပြုခြင်းငှါ ကြံကြလော့။ ကောင်းသောအရာကို ဖြောင့်စေကြလော့။ မိဘမရှိသော သူတို့အဘို့ တရားသဖြင့် စီရင်ကြလော့။ မှုဆိုးမတို့၏အမှု ကို စောင့်ကြလော့။
18 ၁၈ ထာဝရဘုရား မိန့် တော်မူသည်ကား၊ လာ ကြ။ တရားစီရင် ကြကုန်အံ့။ သင် တို့အပြစ် သည် နီ သော အဆင်းရှိသော်လည်း ၊ မိုဃ်းပွင့် ကဲ့သို့ ဖြူ လိမ့်မည်။ ကတ္တီပါ နီနှင့်အမျှ နီ သော်လည်း ၊ သိုးမွေး ကဲ့သို့ ဖြစ် လိမ့်မည်။
၁၈ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ်မည်။ ကတ္တီ ပါနီနှင့်တမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
19 ၁၉ သင်တို့သည် ကြည်ညို နားထောင် လျှင် ၊ မြေ အသီးအနှံ ကို စားရ ကြလိမ့်မည်။
၁၉သင်တို့သည် ကြည်ညိုနားထောင်လျှင်၊ မြေအသီး အနှံကို စားရကြလိမ့်မည်။
20 ၂၀ သို့မဟုတ် ၊ ငြင်းဆန် ပုန်ကန် လျှင် ထား လက်နက်ဖြင့် ဆုံး ရကြလိမ့်မည်ဟု၊ ထာဝရဘုရား ၏ နှုတ် တော်ထွက်အမိန့် တော်ရှိ၏။
၂၀သို့မဟုတ်လျှင်၊ ငြင်းဆန်ပုန်ကန်လျှင် ထား လက်နက်ဖြင့် ဆုံးရလိမ့်မည်ဟု၊ ထာဝရဘုရား၏ နှုတ် တော်ထွက်အမိန့်တော်ရှိ၏။
21 ၂၁ သစ္စာ ရှိသောမြို့ သည် အဘယ်သို့ မျောက်မထား ပြန်သနည်း။ အထက်က ဖြောင့်မတ် စွာ စီရင်ခြင်းနှင့်ပြည့် ၏။ တရား သည် သူ ၏အထဲ မှာ နေရာ ကျ၏။ ယခု မူကား ၊ လူအသက်ကိုသတ် သောသူတို့သည် နေရာ ကျကြ၏။
၂၁သစ္စာရှိသောမြို့သည် အဘယ်သို့မျောက် မထားပြန်သနည်း။ အထက်က ဖြောင့်မတ်စွာ စီရင်ခြင်း နှင့်ပြည့်၏။ တရားသည် သူ၏အထဲမှာ နေရာကျ၏။ ယခုမူကား၊ လူအသက်ကို သတ်သောသူတို့သည် နေရာ ကျကြ၏။
22 ၂၂ သင် ၏ ငွေ သည်လည်းချော် ဖြစ် လေပြီ။ သင် ၏ စပျစ်ရည် သည် ရေ နှင့် ရော လျက်ရှိ၏။
၂၂သင်၏ ငွေသည်လည်းချော် ဖြစ်လေပြီ။ သင်၏ စပျစ်ရည်သည် ရေနှင့်ရောလျက်ရှိ၏။
23 ၂၃ သင် ၏မင်း တို့သည် ပုန်ကန် ကြပြီ။ သူခိုး လက်ခံ ဖြစ်ကြပြီ။ ထိုမင်းအပေါင်း တို့သည် လက်ဆောင် ကို အလို ရှိကြ၏။ တံစိုး ကိုစား ကြ၏။ မိဘ မရှိသောသူတို့ အဘို့ တရားမ စီရင် ကြ။ မုတ်ဆိုးမ အမှု ကို နား မ ထောင်ကြ။
၂၃သင်၏မင်းတို့သည် ပုန်ကန်ကြပြီ။ သူခိုး လက်ခံဖြစ်ကြပြီ။ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ၏။ တံစိုးကိုစားကြ၏။ မိဘမရှိသော သူတို့ အဘို့ တရားမစီရင်ကြ။ မုတ်ဆိုးမအမှုကို နားမထောင် ကြ။
24 ၂၄ ထိုကြောင့်၊ ဣသရေလ အမျိုး၌ တန်ခိုးကြီး သောဘုရား၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အဲ ၊ ငါ့ တဘက် ၌ နေသောသူတို့ ကို ပယ်ရှားပြီးမှငါချင်ရဲ ပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ ရန်သူ တို့ကို အပြစ်နှင့် အလျောက်စီရင် မည်။
၂၄ထိုကြောင့်၊ ဣသရေလ အမျိုး၌ တန်ခိုးကြီး သောဘုရား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ အဲ၊ ငါ့တဘက်၌ နေသော သူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်။
25 ၂၅ သင့် ကို လည်း ငါ ကိုင် ယူပြီးလျှင် ၊ ချော် နှင့် ရှင်းရှင်းကင်းစင် စေ၍ သင် ၏ကြေး ဖြူရှိသမျှ ကိုလည်း ပယ်ရှား မည်။
၂၅သင့်ကိုလည်း ငါကိုင်ယူပြီးလျှင်၊ ချော်နှင့်ရှင်း ရှင်း ကင်းစင်စေ၍ သင်၏ကြေးဖြူရှိသမျှကိုလည်း ပယ်ရှားမည်။
26 ၂၆ သင် ၏ တရားသူကြီး တို့နှင့် တိုင်ပင်မှူးမတ်တို့ကို ရှေ့ဦး စွာခန့်ထားသည် နည်းတူ ၊ တဖန်ငါခန့်ထား ဦးမည်။ ထို နောက်မှ၊ သင် ၏နာမကို တရား သောမြို့ ၊ သစ္စာ စောင့်သောမြို့ ဟု သမုတ် ကြလိမ့်မည်။
၂၆သင်၏ တရားသူကြီးတို့နှင့် တိုင်ပင်မှူးမတ် တို့ကို ရှေ့ဦးစွာခန့်ထားသည် နည်းတူ၊ တဖန်ငါခန့်ထား ဦးမည်။ ထိုနောက်မှ၊ သင်၏နာမကို တရားသောမြို့၊ သစ္စာစောင့်သောမြို့ဟု သမုတ်ကြလိမ့်မည်။
27 ၂၇ ဇိအုန် မြို့သည် တရား အားဖြင့် ၎င်း၊ မြို့သူမြို့ သားတို့သည် ဖြောင့်မတ် သောအားဖြင့် ၎င်း၊ ရွေးနှုတ် ခြင်း ကိုခံ ရကြလိမ့်မည်။
၂၇ဇိအုန်မြို့သည် တရားအားဖြင့်၎င်း၊ မြို့သူမြို့ သားတို့သည် ဖြောင့်မတ်သောအာဖြင့်၎င်း၊ ရွေးနှုတ်ခြင်း ကို ခံရကြလိမ့်မည်။
28 ၂၈ လွန်ကျူး သောသူနှင့် ပြစ်မှား သောသူတို့သည် ပျက်စီး ခြင်းသို့ အတူ ရောက်၍ ၊ ထာဝရဘုရား ကို စွန့် သောသူတို့ သည် ဆုံးရှုံး ကြလိမ့်မည်။
၂၈လွန်ကျူးသောသူနှင့် ပြစ်မှားသောသူတို့သည် ပျက်စီးခြင်းသို့ အတူရောက်၍၊ ထာဝရဘုရားကို စွန့်သော သူတို့သည် ဆုံးရှုံးကြလိမ့်မည်။
29 ၂၉ သင်တို့သည် တပ်မက် ဘူးသော သပိတ် ပင်တို့ ကြောင့် ရှက် ကြလိမ့်မည်။ သင်တို့သည် ရွေး ယူဘူးသော ဥယျာဉ် တို့ကြောင့် မျက်နှာပျက် ကြလိမ့်မည်။
၂၉သင်တို့သည် တပ်မက်ဘူးသော သပိတ်ပင်တို့ ကြောင့် ရှက်ကြလိမ့်မည်။ သင်တို့သည် ရွေးယူဘူးသော ဥယျာဉ်တို့ကြောင့် မျက်နှာပျက်ကြလိမ့်မည်။
30 ၃၀ အကြောင်း မူကား၊ အရွက် နွမ်း သော သပိတ် ပင် ကဲ့သို့ ၎င်း၊ ရေ မရှိ သော ဥယျာဉ် ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။
၃၀အကြောင်းမူကား၊ အရွက်နွမ်းသော သပိတ်ပင် ကဲ့သို့၎င်း၊ ရေမရှိသောဥယျာဉ်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
31 ၃၁ ခွန်အားကြီး သောသူသည် ပိုက်ဆန်လျှော်ဖြစ် လျက်၊ သူ ၏အမှု သည် မီးပွား ဖြစ်လျက်၊ ထို နှစ် ပါးသည် အတူ လောင် ကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မ သတ် ရ။
၃၁ခွန်အားကြီးသောသူသည် ပိုက်ဆန်လျှော်ဖြစ် လျက်၊ သူ၏အမှုသည် မီးပွားဖြစ်လျက်၊ ထိုနှစ်ပါးသည် အတူလောင်းကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မသတ်ရ။

< ဟေရှာယ 1 >