< ဟေရှာယ 15 >

1 မောဘ ပြည် နှင့် ဆိုင်သော ဗျာဒိတ် တော်ကား၊ လုပ်ကြံ သော ညဉ့် အခါ ၊ မောဘ ပြည်အာရ မြို့သည် ပျက်စီး ၏။ လုပ်ကြံ သော ညဉ့် အခါ ၊ မောဘပြည် ကိရ မြို့သည် ပျက်စီး ၏။
မောဘပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည်အာရမြို့သည် ပျက် စီး၏။ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည် ကိရမြို့သည် ပျက်စီး၏။
2 ပြည်သားတို့သည် ဗက်မြို့၊ ဒိဘုန် မြို့၌ မြင့် သောအရပ်သို့ တက် ၍ ငိုကြွေး ကြ၏။ မောဘ ပြည်သူတို့ သည် နေဗော မြို့၊ မေဒဘ မြို့ပေါ် မှာ ညဉ်းတွား မြည်တမ်းကြ၏။ သူ တို့ခေါင်း ပေါ် မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ် ကိုလည်း ရိတ် ပယ် ပြီ။
ပြည်သားတို့သည် ဗက်မြို့၊ဒိဘုန်မြို့၌ မြင့် သောအရပ်သို့ တက်၍ ငိုကြွေးကြ၏။ မောဘပြည်သူ တို့သည် နေဗောမြို့၊ မေဒဘမြို့ပေါ်မှာ ညဉ်းတွား မြည်တမ်းကြ၏။ သူတို့ခေါင်းပေါ်မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ်ကိုလည်း ရိတ်ပယ်ပြီ။
3 လမ်း ခရီးတို့တွင် လျှော်တေ အဝတ်ကို ဝတ် ကြ ၍၊ အိမ်မိုး ပေါ် ၌၎င်း၊ လမ်းမ ၌ ၎င်း ရှိသမျှ သောသူတို့ သည် ညည်းတွား မြည်တမ်း၍၊ အလွန် မျက်ရည် ကျ ကြ၏။
လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ ၍၊ အိမ်မိုးပေါ်၌၎င်း၊ လမ်းမ၌ ၎င်းရှိသမျှသော သူတို့သည် ညည်းတွားမြည်တမ်း၍၊ အလွန် မျက်ရည် ကျကြ၏။
4 ဟေရှဘုန် မြို့နှင့် ဧလာလေ မြို့တို့လည်း ငိုကြွေး ၍၊ ငိုသံ သည် ယာဟတ် မြို့တိုင်အောင် ကြား ရ၏။ မောဘ သူရဲ တို့သည်လည်း၊ တုန်လှုပ် သောစိတ် နှလုံးနှင့် ငိုကြွေး ကြ၏။
ဟေရှဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး ၍၊ ငိုသံသည် ယာဟတ်မြို့တိုင်အောင် ကြားရ၏။ မောဘ သူရဲတို့သည်လည်း၊ တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေး ကြ၏။
5 ငါ့ နှလုံး သည်လည်း၊ မောဘ အဘို့ ငိုကြွေး ၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသောနွားမ ကဲ့သို့ဇောရ မြို့တိုင်အောင် လည် ကြ၏။ လုဟိတ် တောင်ပေါ်သို့ မျက်ရည် ကျလျက် တက် ကြ၏။ ဟောရနိမ့် မြို့သို့ သွား သော လမ်း ၌ လည်း ဆုံးရှုံး ခြင်းအသံ ကို လွှင့် ကြ၏။
ငါ့နှလုံးသည်လည်း၊ မောဘအဘို့ ငိုကြွေး၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ၏။ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက် တက်ကြ၏။ ဟောရနိမ့်မြို့သို့ သွား သော လမ်း၌လည်း ဆုံးရှုံးခြင်းအသံကို လွှင့်ကြ၏။
6 အကြောင်း မူကား၊ နိမရိမ် ရေကန် တို့သည် ဆိတ်ညံ ၍၊ မြက်ပင် များ သွေ့ ခြောက်ခဲ့ပြီ။ ပျိုး ပင်များ လည်း သေ ခဲ့ပြီ။ စိမ်း သောအပင် တပင်မျှမ ရှိ။
အကြောင်းမူကား၊နိမရိမ် ရေကန်တို့သည် ဆိတ်ညံ၍၊ မြက်ပင်များ သွေ့ခြောက်ခဲ့ပြီ။ ပျိုးပင်များ လည်း သေခဲ့ပြီ။ စိမ်းသောအပင် တပင်မျှမရှိ။
7 ထို့ကြောင့် ၊ သူတို့သည် မိမိတို့ဆည်းဖူး သော ဥစ္စာ ၊ သိုထားသောဘဏ္ဍာ များကို မိုဃ်းမခ ပင် ချိုင့် သို့ ယူ သွားကြလိမ့်မည်။
ထို့ကြောင့်၊ သူတို့သည် မိမိတို့ဆည်းဖူးသော ဥစ္စာ၊ သိုထားသောဘဏ္ဍာများကို မိုဃ်းမခပင် ချိုင့်သို့ ယူသွားကြလိမ့်မည်။
8 ငိုကြွေး သောအသံသည် မောဘ ပြည် ကို နှံ့ပြား လေ၏။ ညဉ်းတွား မြည်တမ်း သော အသံသည် ဧဂလိမ် မြို့ တိုင်အောင် ၎င်း ၊ ဗေရဧလိမ် မြို့ တိုင်အောင်၎င်း ရောက်လေ၏။
ငိုကြွေးသောအသံသည် မောဘပြည်ကို နှံ့ပြား လေ၏။ ညဉ်းတွားမြည်တမ်းသော အသံသည် ဧဂလိမ် မြို့ တိုင်အောင်၎င်း၊ ဗေရဧလိမ်မြို့ တိုင်အောင်၎င်း ရောက်လေ၏။
9 အကြောင်း မူကား၊ မုဒိန် မြို့ရေ တို့သည် အသွေး နှင့်ပြည့် ကြ၏။ ဒိဇုန် မြို့အပေါ် မှာ အခြား သော ဘေးများ ကို၎င်း၊ လွတ်အောင်ပြေး သော မောဘ ပြည်သားနှင့် ကျန် ကြွင်းသော ပြည် သားအပေါ် မှာ ခြင်္သေ့ တို့ကို၎င်း ငါရောက် စေမည်။
အကြောင်းမူကား၊ မုဒိန်မြို့ရေတို့သည် အသွေး နှင့်ပြည့်ကြ၏။ ဒိဇုန်မြို့အပေါ်မှာ အခြားသော ဘေးများ ကိုင်း၊ လွတ်အောင်ပြေးသော မောဘပြည်သားနှင့် ကျန်ကြွင်းသော ပြည်သားအပေါ်မှာ ခြင်္သေ့တို့ကို၎င်း ငါရောက်စေမည်။

< ဟေရှာယ 15 >