< ဟေရှာယ 14 >

1 အကြောင်း မူကား၊ ထာဝရဘုရား သည် ယာကုပ် အမျိုးကို သနား ၍ ဣသရေလ အမျိုးကို တဖန် ရွေးကောက် သဖြင့် ၊ သူ တို့ကို နေရင်းပြည် ၌ နေရာ ချတော်မူလိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် သူ တို့နှင့် ပေါင်းဘော် ၍ ယာကုပ် အမျိုး ၌ ဆည်းကပ် ကြ လိမ့်မည်။
အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကို သနား၍ ဣသရေလအမျိုးကို တဖန်ရွေးကောက်သဖြင့်၊ သူတို့ကို နေရင်းပြည်၌နေရာ ချတော်မူလိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် သူတို့နှင့် ပေါင်းဘော်၍ ယာကုပ်အမျိုး၌ ဆည်းကပ်ကြ လိမ့်မည်။
2 တပါးအမျိုးသား တို့သည် သူ တို့ကို နေရင်း အရပ် သို့ ပို့ဆောင် ကြလိမ့်မည်။ ဣသရေလ အမျိုးသား တို့ သည် တပါးအမျိုးသား တို့ကို ထာဝရဘုရား ၏ ပြည် တော်တွင် ၊ ကျွန် နှင့် ကျွန်မ အရာ၌ ထား၍ စေစားကြ လိမ့်မည်။ အထက်က သိမ်း သွားဘူးသောသူတို့ ကို တဖန် သိမ်း ယူခဲ့ကြလိမ့်မည်။ ညှဉ်းဆဲ ဘူးသောသူတို့ ကိုလည်း အုပ်စိုး ကြလိမ့်မည်။
တပါးအမျိုးသားတို့သည် သူတို့ကို နေရင်း အ ရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့ သည် တပါးအမျိုးသားတို့ကို ထာဝရဘုရား၏ ပြည် တော်တွင်၊ကျွန်နှင့် ကျွန်မအရာ၌ ထား၍ စေစားကြလိမ့် မည်။ အထက်က သိမ်းသွားဘူးသော သူတို့ကို တဖန် သိမ်းယူခဲ့ကြလိမ့်မည်။ ညှဉ်းဆဲဘူးသော သူတို့ကိုလည်း အုပ်စိုးကြလိမ့်မည်။
3 ထိုအခါ ထာဝရဘုရား သည် သင့် ကို ငြိုငြင် ခြင်း၊ စိုးရိမ် ခြင်း၊ သူတပါး စေစား၍ ဆင်းရဲ စွာ အစေ ကျွန် ခံရခြင်းထဲက နှုတ်၍၊ ချမ်းသာ ပေးတော်မူလျှင်၊
ထိုအခါ ထာဝရဘုရားသည် သင့်ကို ငြိုငြင်ခြင်း၊ စိုးရိမ်ခြင်း၊ သူတပါး စေစား၍ ဆင်းရဲစွာ အစေ ကျွန် ခံရခြင်းထဲက နှုတ်၍၊ ချမ်းသာ ပေးတော် မူလျှင်၊
4 သင်သည် ဗာဗုလုန် ရှင်ဘုရင် ကို ရည်ဆောင်၍ ၊ ပုံ စကားကို ဤ သို့မြွက် ဆိုလိမ့်မည်။ အစိုး တရပြုသောသူသည် ဆုံး လေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေ ပြီတကား။
သင်သည် ဗာဗုလုန် ရှင်ဘုရင်ကို ရည်ဆောင်၍၊ ပုံစကားကို ဤသို့မြွက်ဆိုလိမ့်မည်။ အစိုးတရပြုသော သူသည် ဆုံးလေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေ ပြီကား။
5 လူ သတ္တဝါတို့ကို အမျက် ထွက်၍ ၊ အစဉ်မပြတ်ရိုက် ခြင်း၊ အတိုင်းတိုင်း အပြည်ပြည်တို့ကို မာန စိတ်နှင့် အုပ်စိုး၍၊ အစဉ် မပြတ်ညှဉ်းဆဲ ခြင်းကို ပြုသောအဓမ္မ လူတို့၏တောင်ဝေး ကို၎င်း၊
လူသတ္တဝါတို့ကို အမျက်ထွက်၍၊ အစဉ်မပြတ် ရိုက်ခြင်း၊အတိုင်းတိုင်း အပြည်ပြည်တို့ကို မာနစိတ်နှင့် အုပ်စိုး၍၊အစဉ်မပြတ် ညှဉ်းဆဲခြင်းကို ပြုသော အဓမ္မ လူတို့၏တောင်ဝေးကို၎င်း၊
6 ထိုသို့အစိုးရ သောသူတို့ ၏ ရာဇ လှံတံကို၎င်း၊ ထာဝရဘုရား ချိုး တော်မူပြီ။
ထိုသို့အစိုးရသော သူတို့၏ ရာဇလှံတံကို၎င်း၊ထာဝရဘုရား ချိုးတော်မူပြီ။
7 မြေ တပြင်လုံး သည် ငြိမ်ဝပ် ချမ်းသာ ခြင်းရှိ၏။ ရွှင်လန်းစွာ သီချင်း ဆိုသံနှင့် ကြွေးကြော် ကြ၏။
မြေတပြင်လုံးသည် ငြိမ်ဝပ်ချမ်းသာခြင်းရှိ၏။ ရွှင်လန်းစွာ သီချင်းဆိုသံနှင့် ကြွေးကြော်ကြ၏။
8 ထင်းရှုး ပင်နှင့် လေဗနုန် အာရဇ် ပင်တို့က၊ သင်တို့သည် လဲ ပြီးသည်နောက်၊ ငါ တို့ကို ခုတ်လှဲ သောသူသည်မ တက် မလာရဟု သင့် ကို ရည်ဆောင်၍ ဝမ်းမြောက် ကြ၏။
ထင်းရှုးပင်နှင့် လေဗနုန် အာရဇ်ပင်တို့က၊ သင်တို့သည် လဲပြီးသည်နောက်၊ ငါတို့ကို ခုတ်လှဲသော သူသည် မတက်မလာရဟု သင့်ကို ရည်ဆောင်၍ ဝမ်းမြောက်ကြ၏။
9 သင် သည် ရောက် လာသောအခါ၊ အောက် အရပ် မရဏာ နိုင်ငံသည် ကြိုဆို အံ့သောငှါ လှုပ် လေ၏။ သင်္ချိုင်း သားများနှင့် လောကီ မင်း များအပေါင်း တို့ကို သင့် အတွက် ကြောင့် နှိုးဆော် လေ၏။ အတိုင်းတိုင်း အပြည်ပြည်သော ရှင်ဘုရင် အပေါင်း တို့ကို ရာဇပလ္လင် တို့မှ ထ စေ၏။ (Sheol h7585)
သင်သည် ရောက်လာသောအခါ၊ အောက်အ ရပ် မရဏာနိုင်ငံသည် ကြိုဆိုအံ့သောငှါ လှုပ်လေ၏။ သင်္ချိုင်းသားများနှင့် လောကီမင်းများအပေါင်းတို့ကို သင့်အတွက်ကြောင့် နှိုးဆော်လေ၏။ အတိုင်းတိုင်း အပြည်ပြည်သော ရှင်ဘုရင် အပေါင်းတို့ကို ရာဇပလ္လင် တို့မှ ထစေ၏။ (Sheol h7585)
10 ၁၀ ထိုသူ အပေါင်း တို့က၊ သင် သည်လည်း ငါ တို့ကဲ့သို့ အားနည်း ပါသည်တကား။ ငါ နှင့် တူ ပါသည် တကား။
၁၀ထိုသူအပေါင်းတို့က၊ သင်သည်လည်း ငါတို့ကဲ့သို့ အားနည်းပါသည်တကား။ ငါနှင့် တူပါသည် တကား။
11 ၁၁ သင် ၏ ဘုန်း အသရေနှင့် သင် ၏ တုရိယာ မျိုး အသံ ဗလံတို့ကို မရဏ နိုင်ငံတွင် ရှုတ်ချ လေပြီတကား။ သင့် အောက် ၌ ပိုး ကောင်များကို ခင်း လျက် ၊ သင့် အပေါ်၌ တီ ကောင်များကို ခြုံ လျက်ရှိပါသည်တကားဟု သင့်ကို နှုတ်ဆက် ၍ ပြော ဆိုကြလိမ့်မည်။ (Sheol h7585)
၁၁သင်၏ ဘုန်းအသရေနှင့် သင်၏ တုရိယာမျိုး အသံဗလံတို့ကို မရဏနိုင်ငံတွင် ရှုတ်ချလေပြီတကား။ သင့်အောက်၌ ပိုးကောင်များကို ခင်းလျက်၊ သင့်အပေါ်၌ တီကောင်များကို ခြုံလျက်ရှိပါသည်တကားဟု သင့်ကို နှုတ်ဆက်၍ ပြောဆိုကြလိမ့်မည်။ (Sheol h7585)
12 ၁၂ အိုနံနက် သား ၊ မိုဃ်းသောက် ကြယ်၊ သင်သည် ကောင်းကင် က ကျ လေပြီတကား။ အပြည် ပြည်တို့ကို နှိပ်စက်သောသင်သည်၊ မြေ တိုင်အောင် ခုတ်လှဲ ခြင်းကို ခံရလေပြီတကား။
၁၂အိုနံနက်သား၊ မိုဃ်းသောက်ကြယ်၊ သင်သည် ကောင်းကင်က ကျလေပြီတကား။ အပြည်ပြည် တို့ကို နှိပ်စက်သောသင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား။
13 ၁၃ သင် ကလည်း ၊ ကောင်းကင် ပေါ် သို့ ငါ တက် မည်။ ဘုရား သခင်၏ ကြယ် တို့အပေါ် မှာ ငါ့ ပလ္လင် ကို ငါချီးမြှောက် မည်။ မြောက် မျက်နှာဘက်၊ ဗျာဒိတ်တော် တောင် ပေါ် မှာ ငါထိုင် မည်။
၁၃သင်ကလည်း၊ ကောင်းကင်ပေါ်သို့ငါ တက် မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော် တောင်ပေါ်မှာ ငါထိုင်မည်။
14 ၁၄ မိုဃ်းတိမ် ထိပ် ပေါ် သို့ ငါတက် မည်။ အမြင့်ဆုံး သောဘုရားကဲ့သို့ငါနေ မည်ဟုစိတ် အကြံရှိ လေပြီ။
၁၄မိုဃ်းတိမ်ထိပ်ပေါ်သို့ ငါတက်မည်။ အမြင့်ဆုံး သောဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံရှိ လေပြီ။
15 ၁၅ သို့ သော်လည်း၊ သင်သည်မရဏာ နိုင်ငံ၊ သင်္ချိုင်း တွင်း ထဲသို့ နှိမ့်ချ ခြင်းကို ခံရလေပြီ။ (Sheol h7585)
၁၅သို့သော်လည်း၊ သင်သည်မရဏနိုင်ငံ၊ သင်္ချိုင်း တွင်းထဲသို့ နှိမ့်ချခြင်းကို ခံရလေပြီ။ (Sheol h7585)
16 ၁၆ သင့် ကိုမြင် သောသူတို့သည် စေ့စေ့ကြည့်ရှု ၍ ဆင်ခြင် ပြီးလျှင်၊ မြေကြီး ကို တုန်လှုပ် စေ၍၊ တိုင်း နိုင်ငံများ ကို လှုပ် ချောက်သောသူကား ဤသူလော။
၁၆သင့်ကိုမြင်သောသူတို့သည် စေ့စေ့ကြည့်ရှု၍ ဆင်ခြင်ပြီးလျှင်၊ မြေကြီးကို တုန်လှုပ်စေ၍၊ တိုင်းနိုင်ငံများ ကို လှုပ်ချောက်သောသူကား ဤသူလော။
17 ၁၇ လောကီ နိုင်ငံကို တော ကဲ့သို့ ဖြစ်စေ၍၊ မြို့ များကို ဖျက်ဆီး သောသူ၊ အချုပ်ခံရသောသူတို့ကို မိမိနေရာသို့ တဖန်မ လွှတ် သောသူကား ဤသူလော။
၁၇လောကီနိုင်ငံကို တောကဲ့သို့ဖြစ်စေ၍၊ မြို့များကို ဖျက်ဆီးသောသူ၊ အချုပ်ခံရသောသူတို့ကို မိမိနေရာသို့ တဖန်မလွှတ်သောသူကား ဤသူလော။
18 ၁၈ အပြည်ပြည် သောရှင်ဘုရင် အပေါင်း တို့သည် အသီးအသီး မိမိ တို့စေတီ ၌ ဘုန်း အသရေနှင့် အိပ် ကြ၏။
၁၈အပြည်ပြည်သောရှင်ဘုရင်အပေါင်းတို့သည် အသီးအသီး မိမိတို့စေတီ၌ ဘုန်းအသရေနှင့် အိပ်ကြ၏။
19 ၁၉ သင့် ကိုမူကား ၊ ရွံရှာ ဘွယ်သော သစ်ခက် ကဲ့သို့ သင်္ချိုင်း ထဲ ကထုတ်ပစ် ရ၏။ ကွပ်မျက် သောသူ၊ ထား ဖြင့်ထိုး သောသူ၊ သင်္ချိုင်းတွင်း ၌ ကျောက်စု ထဲသို့ ချ သောသူများနှင့် ဖုံးအုပ် လျက်၊ ခြေဖြင့်ကျော်နင်း သောအသေကောင် ဖြစ်လေ၏။
၁၉သင့်ကိုမူကား၊ရွံရှာဘွယ်သော သစ်ခက်ကဲ့သို့ သင်္ချိုင်းထဲကထုတ်ပစ်ရ၏။ ကွပ်မျက်သောသူ၊ ထားဖြင့်ထိုးသောသူ၊ သင်္ချိုင်းတွင်း၌ ကျောက်စုထဲသို့ ချသောသူများနှင့် ဖုံးအုပ်လျက်၊ ခြေဖြင့်ကျော်နင်း သောအသေကောင်ဖြစ်လေ၏။
20 ၂၀ သူတပါးတို့နှင့်ရောနှော ၍ သင်္ဂြိုလ် ခြင်းကိုမ ခံရ။ အကြောင်း မူကား၊ မိမိ ပြည် ကို ဖျက်ဆီး ပြီ။ မိမိ အမျိုးသား ချင်းတို့ကိုသတ် လေပြီ။ အဓမ္မ ပြုသောသူတို့ ၏အနွယ် သည် ဂုဏ် အသရေအလျှင်းမ ရှိရဟု ပြောဆိုကြလိမ့်မည်။
၂၀သူတပါးတို့နှင့်ရောနှော၍ သင်္ဂြိုလ်ခြင်းကိုမခံရ။ အကြောင်းမူကား၊ မိမိပြည်ကို ဖျက်ဆီးပြီ။ မိမိအမျိုး သား ချင်းတို့ကို သတ်လေပြီ။ အဓမ္မပြုသော သူတို့၏အနွယ် သည် ဂုဏ်အသရေအလျှင်းမရှိရဟု ပြောဆိုကြလိမ့်မည်။
21 ၂၁ သူ ၏ သား မြေးတို့သည်မ ထ ၊ မြေကြီး ကိုမပိုင် ၊ မြေ တပြင်လုံးတွင် ရန်သူများကို မနှိုးဆော်နိုင် မည် အကြောင်း၊ သူ တို့အဘို့ ဘိုးဘေး တို့၏ အပြစ် ကြောင့် ကွပ်မျက် ခြင်းကို ပြင် ကြလော့။
၂၁သူ၏ သားမြေးတို့သည်မထ၊ မြေကြီးကိုမပိုင်၊ မြေတပြင်လုံးတွင် ရန်သူများကို မနှိုးဆော်နိုင် မည်အ ကြောင်း၊ သူတို့အဘို့ ဘိုးဘေးတို့၏ အပြစ်ကြောင့်ကွပ် မျက်ခြင်းကို ပြင်ကြလော့။
22 ၂၂ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည်သူ တို့တဘက် ၌ ထ ၍ ဗာဗုလုန် မြို့၏နာမ နှင့် အကြွင်း အကျန်ကို၎င်း ၊ သား မြေးတို့ကို၎င်းပယ် ဖြတ်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၂၂ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ငါသည်သူတို့တဘက်၌ ထ၍ ဗာဗုလုန် မြို့၏နာမနှင့် အကြွင်းအကျန်ကို၎င်း၊ သားမြေးတို့ကို၎င်း ပယ်ဖြတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
23 ၂၃ တဖန်လည်း၊ ငါသည် ထိုမြို့ ကို ဖြူ ကောင်များနေရာ ၊ ရေ လွှမ်းမိုး ရာအရပ်ဖြစ် စေမည်။ ဖျက်ဆီး ခြင်း၏ တန်မြက်စည်း ဖြင့် လှည်း မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၂၃ငါသည် ထိုမြို့ကို ဖြူကောင်များနေရာ၊ ရေလွှမ်း မိုးရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်း၏ တန်မြက်စည်း ဖြင့်လှည်းမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ၏။
24 ၂၄ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ကျိန်ဆို ၍ မိန့် တော်မူသည်ကား၊
၂၄ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကျိန်ဆို၍ မိန့်တော်မူသည်ကား၊
25 ၂၅ ငါ ၏ မြေ ပေါ် မှာ အာရှုရိ မင်းကို ငါနှိပ်စက် မည်။ ငါ ၏ တောင် ရိုးပေါ် မှာ ခြေဖြင့် ကျော်နင်း မည်ဟု ငါကြံစည် သည် အတိုင်း ဖြစ် ၍၊ ငါစီရင် ချက်လည်း တည် ရ လိမ့်မည်။ ထိုအခါ သူ ၏ ထမ်းဘိုး ကို သူ တပါးအပေါ် က ရွှေ့ ၍၊ သူ တို့ပခုံး ပေါ် မှာ တင်သောဝန် ကိုချ ရသော အခွင့်ရှိ လိမ့်မည်။
၂၅ငါ၏မြေပေါ်မှာ အာရှုရိမင်းကို ငါနှိပ်စက်မည်။ ငါ၏ တောင်ရိုးပေါ်မှာ ခြေဖြင့် ကျော်နင်းမည်ဟု ငါကြံ စည်သည် အတိုင်းဖြစ်၍၊ ငါစီရင်ချက်လည်း တည်ရ လိမ့် မည်။ ထိုအခါ သူ၏ ထမ်းဘိုးကို သူတပါးအပေါ်က ရွှေ့ ၍၊သူတို့ပခုံးပေါ်မှာ တင်သောဝန်ကိုချရသော အခွင့်ရှိ လိမ့်မည်။
26 ၂၆ မြေ တပြင်လုံး တွင် ထိုသို့ကြံစည် တော်မူ၏။ ခပ်သိမ်း သော ပြည် တို့အပေါ် မှာ ထို သို့လက် တော်ကို ဆန့် လျက်ရှိ၏။
၂၆မြေတပြင်လုံးတွင် ထိုသို့ကြံစည်တော်မူ၏။ ခပ်သိမ်းသော ပြည်တို့အပေါ်မှာ ထိုသို့လက်တော်ကို ဆန့်လျက်ရှိ၏။
27 ၂၇ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အကြံ တော်ကို အဘယ်သူ ဖျက် လိမ့်မည်နည်း။ ဆန့် တော်မူ သောလက် တော်ကို အဘယ်သူ လှန် လိမ့်မည်နည်း။
၂၇ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အကြံတော်ကို အဘယ်သူဖျက်လိမ့်မည်နည်း။ ဆန့်တော် မူသောလက်တော်ကို အဘယ်သူလှန်လိမ့်မည်နည်း။
28 ၂၈ အာခတ် မင်းကြီး အနိစ္စ ရောက်သောနှစ် တွင် ခံရ သောဗျာဒိတ် တော် ဟူမူကား၊
၂၈အာခတ်မင်းကြီး အနိစ္စရောက်သောနှစ်တွင် ခံရသော ဗျာဒိတ်တော် ဟူမူကား၊
29 ၂၉ အိုဖိလိတ္တိ ပြည်လုံး ၊ သင့် ကိုရိုက် သောကြိမ်လုံး ကျိုး သည်ကို ထောက်၍၊ ဝမ်း မ မြောက်နှင့်။ ထိုမြွေအမျိုး ထဲကမြွေ ဆိုးပေါက်လိမ့်မည်။ သူ ၏အနွှယ် သည်လည်း ပျံ တတ် သော မီးမြွေ ဖြစ်လိမ့်မည်။
၂၉အိုဖိလိတ္တိပြည်လုံး၊ သင့်ကိုရိုက်သောကြိမ်လုံးကျိုး သည်ကိုထောက်၍၊ဝမ်းမမြောက်နှင့်။ ထိုမြွေအမျိုးထဲက မြွေဆိုးပေါက်လိမ့်မည်။ သူ၏အနွှယ်သည်လည်း ပျံတတ် သော မီးမြွေဖြစ်လိမ့်မည်။
30 ၃၀ အတိုင်းထက်အလွန် ဆင်းရဲ သောသူတို့သည် စား ရကြလိမ့်မည်။ ဆင်းရဲ ငြိုငြင်သောသူတို့သည် ဘေး လွတ်လျက် အိပ် ရကြလိမ့်မည်။ ငါသည်သင် ၏အမြစ် ကို သွေ့ ခြောက်ခြင်းအားဖြင့် သတ် ၍ ၊ သင် ၏ အကြွင်း ကိုလည်း မြွေဆိုးသည်ကွပ်မျက် လိမ့်မည်။
၃၀အတိုင်းထက်အလွန် ဆင်းရဲသောသူတို့သည် စားရကြလိမ့်မည်။ ဆင်းရဲ ငြိုငြင်သောသူတို့သည် ဘေး လွတ်လျက် အိပ်ရကြလိမ့်မည်။ ငါသည်သင်၏အမြစ်ကို သွေ့ခြောက်ခြင်းအားဖြင့် သတ်၍၊သင်၏ အကြွင်းကို လည်း မြွေဆိုးသည်ကွပ်မျက်လိမ့်မည်။
31 ၃၁ အိုတံခါး ၊ ညည်းတွား လော့။ အိုမြို့ ၊ ငိုကြွေး မြည်တမ်း လော့။ အိုဖိလိတ္တိ ပြည်လုံး ၊ သင်သည်မှိုင်တွေ လျက်ရှိ ၏။ မြောက် မျက်နှာမှ မီးခိုး ထွက် လာ၏။ ထိုအလုံးအရင်း ၌ တယောက် တခြားစီနေသောသူမ ရှိ။
၃၁အိုတံခါး၊ညည်းတွားလော့။ အိုမြို့၊ ငိုကြွေးမြည် တမ်းလော့။ အိုဖိလိတ္တိပြည်လုံး၊ သင်သည်မှိုင် တွေလျက်ရှိ ၏။ မြောက်မျက်နှာမှ မီးခိုးထွက်လာ၏။ ထိုအလုံးအရင်း ၌ တယောက်တခြားစီနေသော သူမရှိ။
32 ၃၂ တပြည် တနိုင်ငံမှ ရောက်လာသောသံတမန် တို့ အား အဘယ်သို့ ပြန်ပြော ရမည်နည်းဟူမူကား ၊ ထာဝရဘုရား သည် ဇိအုန် မြို့ကို တည်ထောင် တော်မူသည် ဖြစ်၍ ၊ ကိုယ်တော် ၏ ဆင်းရဲသား တို့သည် ထိုမြို့ ၌ ကိုးစား ကြ၏။
၃၂တပြည်တနိုင်မှ ရောက်လာသော သံတမန်တို့ အား အဘယ်သို့ ပြန်ပြောရမည်နည်း ဟူမူကား၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်တော်မူ သည်ဖြစ်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့သည် ထိုမြို့၌ ကိုးစားကြ၏။

< ဟေရှာယ 14 >