< ဟေရှာယ 16 >

1 မြေ ရှင် ထံသို့သိုးသငယ် ကိုပေး လိုက်ကြလော့။ သေလ မြို့မှ တော တရှောက်လုံး၊ ဇိအုန် သတို့သမီး ၏ တောင် သို့ ပေးလိုက်ကြလော့။
မြေရှင်ထံသို့ သိုးသငယ်ကို ပေးလိုက်ကြလော့။သေလမြို့မှတောတရှောက်လုံး၊ ဇိအုန်သတို့သမီး၏ တောင်သို့ပေးလိုက်ကြလော့။
2 မိမိအသိုက် ကို စွန့်ပစ် ၍ လည် ရသောငှက် ကဲ့သို့ ၊ မောဘ သမီး တို့သည် အာနုန် မြစ်ကူး ရာကမ်းနားမှာ ရှိ ကြလိမ့်မည်။
မိမိအသိုက်ကို စွန့်ပစ်၍ လည်ရသောငှက်ကဲ့သို့၊ မောဘသမီးတို့သည် အာနုန်မြစ်ကူးရာကမ်းနားမှာ ရှိကြလိမ့်မည်။
3 အကြံ ပေး လော့။ တရား သဖြင့် စီရင် လော့။ မွန်းတည့် အလင်းထဲ ၌ ညဉ့် ကဲ့သို့ သင် ၏အရိပ် ကို ဖြစ် စေလော့။ နှင်ထုတ် သောသူတို့ကို ဝှက် ထားလော့။ ပြေး သောသူတို့ ကို မ ပြ နှင့်။
အကြံပေးလော့။ တရားသဖြင့် စီရင်လော့။ မွန်းတည့်အလင်းထဲ၌ ညဉ့်ကဲ့သို့ သင်၏အရိပ်ကို ဖြစ်စေ လော့။ နှင်ထုတ်သောသူတို့ကို ဝှက်ထားလော့။ ပြေးသော သူတို့ကို မပြနှင့်။
4 မောဘ ပြည်မှ နှင်ထုတ် သောသူတို့ သည် သင် နှင့်အတူ နေ ကြစေလော့။ ဖျက်ဆီး သောသူ၏ လက်မှ လွတ် စေခြင်းငှါ သူ တို့ကိုစောင့်မလော့။ သင့်ကို ညှဉ်းဆဲ သောသူမရှိ။ ဖျက်ဆီး သောသူ ပြတ် လေ၏။ နှိပ် နင်းသောသူတို့ ကို မြေ ပေါ်က ပယ်ရှင်း လေပြီ။
မောဘပြည်မှ နှင်ထုတ်သော သူတို့သည် သင် နှင့်အတူနေကြစေလော့။ ဖျက်ဆီးသောသူ၏ လက်မှ လွတ်စေခြင်းငှါ သူတို့ကိုစောင့်မလော့။ သင်ကို ညှဉ်းဆဲ သောသူမရှိ။ ဖျက်ဆီးသောသူ ပြတ်လေ၏။ နှိပ်နင်းသော သူတို့ကို မြေပေါ်ကပယ်ရှားလေပြီ။
5 ရာဇ ပလ္လင်သည်လည်း ၊ ကရုဏာ ၌ တည် လိမ့်မည်။ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူ သောသူသည် ဖြောင့်မတ် စွာ စစ်ကြော ၍ ၊ တရား မှုကို အလျင် အမြန်ဆုံးဖြတ်တော်မူလျက်၊ ဒါဝိဒ် မင်း၏ တဲ တော်၌ တရား စီရင်တော်မူလိမ့်မည်။
ရာဇပလ္လင်သည်လည်း၊ ကရုဏာ၌တည်လိမ့် မည်။ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော် မူသောသူသည် ဖြောင့်မတ်စွာ စစ်ကြော၍၊ တရားမှုကို အလျင်အမြန် ဆုံးဖြတ်တော်မူလျက်၊ ဒါဝိဒ်မင်း၏ တဲတော်၌ တရားစီရင်တော်မူလိမ့်မည်။
6 မောဘ ၏ မာန ကို ငါတို့သည်ကြား သိကြ၏။ အလွန်ကြီး သော မာန ဖြစ်၏။ ထောင်လွှား စော်ကား ခြင်း၊ ဒေါသ အမျက်ထွက်ခြင်းရှိ၍၊ အချည်းနှီးသက်သက်ဝါကြွား သော စကားကိုပြောတတ်၏။
မောဘ၏ မာနကို ငါတို့သည်ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ ထောင်လွှားစော်ကားခြင်း၊ ဒေါသအမျက်ထွက်ခြင်းရှိ၍၊ အချည်းနှီးသက်သက်ဝါ ကြွားသော စကားကိုပြောတတ်၏။
7 ထို့ကြောင့်၊ မောဘ သည် မိမိအတွက် ညည်းတွား မြည်တမ်းရလိမ့်မည်။ ပြည်သားရှိသမျှ တို့သည် ညည်းတွား မြည်တမ်းကြလိမ့်မည်။ ကိရဟရက် မြို့ပျက် သည်အတွက် သင်တို့သည်ညည်းတွား ကြလိမ့်မည်။ ထိုမြို့သည် ဒဏ်ခတ်ခြင်းကို အလွန်ခံရ၏။
ထို့ကြောင့်၊ မောဘသည် မိမိအတွက်ညည်းတွား မြည်တမ်းရလိမ့်မည်။ ပြည်သားရှိသမျှတို့သည် ညည်း တွားမြည်တမ်းကြလိမ့်မည်။ ကိရဟရက်မြို့ပျက်သည်အ တွက် သင်တို့သည်ညည်းတွားကြလိမ့်မည်။ ထိုမြို့သည် ဒဏ်ခတ်ခြင်းကို အလွန်ခံရ၏။
8 ဟေရှဘုန် လယ်ပြင် တို့သည် သွေ့ခြောက် ကြ ၏။ စိဗမာ စပျစ် နွယ်ပင် အညွန့်များကိုလည်း တပါး အမျိုးသား မင်း တို့သည် ချိုး ကြပြီ။ ထိုအညွန့် တို့သည် အထက်က ယာဇာ မြို့တိုင်အောင် ရောက် ၍၊ တော ၌လည် တတ်ကြ၏။ အလက် တို့သည် ရှည်လျား ၍၊ ပင်လယ် ကိုလွန် ကြ၏။
ဟေရှဘုန် လယ်ပြင်တို့သည် သွေ့ခြောက်ကြ ၏။ စိဗမာစပျစ်နွယ်ပင် အညွန့်များကိုလည်း တပါး အမျိုးသားမင်းတို့သည် ချိုးကြပြီ။ ထိုအညွန့်တို့သည် အထက်က ယာဇာမြို့တိုင်အောင် ရောက်၍၊တော၌လည် တတ်ကြ၏။ အလက်တို့သည် ရှည်လျား၍၊ ပင်လယ် ကိုလွန်ကြ၏။
9 ထို့ကြောင့် ၊ ယာဇာ မြို့အတွက်မျက်ရည် ကျသကဲ့သို့ ၊ စိဗမာ စပျစ် နွယ်ပင်အတွက် ငါသည်မျက်ရည် ကျမည်။ အိုဟေရှဘုန် မြို့နှင့် ဧလာလေ မြို့၊ ငါ သည် မျက်ရည် ကျလျက် သင့် ကိုရေလောင်း မည်။ အကြောင်း မူကား၊ သင် ၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။
ထို့ကြောင့်၊ ယာဇာမြို့အတွက်မျက်ရည်ကျသ ကဲ့သို့၊ စိဗမာစပျစ်နွယ်ပင်အတွက် ငါသည်မျက်ရည် ကျမည်။ အိုဟေရှဘုန်မြို့နှင့် ဧလာလေမြို့၊ ငါသည် မျက်ရည်ကျလျက် သင့်ကိုရေလောင်းမည်။ အကြောင်းမူကား၊ သင်၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။
10 ၁၀ ဝပြော သောလယ်ပြင်ထဲမှာ ဝမ်းမြောက် ရွှင်လန်း ခြင်း ပြတ် လေပြီ။ စပျစ် ဥယျာဉ်၌ သီချင်း မ ဆိုရကြ။ မ ကြွေးကြော် ရကြ။ စပျစ်သီး နယ်ရာကျင်း၌ စပျစ်သီးကိုနင်း သောသူလည်း မ နင်း ရ။ ကြွေးကြော် သော အသံ ကိုလည်းငါ ပြတ် စေပြီ။
၁၀ဝပြောသောလယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင် လန်းခြင်း ပြတ်လေပြီ။ စပျစ်ဥယျာဉ်၌ သီချင်းမဆိုရကြ။ မကြွေးကြော်ရကြ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီး ကိုနင်းသောသူလည်း မနင်းရ။ ကြွေးကြော်သော အသံ ကိုလည်းငါ ပြတ်စေပြီ။
11 ၁၁ ထို့ကြောင့် ၊ ငါ့ ဝမ်း သည် မောဘ ပြည်အတွက် ၊ ငါ့ အအူ သည် ကိရဟရက် မြို့အတွက် ၊ စောင်း ကဲ့သို့ မြည် ရ လိမ့်မည်။
၁၁ထို့ကြောင့်၊ ငါ့ဝမ်းသည် မောဘပြည်အတွက်၊ ငါ့အအူသည် ကိရဟရက်မြို့အတွက်၊ စောင်းကဲ့သို့ မြည်ရ လိမ့်မည်။
12 ၁၂ ထိုအခါ မောဘ သည် မိမိမြင့် သောအရပ်၌ မိမိကို ပင်ပန်း စေခြင်း၊ ပဌနာ ပြုအံ့သောငှါ မိမိ သန့်ရှင်း ရာ ဌာနသို့ ဝင် ခြင်းအရာသည် ထင်ရှား သော်လည်း ၊ အကြံ မ မြောက်နိုင်ရာ။
၁၂ထိုအခါ မောဘသည် မိမိမြင့်သောအရပ်၌ မိမိကို ပင်ပန်းစေခြင်း၊ ပဌနာပြုအံ့သောငှါ မိမိသန့်ရှင်း ရာ ဌာနသို့ ဝင်ခြင်းအရာသည် ထင်ရှားသော်လည်း၊ အကြံမမြောက်နိုင်ရာ။
13 ၁၃ ထိုသို့ ထာဝရဘုရား သည် မောဘ ၏ အကြောင်း စကား ကို အထက်က မိန့် တော်မူ၏။
၁၃ထိုသို့ ထာဝရဘုရားသည် မောဘ၏ အ ကြောင်းစကားကို အထက်က မိန့်တော်မူ၏။
14 ၁၄ ယခုတဖန် မိန့် တော်မူသည်ကား၊ အခစား သောသူရေတွက် သည်အတိုင်း၊ သုံး နှစ် လွန်မှ၊ မောဘ ပြည်၏ ဘုန်း အသရေသည် မိမိအလုံး အရင်းနှင့်တကွ ရှုတ်ချ ခြင်းသို့ ရောက်ရမည်။ ကျန် ကြွင်းသောသူတို့သည် အလွန်နည်း ၍၊ ခွန်အား ကုန်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၁၄ယခုတဖန် မိန့်တော်မူသည်ကား၊ အခစား သောသူရေတွက်သည်အတိုင်း၊ သုံးနှစ်လွန်မှ၊ မောဘ ပြည်၏ ဘုန်းအသရေသည် မိမိအလုံးအရင်းနှင့်တကွ ရှုတ်ချခြင်းသို့ ရောက်ရမည်။ ကျန်ကြွင်းသောသူတို့သည် အလွန်နည်း၍၊ ခွန်အားကုန်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< ဟေရှာယ 16 >