< တရားဟောရာ 2 >

1 တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် အတိုင်း ၊ ငါတို့သည် လှည့် ၍ ၊ ဧဒုံ ပင်လယ် လမ်း ဖြင့် တော သို့ ခရီး သွားလျက် ၊ စိရ တောင် ကို ကြာမြင့် စွာ လှည့်လည် ကြ၏။
တဖန် ထာဝရဘုရားသည် ငါ့အား မိန့်တော်မူ သည်အတိုင်း၊ ငါတို့သည် လှည့်၍၊ ဧဒုံပင်လယ်လမ်းဖြင့် တောသို့ ခရီးသွားလျက်၊ စိရတောင်ကို ကြာမြင့်စွာ လှည့်လည်ကြ၏။
2 ထာဝရဘုရား ကလည်း ၊ သင်တို့သည် ကာလ အချိန်စေ့အောင် ဤ တောင် ကို လှည့်လည် ကြပြီ။ တဖန် မြောက် မျက်နှာသို့သွား ကြဦးလော့။
ထာဝရဘုရားကလည်း၊ သင်တို့သည် ကာလ အချိန်စေ့အောင် ဤတောင်ကို လှည့်လည်ကြပြီ။
3 သင်တို့သည် ကာလအချိန်စေ့အောင် ဤတောင်ကိုလှည့်လည်ကြပြီ။ တဖန် မြောက်မျက်နှာသို့ သွားကြဦးလော့။
တဖန် မြောက်မျက်နှာသို့ သွားကြဦးလော့။
4 သင် သည် လူ များတို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့၏ညီအစ်ကို ဧသော အမျိုးသား တို့ နေ သောစိရ ပြည်အနား မှာ သင် တို့ရှောက်သွား သောအခါ ၊ သူတို့ သည် ကြောက် ကြလိမ့်မည်။ ထို့ကြောင့် သတိ ပြုကြ လော့။
သင်သည် လူများတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ညီအစ်ကို ဧသောအမျိုးသားတို့ နေသော စိရပြည်အနားမှာ သင်တို့ရှောက်သွားသောအခါ၊ သူတို့ သည် ကြောက်ကြလိမ့်မည်။ ထို့ကြောင့် သတိပြုကြ လော့။
5 သူ တို့ကို အလျှင်းမ ပြု ကြနှင့်။ သူ တို့ပြည် ကို သင် တို့အား ငါမ ပေး။ ခြေ နင်း ရာခန့်ကိုမျှ မပေး။ စိရ တောင် ကို ဧသော အား ငါ အပိုင် ပေး ပြီ။
သူတို့ကို အလျှင်းမပြုကြနှင့်။ သူတို့ပြည်ကို သင်တို့အား ငါမပေး။ ခြေနင်းရာခန့်ကိုမျှ မပေး။ စိရတောင်ကို ဧသောအားငါ အပိုင်ပေးပြီ။
6 သင်တို့သည် စား ဘို့ရာအစာ ကို၎င်း ၊ သောက် ဘို့ရာ ရေ ကို၎င်း သူ တို့ထံ ငွေ နှင့် ဝယ် ရကြမည်။
သင်တို့သည် စားဘို့ရာအစာကို၎င်း၊ သောက်ဘို့ ရာရေကို၎င်း သူတို့ထံ ငွေနှင့်ဝယ်ရကြမည်။
7 သင် တို့ပြု လေရာရာ၌ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ကောင်းကြီး ပေးတော်မူပြီ။ ဤ တော ကြီး ၌ သင် တို့လှည့်လည် သော အကြောင်း အရာတို့ကို သိ တော်မူ၏။ အနှစ် လေးဆယ် ပတ်လုံးသင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ ဘာမျှ မ လို ဟု ဆင့်ဆိုရ၏။
သင်တို့ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကောင်းကြီးပေးတော်မူပြီ။ ဤတော ကြီး၌ သင်တို့လှည့်လည်သော အကြောင်းအရာတို့ကို သိတော်မူ၏။ အနှစ်လေးဆယ်ပတ်လုံး သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ ဘာမျှမလိုဟု ဆင့်ဆို ရ၏။
8 စိရ ပြည်မှာ နေ သောငါ တို့ညီအစ်ကို ဧသော အမျိုးသား တို့အနား ၌ ရှောက် လျက် ဧလပ် မြို့၊ ဧဇယုန်ဂါဗါ မြို့မှ သွားသော လွင်ပြင် လမ်းသို့ လိုက် ပြီးလျှင် ၊ တဖန် လှည့် ၍ မောဘ တော လမ်း ဖြင့် သွား ကြ၏။
စိရပြည်မှာနေသော ငါတို့ညီအစ်ကို ဧသော အမျိုးသားတို့အနား၌ ရှောက်လျက် ဧလပ်မြို့၊ ဧဇယုန် ဂါဗါမြို့မှသွားသော လွင်ပြင်လမ်းသို့ လိုက်ပြီးလျှင်၊ တဖန် လှည့်၍ မောဘတောလမ်းဖြင့် သွားကြ၏။
9 ထာဝရဘုရား ကလည်း ၊ မောဘ ပြည်သားတို့ကို မ နှောင့်ရှက် နှင့်။ စစ် မ တိုက်နှင့်။ သူ တို့ပြည် ကို သင့် အား ငါအပိုင် မ ပေး။ အာရ ပြည်ကို လောတ အမျိုးသား တို့အား ငါအပိုင် ပေး ပြီဟု ငါ့ အား မိန့် တော်မူ၏။
ထာဝရဘုရားကလည်း၊ မောဘပြည်သားတို့ကို မနှောင့်ရှက်နှင့်။ စစ်မတိုက်နှင့်။ သူတို့ပြည်ကို သင့်အား ငါအပိုင်မပေး။ အာရပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ၏။
10 ၁၀ ရှေး ကာလ၌ အာနက အမျိုးသားကဲ့သို့ ကြီး မြင့် များပြား သောလူ ၊ ဧမိမ် အမျိုးသားတို့သည် ထိုပြည် မှာ နေ ကြ၏။
၁၀ရှေးကာလ၌ အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသောလူ၊ ဧမိမ်အမျိုးသားတို့သည် ထိုပြည်မှာ နေကြ၏။
11 ၁၁ ထိုသူ တို့သည် အာနက အမျိုးသားကဲ့သို့ အလွန် ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများ ထင်မှတ် ကြ၏။ သို့ရာတွင် မောဘ ပြည်သားတို့သည် ထိုသူ တို့ကို ဧမိမ် ဟူ၍ခေါ် ကြ၏။
၁၁ထိုသူတို့သည် အာနကအမျိုးသားကဲ့သို့ အလွန် ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများ ထင်မှတ် ကြ၏။ သို့ရာတွင် မောဘပြည်သားတို့သည် ထိုသူတို့ကို ဧမိမ်ဟူ၍ ခေါ်ကြ၏။
12 ၁၂ ရှေး ကာလ၌ ဟောရိ လူတို့သည်လည်း စိရ ပြည် မှာ နေ ကြ၏။ ထိုသူ တို့ကို ဧသော အမျိုးသား တို့သည် သုတ်သင် ပယ်ရှင်း၍ သူ တို့နေရာ ၌ နေ ကြ၏။ ထိုအတူ ထာဝရဘုရား အပိုင် ပေး တော်မူသော ပြည် ကို ဣသရေလ အမျိုးသားတို့သည် ပြု ရကြသတည်း။
၁၂ရှေးကာလ၌ ဟောရိလူတို့သည်လည်း စိရပြည် မှာနေကြ၏။ ထိုသူတို့ကို ဧသောအမျိုးသားတို့သည် သုတ်သင်ပယ်ရှင်း၍ သူတို့နေရာ၌ နေကြ၏။ ထိုအတူ ထာဝရဘုရား အပိုင်ပေးတော်မူသော ပြည်ကို ဣသရေလအမျိုးသားတို့သည် ပြုရကြသတည်း။
13 ၁၃ ယခု ထ ၍ ဇေရက် ချောင်း ကို ကူး ကြလော့ဟု မိန့်တော်မူသည်အတိုင်း ၊ သင်တို့သည် ဇေရက် ချောင်း ကို ကူး ကြ၏။
၁၃ယခုထ၍ ဇေရက်ချောင်းကို ကူးကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သင်တို့သည် ဇေရက်ချောင်းကို ကူးကြ၏။
14 ၁၄ ကာဒေရှဗာနာ အရပ်သို့ အရင်ရောက်သော ကာလမှစ၍ဇေရက် ချောင်း ကို ကူး သောကာလ တိုင်အောင် နှစ် ပေါင်းသုံး ဆယ်ရှစ် နှစ် လွန် သတည်း။ ထာဝရဘုရား ကျိန်ဆို တော်မူသည်အတိုင်း ၊ အရင်စစ်သူရဲ မျိုး အပေါင်းတို့သည် လူ အလုံး အရင်းထဲက သေကြေ ကွယ်ပျောက်ရကြ၏။
၁၄ကာဒေရှဗာနာအရပ်သို့ အရင်ရောက်သော ကာလမှစ၍ ဇေရက်ချောင်းကို ကူးသောကာလ တိုင်အောင် နှစ်ပေါင်းသုံးဆယ်ရှစ်နှစ် လွန်သတည်း။ ထာဝရဘုရား ကျိန်ဆိုတော်မူသည်အတိုင်း။ အရင်စစ် သူရဲမျိုးအပေါင်းတို့သည် လူအလုံးအရင်းထဲက သေကြေ ကွယ်ပျောက်ရကြ၏။
15 ၁၅ ထိုသူ တို့ မကွယ် မပျောက်မှီတိုင်အောင်၊ ထာဝရဘုရား သည် သူ တို့ကို အလုံး အရင်းထဲက ပယ်ရှား ခြင်းငှါ လက် တော်ကို ဆန့်တော်မူ၏။
၁၅ထိုသူတို့ မကွယ်မပျောက်မှီတိုင်အောင်၊ ထာဝရ ဘုရားသည် သူတို့ကို အလုံးအရင်းထဲက ပယ်ရှားခြင်းငှါ လက်တော်ကို ဆန့်တော်မူ၏။
16 ၁၆ စစ်သူရဲ အပေါင်း တို့သည် လူစု ထဲက သေ ကြေကွယ်ပျောက် ပြီးမှ၊
၁၆စစ်သူရဲအပေါင်းတို့သည် လူစုထဲက သေကြေ ကွယ်ပျောက်ပြီးမှ၊
17 ၁၇
၁၇ထာဝရဘုရားက၊ သင်သည် မောဘပြည်၊ အာရနယ်အလယ်၌ ယနေ့ ရှောက်သွားရမည်။
18 ၁၈ ထာဝရဘုရား က၊ သင် သည် မောဘ ပြည် ၊ အာရ နယ်အလယ်၌ ယနေ့ ရှောက် သွားရမည်။
၁၈အမ္မုန်အမျိုးသားတို့ အနီးသို့ရောက်သောအခါ သူတို့ကို မနှောင့်ရှက်နှင့်၊ အလျှင်းမပြုနှင့်။
19 ၁၉ အမ္မုန် အမျိုးသား တို့အနီးသို့ ရောက် သောအခါ သူ တို့ကိုမ နှောင့်ရှက် နှင့်၊ အလျှင်းမ ပြု နှင့်။ အမ္မုန် အမျိုးသား နေသောပြည် ကို သင့် အား ငါအပိုင် မ ပေး ၊ ထိုပြည် ကို လောတ အမျိုးသား တို့အား ငါအပိုင် ပေး ပြီဟု ငါ့ အား မိန့် တော်မူ၏။
၁၉အမ္မုန်အမျိုး သားနေသောပြည်ကို သင့်အား ငါအပိုင်မပေး၊ ထိုပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ၏။
20 ၂၀ ထိုပြည် ကိုလည်း ၊ အလွန် ကြီးမားသောသူတို့ ၏ နေရာဖြစ်သည်ဟု လူများထင်မှတ် ကြ၏။ ရှေး ကာလ၌ ထိုသို့သောလူတို့သည် နေကြ၏။ သူ တို့ကို အမ္မုန် ပြည်သားတို့သည် ဇံဇုမ္မိမ် ဟူ၍ခေါ် ကြ၏။
၂၀ထိုပြည်ကိုလည်း၊ အလွန်ကြီးမားသော သူတို့၏ နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ၏။ ရှေးကာလ၌ ထိုသို့သောလူတို့သည် နေကြ၏။ သူတို့ကို အမ္မုန်ပြည်သား တို့သည် ဇံဇုမ္မိမ်ဟူ၍ ခေါ်ကြ၏။
21 ၂၁
၂၁ထိုလူမျိုးသည် အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသော လူဖြစ်ကြ၏။
22 ၂၂ ထိုလူမျိုးသည် အာနက အမျိုးသားကဲ့သို့ ကြီး မြင့် များပြား သောလူ ဖြစ်ကြ၏။ သို့သော်လည်း စိရ ပြည်၌ နေ သောဧသော အမျိုးသား ရှေ့ မှာ ဟောရိ လူတို့ကို ထာဝရဘုရား ဖျက်ဆီး တော်မူသဖြင့်၊ သူ တို့နေရာ ၌ဧသောအမျိုးသားတို့သည် ယနေ့ တိုင်အောင် နေကြသကဲ့သို့ ၊ အမ္မုန် အမျိုးသားတို့ရှေ့ မှာ ဇံဇုမ္မိမ် လူတို့ကို သုတ်သင် ပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာ၌ အမ္မုန်အမျိုးသားတို့သည်နေ ကြ၏။
၂၂သို့သော်လည်း စိရပြည်၌ နေသော ဧသောအမျိုးသားရှေ့မှာ ဟောရိလူတို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာ၌ ဧသောအမျိုးသားတို့သည် ယနေ့တိုင်အောင် နေကြ သကဲ့သို့၊ အမ္မုန်အမျိုးသားတို့သည် နေကြ၏။
23 ၂၃ ထိုအတူ ၊ ဟာဇရိမ် မြို့မှစ၍ အဇ္ဇာ မြို့တိုင်အောင် နေ ဘူးသော အာဝိမ် လူတို့ကို၊ ကတ္တောရ မြို့မှ ထွက် သော ကတ္တောရိမ် လူတို့သည် ဖျက်ဆီး ၍ သူ တို့ နေရာ ၌ နေ ကြ၏။
၂၃ထိုအတူ၊ ဟာဇရိမ်မြို့မှစ၍ အဇ္ဇာမြို့တိုင် အောင် နေဘူးသော အာဝိမ်လူတို့ကို၊ ကတ္တောရမြို့မှ ထွက်သော ကတ္တောရိမ်လူတို့သည် ဖျက်ဆီး၍ သူတို့ နေရာ၌ နေကြ၏။
24 ၂၄ သင်တို့သည် ထ ၍ ခရီး သွားသဖြင့် အာနုန် မြစ် ကို ကူး ကြလော့။ အာမောရိ အမျိုး၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် နှင့် သူ ၏မြေ ကို သင် တို့လက် ၌ ငါအပ် သောကြောင့်၊ ထိုမြေ ကို သိမ်း စ ပြု၍ ထိုမင်းကို စစ်တိုက် ကြလော့။
၂၄သင်တို့သည် ထ၍ ခရီးသွားသဖြင့် အာနုန်မြစ် ကို ကူးကြလော့။ အာမောရိအမျိုး၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်နှင့် သူ၏မြေကို သင်တို့လက်၌ ငါအပ်သော ကြောင့်၊ ထိုမြေကို သိမ်းစပြု၍ ထိုမင်းကို စစ်တိုက် ကြလော့။
25 ၂၅ မိုဃ်း ကောင်းကင်အောက် ၌ ရှိသမျှ သောလူမျိုး တို့သည် ယနေ့ သင် တို့ကို ကြောက်ရွံ့ ထိတ်လန့်စ ရှိ မည်အကြောင်း ငါပြု မည်။ သင် တို့၏သိတင်း ကို ကြား ၍ တုန်လှုပ် ခြင်း၊ စိုးရိမ် ကြောင့်ကြခြင်းသို့ ရောက်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။
၂၅မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသောလူမျိုး တို့သည် ယနေ့ သင်တို့ကို ကြောက်ရွံ့ထိတ်လန့်စရှိ မည်အကြောင်း ငါပြုမည်။ သင်တို့၏သိတင်းကို ကြား၍ တုန်လှုပ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့် မည်ဟု မိန့်တော်မူ၏။
26 ၂၆ ငါသည်လည်း၊ ကေဒမုတ် တော မှ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် မင်းထံသို့ သံတမန် တို့ကို စေလွှတ် လျက်၊
၂၆ငါသည်လည်း၊ ကေဒမုတ်တောမှ ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ်လျက်၊
27 ၂၇ မင်းကြီး ၏ ပြည် အလယ် ၌ ကျွန်ုပ်ရှောက်သွား ပါရစေ။ မင်းလမ်း သို့ သာ လိုက် ပါမည်။ လက်ျာ ဘက်လက်ဝဲ ဘက်သို့မ လွှဲ ပါ။
၂၇မင်းကြီး၏ ပြည်အလယ်၌ ကျွန်ုပ်ရှောက်သွားပါရစေ။ မင်းလမ်းသို့သာ လိုက်ပါမည်။ လက်ျာဘက်လက်ဝဲ ဘက်သို့မလွှဲပါ။
28 ၂၈ စိရ ပြည်၌ နေ သောဧသော အမျိုးသား ၊ အာရ ပြည်၌ နေ သောမောဘ အမျိုးသားတို့သည် ကျွန်ုပ် ၌ ပြု သကဲ့သို့ ကျွန်ုပ်စားဘို့ရာအစာ ကို၎င်း၊ သောက်ဘို့ရာရေ ကို၎င်း၊ မင်းကြီးသည်ငွေ နှင့်ရောင်း ပါလော့။ ကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် သို့ ကျွန်ုပ်သည်ယော်ဒန် မြစ်ကို ကူး ၍မ ရောက်မှီတိုင်အောင် မင်းကြီးပြည်အလယ်၌ခြေ ဖြင့် သွား ရုံမျှသာ ပြုပါမည်ဟု မိဿဟာယ စကား နှင့်ပြောဆို သော်လည်း၊
၂၈စိရပြည်၌နေသော ဧသောအမျိုးသား၊ အာရ ပြည်၌နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ်၌ ပြုသကဲ့သို့ ကျွန်ုပ်စားဘို့ရာ အစာကို၎င်း၊ သောက်ဘို့ ရာ ရေကို၎င်း၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့။
29 ၂၉
၂၉ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ကျွန်ုပ်သည် ယော်ဒန်မြစ်ကို ကူး၍ မရောက်မှီ တိုင်အောင် မင်းကြီး ပြည်အလယ်၌ ခြေဖြင့်သွားရုံမျှသာ ပြုပါမည်ဟု မိဿဟာယစကားနှင့် ပြောဆိုသော်လည်း၊
30 ၃၀ ကျွန်ုပ် တို့ ရှောက်သွား ရသောအခွင့် ကို ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် မင်းသည် မ ပေး။ အကြောင်း မူကား၊ ယနေ့ ထင်ရှားသည်အတိုင်း၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ထိုမင်း ကို သင် တို့လက် ၌ အပ် ခြင်းငှါ ၊ ခက်ထန် သောစိတ် သဘော၊ ခိုင်မာ သောနှလုံးကို သူ ၌ ပေးသွင်းတော်မူ၏။
၃၀ကျွန်ုပ်တို့ ရှောက်သွားရသော အခွင့်ကို ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်မင်းသည် မပေး။ အကြောင်း မူကား၊ ယနေ့ ထင်ရှားသည်အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ထိုမင်းကို သင်တို့ လက်၌ အပ်ခြင်းငှါ၊ ခက်ထန်သော စိတ်သဘော၊ ခိုင်မာသောနှလုံးကို သူ၌ ပေးသွင်းတော်မူ၏။
31 ၃၁ ထာဝရဘုရား ကလည်း ၊ ရှိဟုန် မင်းနှင့် သူ ၏ မြေ ကို သင့် အား ငါပေး စ ပြု၏။ ထို မြေ ကို အမွေခံ အံ့သောငှါ ၊ သိမ်း စ ပြုလော့ဟု ငါ့ အား မိန့် တော်မူ၏။
၃၁ထာဝရဘုရားကလည်း၊ ရှိဟုန်မင်းနှင့် သူ၏ မြေကို သင့်အား ငါပေးစပြု၏။ ထိုမြေကို အမွေခံအံ့ သောငှါ၊ သိမ်းစပြုလော့ဟု ငါ့အား မိန့်တော်မူ၏။
32 ၃၂ ထိုအခါ ရှိဟုန် မင်းသည် သူ ၏လူ အပေါင်း တို့ နှင့်တကွ ယာဟတ် မြို့မှာ ငါ တို့ကိုတိုက် ခြင်းငှါ ထွက် လာ၏။
၃၂ထိုအခါ ရှိဟုန်မင်းသည် သူ၏လူအပေါင်းတို့ နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှါ ထွက်လာ၏။-
33 ၃၃ ငါ တို့ဘုရား သခင်ထာဝရဘုရား သည်ထိုမင်း ကို ငါ တို့၌ အပ် တော်မူသဖြင့် သူ မှစ၍ သား များ၊ လူ များအပေါင်း တို့ကို ငါတို့သည် လုပ်ကြံ ကြ၏။
၃၃ငါတို့ဘုရားသခင်ထာဝရဘုရားသည်ထိုမင်းကို ငါတို့၌ အပ်တော်မူသဖြင့် သူမှစ၍ သားများ၊ လူများအပေါင်းတို့ကို ငါတို့သည် လုပ်ကြံကြ၏။
34 ၃၄ ထိုအခါ သူ ၏မြို့ ရှိသမျှ တို့ကို တိုက် ယူ၍၊ ယောက်ျား မိန်းမ သူငယ် တို့ကို တယောက်မျှ မ ကြွင်း စေခြင်းငှါရှင်းရှင်းဖျက်ဆီး ကြ၏။
၃၄ထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တယောက်မျှ မကြွင်း စေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြ၏။
35 ၃၅ တိရစ္ဆာန် များ၊ မြို့ ရွာ၌ လက်ရဥစ္စာ များကိုသာ ကိုယ် ဘို့ သိမ်းယူ ကြ၏။
၃၅တိရစ္ဆာန်များ၊ မြို့ရွာ၌လက်ရဥစ္စာများကိုသာ ကိုယ်ဘို့ သိမ်းယူကြ၏။
36 ၃၆ အာနုန် မြစ် နား ၌ ရှိသော အာရော် မြို့မှစ၍ ဂိလဒ် မြို့တိုင်အောင် ၊ မြစ် နား၌ ရှိသမျှသော မြို့တို့တွင် ငါတို့မအောင်နိုင်သော မြို့တမြို့မျှမရှိ။ ငါ တို့ဘုရား သခင် ထာဝရဘုရား သည် အလုံးစုံ တို့ကို ငါ တို့၌ အပ် တော်မူ၏။
၃၆အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်၊ မြစ်နား၌ ရှိသမျှသော မြို့တို့တွင် ငါတို့မအောင်နိုင်သော မြို့တမြို့မျှမရှိ။ ငါတို့ဘုရား သခင် ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့၌ အပ်တော်မူ၏။
37 ၃၇ သို့ရာတွင် အမ္မုန် အမျိုးသား နေသောမြေ ၊ ယဗ္ဗုတ် မြစ် နှင့် ဆိုင်သော မြေ၊ တောင် ရိုးမြို့ အစရှိသော၊ ငါ တို့ဘုရား သခင်ထာဝရဘုရား မြစ်တား တော်မူသောအရာ တစုံတခုကိုမျှ မ ချဉ်း ရကြ။
၃၇သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သော မြေ၊ တောင်ရိုးမြို့ အစရှိသော၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသော အရာတစုံတခုကိုမျှ မချဉ်းရကြ။

< တရားဟောရာ 2 >