< တရားဟောရာ 1 >

1 တောကြီး လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ သုဖမြို့ တဘက် ၊ ပါရန် မြို့၊ တောဖလ မြို့၊ လာဗန် မြို့၊ ဟာဇရုတ် မြို့၊ ဒိဇဟတ် မြို့တို့အလယ်၌ မောရှေ သည် ဣသရေလ အမျိုးသားတို့အား ဟောပြော သောစကား များကို ပြန်ရ လေသည်မှာ၊
တောကြီးလွင်ပြင်၊ ယော်ဒန်မြစ်နား၊ သုဖမြို့ တဘက်၊ ပါရန်မြို့၊ တောဖလမြို့၊ လာဗန်မြို့၊ ဟာဇရုတ် မြို့၊ ဒိဇဟတ်မြို့တို့အလယ်၌ မောရှေသည် ဣသရေလ အမျိုးသားတို့အား ဟောပြောသောစကားများကို ပြန်ရ လေသည်မှာ၊
2 ကာဒေရှဗာနာ အရပ်သည်၊ စိရ တောင် လမ်း ဖြင့် ဟောရပ် အရပ်နှင့် ဆယ် တ ရက် ခရီး ကွာသတည်း။
ကာဒေရှဗာနာ အရပ်သည်၊ စိရတောင်လမ်း ဖြင့် ဟောရပ်အရပ်နှင့် ဆယ်တရက်ခရီး ကွာသတည်း။
3
မောရှေသည် ဟေရှဘုန်မြို့၌နေသော အာမော ရိရှင်ဘုရင် ရှိဟုန်ကို၎င်း၊
4
ဧဒြိပြည်၊ အာရှတရုတ်မြို့ ၌နေသော ဗာရှန်ဘုရင် ဩဃကို၎င်း လုပ်ကြံပြီးမှ၊ သက္ကရာဇ် လေးဆယ်ပြည့်၊ ဧကာသမလ၊
5 မောရှေ သည် ဟေရှဘုန် မြို့၌ နေ သော အာမောရိ ရှင်ဘုရင် ရှိဟုန် ကို ၎င်း ၊ ဧဒြိ ပြည်၊ အာရှတရုတ် မြို့၌ နေ သော ဗာရှန် ဘုရင် ဩဃ ကို ၎င်း လုပ်ကြံ ပြီးမှ ၊ သက္ကရာဇ် လေးဆယ် ပြည့်၊ ဧကာဒသမ လ ၊ ပဌမ နေ့ရက်၌ မောဘ ပြည် ၊ ယော်ဒန် မြစ်နားမှာ ထာဝရဘုရား မှာထား တော်မူနှင့်သမျှ အတိုင်း ၊ ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ၍ဟောပြော သောတရား စကားဟူမူကား၊
ပဌမနေ့ရက်၌ မောဘပြည်၊ ယော်ဒန် မြစ်နားမှာ ထာဝရဘုရား မှာထားသော် မူနှင့်သမျှ အတိုင်း၊ ဣသရေလအမျိုးသား တို့အား ဆင့်ဆို၍ ဟောပြောသော တရားစကားဟူမူ ကား၊
6 ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ဟောရပ် အရပ်၌ ငါ တို့အား မိန့် တော်မူသည်ကား၊ သင် တို့သည် ကာလအချိန်စေ့အောင် ဤ တောင် ၌ နေ ကြပြီ။
ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ဟောရပ် အရပ်၌ ငါတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် ကာလအချိန်စေ့အောင် ဤတောင်၌ နေကြပြီ။
7 လှည့်လည် ၍ ခရီး သွားကြလော့။ အာမောရိ တောင် သို့၎င်း ၊ ထိုတောင် နှင့် နီး သောအရပ်၊ လွင်ပြင် ၊ တောင် ရိုး၊ ချိုင့် ၊ တောင် မျက်နှာ၊ ပင်လယ် နား သို့၎င်း ၊ ခါနာန် ပြည် ၊ လေဗနုန် တောင်၊ ဥဖရတ် မြစ် ကြီး တိုင်အောင် ၎င်း သွား ကြလော့။
လှည့်လည်၍ ခရီးသွားကြလော့။ အာမောရိ တောင်သို့၎င်း၊ ထိုတောင်နှင့် နီးသောအရပ်၊ လွင်ပြင်၊ တောင်ရိုး၊ ချိုင့်၊ တောင်မျက်နှာ၊ ပင်လယ်နားသို့၎င်း၊ ခါနာန်ပြည်၊ လေဗနုန်တောင်၊ ဥဖရတ်မြစ်ကြီး တိုင်အောင်၎င်း သွားကြလော့။
8 ထိုပြည် ကို သင် တို့ရှေ့ မှာ ငါထား ပြီ။ ထာဝရဘုရား သည် သင် တို့အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် မှစ၍ ၊ သူ တို့အမျိုးအနွယ် အား ပေး မည်ဟု ကျိန်ဆို တော်မူသောပြည် ကို ဝင် ၍ သိမ်းယူ ကြလော့ဟု မိန့် တော်မူ၏။
ထိုပြည်ကို သင်တို့ရှေ့မှာ ငါထားပြီ။ ထာဝရ ဘုရားသည် သင်တို့အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှ စ၍၊ သူတို့အမျိုးအနွယ်အား ပေးမည်ဟု ကျိန်တော်မူ သောပြည်ကို ဝင်၍ သိမ်းယူကြလော့ဟု မိန့်တော်မူ၏။
9 ထိုအခါ သင် တို့အား ငါပြော သည်ကား၊ သင် တို့အမှုကို ငါ တယောက်တည်း မ ထမ်း နိုင်။
ထိုအခါ သင်တို့အား ငါပြောသည်ကား၊ သင်တို့ အမှုကို ငါတယောက်တည်း မထမ်းနိုင်။
10 ၁၀ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့ကို များပြား စေတော်မူ၍ ၊ သင် တို့သည် အရေ အတွက်အားဖြင့် ကောင်းကင် ကြယ် ကဲ့သို့ ယနေ့ ဖြစ်ကြ၏။
၁၀သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို များပြားစေတော်မူ၍၊ သင်တို့သည် အရေ အတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့ ယနေ့ ဖြစ်ကြ၏။
11 ၁၁ သင် တို့အဘ များ၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့ကို အဆ အထောင် အားဖြင့် များပြား စေတော်မူပါစေသော။ ဂတိ တော်ရှိသည်အတိုင်း ကောင်းကြီး ပေးတော်မူပါစေသော။
၁၁သင်တို့အဘများ၏ ဘုရားသခင် ထာဝရဘုရား သည် သင်တို့ကို အဆအထောင်အားဖြင့် များပြားစေ တော်မူပါစေသော။ ဂတိတော်ရှိသည်အတိုင်း ကောင်း ကြီးပေးတော်မူပါစေသော။
12 ၁၂ သင်တို့ပင်ပန်းခြင်း၊ အမှု ဆောင်ရွက်ခြင်း၊ ရန်တွေ့ ခြင်းဝန် ကို ငါ တယောက်တည်း အဘယ်သို့ ထမ်း နိုင် မည်နည်း။
၁၂သင်တို့ပင်ပန်းခြင်း၊ အမှုဆောင်ရွက်ခြင်း၊ ရန် တွေ့ခြင်းဝန်ကို ငါတယောက်တည်း အဘယ်သို့ ထမ်းနိုင် မည်နည်း။
13 ၁၃ ဉာဏ် ပညာနှင့် ပြည့်စုံ ၍ အသရေ ရှိသောသူတို့ ကို သင် တို့အမျိုး များထဲက ရွေး ပေးကြလော့။ သူ တို့ကို မင်း အရာ၌ ငါခန့် ထားမည်ဟု ပြော ဆိုလျှင်၊
၁၃ဥာဏ်ပညာနှင့်ပြည့်စုံ၍ အသရေရှိသောသူတို့ ကို သင်တို့အမျိုးများထဲက ရွေးပေးကြလော့။ သူတို့ကို မင်းအရာ၌ ငါခန့်ထားမည်ဟု ပြောဆိုလျှင်၊
14 ၁၄ သင်တို့က ကိုယ်တော်ပြော သည်အတိုင်း ပြု ကောင်း ပါသည်ဟု ပြန် ဆိုကြ၏။
၁၄သင်တို့က ကိုယ်တော်ပြောသည်အတိုင်း ပြုကောင်း ပါသည်ဟု ပြန်ဆိုကြ၏။
15 ၁၅ ထိုကြောင့် သင် တို့အမျိုး များ၌ အသရေ ရှိသော လူကြီး ၊ ပညာ ရှိတို့ကို ငါရွေးချယ် ပြီးလျှင် ၊ သင် တို့တွင် မင်း လုပ် ရသောသူတည်း ဟူသောလူတထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် ၊ အကြပ် အဆော်အရာ ၌ ခန့်ထား၏။
၁၅ထိုကြောင့် သင်တို့အမျိုးများ၌ အသရေရှိသော လူကြီး၊ ပညာရှိတို့ကို ငါရွေးချယ်ပြီးလျှင်၊ သင်တို့တွင် မင်းလုပ်ရသောသူတည်း ဟူသော လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်၊ အကြပ်အဆော် အရာ၌ ခန့်ထား၏။
16 ၁၆ တရား သူကြီးတို့အားလည်း ၊ သင် တို့ညီအစ်ကို ၏ အမှုတို့ကို နားထောင် ၍ အမျိုးသားချင်း တရားတွေ့ သည်ဖြစ်စေ၊ တပါး အမျိုးသားနှင့် တွေ့သည်ဖြစ်စေ ၊ တရား သဖြင့် စီရင် ကြလော့။
၁၆တရားသူကြီးတို့အားလည်း၊ သင်တို့ ညီအစ်ကို ၏ အမှုတို့ကို နားထောင်၍ အမျိုးသားချင်း တရားတွေ့ သည်ဖြစ်စေ၊ တပါးအမျိုးသားနှင့် တွေ့သည်ဖြစ်စေ၊ တရားသဖြင့် စီရင်ကြလော့။
17 ၁၇ တရား အမှုကို စီရင်သောအခါအဘယ်သူ၏ မျက်နှာ ကို မ ထောက် ရ။ လူငယ် စကားကို လူကြီး စကားကဲ့သို့ မှတ် ရမည်။ အဘယ် လူကိုမျှ မ ကြောက် ရ။ အကြောင်း မူကား၊ တရား အမှုကို ဘုရား သခင်ပိုင်တော်မူသောကြောင့် တည်း။ ကိုယ်တိုင်မစီရင်တတ်သော အမှု ကို ငါ့ ထံမှာ အယူခံ ရမည်။ ငါလည်း နားထောင် မည်ဟု မှာခဲ့၏။
၁၇တရားအမှုကို စီရင်သောအခါ အဘယ်သူ၏ မျက်နှာကို မထောက်ရ။ လူငယ်စကားကို လူကြီးစကားကဲ့ သို့ မှတ်ရမည်။ အဘယ်လူကိုမျှ မကြောက်ရ။ အကြောင်း မူကား၊ တရားအမှုကို ဘုရားသခင်ပိုင်တော်မူသော ကြောင့်တည်း။ ကိုယ်တိုင်မစီရင်တတ်သော အမှုကို ငါ့ထံမှာ အယူခံရမည်။ ငါလည်း နားထောင်မည်ဟု မှာခဲ့၏။
18 ၁၈ သင် တို့ပြု ရသမျှ သော အမှု တို့ကိုလည်း ထိုအခါ ငါမှာ ထားခဲ့၏။
၁၈သင်တို့ပြုရသမျှသော အမှုတို့ကိုလည်း ထိုအခါ ငါမှာထားခဲ့၏။
19 ၁၉ ငါတို့သည် ဟောရပ် အရပ်မှ ထွက် သောနောက် ၊ အာမောရိ တောင် သို့ သွားသော လမ်း နားမှာ ကြောက်မက် ဘွယ်ဖြစ်၍ သင်တို့တွေ့မြင် သော တော ကြီး အလယ် ၌၊ ငါ တို့ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည် အတိုင်း ရှောက်သွား ၍ ၊ ကာဒေရှဗာနာ အရပ်သို့ ရောက် ကြ၏။
၁၉ငါတို့သည် ဟောရပ်အရပ်မှ ထွက်သောနောက်၊ အာမောရိတောင်သို့ သွားသော လမ်းနားမှာ ကြောက် မက်ဘွယ်ဖြစ်၍ သင်တို့တွေ့မြင်သော တောကြီးအလယ် ၌၊ ငါတို့ဘုရားသခင် ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း ရှောက်သွား၍၊ ကာဒေရှဗာနာအရပ်သို့ ရောက်ကြ၏။
20 ၂၀ ထိုအခါ ငါကလည်း၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ပေး တော်မူသောအာမောရိ တောင် သို့ သင် တို့သည် ရောက် ကြပြီ။
၂၀ထိုအခါ ငါကလည်း၊ ငါတို့ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသော အာမောရိတောင်သို့ သင်တို့ သည် ရောက်ကြပြီ။
21 ၂၁ သင် တို့ဘုရား သခင်ထာဝရဘုရား သည် ပြည် တော်ကို သင် တို့ရှေ့ မှာထား တော်မူပြီ။ သင် တို့အဘ များ၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် အတိုင်း ၊ တက် သွား၍ သိမ်းယူ ကြလော့။ မ ကြောက် ကြနှင့်။ စိတ် လည်း မ ပျက်ကြနှင့်ဟု ပြော ဆို၏။
၂၁သင်တို့ဘုရားသခင် ထာဝရဘုရားသည် ပြည် တော်ကို သင်တို့ရှေ့မှာ ထားတော်မူပြီ။ သင်တို့အဘ များ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည် အတိုင်း၊ တက်သွား၍ သိမ်းယူကြလော့။ မကြောက်ကြ နှင့်။ စိတ်လည်း မပျက်ကြနှင့်ဟု ပြောဆို၏။
22 ၂၂ ထိုအခါ သင် တို့ရှိသမျှ သည် ငါ့ ထံသို့ ချဉ်းကပ် ၍ ၊ အကျွန်ုပ် တို့ရှေ့ ၌ လူ တို့ကို စေလွှတ် ပါမည်။ သူတို့သည် ထိုပြည် ကို စူးစမ်း ပြီးမှ ၊ အကျွန်ုပ်တို့သည် အဘယ်လမ်း သို့သွား လျှင် အဘယ်မြို့ သို့ ရောက် ရမည်ကို ကြားပြော ကြပါ လိမ့်မည်ဟု၊
၂၂ထိုအခါ သင်တို့ရှိသမျှသည် ငါ့ထံသို့ ချဉ်းကပ် ၍၊ အကျွန်ုပ်တို့ရှေ့၌ လူတို့ကို စေလွှတ်ပါမည်။ သူတို့သည် ထိုပြည်ကို စူးစမ်းပြီးမှ၊ အကျွန်ုပ်တို့သည် အဘယ်လမ်းသို့သွားလျှင် အဘယ်မြို့သို့ ရောက်ရ မည်ကို ကြားပြောကြပါ လိမ့်မည်ဟု၊
23 ၂၃ လျှောက်ဆိုသောစကား ကို ငါ နှစ်သက် ၍ ၊ သင် တို့တွင် တမျိုး တယောက် စီ၊ လူ ပေါင်း တကျိပ် နှစ် ယောက်တို့ကို ရွေး ထား၏။
၂၃လျှောက်ဆိုသောစကားကို ငါနှစ်သက်၍၊ သင်တို့တွင် တမျိုးတယောက်စီ၊ လူပေါင်း တကျိပ် နှစ်ယောက်တို့ကို ရွေးထား၏။
24 ၂၄ ထိုသူတို့သည် တောင် ပေါ်သို့ လှည့် သွား ၍ ၊ ဧရှကောလ ချိုင့် သို့ ရောက် သဖြင့် စူးစမ်း ကြ၏။
၂၄ထိုသူတို့သည် တောင်ပေါ်သို့ လှည့်သွား၍၊ ဧရှကောလချိုင့်သို့ ရောက်သဖြင့် စူးစမ်းကြ၏။
25 ၂၅ ထိုပြည် ၌ ရသောသစ်သီး ကို ထမ်း ၍ ဆောင် ခဲ့ လျက် ၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ပေး တော်မူသောပြည် သည် ကောင်း သော ပြည်ဖြစ်၏ဟု ကြားပြော ကြသော်လည်း၊
၂၅ထိုပြည်၌ရသော သစ်သီးကို ထမ်း၍ ဆောင်ခဲ့ လျက်၊ ငါတို့ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်သည် ကောင်းသော ပြည်ဖြစ်၏ဟု ကြားပြော ကြသော်လည်း၊
26 ၂၆ သင်တို့သည် မ သွား ဘဲ၊ သင် တို့ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်ကို ဆန် လျက်၊
၂၆သင်တို့သည် မသွားဘဲ၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ကို ဆန်လျက်၊
27 ၂၇ ထာဝရဘုရား သည် ငါ တို့ကိုမုန်း ၍ ဖျက်ဆီး ချင် သောကြောင့် ၊ အာမောရိ လူတို့ လက် ၌ အပ် လိုသောငှါ ၊ အဲဂုတ္တု ပြည် မှ နှုတ်ဆောင် တော်မူသည်တကား။
၂၇ထာဝရဘုရားသည် ငါတို့ကိုမုန်း၍ ဖျက်ဆီးချင် သောကြောင့်၊ အာမောရိလူတို့ လက်၌ အပ်လိုသောငှါ၊ အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည်တကား။
28 ၂၈ ငါ တို့သည် အဘယ်သို့ သွား ရမည်နည်း။ ညီအစ်ကို တို့က၊ ထို ပြည်သားတို့သည် ငါ တို့ထက်သာ၍ကြီး ၏။ အရပ်လည်း သာ ၍မြင့် ၏။ မြို့ လည်း မိုဃ်း ကောင်းကင်သို့ ထိသော မြို့ရိုး လည်း ရှိ၏။ ထို ပြည်၌ လည်း ၊ အာနက အမျိုးသား တို့ကို မြင် ရ၏ဟု ငါတို့စိတ် ကို ဖျက် ကြပြီဟု သင် တို့သည် တဲ များ၌ ဆန့်ကျင် ဘက်ပြုကြ ၏။
၂၈ငါတို့သည် အဘယ်သို့ သွားရမည်နည်း။ ညီအစ်ကိုတို့က၊ ထိုပြည်သားတို့သည် ငါတို့ထက်သာ၍ ကြီး၏။ အရပ်လည်း သာ၍မြင့်၏။ မြို့လည်း မိုဃ်း ကောင်းကင်သို့ထိသော မြို့ရိုးလည်းရှိ၏။ ထိုပြည်၌ လည်း၊ အာနကအမျိုးသားတို့ကို မြင်ရ၏ဟု ငါတို့စိတ်ကို ဖျက်ကြပြီဟု သင်တို့သည် တဲများ၌ ဆန့်ကျင်ဘက်ပြု ကြ၏။
29 ၂၉ ထိုအခါ ငါက၊ မ ထိတ်လန့် ကြနှင့်၊ သူ တို့ကို မ ကြောက် ကြနှင့်။
၂၉ထိုအခါ ငါက၊ မထိတ်လန့်ကြနှင့်၊ သူတို့ကို မကြောက်ကြနှင့်။
30 ၃၀ သင် တို့ရှေ့ မှာကြွ တော်မူသော သင် တို့၏ ဘုရား သခင် ထာဝရဘုရား သည် သင် တို့မျက်မှောက် ၊ အဲဂုတ္တု ပြည်၌ ၎င်း၊
၃၀သင်တို့ရှေ့မှာကြွတော်မူသော သင်တို့၏ ဘုရား သခင် ထာဝရဘုရားသည် သင်တို့မျက်မှောက်၊ အဲဂုတ္တုပြည်၌၎င်း၊
31 ၃၁ သင်တို့လိုက်လာသောလမ်း တလျှောက်လုံး ၊ ဤ အရပ် တိုင်အောင် အဘသည် သား ကို ချီပိုက် သကဲ့သို့ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့ကို ချီပိုက် တော်မူသောကျေးဇူးတော်ကိုခံ ရာတော ၌ ၎င်း ၊ သင် တို့အဘို့ ပြု တော်မူသကဲ့သို့ ၊ သင် တို့ဘက် ၌ စစ် ကူ တော်မူမည်ဟု ဆိုသော်လည်း၊
၃၁သင်တို့လိုက်လာသော လမ်းတလျှောက်လုံး၊ ဤအရပ်တိုင်အောင် အဘသည် သားကို ချီပိုက်သကဲ့သို့၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို ချီပိုက်တော်မူသော ကျေးဇူးတော်ကို ခံရာတော၌၎င်း၊ သင်တို့အဘို့ ပြုတော်မူသကဲ့သို့၊ သင်တို့ဘက်၌ စစ်ကူ တော်မူမည်ဟု ဆိုသော်လည်း၊
32 ၃၂ သင် တို့တဲ စားခန်းချရာ အရပ် ကို ရှာ ၍ သင်တို့သွား လတံ့သော လမ်း ကို ပြ ခြင်းငှါ ၊ ညဉ့် ခါ မီး ၌ ၎င်း၊ နေ့ အခါ မိုဃ်းတိမ် ၌ ၎င်း၊
၃၂သင်တို့တဲစားခန်းချရာအရပ်ကို ရှာ၍ သင်တို့ သွားလတံ့သောလမ်းကို ပြခြင်းငှါ၊ ညဉ့်ခါ မီး၌၎င်း၊ နေ့အခါ မိုဃ်းတိမ်၌၎င်း၊
33 ၃၃ သင် တို့ရှေ့ မှာ ကြွ တော်မူသော သင် တို့ဘုရား သခင်ထာဝရ ဘုရား၏ စကားတော်ကို ထို အမှု ၌ သင် တို့မ ယုံ ကြပါတကား။
၃၃သင်တို့ရှေ့မှာ ကြွတော်မူသော သင်တို့ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို ထိုအမှု၌ သင်တို့ မယုံကြပါတကား။
34 ၃၄ သင် တို့စကား သံ ကို ထာဝရဘုရား ကြား ၍ မျက် တော်ထွက်လျက်၊
၃၄သင်တို့စကားသံကို ထာဝရဘုရားကြား၍ မျက်တော်ထွက်လျက်၊
35 ၃၅ သူတို့ဘိုးဘေး တို့အား ငါပေး မည်ဟု ငါကျိန်ဆို သော ပြည် ကောင်း ကို ၊ ယေဖုန္နာ ၏သား ကာလက် မှတပါး ၊ ဤ ဆိုး သောလူမျိုး တစုံ တယောက်မျှ ဆက်ဆက်မ မြင် ရ။
၃၅သူတို့ဘိုးဘေးတို့အား ငါပေးမည်ဟု ငါကျိန်ဆို သော ပြည်ကောင်းကို၊ ယေဖုန္နာ၏သား ကာလက်မှ တပါး၊ ဤဆိုးသောလူမျိုး တစုံတယောက်မျှ ဆက်ဆက် မမြင်ရ။
36 ၃၆ ထိုသူ သည် ထာဝရဘုရား နောက် တော်သို့ လုံးလုံး လိုက်သောကြောင့် မြင် ရ၏။ သူနင်း သောပြည် ကို သူ မှစ၍ သူ ၏သား မြေးတို့အား ငါပေး မည်ဟု ကျိန်ဆိုတော်မူ၏။
၃၆ထိုသူသည် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သော ကြောင့် မြင်ရ၏။ သူနင်းသောပြည်ကို သူမှစ၍ သူ၏သားမြေးတို့အား ငါပေးမည်ဟု ကျိန်ဆို တော်မူ၏။
37 ၃၇ သင် တို့အတွက် ထာဝရဘုရား သည် ငါ့ ကိုလည်း အမျက် တော်ထွက်၍ ၊ သင် သည် ထို ပြည်သို့ မ ဝင် စားရ။
၃၇သင်တို့အတွက် ထာဝရဘုရားသည် ငါ့ကိုလည်း အမျက်တော်ထွက်၍၊ သင်သည် ထိုပြည်သို့ မဝင်စားရ။
38 ၃၈ သင့် လက်ထောက် နုန် ၏သား ယောရှု သည် ဝင်စား ရမည်။ သူ သည် ဣသရေလ အမျိုးသားအမွေခံ စေမည့်သူ ဖြစ်သောကြောင့် ၊ သူ့ ကို အား ပေးလော့။
၃၈သင့်လက်ထောက် နုန်၏သား ယောရှုသည် ဝင်စားရမည်။ သူသည် ဣသရေလအမျိုးသား အမွေခံ စေမည့်သူ ဖြစ်သောကြောင့်၊ သူ့ကို အားပေးလော့။
39 ၃၉ ရန်သူလုယူ ရာဖြစ် မည်ဟု သင် တို့ဆို သော သူငယ် များ၊ ထိုအခါ ကောင်း မ ကောင်းကို ပိုင်းခြားမ သိနိုင် သေးသော သားသမီး များတို့သည် ထို ပြည်ကို ဝင်စား ၍ ၊ ငါပေး သည်အတိုင်း သိမ်းယူ ကြလိမ့်မည်။
၃၉ရန်သူလုယူရာဖြစ်မည်ဟု သင်တို့ဆိုသော သူငယ်များ၊ ထိုအခါ ကောင်းမကောင်းကို ပိုင်းခြား မသိနိုင်သေးသော သားသမီးများတို့သည် ထိုပြည်ကို ဝင်စား၍၊ ငါပေးသည်အတိုင်း သိမ်းယူကြလိမ့်မည်။
40 ၄၀ သင် တို့မူကား ၊ လှည့် ၍ဧဒုံ ပင်လယ် လမ်း ဖြင့် တော သို့ခရီး သွားကြဦးလော့ဟု မိန့်တော်မူ၏။
၄၀သင်တို့မူကား၊ လှည့်၍ဧဒုံပင်လယ်လမ်းဖြင့် တောသို့ခရီးသွားကြဦးလော့ဟု မိန့်တော်မူ၏။
41 ၄၁ သင်တို့ကလည်း ၊ အကျွန်ုပ် တို့သည် ထာဝရဘုရား ကို ပြစ်မှား မိပါပြီ။ အကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသမျှ အတိုင်း ၊ ယခုသွား ၍ စစ်တိုက် ပါမည်ဟု ငါ့ အား လျှောက်ဆို လျက် ၊ လူ အပေါင်းတို့သည် လက်နက် စွဲကိုင် လျက် ၊ တောင် ပေါ်သို့ တက် ခြင်းငှါ အသင့် နေကြ၏။
၄၁သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် ထာဝရ ဘုရားကို ပြစ်မှားမိပါပြီ။ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ ယခုသွား၍ စစ်တိုက်ပါမည်ဟု ငါ့အား လျှောက်ဆိုလျက်၊ လူအပေါင်း တို့သည် လက်နက်စွဲကိုင်လျက်၊ တောင်ပေါ်သို့ တက်ခြင်း ငှါ အသင့်နေကြ၏။
42 ၄၂ ထာဝရဘုရား ကလည်း ၊ တက် ၍ မ တိုက် ကြနှင့်။ သင် တို့ဘက် ၌ ငါ မ ရှိ။ တိုက်လျှင် ရန်သူ ရှေ့ မှာ ရှုံး ရကြ လိမ့်မည်ဟု သင်တို့အား ဆင့်ဆို ရမည်အကြောင်း ၊ ငါ့ အား မိန့် တော်မူသည်အတိုင်း၊
၄၂ထာဝရဘုရားကလည်း၊ တက်၍ မတိုက်ကြနှင့်။ သင်တို့ဘက်၌ ငါမရှိ။ တိုက်လျှင် ရန်သူရှေ့မှာ ရှုံးရကြ လိမ့်မည်ဟု သင်တို့အား ဆင့်ဆိုရမည်အကြောင်း၊ ငါ့အား မိန့်တော်မူသည်အတိုင်း၊
43 ၄၃ ငါဆင့်ဆို သော်လည်း သင် တို့သည် နား မ ထောင်၊ ထာဝရ ဘုရား၏ အမိန့် တော်ကို ငြင်းဆန် ၍ ခိုင်ခံ့ သောစိတ်နှင့် တောင် ပေါ်သို့ တက် ကြ၏။
၄၃ငါဆင့်ဆိုသော်လည်း သင်တို့သည် နား မထောင်၊ ထာဝရဘုရား၏ အမိန့်တော်ကို ငြင်းဆန်၍ ခိုင်ခံ့သောစိတ်နှင့် တောင်ပေါ်သို့ တက်ကြ၏။
44 ၄၄ ထိုအခါ တောင် ပေါ် မှာရှိ နှင့်သော အာမောရိ အမျိုးသားတို့သည် သင် တို့တဘက် ၌ ထွက် လာလျက်၊ ပျား များအုံ၍ လိုက် သကဲ့သို့ သင် တို့ကိုလိုက် ၍ ၊ စိရ အရပ်၊ ဟောမာ မြို့တိုင်အောင် ဖျက်ဆီး ကြ၏။
၄၄ထိုအခါ တောင်ပေါ်မှာရှိနှင့်သော အာမောရိ အမျိုးသားတို့သည် သင်တို့တဘက်၌ ထွက်လာလျက်၊ ပျားများအုံ၍ လိုက်သကဲ့သို့ သင်တို့ကိုလိုက်၍၊ စိရအရပ်၊ ဟောမာမြို့တိုင်အောင် ဖျက်ဆီးကြ၏။
45 ၄၅ သင်တို့သည်လည်း ပြန်လာ ၍ ထာဝရဘုရား ရှေ့ တော်၌ ငိုကြွေး ကြ၏။ သို့သော်လည်း သင် တို့စကား ကို ထာဝရဘုရား နားထောင် နာယူ တော်မ မူ။
၄၅သင်တို့သည်လည်း ပြန်လာ၍ ထာဝရဘုရား ရှေ့တော်၌ ငိုကြွေးကြ၏။ သို့သော်လည်း သင်တို့စကား ကို ထာဝရဘုရား နားထောင် နားယူတော်မမူ။
46 ၄၆ ထိုကြောင့် ကာဒေရှ အရပ်၌ အရင်နေ သကဲ့သို့ ကြာမြင့် စွာ နေ ပြန်ရကြ၏။
၄၆ထိုကြောင့် ကာဒေရှအရပ်၌ အရင်နေသကဲ့သို့ ကြာမြင့်စွာ နေပြန်ရကြ၏။

< တရားဟောရာ 1 >