< တောလည်ရာ 1 >

1 ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တု ပြည် မှ ထွက် ၍ ဒုတိယ နှစ် ၊ ဒုတိယ လ ၊ ပဌမ နေ့၌ သိနာ တော တွင် ပရိသတ်စည်းဝေး ရာ တဲ တော်မှာ ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တုပြည်မှ ထွက်၍ ဒုတိယနှစ်၊ ဒုတိယလ၊ ပဌမနေ့၌သိနာတောတွင် ပရိသတ်စည်းဝေးရာ တဲတော်မှာ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
2 သင် နှင့် အာရုန် သည် ဣသရေလ အမျိုးသား ပရိသတ် တို့တွင်၊ အသက် နှစ်ဆယ် လွန် ၍၊
သင်နှင့် အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်တို့တွင်၊ အသက်နှစ်ဆယ်လွန်၍၊
3 စစ်တိုက် နိုင်သောယောက်ျား အပေါင်း တို့ကို သူ တို့အဆွေအမျိုး အသီးသီးအလိုက် စာရင်း ယူ လျက်၊ တပ်ခင်းကျင်း ၍ရေတွက် လော့။
စစ်တိုက်နိုင်သော ယောက်ျားအပေါင်းတို့ကို သူတို့အဆွေအမျိုး အသီးသီးအလိုက် စာရင်းယူလျက်၊ တပ်ခင်းကျင်း၍ ရေတွက်လော့။
4 အမျိုးအနွယ် အသီးသီးတမျိုးတယောက်စီ မိမိတို့ အဆွေအမျိုး၌ သူကြီး ဖြစ်သော လူတို့သည် သင် တို့နှင့်အတူ ကူညီ၍ ထိုအမှုကိုဆောင်ရကြမည်။
အမျိုးအနွယ်အသီးသီး တမျိုးတယောက်စီ မိမိတို့ အဆွေအမျိုး၌ သူကြီးဖြစ်သော လူတို့သည် သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရကြမည်။
5 သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသောသူဟူမူကား၊ ရုဗင် အမျိုး၊ ရှေဒုရ သား ဧလိဇုရ။
သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသော သူဟူမူကား၊ ရုဗင်အမျိုး၊ ရှေဒုရသားဧလိဇုရ။
6 ရှိမောင် အမျိုး၊ ဇုရိရှဒ္ဒဲ သား ရှေလုမျေလ။
ရှိမောင်အမျိုး၊ ဇုရိရှဒ္ဒဲသားရှေလုမျေလ။
7 ယုဒ အမျိုး၊ အမိနဒပ် သား နာရှုန်။
ယုဒအမျိုး၊ အမိနဒပ်သားနာရှုန်။
8 ဣသခါ အမျိုး၊ ဇုအာ သား နာသနေလ။
ဣသခါအမျိုး ဇုအာသား နာသနေလ။
9 ဇာဗုလုန် အမျိုး၊ ဟေလုန် သား ဧလျာဘ။
ဇာဗုလုန်အမျိုး၊ ဟေလုန်သားဧလျာဘ။
10 ၁၀ ယောသပ် သား တွင်၊ ဧဖရိမ် အမျိုး၊ အမိဟုဒ် သား ဧလိရှမာ ၊ မနာရှေ အမျိုး၊ ပေဒါဇုရ သား ဂါမလျလ။
၁၀ယောသပ်သားတွင်၊ ဧဖရိမ်အမျိုး အမိဟုဒ်သား ဧလိရှမာ၊ မနာရှေအမျိုး၊ ပေဒါဇုရသားဂါမလျလ။
11 ၁၁ ဗင်္ယာမိန် အမျိုး၊ ဂိဒေါနိ သား အဘိဒန်။
၁၁ဗင်္ယာမိန်အမျိုး၊ ဂိဒေါနိ သားအဘိဒန်။
12 ၁၂ ဒန် အမျိုး၊ အမိရှဒဲ သား အဟေဇာ။
၁၂ဒန်အမျိုး၊ အမိရှဒဲသားအဟေဇာ။
13 ၁၃ အာရှာ အမျိုး၊ ဩကရန် သား ပါဂျေလ။
၁၃အာရှာအမျိုး၊ ဩကရန်သားပါဂျေလ။
14 ၁၄ ဂဒ် အမျိုး၊ ဒွေလ သား ဧလျာသပ်။
၁၄ဂဒ်အမျိုး၊ ဒွေလသားဧလျာသပ်၊
15 ၁၅ နဿလိ အမျိုး၊ ဧနန် သား အဟိရ တည်း။
၁၅နဿလိအမျိုး၊ ဧနန်သားအဟိရတည်း။
16 ၁၆ ဤသူ တို့သည် ပရိသတ် တွင် ကျော်စော သောသူ၊ အဆွေအမျိုး သူကြီး မင်းဖြစ်၍၊ဣသရေလ အမျိုး ၌ လူတထောင်စီအုပ်ရသောသူဖြစ် ကြသတည်း။
၁၆ဤသူတို့သည် ပရိသတ်တွင် ကျော်စောသော သူ၊ အဆွေအမျိုး သူကြီးမင်းဖြစ်၍ ဣသရေလအမျိုး၌ လူတထောင်စီအုပ်ရသောသူ ဖြစ်ကြသတည်း။
17 ၁၇ ထိုသို့နာမည် ဖြင့် ရွေး တော်မူသော ထို သူ တို့ကို၊ မောရှေ နှင့် အာရုန် သည်ခေါ် ၍ ၊
၁၇ထိုသို့နာမည်ဖြင့် ရွေးတော်မူသော ထိုသူတို့ကို၊ မောရှေနှင့် အာရုန်သည်ခေါ်၍၊
18 ၁၈ ဒုတိယ လ ၊ ပဌမ နေ့၌ ပရိသတ် အပေါင်း ကို စည်းဝေး စေပြီးမှ ၊ အဆွေအမျိုး စာရင်းကို ဘော်ပြ ၍၊ အနှစ် နှစ်ဆယ် အလွန် သောသူတို့၏ နာမည် ပေါင်း ကို မှတ်သဖြင့်၊
၁၈ဒုတိယလ၊ ပဌမနေ့၌ ပရိသတ်အပေါင်းကို စည်းဝေးစေပြီးမှ၊ အဆွေအမျိုးစာရင်းကို ဘော်ပြ၍ အနှစ်နှစ်ဆယ်အလွန်သောသူတို့၏ နာမည်ပေါင်းကို မှတ်သဖြင့်၊
19 ၁၉ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူ သည်အတိုင်း ၊ သိနာ တော ၌ ဣသရေလအမျိုးသားတို့ ကို ရေတွက် လေ၏။
၁၉ထာဝရဘုရားသည် မောရှေအား မှာထားတော် မူသည်အတိုင်း၊ သိနာတော၌ ဣသရေလအမျိုးသားတို့ ကို ရေတွက်လေ၏။
20 ၂၀ ဣသရေလ ၏သားဦး ၊ ရုဗင် ၏အမျိုးသား တို့တွင်၊ အဆွေအမျိုး အသီးအသီးလိုက်၍ နာမည် များကို စာရင်း ၌ မှတ်သားသည်အတိုင်း၊
၂၀ဣသရေလ၏သားဦး၊ ရုဗင်၏အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည်အတိုင်း၊
21 ၂၁ အသက် နှစ်ဆယ် လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်း ခြောက်ထောင်ငါး ရာ ရှိကြ၏။
၂၁အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းခြောက်ထောင်ငါးရာ ရှိကြ၏။
22 ၂၂ ရှိမောင် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
၂၂ရှိမောင်အမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
23 ၂၃ အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျား ပေါင်း ငါးသောင်း ကိုးထောင်သုံး ရာ ရှိကြ၏။
၂၃အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းကိုးထောင်သုံးရာရှိကြ၏။
24 ၂၄ ဂဒ် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည်အတိုင်း၊
၂၄ဂဒ်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီး လိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
25 ၂၅ အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း လေးသောင်း ငါးထောင်ခြောက် ရာ ငါးဆယ် ရှိကြ၏။
၂၅အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းငါးထောင်ခြောက်ရာ ငါးဆယ် ရှိကြ၏။
26 ၂၆ ယုဒ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
၂၆ယုဒအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည် အတိုင်း၊
27 ၂၇ အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သောယောက်ျားပေါင်း ခုနစ်သောင်း ၊ လေးထောင်ခြောက် ရာ ရှိကြ၏။
၂၇အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ခုနစ်သောင်း၊ လေးထောင်ခြောက်ရာ ရှိကြ၏။
28 ၂၈ ဣသခါ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး ကိုလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
၂၈ဣသခါအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးကိုလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
29 ၂၉ အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ငါးသောင်း လေးထောင်လေး ရာ ရှိကြ၏။
၂၉အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းလေးထောင်လေးရာ ရှိကြ ၏။
30 ၃၀ ဇာဗုလုန် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
၃၀ဇာဗုလုန်အမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
31 ၃၁ အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ငါးသောင်း နှစ်ထောင်လေး ရာ ရှိကြ၏။
၃၁အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းနှစ်ထောင်လေးရာရှိကြ၏။
32 ၃၂ ယောသပ် မှ ဆင်းသက်သော ဧဖရိမ် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည်အတိုင်း၊
၃၂ယောသပ်မှ ဆင်းသက်သော ဧဖရိမ်အမျိုးသား တို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည်အတိုင်း၊
33 ၃၃ အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း လေးသောင်း ငါး ရာ ရှိကြ၏။
၃၃အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းငါးရာ ရှိကြ၏။
34 ၃၄ မနာရှေ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
၃၄မနာရှေအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
35 ၃၅ အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း သုံးသောင်း နှစ်ထောင်နှစ်ရာ ရှိကြ၏။
၃၅အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိကြ၏။
36 ၃၆ ဗင်္ယာမိန် အမျိုးသား တို့တွင် အဆွေအမျိုး အသီးသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
၃၆ဗင်္ယာမိန်အမျိုးသားတို့တွင် အဆွေအမျိုးအသီး သီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
37 ၃၇ အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း သုံးသောင်း ငါးထောင်လေး ရာ ရှိကြ၏။
၃၇အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း သုံးသောင်းငါးထောင်လေးရာ ရှိကြ၏။
38 ၃၈ ဒန် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည်အတိုင်း၊
၃၈ဒန်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီး လိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည်အတိုင်း၊
39 ၃၉ အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ခြောက်သောင်း နှစ်ထောင်ခုနစ် ရာ ရှိကြ၏။
၃၉အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ခြောက်သောင်းနှစ်ထောင်ခုနစ်ရာ ရှိကြ၏။
40 ၄၀ အာရှာ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
၄၀အာရှာအမျိုးသားတို့တွင် အဆွေအမျိုးအသီးအ သီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
41 ၄၁ အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း လေးသောင်း တထောင်ငါး ရာ ရှိကြ၏။
၄၁အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းတထောင်ငါးရာ ရှိကြ၏။
42 ၄၂ နဿလိ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
၄၂နဿလိအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊
43 ၄၃ အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ငါးသောင်း သုံးထောင်လေး ရာ ရှိကြ၏။
၄၃အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းသုံးထောင်လေးရာ ရှိကြ၏။
44 ၄၄ ထိုသို့ မောရှေ နှင့် အာရုန် အစရှိသော ဣသရေလ အမျိုး၌ အဆွေအမျိုး သူကြီးဖြစ်သော မင်း ဆယ် နှစ် ပါးတို့သည်
၄၄ထိုသို့မောရှေနှင့် အာရုန်အစရှိသော ဣသရေ လအမျိုး၌ အဆွေအမျိုးသူကြီးဖြစ်သော မင်းဆယ်နှစ်ပါး တို့သည်
45 ၄၅ ဣသရေလ အမျိုးသား အပေါင်း တို့ကို အဆွေအမျိုး အလိုက် ရေတွက် ၍ စာရင်းယူသည်အတိုင်း၊
၄၅ဣသရေလအမျိုးသားအပေါင်းတို့ကို အဆွေ အမျိုးအလိုက် ရေတွက်၍ စာရင်းယူသည်အတိုင်း၊
46 ၄၆ အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော လူပေါင်း ကား ခြောက် သိန်းသုံး ထောင်ငါး ရာ ငါး ဆယ်ရှိ သတည်း။
၄၆အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော လူပေါင်းကား ခြောက်သိန်းသုံးထောင်ငါးရာ ငါးဆယ် ရှိသတည်း။
47 ၄၇ လေဝိ သားတို့သည်၊ ဘိုးဘ အမျိုး အလိုက် စာရင်း မ ဝင်ရသည် အမှုမှာ၊
၄၇လေဝိသားတို့သည်၊ ဘိုးဘအမျိုးအလိုက် စာရင်း မဝင်ရသည် အမှုမှာ၊
48 ၄၈ ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
၄၈ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား
49 ၄၉ လေဝိ သား တို့ကို၊ ဣသရေလ အမျိုးသား တို့နှင့် ရောနှော၍ မ ရေတွက် ရ။ စာရင်း ထဲ၌မ သွင်း ရ။
၄၉လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့နှင့် ရောနှော၍ မရေတွက်ရ။ စာရင်းထဲ၌ မသွင်းရ။
50 ၅၀ လေဝိ သားတို့အား သက်သေခံ ချက် တဲ တော်ကို၎င်း၊ တဲတော်တန်ဆာ ရှိသမျှ ကို ၎င်း၊ တဲ တော်နှင့်ဆိုင်သမျှ တို့ကို၎င်းအပ် ၍၊ သူတို့သည် တဲ တော်နှင့် တဲ တော်တန်ဆာ အလုံးစုံ ကို ဆောင်ရွက် ရကြမည်။ တဲ တော်မှုကိုလည်း ထမ်း ရကြမည်။ တပ်ချသောအခါ၊ တဲ တော်ပတ်လည် ၌ မိမိတို့နေရာ ချရကြမည်။
၅၀လေဝိသားတို့အား သက်သေခံချက် တဲတော်ကို ၎င်း၊ တဲတော်တန်ဆာ ရှိသမျှကို၎င်း၊ တဲတော်နှင့်ဆိုင်သမျှတို့ကို၎င်း အပ်၍၊ သူတို့သည် တဲတော်နှင် တဲတော်တန်သော အလုံးစုံကို ဆောင်ရွက်ကြရမည်။ တဲတော်မှုကိုလည်း ထမ်းရကြမည်။ တပ်ချသောအခါ တဲတော်ပတ်လည်၌ မိမိတို့နေရာချရကြမည်။
51 ၅၁ တဲ တော်ကို ယူသွား ချိန် ရောက်သောအခါ ၊ လေဝိ သားတို့သည် ရုပ်သိမ်း ရမည်။ နေရာ ချချိန်ရောက်သောအခါ ၊ ထူထောင် ပြန်ရမည်။ လေဝိ အမျိုးသားမှတပါး အခြား သော အမျိုးသားသည် ချဉ်းကပ် လျှင်၊ အသေ သတ်ခြင်းကိုခံရမည်။
၅၁တဲတော်ကို ယူသွားချိန် ရောက်သောအခါ၊ လေဝိသားတို့သည် ရုပ်သိမ်းရမည်။ နေရာချချိန်ရောက် သောအခါ ထူထောင်ပြန်ရမည်။ လေဝိအမျိုးသားမှတပါး အခြားသော အမျိုးသားသည် ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကို ခံရမည်။
52 ၅၂ ဣသရေလ အမျိုးသား တို့သည် တပ်ချ သောအခါ ၊ အလုံးအရင်း တရှောက်လုံး၊ လူတိုင်း မိမိ ဆိုင်သော တပ် တွင် မိမိ ဆိုင်သော အလံ နားမှာ မိမိတဲကို ဆောက်ရမည်။
၅၂ဣသရေလအမျိုးသားတို့သည် တပ်ချသော အခါ၊ အလုံးအရင်းတရှောက်လုံး၊ လူတိုင်း မိမိဆိုင်သော တပ်တွင် မိမိဆိုင်သော အလံနားမှာ မိမိတဲကို ဆောက်ရ မည်။
53 ၅၃ ဣသရေလ အမျိုးသား စည်းဝေးရာ၊ ပရိသတ် အပေါ် မှာ အမျက် တော်မ သက်ရောက် စေခြင်းငှါ ၊ လေဝိ သားတို့သည် သက်သေခံ ချက် တဲ တော်ပတ်လည် ၌ နေရာ ချ၍ ၊ သက်သေခံ ချက်တဲ တော်ကို စောင့်ရှောက် ရမည် ဟု၊
၅၃ဣသရေလအမျိုးသားစည်းဝေးရာ၊ ပရိသတ် အပေါ်မှာ အမျက်တော်မသက်ရောက်စေခြင်းငှါ၊ လေဝိသားတို့သည် သက်သေခံချက် တဲတော်ပတ်လည်၌ နေရာချ၍ သက်သေခံချက်တဲတော်ကို စောင့်ရှောက်ရ မည်ဟု၊
54 ၅၄ မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည် အတိုင်း ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။
၅၄မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း ဣသရေလာအမျိုးသားတို့သည် ပြုကြ၏။

< တောလည်ရာ 1 >