Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Burmese Common Language Bible, Numbers Chapter 19 https://www.AionianBible.org/Bibles/Myanmar---Burmese-Common-Bible/Numbers/19 1 ၁) ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့ မှတစ်ဆင့်၊ 2 ၂) ဣသရေလအမျိုးသားတို့အား အောက်ဖော် ပြပါပညတ်များကိုပြဋ္ဌာန်းပေးတော်မူ၏။ ဣသရေလအမျိုးသားတို့သည် အပြစ် အနာကင်း၍ထမ်းပိုးမတင်ရသေးသော နွားနီမတစ်ကောင်ကို၊- 3 ၃) ယဇ်ပုရောဟိတ်ဧလာဇာထံသို့ယူဆောင်ခဲ့ ရသည်။ နွားကိုစခန်းအပြင်သို့ထုတ်၍ ယဇ်ပုရောဟိတ်၏ရှေ့မှောက်တွင်သတ်ရမည်။- 4 ၄) ဧလာဇာသည်သွေးကိုလက်ချောင်းဖြင့်တို့၍ တဲတော်ရှိရာဘက်ခုနစ်ကြိမ်ဖျန်းရမည်။- 5 ၅) နွား၏အရေ၊ အသား၊ သွေးနှင့်အူမှစ၍တစ် ကောင်လုံးကို ယဇ်ပုရောဟိတ်ရှေ့တွင်မီးရှို့ ရမည်။- 6 ၆) ထိုနောက်သူသည်အကာရှသစ်သား၊ ဟုဿုပ် ညွန့်နှင့်ချည်ကြိုးအနီတို့ကိုမီးပုံထဲသို့ ပစ်ချရမည်။- 7 ၇) ထို့နောက်သူသည်မိမိအဝတ်များကိုဖွပ် လျှော်၍ ရေချိုးပြီးလျှင်စခန်းတွင်းသို့ဝင် နိုင်သည်။ သို့ရာတွင်ဘာသာရေးထုံးနည်း အရ သူသည်ညနေခင်းသို့တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။- 8 ၈) နွားမကိုမီးရှို့သောသူသည်လည်း မိမိ အဝတ်များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည်လည်းညနေခင်းသို့တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။- 9 ၉) ထိုနောက်ဘာသာရေးထုံးနည်းအရသန့်စင် သူတစ်ဦးက နွားမ၏ပြာကိုစုသိမ်း၍ စခန်းအပြင်ဘက်ရှိဘာသာရေးထုံးနည်း အရ သန့်သောနေရာတွင်ထားရမည်။ ဣသ ရေလအမျိုးသားတို့သည်ဘာသာရေး ထုံးနည်းအရ မသန့်စင်မှုကိုသန့်စင်စေမည့် ရေကိုဖော်စပ်ရာ၌ထိုပြာကိုအသုံးပြု ရမည်။ ဤဝတ်သည်အပြစ်ကင်းစေရန်ပြု သောဝတ်ဖြစ်သည်။- 10 ၁၀) နွားမ၏ပြာကိုစုသိမ်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်ရမည်။ သူသည်လည်းည နေခင်းသို့တိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။ ဣသရေလအမျိုးသားတို့နှင့်တကွသူတို့ နှင့်အတူနေထိုင်သောလူမျိုးခြားများသည် ဤပညတ်ကိုအစဉ်အမြဲစောင့်ထိန်းရမည်။ 11 ၁၁) လူသေကောင်ကိုကိုင်တွယ်မိသူသည်ဘာသာ ရေးထုံးနည်းအရ ခုနစ်ရက်တိုင်အောင်မသန့် စင်ဘဲရှိလိမ့်မည်။- 12 ၁၂) သူသည်တတိယနေ့နှင့်သတ္တမနေ့များ တွင်သန့်စင်ခြင်းဝတ်ဆိုင်ရာရေဖြင့် မိမိ ကိုယ်ကိုသန့်စင်စေရမည်။ ထိုနောက်သူ သည်သန့်စင်လာလိမ့်မည်။ တတိယနေ့ နှင့်သတ္တမနေ့များတွင်သန့်စင်မှုမပြု လျှင် သူသည်သန့်စင်လိမ့်မည်မဟုတ်။- 13 ၁၃) လူသေကောင်ကိုကိုင်တွယ်မိသောသူသည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုကိုယ်ပေါ်သို့ ပက်၍ သန့်စင်မှုမပြုလျှင်မသန့်စင်ဘဲရှိ နေလိမ့်မည်။ ထိုသူသည်ထာဝရဘုရား၏ တဲတော်ကိုညစ်ညမ်းစေသဖြင့် ဘုရားသခင် ၏လူမျိုးတော်မှထုတ်ပယ်ခြင်းခံရမည်။ 14 ၁၄) တဲထဲတွင်လူတစ်ယောက်ယောက်သေဆုံးခဲ့ လျှင် ထိုအချိန်တွင်တဲတွင်း၌ရှိသောသူ နှင့်တဲထဲသို့ဝင်လာသောသူသည် ဘာသာ ရေးထုံးနည်းအရခုနစ်ရက်တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။- 15 ၁၅) တဲတွင်း၌အဖုံးမရှိသောအိုးခွက်ရှိသမျှ တို့သည်လည်းညစ်ညမ်းလိမ့်မည်။- 16 ၁၆) မြို့ပြင်တွင်အသတ်ခံရသူသို့မဟုတ် သဘာဝအလျောက်သေဆုံးသူ၏အလောင်း၊ အရိုး၊ သင်္ချိုင်းကိုကိုင်တွယ်မိသောသူသည် ခုနစ်ရက်တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။ 17 ၁၇) ထိုကဲ့သို့မသန့်စင်သူများကိုသန့်စင်လာ စေရန် အပြစ်ဖြေရာနွားနီမ၏ပြာအိုး တစ်လုံးတွင်စမ်းရေနှင့်ရော၍ထည့်ရမည်။- 18 ၁၈) အိမ်၌လူသေသဖြင့်မသန့်စင်မှုပေါ်ပေါက် ခဲ့သော် ဘာသာရေးထုံးနည်းအရသန့်စင် သူက ဟုဿုပ်ညွန့်ကိုရေထဲ၌နှစ်ပြီးလျှင် တဲကိုလည်းကောင်း၊ တဲထဲ၌ရှိသမျှသော ပစ္စည်းများနှင့်လူများကိုလည်းကောင်းဖျန်း ရမည်။ လူသေအရိုး၊ လူသေကောင်သို့မဟုတ် သင်္ချိုင်းကိုကိုင်တွယ်မိ၍ မသန့်စင်သူကို သန့်စင်သူကရေနှင့်ဖျန်းရမည်။- 19 ၁၉) သန့်စင်သူကမသန့်စင်သူကိုတတိယနေ့ နှင့် သတ္တမနေ့များတွင်ရေနှင့်ဖျန်းရမည်။ မ သန့်စင်သူအားသန့်စင်ခြင်းဝတ်ကိုပြုလုပ် ပေးရမည်။ သတ္တမနေ့တွင်သန့်စင်သူကမိမိ ၏အဝတ်များကိုဖွတ်လျှော်၍ ရေချိုးပြီး နောက်နေဝင်ချိန်တွင်သန့်စင်လာလိမ့်မည်။ 20 ၂၀) ဘာသာရေးထုံးနည်းအရမသန့်စင်သူ သည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုမိမိ ကိုယ်ပေါ်သို့ပက်၍ သန့်စင်မှုမပြုလျှင် မသန့်စင်ဘဲရှိနေလိမ့်မည်။ ထိုသူသည် ထာဝရဘုရား၏တဲတော်ကိုညစ်ညမ်း စေသဖြင့် ဘုရားသခင်၏လူမျိုးတော် မှထုတ်ပယ်ခြင်းခံရမည်။- 21 ၂၁) သင်တို့သည်ဤပညတ်ကိုနောင်အစဉ် အဆက်စောင့်ထိန်းရကြမည်။ သန့်စင်ခြင်း ဝတ်ဆိုင်ရာရေကိုဖျန်းပေးသောသူသည် လည်း မိမိ၏အဝတ်များကိုဖွပ်လျှော်ရမည်။ ထိုရေကိုထိကိုင်မိသောသူသည် ညနေသို့ တိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။- 22 ၂၂) မသန့်စင်သူကိုင်တွယ်မိသမျှတို့သည်ညစ် ညမ်းလာသဖြင့် ထိုအရာဝတ္ထုများကိုကိုင် တွယ်မိသူသည်ညနေသို့တိုင်အောင်မသန့် စင်ဘဲရှိလိမ့်မည်။ Additional comments?
Refresh Captcha
The world's first Holy Bible un-translation!