Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Burmese Common Language Bible, Genesis Chapter 47 https://www.AionianBible.org/Bibles/Myanmar---Burmese-Common-Bible/Genesis/47 1 ၁) သို့ဖြစ်၍ယောသပ်သည်ဖာရောဘုရင်ထံ သို့သွားလေ၏။ ယောသပ်သည်ဘုရင့်ထံသို့ အခစားဝင်၍``ကျွန်တော်မျိုး၏အဖနှင့် အစ်ကိုတို့သည်သိုးနွားများနှင့်တကွ သူ တို့ပိုင်သမျှဥစ္စာပစ္စည်းများကိုယူဆောင်ကာ ခါနာန်ပြည်မှရောက်ရှိလာကြပါပြီ။ ယခု သူတို့သည်ဂေါရှင်အရပ်တွင်ရှိပါသည်'' ဟု လျှောက်လေ၏။- 2 ၂) ထိုနောက်သူသည်အစ်ကိုငါးယောက်ကိုရွေး ယူ၍ ဘုရင်ထံသို့ဝင်ရောက်ခစားစေသည်။- 3 ၃) ဖာရောဘုရင်ကယောသပ်၏အစ်ကိုတို့ အား``သင်တို့မည်သည့်အလုပ်ကိုလုပ်ကိုင် ကြသနည်း'' ဟုမေးလေ၏။ သူတို့က``ကျွန်တော်မျိုးတို့သည်ဘိုးဘေး များကဲ့သို့သိုးထိန်းများဖြစ်ကြပါသည်။- 4 ၄) ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းဘေး အလွန်ဆိုးရွားလျက်ရှိသဖြင့် သိုးနွားတို့ အတွက်စားကျက်မရှိပါ။ သို့ဖြစ်၍ကျွန်တော် မျိုးတို့သည်ဤပြည်တွင်နေထိုင်ရန်ရောက်လာ ကြပါသည်။ ကျွန်တော်မျိုးတို့အားဂေါရှင် အရပ်၌နေထိုင်ခွင့်ပေးတော်မူပါ'' ဟုလျှောက် ထားကြလေ၏။- 5 ၅) ဖာရောဘုရင်ကယောသပ်အား``သင်၏အဖ နှင့်အစ်ကိုတို့သည် သင့်ထံသို့ယခုရောက်ရှိ လာကြပြီဖြစ်၍၊- 6 ၆) အီဂျစ်ပြည်တွင်အကောင်းဆုံးအရပ်ဖြစ် သောဂေါရှင်ဒေသ၌နေထိုင်ကြပါစေ။ သူ တို့အနက်သင့်တော်သောသူများရှိလျှင် ငါ၏သိုးနွားအုပ်အရာ၌ခန့်ထားလော့'' ဟုမိန့်ကြားလေ၏။ 7 ၇) ထိုနောက်ယောသပ်သည်မိမိ၏အဖကိုဘုရင် ရှေ့သို့ခေါ်ဆောင်ခဲ့၏။ ယာကုပ်သည်ဖာရော ဘုရင်အားကောင်းချီးပေးလေ၏။- 8 ၈) ဘုရင်ကယာကုပ်အား``အသက်အရွယ်မည် မျှရှိပါသနည်း'' ဟုမေး၏။ 9 ၉) ယာကုပ်က``ကျွန်တော်မျိုးသည်လောကတွင် ဧည့်သည်အာဂန္တုအဖြစ်နှစ်ပေါင်းတစ်ရာ့သုံး ဆယ်နေထိုင်ခဲ့ပါပြီ။ သို့ရာတွင်ဘိုးဘေး တို့၏သက်တမ်းကိုမမီပါ။ ကျွန်တော်မျိုး အသက်ရှင်ခဲ့သောနှစ်များမှာတို၍ကြမ်း တမ်းလှပါ၏'' ဟုလျှောက်လေ၏။- 10 ၁၀) ထိုနောက်ယာကုပ်သည်ဖာရောဘုရင်ကိုနှုတ် ဆက်ကောင်းချီးပေးပြီးလျှင် ဘုရင့်ထံတော် မှထွက်လာခဲ့လေ၏။- 11 ၁၁) ယောသပ်သည်ဖာရောဘုရင်အမိန့်တော်ရှိသည့် အတိုင်းသူ၏အဖနှင့်အစ်ကိုတို့အား အီဂျစ် ပြည်ရာမသက်မြို့အနီးရှိအကောင်းဆုံး အရပ်တွင်မြေအပိုင်ပေး၍နေထိုင်စေ၏။- 12 ၁၂) ယောသပ်သည်အဖနှင့်အစ်ကိုများအပါ အဝင် ယာကုပ်၏မိသားစုအားလုံးတို့ အားစားနပ်ရိက္ခာထောက်ပံ့လေ၏။ 13 ၁၃) အစာခေါင်းပါးခြင်းကပ်သည်အလွန်ဆိုးရွား ရကားစားနပ်ရိက္ခာပြတ်လပ်ကုန်သဖြင့် အီဂျစ် ပြည်နှင့်ခါနာန်ပြည်ရှိလူအပေါင်းတို့သည် အစာငတ်မွတ်သည့်ဒဏ်ကိုအလူးအလဲခံရ ကြ၏။- 14 ၁၄) ယောသပ်သည်စပါးရောင်းရာမှရသောငွေ များကိုစုသိမ်း၍ နန်းတော်ငွေတိုက်သို့ပေး သွင်းလေ၏။- 15 ၁၅) အီဂျစ်ပြည်သားနှင့်ခါနာန်ပြည်သားတို့ တွင်စပါးဝယ်ရန်ငွေကုန်သောအခါ အီဂျစ် ပြည်သားတို့သည်ယောသပ်ထံသို့လာ၍``ကျွန် တော်တို့အားစားစရာပေးပါ။ ငတ်၍မသေ ပါရစေနှင့်။ ကျွန်တော်တို့တွင်ရိက္ခာဝယ်ရန် ငွေမကျန်တော့ပါ'' ဟုလျှောက်ကြလေ သည်။ 16 ၁၆) ယောသပ်က``သင်တို့တွင်ငွေကုန်လျှင် သင်တို့ ၏သိုးနွားတိရစ္ဆာန်များကိုယူခဲ့ကြလော့။ တိရစ္ဆာန်များကိုစပါးနှင့်လဲလှယ်ပေးမည်'' ဟုဆိုလေ၏။- 17 ၁၇) သူတို့သည်တိရစ္ဆာန်များကိုယောသပ်ထံသို့ ယူဆောင်ခဲ့၍ယောသပ်သည်သူ့တို့၏ မြင်း၊ သိုး၊ ဆိတ်၊ နွား၊ မြည်းများကိုစားနပ်ရိက္ခာနှင့်လဲ လှယ်ပေးလေ၏။ ထိုနှစ်၌ပြည်သူပြည်သား တို့သည် မိမိတို့၏တိရစ္ဆာန်ရှိသမျှကိုစား နပ်ရိက္ခာနှင့်လဲလှယ်ကြလေသည်။ 18 ၁၈) ထိုနှစ်ကုန်၍နောက်တစ်နှစ်သို့ရောက်ရှိလာ သောအခါ သူတို့သည်ယောသပ်ထံသို့လာ ကြပြန်၍``ကျွန်တော်တို့လက်တွင်ငွေလည်း ကုန်ကြောင်း၊ တိရစ္ဆာန်များလည်းကိုယ်တော်၏ လက်ဝယ်သို့ရောက်ရှိကြောင်း ကိုယ်တော်အသိ ပင်ဖြစ်ပါသည်။ ယခုကျွန်တော်တို့၏ကိုယ် နှင့်ကျွန်တော်တို့၏လယ်မြေများမှလွဲ၍ ကိုယ်တော်အားပေးရန်အဘယ်အရာမျှ မရှိတော့ပါ။- 19 ၁၉) ကျွန်တော်တို့အစာငတ်၍မသေပါရစေနှင့်။ ကျွန်တော်တို့လယ်များလည်းပျက်ပြုန်းခြင်း မဖြစ်ပါစေနှင့်။ ကျွန်တော်တို့အားရိက္ခာပေး သည့်အတွက် ကျွန်တော်တို့နှင့်ကျွန်တော်တို့၏ လယ်မြေများကိုဝယ်တော်မူပါ။ ကျွန်တော်တို့ သည်ဖာရောဘုရင်ထံ၌ကျွန်ခံပါမည်။ လယ်မြေ များကိုလည်းဘုရင်လက်သို့အပ်ပါမည်။ ကျွန် တော်တို့အသက်မသေစေရန်လည်းကောင်း၊ လယ် များတွင်စိုက်ပျိုးနိုင်ရန်လည်းကောင်းစပါး ကိုပေးတော်မူပါ'' ဟုလျှောက်ကြလေ၏။ 20 ၂၀) သို့ဖြစ်၍ယောသပ်သည်အီဂျစ်ပြည်ရှိလယ် မြေအားလုံးကို ဖာရောဘုရင်အတွက်ဝယ် ယူလေ၏။ အစာခေါင်းပါးခြင်းကပ်ဆိုးရွား ခြင်းကြောင့်အီဂျစ်ပြည်သားတိုင်း မိမိ၏ လယ်မြေကိုရောင်းရသဖြင့်လယ်မြေအား လုံးတို့သည်ဘုရင့်ဘဏ္ဍာတော်ဖြစ်လာ၏။- 21 ၂၁) အီဂျစ်ပြည်တစ်စွန်းမှတစ်စွန်းအထိနေ ထိုင်သူအပေါင်းတို့သည်လည်း ဘုရင်၏ ကျွန်ဖြစ်လာကြ၏။- 22 ၂၂) ယဇ်ပုရောဟိတ်တို့သည်ဘုရင်ထံမှရိက္ခာ အထောက်အပံ့ရသူများဖြစ်သောကြောင့် မိမိ တို့လယ်မြေများကိုရောင်းချရန်မလို။ ထို့ ကြောင့်ယောသပ်သည်သူတို့၏လယ်မြေများ ကိုမဝယ်ယူဘဲချန်လှပ်ထားလေသည်။- 23 ၂၃) ယောသပ်ကပြည်သားတို့အား``ယခုငါသည် သင်တို့နှင့်သင်တို့၏လယ်မြေများကိုဘုရင့် အတွက်ဝယ်ယူပြီးပြီ။ သင်တို့၏လယ်များ တွင်စိုက်ပျိုးရန်မျိုးစပါးကိုယူကြလော့။- 24 ၂၄) စပါးရိတ်သိမ်းသည့်အခါငါးပုံတစ်ပုံကို ဘုရင့်ထံဆက်ရမည်။ ကျန်သောစပါးကိုမျိုး စပါးအတွက်နှင့်သင်တို့နှင့်မိသားစုစားသုံး ရန်အတွက်အသုံးပြုကြလော့'' ဟုဆိုလေ၏။ 25 ၂၅) ပြည်သားတို့က``ကိုယ်တော်သည်ကျွန်တော်တို့ ၏အသက်ကိုကယ်တော်မူပါပြီ။ ကျွန်တော် တို့သည်ကိုယ်တော်ထံမှမျက်နှာသာရပါ စေသော၊ သနားညှာတာတော်မူပါပြီ။ ကျွန် တော်တို့သည်ဘုရင်ထံ၌ကျွန်ခံပါမည်'' ဟုလျှောက်ကြ၏။- 26 ၂၆) သို့ဖြစ်၍ယောသပ်သည်အီဂျစ်ပြည်တွင် အသီးအနှံထွက်ထဲမှ ငါးပုံတစ်ပုံကို ဖာရော ဘုရင်ထံဆက်ရမည်ဟူသောမြေယာဥပဒေ တစ်ရပ်ကိုပြဋ္ဌာန်းခဲ့လေသည်။ ထိုဥပဒေ သည်ယနေ့တိုင်အောင်အာဏာတည်လျက်ရှိ၏။ ယဇ်ပုရောဟိတ်တို့ပိုင်သောလယ်မြေများသာ လျှင်ထိုဥပဒေမှလွတ်ကင်းခွင့်ရှိသည်။ 27 ၂၇) ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်ဂေါရှင်အရပ်၌နေထိုင်ကြစဉ်ကြီး ပွားတိုးတက်၍လူဦးရေအလွန်များပြား လာလေသည်။- 28 ၂၈) ယာကုပ်သည်အီဂျစ်ပြည်တွင်တစ်ဆယ့် ခုနစ်နှစ်နေထိုင်ခဲ့၏။ သို့ဖြစ်၍ယာကုပ် ၏သက်တမ်းမှာတစ်ရာ့လေးဆယ်ခုနစ် နှစ်ဖြစ်သတည်း။- 29 ၂၉) သူသည်စုတေ့ရသောအချိန်နီးလာသော အခါ သားယောသပ်ကိုခေါ်၍ငါ့အားသင် မျက်နှာသာပေးမည်ဆိုလျှင်``ငါ၏ပေါင်အောက် မှာသင်၏လက်ကိုထားလျက် သင်၏ကရုဏာ နှင့်သစ္စာတရားကိုငါ့အားပြမည်ဟုကတိ ပြုပါလော့။ အဖကိုအီဂျစ်ပြည်၌သင်္ဂြိုဟ် ခြင်းမပြုပါနှင့်။- 30 ၃၀) အဖကိုအီဂျစ်ပြည်မှထုတ်ဆောင်၍အဖ၏ ဘိုးဘေးတို့သင်္ဂြိုဟ်ရာသင်္ချိုင်း၌သင်္ဂြိုဟ်ပါ လော့'' ဟုဆို၏။ ယောသပ်က``အဖဆန္ဒအတိုင်းကျွန်တော်ဆောင် ရွက်ပေးပါမည်'' ဟုဝန်ခံလေ၏။ 31 ၃၁) သို့ရာတွင်ယာကုပ်က``ဆောင်ရွက်ပေးပါမည်ဟု ကျိန်ဆိုလော့'' ဟုဆိုသော်ယောသပ်သည်ကျိန်ဆို လေ၏။ ထိုနောက်ယာကုပ်သည်အိပ်ရာ၏ခေါင်း ရင်းတွင်ကျေးဇူးတော်ကိုချီးမွမ်းလေ၏။ Additional comments?
Refresh Captcha
The world's first Holy Bible un-translation!