< 1 Kungaboken 15 >

1 I konung Jerobeams, Nebats sons, adertonde regeringsår blev Abiam konung över Juda.
နေဗတ်၏သား ယေရောဗောင်မင်းကြီး နန်းစံ တဆယ်ရှစ်နှစ်တွင်၊ အဘိယသည် ယေရုရှလင်မြို့၌ မင်းပြု၍၊ ယုဒပြည်ကို သုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ အဘရှလုံ၏ သမီးမာခါ အမည်ရှိ၏။
2 Han regerade tre år i Jerusalem. Hans moder hette Maaka, Abisaloms dotter.
3 Och han vandrade i alla de synder som hans fader hade begått före honom, och hans hjärta var icke hängivet åt HERREN, hans Gud, såsom hans fader Davids hjärta hade varit.
ခမည်းတော်ပြုသော ဒုစရိုက်ကို ပြုမြဲပြု၍၊ ဘေးတော်ဒါဝိဒ်ကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စိတ်နှလုံးစုံလင်သည်မဟုတ်။
4 Allenast för Davids skull lät HERREN, hans Gud, honom få en lampa i Jerusalem, i det att han uppsatte hans son efter honom och lät Jerusalem hava bestånd --
သို့သော်လည်း ဒါဝိဒ်၏မျက်နှာကိုထောက်၍၊ သူ၏ဘုရားသခင် ထာဝရဘုရားသည် ဆွေတော်မျိုးတော် ကို ချီးမြှောက်၍၊ ယေရုရှလင်မြို့ကို တည်စေသဖြင့်၊ ထိုမြို့ ၌ ဒါဝိဒ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။
5 detta därför att David gjorde vad rätt var i HERRENS ögon och icke vek ifrån något som han bjöd honom, så länge han levde, utom i saken med hetiten Uria.
အကြောင်းမူကား၊ ဒါဝိဒ်သည် ဟိတ္တိအမျိုး ဥရိယအမှုကိုထားလျှင်၊ တသက်လုံးထာဝရဘုရားမှာ ထားတော်မူသော အမှုတစုံတခုကိုမျှ မရှောင်၊ ရှေ့တော်၌ တရားသဖြင့် ကျင့်သောအကြောင်းတည်း။
6 Men Rehabeam och Jerobeam lågo i krig med varandra, så länge den förre levde.
ရောဗောင်သား အဘိယနှင့် ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။
7 Vad nu mer är att säga om Abiam och om allt vad han gjorde, det finnes upptecknat i Juda konungars krönika. Men Abiam och Jerobeam lågo i krig med varandra.
အဘိယပြုမူသောအမှုအရာ ကြွင်းသမျှတို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ၏။
8 Och Abiam gick till vila hos sina fäder, och man begrov honom i Davids stad. Och hans son Asa blev konung efter honom.
အဘိယသည်ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ဒါဝိဒ် မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာသသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
9 I Jerobeams, Israels konungs, tjugonde regeringsår blev Asa konung över Juda.
ဣသရေလရှင်ဘုရင် ယေရောဗောင် နန်းစံ နှစ်ဆယ်တွင်၊ အာသသည် ယေရုရှလင်မြို့၌ လေးဆယ် တနှစ်မင်းပြု၍ ယုဒပြည်ကို စိုးစံလေ၏။
10 Han regerade fyrtioett år i Jerusalem. Hans moder hette Maaka, Abisaloms dotter.
၁၀အဘွားတော်ကား၊ အဘရှလုံ၏သမီး မာခါ ဖြစ်၏။
11 Och Asa gjorde vad rätt var i HERRENS ögon, såsom hans fader David hade gjort
၁၁အာသသည် အဘိတော်ဒါဝိဒ်ပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ တရားသဖြင့်ပြု၏။
12 Han drev ut tempelbolarna ur landet och skaffade bort alla de eländiga avgudabeläten som hans fader hade låtit göra.
၁၂ယောက်ျားအလိုသို့ လိုက်တတ်သောမိန်းမလျှာ တို့ကို၎င်း၊ ဘိုးတော်ဘေးတော်လုပ်သော ရုပ်တုရှိသမျှ တို့ကို၎င်း၊ ပြည်တော်ထဲက ပယ်ရှားတော်မူ၏။
13 Ja, sin moder Maaka avsatte han från hennes drottningsvärdighet, därför att hon hade satt upp en styggelse åt Aseran; Asa högg nu ned styggelsen och brände upp den i Kidrons dal.
၁၃အဘွားတော်မာခါသည် အာရှရပင်အဘို့ ရုပ်တုကိုလုပ်သောကြောင့်၊ မိဖုရားအရာကိုနှုတ်၍၊ ရုပ်တုကို ဖျက်ဆီးပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။
14 Men offerhöjderna blevo icke avskaffade; dock var Asas hjärta hängivet åt HERREN, så länge han levde.
၁၄မြင့်သောအရပ်တို့ကို မပယ်ရှားသော်လည်း၊ လက်ထက်တော် ကာလပတ်လုံး၊ အာသစိတ်နှလုံးသည် ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းရှိ၏။
15 Och han förde in i HERRENS hus både vad hans fader och vad han själv hade helgat åt HERREN: silver, guld och kärl.
၁၅ခမည်းတော်လှူသောဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းတော်မူ၏။
16 Men Asa och Baesa, Israels konung, lågo i krig med varandra, så länge de levde.
၁၆အာသနှင့် ဣသရေလရှင်ဘုရင် ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။
17 Baesa, Israels konung, drog upp mot Juda och begynte befästa Rama, för att hindra att någon komme vare sig till eller ifrån Asa, Juda konung.
၁၇ဣသရေလရှင်ဘုရင် ဗာရှာသည် ယုဒပြည်သို့ စစ်ချီ၍၊ ယုဒရှင်ဘုရင်အာသထံသို့ အဘယ်သူမျှ မထွက် မဝင်စေခြင်းငှါ ရာမမြို့ကို တည်၏။
18 Då tog Asa allt silver och guld som fanns kvar i skattkamrarna i HERRENS hus, ävensom skatterna i konungshuset, och lämnade detta åt sina tjänare; därefter sände konung Asa dem till Ben-Hadad, son till Tabrimmon, son till Hesjon, konungen i Aram, som bodde i Damaskus, och lät säga:
၁၈ထိုအခါ ကျန်ကြွင်းသော ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို အာသ သည်ယူ၍ မိမိကျွန်တို့၌ အပ်သဖြင့်၊ ဒမာသက်မြို့မှာ နေသောရှုရိရှင်ဘုရင် ရေဇုန်သား တာဗရိမုန်၏သား ဗင်္ဟာဒဒ်ထံသို့ပေးလိုက်၍၊
19 "Ett förbund består ju mellan mig och dig, såsom det var mellan min fader och din fader. Se, här sänder jag dig skänker av silver och guld, så bryt då nu ditt förbund med Baesa, Israels konung, för att han må lämna mig i fred."
၁၉ငါသည်သင်နှင့်၎င်း၊ ငါ့ခမည်းတော်သည် သင့် ခမည်းတော်နှင့်၎င်း၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါလက်ဆောင်ပေးလိုက်၏။ ဣသရေလ ရှင်ဘုရင် ဗာရှာသည် ငါ့ထံမှ ထွက်သွားစေခြင်းငှါ၊ သူနှင့် ဖွဲ့သော မိဿဟာယကို ဖျက်၍လာပါဟု မှာလိုက်လေ၏။
20 Och Ben-Hadad lyssnade till konung Asa och sände sina krigshövitsmän mot Israels städer och förhärjade Ijon, Dan, Abel-Bet-Maaka och hela Kinarot jämte hela Naftali land.
၂၀အာသမင်းကြီး၏ စကားကို ဗင်္ဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှါ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည် ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့မှစ၍ဂင်္နေသရက်ပြည်လုံး၊ နဿလိပြည်လုံးကို လုပ်ကြံကြ၏။
21 När Baesa hörde detta, avstod han från att befästa Rama och höll sig sedan stilla i Tirsa.
၂၁ထိုသိတင်းကို ဗာရှာသည် ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ တိရဇမြို့၌ နေရ၏။
22 Men konung Asa bådade upp hela Juda, ingen fritagen; och de förde bort stenar och trävirke som Baesa använde till att befästa Rama. Därmed befäste nu konung Asa Geba i Benjamin, så ock Mispa.
၂၂ထိုအခါ အာသမင်းကြီးသည် ယုဒပြည် တရှောက်လုံးတွင် အမိန့်တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သားတယောက်မျှ မလွတ်၊ ရှိသမျှတို့သည် ရာမမြို့၌ ဗာရှာမင်းသွင်းသော ကျောက်နှင့် သစ်သားကိုယူသွား ကြ၍၊ အာသမင်းကြီးသည် ဗင်္ယာမိန်ခရိုင်၌ ဂေဘမြို့နှင့် မိဇပါမြို့ကို တည်၏။
23 Allt vad mer är att säga om Asa, om alla hans bedrifter, om allt vad han gjorde och om de städer han byggde, det finnes upptecknat i Juda konungars krönika. Men på sin ålderdom fick han en sjukdom i sina fötter.
၂၃အာသမင်းပြုမူသောအမှုအရာကြွင်းသမျှနှင့် တန်ခိုးကြီးခြင်း၊ မြို့များကိုတည်ခြင်းအရာတို့သည် ယုဒ ရာဇဝင်၌ ရေးထားလျက်ရှိ၏။ သို့ရာတွင် အသက်ကြီး သောအခါ ခြေတော်၌ အနာရောဂါစွဲသဖြင့်၊
24 Och Asa gick till vila hos sina fäder och blev begraven hos sina fäder i sin fader Davids stad. Och hans son Josafat blev konung efter honom.
၂၄ဘိုးဘေးတို့နှင့်အိပ်ပျော်၍ အဘိတော်ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယောရှဖတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
25 Men Nadab, Jerobeams son, blev konung över Israel i Asas, Juda konungs, andra regeringsår, och han regerade över Israel i två år.
၂၅ယုဒရှင်ဘုရင် အာသနန်းစံနှစ်နှစ်တွင်၊ ယေရောဗောင်သား နာဒဒ်သည် ဣသရေလနိုင်ငံ၌ မင်းပြု၍ နှစ်နှစ်စိုးစံ၏။
26 Han gjorde vad ont var i HERRENS ögon och vandrade på sin faders väg och i den synd genom vilken denne hade kommit Israel att synda.
၂၆ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ခမည်းတော်လိုက်သောလမ်း၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော လမ်းသို့ လိုက်လေ၏။
27 Men Baesa, Ahias son, av Isaskar hus, anstiftade en sammansvärjning mot honom, och Baesa dräpte honom vid Gibbeton, som tillhörde filistéerna; Nadab med hela Israel höll nämligen på med att belägra Gibbeton.
၂၇ဣသခါအမျိုး၊ အဟိယသားဗာရှာသည် သင်းဖွဲ့၍၊ နာဒဒ်မင်းနှင့် ဣသရေလအမျိုးသားအပေါင်း တို့သည် ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကို ဝိုင်းထားကြစဉ်၊
28 I Asas, Juda konungs, tredje regeringsår var det som Baesa dödade honom, och han blev så själv konung i hans ställe.
၂၈ယုဒရှင်ဘုရင်အာသ နန်းစံသုံးနှစ်တွင်၊ ဗာရှာသည် နာဒဒ်မင်းကို လုပ်ကြံ၍ နန်းထိုင်လေ၏။
29 Och när han hade blivit konung förgjorde han hela Jerobeams hus; han lät intet som anda hade bliva kvar av Jerobeams hus, utan utrotade det, i enighet med det ord som HERREN hade talat genom sin tjänare Ahia från Silo --
၂၉နန်းထိုင်သောအခါ ယေရောဗောင်အမျိုးရှိသမျှကိုလည်း လုပ်ကြံ၏။ ထာဝရဘုရားသည် မိမိကျွန်၊ ရှိလောမြို့သား အဟိယအားဖြင့် မိန့်တော်မူသည် အတိုင်း၊ ယေရောဗောင်အမျိုးကို မဖျက်မှီတိုင်အောင်၊ အသက်ရှူသောသူတယောက်ကိုမျှ မချန်မထား။
30 detta för de synders skull som Jerobeam hade begått, och genom vilka han kom Israel att synda, så att han därmed förtörnade HERREN, Israels Gud.
၃၀အကြောင်းမူကား၊ ယေရောဗောင်သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့်ဣသရေလအမျိုးကို လည်းပြစ်မှား စေသော အပြစ်အားဖြင့်၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော် သောအကြောင်းတည်း။
31 Vad nu mer är att säga om Nadab och om allt vad han gjorde det finnes upptecknat i Israels konungars krönika.
၃၁နာဒဒ်မင်းပြုမူသော အမှုအရာကြွင်းသမျှတို့ သည် ဣသရေလရာဇဝင်၌ရေးထားလျက် ရှိ၏။
32 Men Asa och Baesa, Israels konung, lågo i krig med varandra, länge de levde.
၃၂အာသနှင့်ဣသရေလရှင်ဘုရင်ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။
33 I Asas, Juda konungs, tredje regeringsår blev Baesa, Ahias son, konung över hela Israel i Tirsa och regerade i tjugufyra år.
၃၃ယုဒရှင်ဘုရင် အာသနန်းစံသုံးနှစ်တွင်၊ အဟိယသားဗာရှာသည် တိရဇမြို့မှာမင်းပြု၍၊ ဣသရေလနိုင်ငံ ကို နှစ်ဆယ်လေးနှစ်စိုးစံ၏။
34 Han gjorde vad ont var i HERRENS ögon och vandrade på Jerobeams väg och i den synd genom vilken denne hade kommit Israel att synda.
၃၄ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလ အမျိုးကိုပြစ်မှားစေသောလမ်းသို့ လိုက်လေ၏။

< 1 Kungaboken 15 >