< 1 Kungaboken 14 >

1 Vid den tiden blev Abia, Jerobeams son, sjuk.
ထိုအခါ ယေရောဗောင်၏သား အဘိယသည် နာသောကြောင့်၊
2 Då sade Jerobeam till sin hustru: "Stå upp och förkläd dig, så att ingen kan märka att du är Jerobeams hustru, och gå till Silo, ty där bor profeten Ahia, han som förkunnade om mig att jag skulle bliva konung över detta folk.
ယေရောဗောင်သည် မိမိမယားကိုခေါ်၍၊ သင်သည် ယေရောဗောင်၏ မယားဖြစ်သည်ကို အဘယ်သူမျှ မသိစေခြင်းငှါ ခြားနားသော အဆင်းအရောင်ကို ဆောင်ပြီးလျှင်၊ ရှိလောမြို့သို့ ထသွားပါလော့။ ငါသည် ဤလူမျိုးကို စိုးစံရမည်အကြောင်းကို ပြသော ပရောဖက် အဟိယသည် ထိုမြို့၌ရှိ၏။
3 Och tag med dig tio bröd, därtill smått bakverk och en kruka honung, och gå in till honom; han skall då förkunna för dig huru det skall gå med gossen."
မုန့်ဆယ်လုံး၊ မုန့်ပြားအချို့၊ ပျားရည်ဘူးကို ဆောင်လျက် ပရောဖက်ထံသို့ သွားပါလော့။ သူငယ်၌ အဘယ်သို့ဖြစ်မည်ကို သူဟောလိမ့်မည်ဟု မှာထားသည် အတိုင်း၊
4 Jerobeams hustru gjorde så; hon stod upp och gick till Silo och kom till Ahias hus. Och Ahia kunde icke se, ty hans ögon voro starrblinda av ålderdom.
ယေရောဗောင်မယားသည် ထ၍ ရှိလောမြို့၌ အဟိယအိမ်သို့ သွားလေ၏။ ထိုအခါ အဟိယသည် အသက်ကြီးသောကြောင့် မျက်စိမမြင်၊ မှုန်လျက်ရှိ၏။
5 Men HERREN hade sagt till Ahia: "Just nu kommer Jerobeams hustru för att förfråga sig hos dig om sin son, ty han är sjuk; så och så skall du tala till henne. Men när hon kommer, skall hon ställa sig främmande.
ထာဝရဘုရားကလည်း၊ ယေရောဗောင်မယားသည် သားနားသောကြောင့်၊ သားအတွက်တစုံတခုကို တောင်းအံ့သောငှါ သင့်ဆီသို့ ယခုလာ၏။ ဤမည်သော စကားဖြင့် ပြန်ပြောရမည်။ သူသည် လာသောအခါ အခြားသော မိန်းမဖြစ်ယောင်ဆောင်လိမ့်မည်ဟု အဟိယအား မိန့်တော်မူ၏။
6 Då nu Ahia hörde ljudet av hennes steg, när hon kom i dörren, sade han: "Kom in, du Jerobeams hustru. Varför ställer du dig främmande? Jag har ju fått uppdrag att giva dig ett hårt budskap.
ထိုမိန်းမသည် တံခါးအထဲသို့ ဝင်၍၊ နင်းသံကို အဟိယသည် ကြားလျှင်၊ အိုယေရောဗောင်မယား ဝင်လော့။ အဘယ်ကြောင့် အခြားသော သူ၏အယောင်ကို ဆောင်သနည်း။ ဝမ်းနည်းစရာသိတင်းကို ကြား ပြောစေခြင်းငှါ သင့်ဆီသို့ ငါ့ကိုစေလွှတ်တော်မူ၏။
7 Gå och säg Jerobeam: Så säger HERREN, Israels Gud: Se, jag har upphöjt dig ur folket och satt dig till furste över mitt folk Israel
သင်သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို၊ ယေရောဗောင်ထံသို့ သွား၍ ဆင့်ဆိုရမည်မှာ၊ သင့်ကိုလူစုထဲက ငါရွေး၍ ငါ၏လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက် လျက်၊
8 och har ryckt riket från Davids hus och givit det åt dig. Men du har icke varit sådan som min tjänare David, som höll mina bud och följde efter mig av allt sitt hjärta, så att han gjorde allenast vad rätt var i mina ögon;
နိုင်ငံတော်ကို ဒါဝိဒ်မင်းမျိုးလက်မှနှုတ်၍ သင့်အားပေးသော်လည်း၊ သင်သည် ငါ့ကျွန်ဒါဝိဒ်ကဲ့သို့ မဟုတ်။ သူသည် ငါ့ပညတ်တို့ကို စောင့်ရှောက်၏။ ငါ့ရှေ့မှာ ကောင်းသောအကျင့်ကိုသာ ကျင့်မည်ဟု စိတ်နှလုံး အကြွင်းမဲ့ ငါ့ကို ဆည်းကပ်၏။
9 utan du har gjort mer ont än alla som hava varit före dig och har gått bort och gjort dig andra gudar, nämligen gjutna beläten, för att förtörna mig, och har kastat mig bakom din rygg.
သင်မူကား သင့်ရှေ့မှာ ဖြစ်ဘူးသောသူ အပေါင်းတို့ကို လွန်၍ ဒုစရိုက်ကိုပြုလေပြီ။ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားနှင့်သွန်းသော ရုပ်တုတို့ကိုလုပ်၍ ငါ့ကိုသင့်ကျောနောက်သို့ ပစ်ထားပြီ။
10 Därför skall jag låta olycka komma över Jerobeams hus och utrota allt mankön av Jerobeams hus, både små och stora i Israel; och jag skall bortsopa Jerobeams hus, såsom man sopar bort orenlighet, till dess det bliver en ände därpå.
၁၀ထိုကြောင့် ယေရောဗောင်အမျိုးအပေါ်သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ အချုပ် ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ ယေရောဗောင်အမျိုးယောက်ျားများကို ပယ်ဖြတ်မည်။ လူသည် နောက်ချေးကို အကုန်အစင်ကျုံးသွားသကဲ့သို့၊ ကျန်ကြွင်းသော ယေရောဗောင်အမျိုးသားကို ပယ်သွားမည်။
11 Den av Jerobeams hus, som dör i staden, skola hundarna äta upp, och den som dör ute på marken, skola himmelens fåglar äta upp. Ty så har HERREN talat.
၁၁ယေရောဗောင်အမျိုးသားသည် မြို့ထဲမှာ သေလျှင်အသေကောင်ကို ခွေးစားလိမ့်မည်။ မြို့ပြင်မှာ သေလျှင် မိုဃ်းကောင်းကင်ငှက်စားလိမ့်မည်အကြောင်း ထာဝရဘုရားမိန့်တော်မူပြီ။
12 Så stå du nu upp och gå hem igen. När din fot träder in i staden, skall barnet dö.
၁၂သင်ထ၍ ကိုယ်အိမ်သို့ သွားလော့။ မြို့တံခါး အထဲသို့ ဝင်သောအခါ သူငယ်သေလိမ့်မည်။
13 Och hela Israel skall hålla dödsklagan efter honom, och man skall begrava honom; ty av Jerobeams hus skall allenast han komma i en grav, därför att i Jerobeams hus dock hos honom blev funnet något som var gott inför HERREN, Israels Gud.
၁၃ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြု၍ သင်္ဂြိုဟ်ကြလိမ့်မည်။ ယေရော ဗောင်အမျိုးသားစုတွင်၊ ထိုသူငယ်တယောက်တည်းသာ သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား၊ ယေရော ဗောင်အမျိုးသားစုတွင် ထိုသူငယ်တယောက်သည် ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား၌ ကြည်ညို သော စိတ်ရှိ၏။
14 Men HERREN skall låta en konung över Israel uppstå åt sig, en konung som skall utrota Jerobeams hus. Detta är den dagen; och vad skall icke nu ske!
၁၄အချိန်ရောက်မှ ယေရောဗောင်အမျိုးကို ပယ်ဖြတ်လတံ့သော ဣသရေလရှင်ဘုရင်တပါးကို ထာဝရ ဘုရားသည် မိမိတို့အဘို့ ပေါ်ထွန်းစေတော်မူမည်။ အဘယ်အချိန်နည်းဟုမေးသော်၊ ယခုပင်ဖြစ်လိမ့်မည်။
15 HERREN skall slå Israel, så att det bliver likt vassen, som vaggar hit och dit i vattnet. Och han skall rycka upp Israel ur detta goda land, som han har givit åt deras fäder, och skall förströ dem på andra sidan floden, därför att de hava gjort sig Aseror och därmed förtörnat HERREN.
၁၅အာရှရပင်တို့ကို ပြုစု၍ ထာဝရဘုရား၏ အမျက်တော်ကိုနှိုးဆော်ကြသောကြောင့်၊ ကျူပင်ကို ရေ၌လှုပ်ရှားသကဲ့သို့ ထာဝရဘုရားသည် ဣသရေလ အမျိုးကို ဒဏ်ခတ်၍၊ ဘိုးဘေးတို့အား ပေးတော်မူသော ဤပြည်ကောင်းမှ နှုတ်ပယ်ပြီးလျှင်၊ မြစ်ကြီးတဘက်၌ အရပ်ရပ်သို့ ကွဲပြားစေတော်မူမည်။
16 Och han skall prisgiva Israel för de synders skull som Jerobeam har begått, och genom vilka han har kommit Israel att synda."
၁၆ကိုယ်တိုင်ပြစ်မှား၍ ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသော ယေရောဗောင်၏ အပြစ်တို့ကြောင့် ဣသရေလအမျိုးကို စွန့်ပစ်တော်မူမည်ဟု ဆင့်ဆိုလေ ၏။
17 Då stod Jerobeams hustru upp och gick sin väg och kom till Tirsa; och just som hon beträdde husets tröskel, gav gossen upp andan.
၁၇ယေရောဗောင် မယားသည် ထသွား၍၊ တိရဇမြို့တံခါးခုံသို့ရောက်သောအခါ သူငယ်သေ၏။
18 Och man begrov honom, och hela Israel höll dödsklagan efter honom, i enlighet med det ord som HERREN hade talat genom sin tjänare, profeten Ahia.
၁၈ထာဝရဘုရားသည် မိမိကျွန် ပရောဖက် အဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ထိုသူငယ်ကို သင်္ဂြိုဟ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
19 Vad nu mer är att säga om Jerobeam, om hans krig och om hans regering, det finnes upptecknat i Israels konungars krönika.
၁၉ယေရောဗောင်ပြုမူသော အမှုအရာကြွင်းသမျှ၊ စစ်တိုက်ခြင်း အမှု၊ မင်းပြုခြင်းအမှုတို့သည် ဣသရေလ ရာဇဝင်၌ ရေးထားလျက် ရှိ၏။
20 Den tid Jerobeam regerade var tjugutvå år. Så gick han till vila hos sina fäder; och hans son Nadab blev konung efter honom.
၂၀ယေရောဗောင်သည် အနှစ်နှစ်ဆယ်နှစ်နှစ် စိုးစံပြီးမှ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်နာဒဒ် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
21 Men Rehabeam, Salomos son, var konung i Juda. Fyrtioett år gammal var Rehabeam, när han blev konung, och han regerade sjutton år i Jerusalem, den stad som HERREN hade utvalt ur alla Israels stammar, till att där fästa sitt namn. Hans moder hette Naama, ammonitiskan.
၂၁ရှောလမုန်သားရောဗောင်သည် ယုဒပြည်ကို စိုးစံလေ၏။ နန်းထိုင်သောအခါ အသက်လေးဆယ် တနှစ်ရှိ၏။ ထာဝရဘုရားသည် နာမတော်တည်စေရာဘို့ ဣသရေလခရိုင်များတို့အထဲက ရွေးကောက်သော ယေရု ရှလင်မြို့၌ ဆယ်ခုနစ်နှစ်စိုးစံလေ၏။ မယ်တော်ကား အမ္မုန်အမျိုးသား၊ နေမအမည်ရှိ၏။
22 Och Juda gjorde vad ont var i HERRENS ögon; med de synder som de begingo retade de honom långt mer, än deras fäder hade gjort.
၂၂ယုဒအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဘိုးဘေးတို့ပြစ်မှားသမျှထက် ပြစ်မှား သော အပြစ်များအားဖြင့် အမျက်တော်ကိုနှိုးဆော်ကြ၏။
23 Ty också de byggde sig offerhöjder och reste stoder och Aseror på alla höga kullar och under alla gröna träd;
၂၃မြင့်သောတောင်ရှိသမျှတို့အပေါ်၌၎င်း၊ စိမ်း သော သစ်ပင်ရှိသမျှတို့အောက်၌၎င်း၊ ကုန်းများ၊ ရုပ်တု များ၊ အာရှရပင်များကို တည်ကြ၏။
24 ja, också tempelbolare funnos i landet. De gjorde efter alla styggelser hos de folk som HERREN hade fördrivit för Israels barn.
၂၄ယုဒပြည်၌ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာများရှိ၍၊ ထာဝရဘုရားသည် ဣသရေလ အမျိုးရှေ့မှ နှင်ထုတ်တော်မူသော ပြည်သားမျိုးပြုသော စက်ဆုပ်ရွံရှာဘွယ်ရာ အမှုအလုံးစုံတို့ကို ပြုကြသည် တကား။
25 Men i konung Rehabeams femte regeringsår drog Sosak, konungen i Egypten, upp mot Jerusalem.
၂၅ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင်၊ အဲဂုတ္တု ရှင်ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့သို့ စစ်ချီ၍၊
26 Och han tog skatterna i HERRENS hus och skatterna i konungshuset; alltsammans tog han. Han tog ock alla de gyllene sköldar som Salomo hade låtit göra.
၂၆ဗိမာန်တော် ဘဏ္ဍာနှင့်နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။
27 I deras ställe lät konung Rehabeam göra sköldar av koppar, och dessa lämnade han i förvar åt hövitsmännen för drabanterna som höllo vakt vid ingången till konungshuset.
၂၇ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား ကြေးဝါ ဒိုင်းတို့ကိုလုပ်၍ နန်းတော်တံခါးစောင့် ကိုယ်ရံတော်မှူး၌ အပ်လေ၏။
28 Och så ofta konungen gick till HERRENS hus, buro drabanterna dem; sedan förde de dem tillbaka till drabantsalen.
၂၈ရှင်ဘုရင်သည် ဗိမာန်တော်သို့သွားသောအခါ၊ ကိုယ်ရံတော် သားတို့သည် ဒိုင်းတို့ကိုထား၍ နောက် တဖန်မိမိတို့စောင့်ရာအခန်းမှာ ပြန်ထားကြ၏။
29 Vad nu mer är att säga om Rehabeam och om allt vad han gjorde, det finnes upptecknat i Juda konungars krönika.
၂၉ရောဗောင်ပြုမူသော အမှုအရာ ကြွင်းသမျှတို့ သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
30 Men Rehabeam och Jerobeam lågo i krig med varandra, så länge de levde.
၃၀ရောဗောင်နှင့်ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံးရန်ဘက်ပြုကြ၏။
31 Och Rehabeam gick till vila hos sina fäder och blev begraven hos sina fäder i Davids stad. Hans moder hette Naama, ammonitiskan. Och hans son Abiam blev konung efter honom.
၃၁ရောဗောင်သည်လည်း ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သူတို့နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

< 1 Kungaboken 14 >