< Zaburi 62 >

1 Katika ukimya ninamsubiri Mungu pekee; wokovu wangu watoka kwake.
ငါ့​ကို​ဘု​ရား​သ​ခင်​ကယ်​တင်​ရန်​ငါ​သည် စိတ်​ရှည်​စွာ စောင့်​မျှော်​လျက်​နေ​ပါ​၏။ ငါ​သည်​ကိုယ်​တော်​ကို​သာ​လျှင်​မှီ​ခို​ပါ​၏။
2 Yeye pekee ni mwamba wangu na wokovu wangu; yeye ni mnara wangu mrefu; sitasogezwa kamwe.
ကိုယ်​တော်​သာ​လျှင်​ငါ​၏​ခို​လှုံ​ရာ​ကျောက်​တောင်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​ရဲ​တိုက်​သ​ဖွယ်​ဖြစ်​တော် မူ​၏။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။
3 Mpaka lini, ninyi nyote, mtamshambulia mtu, ili kwamba mumpindue yeye kama ukuta ulio inama au kama fensi isiyo imara?
သင်​တို့​အ​ပေါင်း​သည်​ယိမ်း​ယိုင်​လျက်​ရှိ​သော နံ​ရံ​နှင့် ပြို​ကျ​ပျက်​စီး​လျက်​ရှိ​သော​ခြံ​ဝင်း​ကဲ့​သို့ အင်​အား​မ​ရှိ​သည့်​လူ​တစ်​ယောက်​အား အ​ဘယ်​မျှ ကြာ​အောင်​တိုက်​ခိုက်​ကြ​ပါ​မည်​နည်း။
4 Wanashauliana naye ili tu kumshusha chini kutoka kwenye nafasi yake heshimiwa; wao wanapenda kuongea uongo; wanambariki yeye kwa midomo yao, lakini mioyoni mwao wana mlaani yeye. (Selah)
သင်​တို့​သည်​သူ့​အား​ဂုဏ်​မြင့်​ရာ​မှ​ဆွဲ​ချ​ရန် ကို​သာ ကြံ​စည်​ကြ​၏။ သင်​တို့​သည်​လိမ်​လည်​ပြော​ဆို​ရန်​နှစ်​သက် ကြ​၏။ သူ့​အား​နှုတ်​ဖြင့်​ကောင်း​ချီး​ပေး​လျက်၊ စိတ်​ထဲ​တွင်​မူ​ကား​ကျိန်​ဆဲ​ကြ​၏။
5 Katika ukimya ninamsubiri Mungu pekee; kwa maana matumaini yangu yako kwake.
ငါ​သည်​ဘု​ရား​သ​ခင်​ကို​သာ​လျှင်​မှီ​ခို​ပါ​၏။ ကိုယ်​တော်​အား​မျှော်​ကိုး​ပါ​၏။
6 Yeye pekee ni mwamba wangu na wokovu wangu; yeye ni mnara wangu mrefu; sitasogezwa.
ကိုယ်​တော်​သာ​လျှင်​ငါ​၏​ခို​လှုံ​ရာ​ကျောက် တောင်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​၏​ရဲ​တိုက်​သ​ဖွယ်​ဖြစ်​တော် မူ​၏။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။
7 Na Mungu ni wokovu wangu na utukufu wangu; mwamba wa nguvu yangu na kimbilio langu salama liko katika Mungu.
ငါ​၏​ကယ်​တင်​ခြင်း​နှင့်​ဂုဏ်​အ​သ​ရေ​သည် ဘု​ရား​သ​ခင်​အ​ပေါ်​တွင်​တည်​ပါ​၏။ ကိုယ်​တော်​သာ​တန်​ခိုး​ကြီး​သည့်​ကာ​ကွယ်​သော ကျောက်​တောင်​ဖြစ်​တော်​မူ​၏။ ငါ​ခို​လှုံ​ရာ​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။
8 Mwaminini Mungu wakati wote, ninyi watu; mimina moyo wako mbele zake; Mungu ni kimbilio salama kwa ajili yetu. (Selah)
အ​ချင်း​လူ​တို့​ဘု​ရား​သ​ခင်​အား​အ​စဉ် အ​မြဲ ကိုး​စား​ကြ​လော့။ သင်​တို့​၏​ဒုက္ခ​အ​ပေါင်း​ကို​ကိုယ်​တော်​အား ဖော်​ပြ​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​၏။
9 Hakika watu wenye msimamo mdogo ni ubatili, na watu wenye msimamo mkubwa ni waongo; wao watakuwa wepesi kwenye mzani; uzito wao pamoja ni wepesi kuliko kitu chochote.
လူ​သား​တို့​သည်​ထွက်​သက်​ဝင်​သက်​လေ​မျှ​သာ ဖြစ်​ပေ​သည်။ လူ​တို့​သည်​ယုတ်​မြတ်​မ​ဟူ​အ​နတ္တ​မျှသာ​ဖြစ် ကြ​၏။ သူ​တို့​အား​ချိန်​ခွင်​တွင်​ချိန်​စက်​၍​ကြည့် ကြ​လော့။ သူ​တို့​သည်​အ​ချိန်​မ​စီး။ ထွက်​သက်​ဝင်​သက်​လေ​ထက်​ပင်​ပေါ့​ကြ​၏။
10 Usiamini katika ukandamizaji au wizi; usitumainie utajiri, maana hawatazaa matunda; usiuweke moyo wako kwenye hivyo.
၁၀အ​ကြမ်း​ဖက်​မှု​ကို​အား​မ​ကိုး​ကြ​နှင့်။ လု​ယက်​မှု​ဖြင့်​အ​ကျိုး​ခံ​စား​ရ​လိမ့်​မည်​ဟု မ​မျှော်​လင့်​ကြ​နှင့်။ သင်​တို့​၏​စည်း​စိမ်​ဥစ္စာ​များ​သည် တိုး​ပွား​လာ​စေ​ကာ​မူ​ယင်း​တို့​ကို​အား​မ​ကိုး ကြ​နှင့်။
11 Mungu ameongea mara moja, mara mbili nimesikia hili: nguvu ni za Mungu.
၁၁ဘု​ရား​သ​ခင်​၌​တန်​ခိုး​ရှိ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ခိုင်​မြဲ​ကြောင်း ကို​လည်း​ကောင်း တစ်​ကြိမ်​မ​က​ကိုယ်​တော်​မိန့်​တော်​မူ​သည်​ကို ငါ​ကြား​ခဲ့​ရ​လေ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ကိုယ်​တော်​တိုင်​ပင်​လူ​အ​ပေါင်း တို့​အား အ​ကျင့်​အ​လျောက်​ကောင်း​ကျိုး​ဆိုး​ကျိုး​ကို ချ​ပေး​တော်​မူ​ပါ​၏။
12 Pia kwako, Bwana, ni uaminifu wa agano, maana humlipa kila mtu kwa kile alichokifanya.
၁၂

< Zaburi 62 >