< Zaburi 61 >

1 Sikia kulia kwangu, shughulikia maombi yangu.
အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို​နား​ထောင်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။
2 Kutokea mwisho wa nchi nitakuita wewe wakati moyo wangu umeelemewa; uniongoze kwenye mwamba ulio juu kuliko mimi.
ကျွန်​တော်​မျိုး​သည်​အိမ်​နှင့်​ဝေး​ကွာ​လျက် စိတ်​ပျက်​အား​လျော့​လျက်​နေ​သ​ဖြင့် ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။ ကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့ ပို့​ဆောင်​တော်​မူ​ပါ။
3 Maana wewe umekuwa kimbilio langu la usalama, nguzo imara dhidi ya adui.
ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​၏​ဘေး​မှ ကျွန်​တော်​မျိုး​အား​ကွယ်​ကာ​စောင့်​ထိန်း တော်​မူ​သော​အ​ရှင်၊ ကျွန်​တော်​မျိုး​အ​တွက်​ခိုင်​ခံ့​သော​ရဲ​တိုက် ဖြစ်​တော်​မူ​ပါ​၏။
4 Uniache niishi hemani mwako milele! Nipate kimbilio salama chini ya makazi ya mbawa zako. (Selah)
ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏​တဲ​တော်​တွင် တစ်​သက်​လုံး​နေ​ခွင့်​ကို​ပေး​တော်​မူ​ပါ။ ကိုယ်​တော်​၏​အ​တောင်​တော်​အ​ရိပ်​အောက်​တွင် ဘေး​မဲ့​လုံ​ခြုံ​စွာ​ခို​လှုံ​ခွင့်​ကို​ပေး​တော်​မူ​ပါ။
5 Kwa kuwa wewe, Mungu, umesikia viapo vyangu, wewe umenipa mimi urithi wa wale wanao liheshimu jina lako.
အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ပြု​သည့် က​တိ​သစ္စာ​ကို​ကြား​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​သူ တို့​အား ပေး​တော်​မူ​သည့်​ပြည်​တော်​နှင့် ကောင်း​ကျိုး​ချမ်း​သာ​ကို​ကျွန်​တော်​မျိုး အား ပေး​တော်​မူ​ပါ​ပြီ။
6 Wewe utaongeza maisha ya mfalme; miaka yake itakuwa kama vizazi vingi.
မင်း​ကြီး​အား​သက်​တော်​ရာ​ကျော်​ရှည်​စေ တော်​မူ​ပါ။ ကာ​လ​အ​စဉ်​အ​ဆက်​သက်​တော်​ရှည်​စေ​တော် မူ​ပါ။
7 Yeye atabakia mbele ya Mungu milele.
အို ဘု​ရား​သ​ခင်၊ သူ​သည်​ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​တွင်​ထာ​ဝ​စဉ် အုပ်​စိုး​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် သစ္စာ​တော်​အား​ဖြင့် သူ့​အား​ကာ​ကွယ်​စောင့်​ထိန်း​တော်​မူ​ပါ။
8 Nitaliimbia sifa jina lako milele ili kwamba niweze kufanya viapo vyangu kila siku.
သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​မိ​မိ​၏ က​တိ​သစ္စာ​ဝတ်​ကို​နေ့​စဉ်​ဖြေ​လျက် ကိုယ်​တော်​ရှင်​အား​အ​စဉ်​အ​မြဲ ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

< Zaburi 61 >