< Zaburi 41 >

1 Amebarikiwa mtu yule amkumbukaye mnyonge; katika siku ya taabu, Yahwe atamuokoa.
ဆင်း​ရဲ​သူ​တို့​အ​တွက်​စိုး​ရိမ်​ကြောင့်​ကြ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။ ထို​သူ​ဒုက္ခ​ရောက်​သော​အ​ခါ​ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​လိမ့်​မည်။
2 Yahwe atamuhifadhi na kumuweka hai, naye atabarikiwa duniani; Yahwe hata mrudisha kwenye mapenzi ya adui zake.
ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​၍​သူ​၏​အ​သက်​ကို စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သူ့​အား​ပြည်​တော်​တွင်​ဝမ်း မြောက်​စွာ နေ​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​လိမ့်​မည်။ ရန်​သူ​တို့​၏​လက်​သို့​အပ်​တော်​မူ​မည်​မ​ဟုတ်။
3 Awapo kwenye kitanda cha mateso Yahwe atamsaidia; nawe utakifanya kitanda cha ugonjwa kuwa kitanda cha uponyaji.
သူ​ဖျား​နာ​ချိန်​၌​ကိုယ်​တော်​သည်​ကူ​မ​တော်​မူ​၍ သူ့​အား​ပြန်​လည်​ကျန်း​မာ​စေ​တော်​မူ​လိမ့်​မည်။
4 Nami nilisema, “Yahwe unihurumie! Uniponye, kwa maana nimekutenda dhambi wewe.”
``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​ပြစ်​မှား​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​၍​ရော​ဂါ​ကို ပျောက်​ကင်း​စေ​တော်​မူ​ပါ'' ဟု​ငါ​လျှောက်​ထား​၏။
5 Adui zangu huongea maovu dhidi yangu, wakisema, 'Atakufa lini na jina lake lipotee?'
ရန်​သူ​များ​သည်​ငါ​၏​အ​ကြောင်း​မ​ကောင်း ပြော​ကြ​၏။ သူ​တို့​က``ဤ​သူ​သည်​အ​ဘယ်​အ​ခါ​၌​သေ​၍ သူ​၏​နာ​မည်​ကို​လူ​တို့​မေ့​ပျောက်​သွား​မည်​နည်း'' ဟု​မ​နာ​လို​စိတ်​ဖြင့်​ဆို​ကြ​၏။
6 Adui yangu ajapo kuniona, huongea mambo yasiyo na maana; moyo wake hukusanya maafa yangu kwa ajili yake mwenyewe; na aondokapo kwangu, yeye huwaambia watu wengine kuhusu hayo.
ငါ့​အား​လာ​၍​ကြည့်​ကြ​သူ​များ​သည် စိတ်​ရိုး​သ​ဘော​ရိုး​ရှိ​သူ​များ​မ​ဟုတ်။ သူ​တို့​သည်​ငါ​၏​အ​ကြောင်း​မ​ကောင်း​သ​တင်း များ​ကို ရှာ​ဖွေ​စု​ဆောင်း​လျက်​နေ​ရာ​အ​နှံ့​အ​ပြား​သို့ သွား​၍​ပြော​ဆို​တတ်​ကြ​၏။
7 Wale wote wanaonichukia kwa pamoja hunon'gona dhidi yangu; nao wanafarijika kwa ajili ya maumivu yangu.
ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​သည်​ငါ့​အ​ကြောင်း အ​ချင်း​ချင်း​တီး​တိုး​ပြော​ဆို​တတ်​ကြ​၏။
8 Wakisema, “Gonjwa baya limemshikilia yeye haswa; na sasa kuwa amelala kitandani, hatainuka kamwe.”
သူ​တို့​က``ဤ​သူ​သည်​အ​သဲ​အ​သန်​ဖျား နာ​လျက်​ရှိ​၏။ နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ​အိပ်​ရာ​ပေါ်​မှ ထ​နိုင်​တော့​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။
9 Kweli, hata rafiki yangu wa karibu, ambae nilimuamini, aliye kula mkate wangu, ameinua kisigino chake dhidi yangu.
ငါ​အ​ချစ်​ဆုံး၊ငါ​အား​အ​ကိုး​ဆုံး၊ ငါ​နှင့်​ထ​မင်း​လက်​ဆုံ​စား​သူ၊ ငါ​၏​မိတ်​ဆွေ​က​ပင်​လျှင်​ငါ့​ကို​ခြေ​ဖြင့် ကျောက်​ကန်​လေပြီ။
10 Bali wewe, Yahwe, unihurumie na uniinue ili kwamba niwalipizie kisasi.
၁၀အို ထာ​ဝ​ရ​ဘု​ရား၊ ရန်​သူ​တို့​ကို​က​လဲ့​စား​ချေ​နိုင်​ရန် ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​၍ ပြန်​လည်​ကျန်း​မာ​စေ​တော်​မူ​ပါ။
11 Na hivi nitajua kuwa unafurahishwa nami, kwa kuwa adui yangu hatafurahia kunishinda.
၁၁ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား အ​နိုင်​ရ​စေ​တော်​မ​မူ​မည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင် နှစ်​သက်​တော်​မူ​ကြောင်း​ကို​ကျွန်​တော်​မျိုး သိ​ရ​ပါ​လိမ့်​မည်။
12 Kwangu mimi, wewe unanisaidia katika uadilifu wangu na utaniweka mbele ya uso wako milele.
၁၂ကျွန်​တော်​မျိုး​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သူ​ဖြစ် သ​ဖြင့် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကူ​မ​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​တွင်​ထာ​ဝ​စဉ်​နေ​ရ​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်။
13 Yahwe, Mungu wa Israeli asifiwe milele na milele. Amen na Amen. Kitabu ya Pili
၁၃ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​ဖြစ်​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​အား​ယ​ခု​မှ​စ​၍​ကာ​လ​အ​စဉ် အ​ဆက် ထော​မ​နာ​ပြု​ကြ​လော့။ အာ​မင်၊ အာ​မင်။

< Zaburi 41 >