< Zaburi 40 >

1 Nalimungoja Yahwe kwa uvumilivu; alinisikia na kusika kilio changu.
ငါ​သည်​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​မည်​ကို သည်း​ခံ​စောင့်​မျှော်​လျက်​နေ​သော​အ​ခါ ကိုယ်​တော်​သည်​နား​စွင့်​တော်​မူ​၍​ငါ​၏ ဟစ်​အော်​သံ​ကို​ကြား​တော်​မူ​၏။
2 Yeye akanitoa nje ya shimo la kutisha, nje ya matope, naye aliiweka miguu yangu juu ya mwamba na kuzifanya hatua zangu salama.
ကိုယ်​တော်​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သည့် တွင်း​နှင့်​ရွှံ့​နွံ​ထဲ​မှ​ငါ့​ကို​ဆွဲ​တင်​တော်​မူ​၏။ ထို​နောက်​ငါ့​အား​ကျောက်​ပေါ်​တွင်​တင်​၍ ထား​တော်​မူ​ပြီး​လျှင်​လုံ​ခြုံ​မှု​ကို​ပေး​တော်​မူ​၏။
3 Yeye ameweka wimbo mpya mdomoni mwangu, sifa kwa Mungu. Wengi watauona na kumheshimu yeye na kumwamini Yahwe.
ငါ​တို့​၏​ဘု​ရား​အား​ထော​မ​နာ​ပြု​ရာ သီ​ချင်း​သစ်​ကို​ဆို​ရန်​ကိုယ်​တော်​သည်​ငါ့​အား သင်​ကြား​ပေး​တော်​မူ​၏။ ယင်း​သို့​ပြု​တော်​မူ​သည်​ကို​မြင်​ကြ​ရ​သူ တို့​သည် ကြောက်​ရွံ့​ရို​သေ​ကြ​ကုန်​လျက် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​ကြ​လိမ့်​မည်။
4 Amebarikiwa mtu yule ambaye humfanya Yahwe tumaini lake naye hathamini majivuno wala wale wanaokengeuka kwa uongo.
အ​ခြား​ဘု​ရား​များ​ကို​မ​ဆည်း​ကပ်၊ မိစ္ဆာ​ဘု​ရား​များ​ကို​ရှိ​မ​ခိုး​ဘဲ​ထာ​ဝ​ရ​ဘု​ရား​အား ကိုး​စား​သူ​သည်​မင်္ဂလာ​ရှိ​၏။
5 Yahwe Mungu wangu, matendo ya ajabu ambayo wewe umeyafanya, ni mengi, na mawazo yako yatuhusuyo sisi hayahesabiki; Ikiwa ningetangaza na kuyazungumza kwao, ni mengi sana hayahesabiki.
ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အ​တွက် များ​စွာ​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​နှင့်​နှိုင်း​ယှဉ်​နိုင်​သူ​တစ်​ယောက် မျှ​မ​ရှိ​ပါ။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​တို့​အ​တွက် ကြံ​စည်​သော​အ​ကြံ​အ​စည်​တော်​တို့​သည် အံ့​သြ​ဖွယ်​ဖြစ်​ပါ​၏။ ထို​အ​မှု​အ​ရာ​တို့​သည်​များ​ပြား​လှ​သ​ဖြင့် ယင်း​တို့​ကို​မ​ရေ​မ​တွက်​နိုင်​ပါ။
6 Wewe haufurahishwi katika sadaka au matoleo, bali wewe umeyafungua masikio yangu; wala haukuhitaji sadaka ya kuteketeza au sadaka ya dhambi.
ကိုယ်​တော်​ရှင်​သည်​ယဇ်​နှင့်​ပူ​ဇော်​သ​ကာ​များ​ကို အ​လို​ရှိ​တော်​မ​မူ​ပါ။ တိ​ရစ္ဆာန်​တစ်​ကောင်​လုံး​မီး​ရှို့​ရာ ယဇ်​တို့​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​တို့​ကို​လည်း​ကောင်း ကိုယ်​တော်​ရှင်​သည်​တောင်း​တော်​မ​မူ​ပါ။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ကိုယ်​တော်​အား ကြား​ရန် ကျွန်​တော်​မျိုး​အား​နား​ကို​ပေး​တော်​မူ​ပါ​ပြီ။
7 Ndipo nilisema mimi, “Tazama, nimekuja; imeandikwa kuhusu mimi katika kitabu cha hati.
သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ပြန်​လျှောက်​ထား​ပါ​၏။ ``ကျွန်​တော်​မျိုး​အ​သင့်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​အ​တွက်​ကိုယ်​တော်​ရှင်​ပေး​တော် မူ​သော ညွှန်​ကြား​ချက်​များ​သည်​ပ​ညတ်​ကျမ်း​၌​ပါ ရှိ​ပါ​၏။
8 Ninafurahia kuyafanya mapenzi yako, Mungu wangu; sheria zako ziko moyoni mwangu.”
ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​၏​အ​လို​တော်​ကို​လိုက်​နာ​ရန် လွန်​စွာ​နှစ်​သက်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​စိတ်​နှ​လုံး အ​တွင်း​၌ မှတ်​ကြုံး​ထား​ပါ​၏။''
9 Katika kusanyiko kubwa nimetangaza habari njema ya haki yako; Yahwe, wewe unajua sikuizuia midomo yangu.
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​စု​ဝေး​ရာ​၌ ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင် ကယ်​တော်​မူ​ကြောင်း​သ​တင်း​ကောင်း​ကို ပြော​ကြား​ပါ​၏။ ဤ​အ​ကြောင်း​ကို​ကျွန်​တော်​မျိုး​သည်​အ​စဉ် မ​ပြတ် ပြော​ကြား​နေ​မည်​ဖြစ်​ကြောင်း​ကိုယ်​တော်​ရှင် သိ​တော်​မူ​ပါ​၏။
10 Sikuficha haki yako moyoni mwangu; nimetangaza uaminifu wako na wokovu wako; sijaficha uaminifu wa agano lako au uaminifu wako kwenye kusanyiko kubwa.
၁၀ကျွန်​တော်​မျိုး​သည်​ကယ်​တင်​ခြင်း​သ​တင်း​တော်​ကို မျို​သိပ်​၍​မ​ထား​ပါ။ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​အ​ကြောင်း​နှင့် ကူ​မ​တော်​မူ​ခြင်း​အ​ကြောင်း​တို့​ကို အ​စဉ်​ပင်​ဖော်​ပြ​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ စု​ဝေး​ရာ​၌ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​နှင့် ခိုင်​မြဲ​သော​မေတ္တာ​တော်​အ​ကြောင်း​တို့​ကို မ​ထိမ်​မ​ဝှက်​ပါ။
11 Usiache kunitendea kwa rehema, Yahwe; Uaminifu wa agano lako na uaminifu wako unihifadhi siku zote.
၁၁အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​စဉ် သ​နား​ကြင်​နာ​တော်​မူ​မည်​ကို​ကျွန်​တော် မျိုး​သိ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​နှင့်​သစ္စာ​တော်​သည် ကျွန်​တော်​မျိုး​အား​အ​စဉ်​အ​မြဲ​စောင့်​ထိန်း​ပါ လိမ့်​မည်။
12 Mabaya yasiyo hesabika yamenizunguka; Maovu yangu yamenipata nami siwezi kuona chochote; nayo ni mengi kuliko nywele za kichwa changu, na moyo wangu umeniangusha.
၁၂ရေ​တွက်​၍​မ​ရ​နိုင်​အောင်​များ​မြောင်​သော ဘေး​ဒုက္ခ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဝိုင်း​ရံ​လျက် ရှိ​ပါ​သည်​တ​ကား။ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​က​ကျွန်​တော်​မျိုး​အား လိုက်​၍​မီ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် မ​မြင်​နိုင်​တော့​ပါ။ ယင်း​အ​ပြစ်​တို့​သည်​ကျွန်​တော်​မျိုး​ဦး​ခေါင်း​မှ ဆံ​ပင်​ထက်​များ​ပြား​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​စိတ်​ပျက်​အား​လျော့​ပါ​ပြီ။
13 Yahwe, tafadhari uniokoe; njoo haraka unisaidie Yahwe.
၁၃အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ယ​ခု​ပင်​ကူ​မ​တော်​မူ​ပါ။
14 Waaibike na wafedheheke kabisa wanaufuatilia uhai wangu wauondoe. Warudishwe nyuma na wadharaulike, wale wanaofurahia kuniumiza.
၁၄ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ကြ​သူ တို့​သည် လုံး​ဝ​အ​ရေး​ရှုံး​နိမ့်​၍​က​စဥ့်​က​ရဲ​ဖြစ်​ကြ ပါ​စေ​သော။ ကျွန်​တော်​မျိုး​၏​ဒုက္ခ​များ​ကို​အ​ကြောင်း​ပြု​၍ ဝမ်း​မြောက်​ကြ​သူ​တို့​သည်​တပ်​လန်​၍ အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။
15 Waogopeshwe kwa sababu ya aibu yao, wale waniambiao, “Aha, aha!”
၁၅ကွန်​တော်​မျိုး​အား​ပြောင်​လှောင်​ကြ​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​၍​တုန်​လှုပ်​ချောက်​ချား​ကြ​ပါ​စေ သော။
16 Bali wale wote wakutafutao wafurahi na kushangilia katika wewe; na kila mmoja apendaye wokovu wako aseme daima, “Asifiwe Yahwe.”
၁၆ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​အ​တွက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​သူ​အ​ပေါင်း​တို့ သည် ``ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​ကြီး​မြတ်​တော်​မူ ပါ​ပေ​သည်'' ဟု အ​စဉ်​မ​ပြတ်​ချီး​ကူး​နိုင်​ကြ​ပါ​စေ​သော။
17 Mimi ni maskini na muhitaji; lakini Bwana hunifikiria. Wewe ni msaada wangu nawe huja kuniokoa; usichelewe, Mungu wangu.
၁၇အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​သည်​အား​အင်​ချိ​နဲ့​၍ ခို​ကိုး​ရာ​မဲ့​သူ​ဖြစ်​သော်​လည်း ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို သ​တိ​ရ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ရန်​အ​လျင် အ​မြန် ကြွ​တော်​မူ​ပါ။

< Zaburi 40 >