< Zaburi 126 >

1 Bwana alipowarejesha mateka wa Sayuni, tulikuwa kama waotao ndoto.
ဘမ်းသွားချုပ်ထားသော ဇိအုန်သားတို့ကို ထာဝရဘုရား ပြန်လာစေတော်မူသောအခါ၊ ငါတို့သည် အိပ်မက်သောသူကဲ့သို့ ဖြစ်ကြ၏။
2 Vinywa vyetu vilijawa na vicheko na ndimi zetu zilijawa na kuimba. Kisha wakasema kati ya mataifa, “Yahwe amewatendea mambo makuu.”
ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့်၎င်း၊ ငါတို့ လျှာသည် သီချင်းဆိုခြင်းနှင့်၎င်း ပြည့်ဝ၏။ တပါးအမျိုး သားတို့ကလည်း၊ ထာဝရဘုရားသည် သူတို့အဘို့ ကြီးသောအမှုကို ပြုတော်မူပြီဟု ဆိုကြ၏။
3 Yahwe alitufanyia mambo makuu; ni furaha gani tuliyokuwa nayo!
ထာဝရဘုရားသည် ငါတို့အဘို့ ကြီးသောအမှုကို ပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက်လျက် နေကြ ၏။
4 Ee Yahwe, uwarejeshe mateka wetu, kama vijito vya kusini.
အိုထာဝရဘုရား၊ ဘမ်းသွားချုပ်ထားခြင်းကို ခံရသော အကျွန်ုပ်တို့ကို တောင်မျက်နှာ ချောင်းရေကဲ့သို့ တဖန်ပြန်လာစေတော်မူပါ။
5 Wale wapandao kwa machozi watavuna kwa kelele za furaha.
မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်။
6 Yeye aendaye akilia, akibeba mbegu kwa ajili a kupanda, atarudi tena kwa kelele za furaha, akileta miganda yake.
မျက်ရည်ကျလျက် ကြဲရန် မျိုးစေ့ကို ဆောင်၍ ထွက်သွားသော သူသည်၊ ကောက်လှိုင်းများကို ဆောင် လျက် ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လာလိမ့်မည်။

< Zaburi 126 >