< Mwanzo 46 >
1 Israeli akasafiri na yote aliyokuwa nayo na akaja Beersheba. Pale akatoa sadaka kwa Mungu wa Isaka baba yake.
၁ယာကုပ်သည်မိမိ၏ပစ္စည်းဥစ္စာရှိသမျှကို ထုပ်ပိုး၍ ခရီးထွက်ခဲ့ရာဗေရရှေဘအရပ် သို့ရောက်လျှင် သူ၏အဖဣဇာက်၏ဘုရားသခင်အားယဇ်ပူဇော်လေ၏။-
2 Mungu akamwambia Israeli katika ndoto usiku, akisema, “Yakobo, Yakobo.”
၂ညအချိန်၌သူမြင်ရသောရူပါရုံတွင် ဘုရားသခင်က``ယာကုပ်၊ ယာကုပ်'' ဟုခေါ် တော်မူ၏။ ``အကျွန်ုပ်ရှိပါသည်အရှင်ဘုရား'' ဟု ယာကုပ်ထူးလေ၏။
3 Akasema, “Mimi hapa.” Akasema, “Mimi ni Mungu, Mungu wa baba yako. Usiogope kushuka Misri, kwa maana nitakufanya taifa kubwa huko.
၃ဘုရားသခင်က``ငါသည်ဘုရားသခင်ဖြစ် ၏။ သင့်အဖ၏ဘုရားသခင်ဖြစ်၏။ သင်သည် အီဂျစ်ပြည်သို့သွားရမည်ကိုမစိုးရိမ်နှင့်။ ထိုပြည်တွင်ငါသည်သင်၏အဆက်အနွယ် တို့အားလူမျိုးကြီးဖြစ်လာစေမည်။-
4 Nitakwenda pamoja nawe huko Misri, Nami nitakupandisha huku tena bila shaka. Na Yusufu akayafunika macho yako kwa mikono wake.”
၄ငါသည်သင်နှင့်အတူအီဂျစ်ပြည်သို့ကြွသွား မည်။ ငါကိုယ်တိုင်သင်၏အဆက်အနွယ်တို့ကို ဤပြည်သို့ပြန်လည်ခေါ်ဆောင်ခဲ့မည်။ သင်သည် ယောသပ်၏ပြုစုခြင်းကိုခံလျက်စုတေရ လိမ့်မည်'' ဟုမိန့်တော်မူ၏။
5 Yakobo akainuka kutoka Beersheba. Wana wa Israeli wakamsafirisha Yakobo baba yao, watoto wao, na wake wao, katika mikokotene ambayo Farao alikuwa ameipeleka kuwachukua.
၅ထိုနောက်ယာကုပ်သည်ဗေရရှေဘအရပ်မှ ထွက်လာခဲ့လေသည်။ သူ၏သားတို့သည်မိမိ တို့၏အဖယာကုပ်၊ သူတို့၏မယားများ၊ သား သမီးငယ်များအားဖာရောဘုရင်ပို့လိုက် သောလှည်းများကိုစီးစေကြ၏။-
6 Wakachukua mifugo yao na mali zao walizokuwa wamezipata katika nchi ya Kanaani. Wakaja Misri, Yakobo na uzao wake wote pamoja naye.
၆သူတို့သည်ခါနာန်ပြည်တွင်စုဆောင်းရရှိခဲ့ သောပစ္စည်းများနှင့် သိုးဆိတ်စသောတိရစ္ဆာန် များကိုယူဆောင်လျက်အီဂျစ်ပြည်သို့လာ ခဲ့ကြ၏။ ယာကုပ်သည်သားသမီး၊ မြေး၊ မြစ် များမှစသောသူ၏မိသားစုအားလုံးတို့ ကိုအီဂျစ်ပြည်သို့ခေါ်ဆောင်ခဲ့လေ၏။
7 Akaja Misri pamoja na wanawe na wana wa wanawe, binti zake na wana wa binti zake, na uzao wake wote.
၇
8 Haya ni majina ya watoto wa Israeli waliokuja Misri, Yakobo na wanawe: Rubeni, mzaliwa wa kwanza wa Yakobo;
၈ယာကုပ်နှင့်အတူအီဂျစ်ပြည်သို့သွားရောက် ကြသော မိသားစုတို့၏နာမည်စာရင်းကို ဖော်ပြပေအံ့။ သားဦးရုဗင်နှင့်၊-
9 wana wa Rubeni Hanoki na Palu na Hezroni na Karmi;
၉ရုဗင်၏သားများဖြစ်ကြသော ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ၊-
10 wana wa Simoni, Yemueli, Yamini, Ohadi, Yakini, Zohari, na Shauli, wana wa mwanamke Mkanaani;
၁၀ရှိမောင်နှင့်သူ၏သားများဖြစ်ကြသောယေ မွေလ၊ ယာမိန်၊ သြဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန် အမျိုးသမီးနှင့်ရသောသားရှောလ။-
11 wana wa Lawi Gershoni, Kohathi, na Merari.
၁၁လေဝိနှင့်သူ၏သားများဖြစ်ကြသောဂေရရှုံ၊ ကောဟတ်၊ မေရာရိ။-
12 Wana wa Yuda: Eri, Shela, Peresi, na Zera, (Lakini Eri na Onani walikufa katika nchi ya Kanaani). Na wana wa Peresi walikuwa Hezroni na Hamuli.
၁၂ယုဒနှင့်သူ၏သားများဖြစ်ကြသောရှေလ၊ ဖာရက်၊ ဇာရ (ယုဒ၏အခြားသားများဖြစ် ကြသောဧရနှင့်သြနန်တို့သည်ခါနာန်ပြည် ၌သေဆုံးကြ၏။) ဖာရက်၏သားများဖြစ် ကြသောဟေဇရုံနှင့်ဟာမုလ။-
13 Wana wa Isakari walikuwa Tola, Puva, Lobu, na Shimroni;
၁၃ဣသခါနှင့်သူ၏သားများဖြစ်ကြသော တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။-
14 Wana wa Zabuloni walikuwa Seredi, Eloni, na Yahleeli
၁၄ဇာဗုလုန်နှင့်သူ၏သားများဖြစ်ကြသော သရက်၊ ဧလုန်၊ ယာလေလ။-
15 Hawa walikuwa wana wa Lea aliomzalia Yakobo huko Padani Aramu, pamoja na na Dina binti yake. Wanawe na binti zake walikuwa thelathini na watatu.
၁၅ဤသူတို့သည်ယာကုပ်နှင့်မယားလေအာ တို့မှမက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်း တွင်ပေါက်ဖွားသောသားနှင့်မြေးများဖြစ် ကြသည်။ ထိုသားတို့အပြင်သမီးဒိနရှိ သေး၏။ ထို့ကြောင့်လေအာမှပေါက်ဖွားသော သားမြေးစုစုပေါင်းမှာသုံးဆယ့်သုံးယောက် ရှိသတည်း။
16 Wana wa Gadi walikuwa Zifioni, Hagi, Shuni, Ezboni, Eri, Arodi, na Areli.
၁၆ဂဒ်နှင့်သူ၏သားဖြစ်ကြသောဇိဖျုန်၊ ဟ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ။-
17 Wana wa Asheri walikuwa Imna, Ishva, Ishvi, na Beria; na Sera alikuwa dada yao. Wana wa Beria walikuwa Heberi na Malkieli.
၁၇အာရှာနှင့်သူ၏သားသမီးများဖြစ်ကြသော ယိမန၊ ဣရွှာ၊ ဣရွှိ၊ ဗေရိယနှင့်သူတို့၏နှမ စေရ။ ဗေရိယ၏သားများဖြစ်ကြသောဟေဗာ နှင့်မာလချေလ။-
18 Hawa walikuwa wana wa Zilpa, ambaye Labani alikuwa amempa Lea binti yake. Wana aliomzalia Yakobo wote walikuwa kumi na sita.
၁၈ဤသူတစ်ဆယ့်ခြောက်ယောက်တို့သည်လာဗန်က သူ၏သမီးလေအာအားပေးအပ်သောအထိန်း ဇိလပနှင့် ယာကုပ်တို့မှပေါက်ဖွားသောသား သမီးနှင့်မြေးများဖြစ်ကြသတည်း။
19 Wana wa Raheli mkewe Yakobo walikuwa Yusufu na Benjamini.
၁၉ယာကုပ်၏မယားရာခေလသည် သားများ ဖြစ်ကြသောယောသပ်နှင့်ဗင်္ယာမိန်တို့ကို ဖွားမြင်၏။-
20 Huko Misri Manase na Efraimu walizaliwa kwa Yusufu na Asenathi, binti Potifera kuhani wa Oni.
၂၀ယောသပ်သည်အီဂျစ်ပြည်ရှိသြနမြို့မှယဇ် ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ် နှင့်သားနှစ်ယောက်ဖြစ်ကြသောမနာရှေနှင့် ဧဖရိမ်တို့ကိုရသည်။-
21 Wana wa Benjamini walikuwa Bela, Bekeri, Ashbeli, Gera, Naamani, Ehi, Roshi, Mupimu, Hupimu, na Ardi.
၂၁ဗင်္ယာမိန်၏သားများဖြစ်ကြသောဗေလ၊ ဗေခါ၊ အာရှာဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။-
22 Hawa walikuwa wana wa Raheli waliozaliwa kwa Yakobo - jumla yao kumi na wanne.
၂၂ဤသူတစ်ဆယ့်လေးယောက်တို့သည်ယာကုပ် နှင့်ရာခေလတို့မှပေါက်ဖွားသောသားမြေး များဖြစ်ကြသတည်း။
23 Mwana wa Dani alikuwa Hushimu.
၂၃ဒန်နှင့်သူ၏သားဟုရှိမ်၊-
24 Wana wa Naftali walikuwa Yahzeeli, Guni, Yezeri, na Shilemi.
၂၄နဿလိနှင့်သူ၏သားများဖြစ်ကြသော ယာဇေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။-
25 Hawa walikuwa wana Bilha aliomzalia Yakobo, ambaye Labani alimpa Raheli binti yake - wote walikuwa saba.
၂၅ဤသူခုနစ်ယောက်တို့သည်လာဗန်ကသူ့ သမီးရာခေလအားပေးအပ်သောအထိန်း ဗိလဟာနှင့်ယာကုပ်တို့မှပေါက်ဖွားသော သားမြေးများဖြစ်ကြသတည်း။
26 Wate waliokwenda na Yakobo, waliokuwa uzao wake, bila kuhesabu wake wa wana wa Yakobo walikuwa sitini na sita.
၂၆ယာကုပ်၏ချွေးမများမှအပအီဂျစ်ပြည် သို့သွားရောက်သောယာကုပ်၏သွေးရင်းသား ရင်းစုစုပေါင်းမှာခြောက်ဆယ့်ခြောက်ယောက် ရှိသတည်း။-
27 Pamoja na wana wawili wa Yusufu waliozaliwa kwake huko Misri, watu wa familia yake waliokwenda Misri walikuwa sabini jumla yao.
၂၇အီဂျစ်ပြည်တွင်ယောသပ်၌သားနှစ်ယောက် ဖွားမြင်၏။ သို့ဖြစ်၍အီဂျစ်ပြည်သို့သွား ရောက်သော ယာကုပ်၏မိသားစုဦးရေမှာ လူပေါင်းခုနစ်ဆယ်ယောက်ဖြစ်သတည်း။
28 Yakobo akamtuma Yuda kuwatangulia mbele kwa Yusufu kuonesha njia mbele yake kwenda Gosheni, nao wakaja katika eneo la Gosheni.
၂၈ယာကုပ်သည်ဂေါရှင်အရပ်၌မိမိနှင့်တွေ့ ဆုံရန်ယုဒကိုကြိုတင်စေလွှတ်၍ ယောသပ် အားပြောစေ၏။ သူတို့သည်ဂေါရှင်အရပ် သို့ရောက်ရှိကြ၏။-
29 Yusufu akaandaa kibandawazi chake na akaenda kumlaki baba yake huko Gosheni. Akamwona, akaikumbatia shingo yake, na akalia shingoni mwake kwa kitambo.
၂၉ယောသပ်သည်အဖဣသရေလအားကြိုဆို ရန်ဂေါရှင်အရပ်သို့ရထားဖြင့်သွားလေ၏။ ဖခင်ရှေ့သို့ရောက်သောအခါဖခင်ကိုဖက် ၍ကြာရှည်စွာငိုကြွေးလေ၏။-
30 Israeli akamwambia Yusufu, “Basi na nife sasa, kwa kuwa nimeuona uso wako, kwamba bado uko hai.”
၃၀ယာကုပ်ကယောသပ်အား``ငါသည်သင့်မျက်နှာ ကိုမြင်ရ၍သင်အသက်ရှင်လျက်ရှိသေးသည် ကိုသိရသဖြင့်သေပျော်ပါပြီ'' ဟုဆိုလေ၏။
31 Yusufu akawambia ndungu zake na nyumba ya baba yake, “Nitakwenda na kumwambia Farao, kusema, 'Ndugu zangu na nyumba ya baba yangu, waliokuwa katika nchi ya Kanaani, wamenijia.
၃၁ထိုနောက်ယောသပ်ကသူ၏အစ်ကိုတို့နှင့် အခြားသားချင်းတို့အား``ကျွန်ုပ်သည်ဖာရော ဘုရင်ထံသို့သွား၍ခါနာန်ပြည်မှကျွန်တော် မျိုး၏အဖနှင့်ညီအစ်ကိုတို့သည်ကျွန်တော် မျိုးထံသို့ရောက်ရှိလာကြပါပြီ။-
32 Watu hawa ni wafugaji, kwani wamekuwa watunza wanyama. Wamekuja na makundi yao ya kondoo, na mbuzi, na vyote walivyonavyo.'
၃၂သူတို့သည်သိုးထိန်းများဖြစ်၍တိရစ္ဆာန်များ ကိုထိန်းကျောင်းရပါသည်။ သူတို့သည်သိုး ဆိတ်နှင့်ရှိသမျှပစ္စည်းများကိုယူဆောင်ခဲ့ ကြပါပြီဟုလျှောက်ထားပါမည်။-
33 Itakuwa, Farao atakapowaita na kuwauliza, 'Kazi yenu ni ipi?'
၃၃ဖာရောဘုရင်ကသင်တို့ကိုဆင့်ခေါ်၍ သင်တို့၏အလုပ်အကိုင်ကိုမေးလျှင်၊-
34 mwambieni, 'Watumishi wako wamekuwa watunza wanyama tangu ujana wetu mpaka sasa, sisi, na baba zetu.' Fanyeni hivyo ili mweze kuishi katika nchi ya Gosheni, kwani kila mfugaji ni chukizo kwa Wamisri.”
၃၄ကျွန်တော်မျိုးတို့သည်ဘိုးဘေးများလက်ထက် မှစ၍ ယနေ့အထိသိုးနွားများကိုမွေးမြူသူ များဖြစ်ကြပါသည်ဟုလျှောက်ရမည်။ သို့မှ သာလျှင်သင်တို့အားဂေါရှင်အရပ်၌နေထိုင် ခွင့်ပေးလိမ့်မည်'' ဟူ၍မှာကြားလေ၏။ အီဂျစ် အမျိုးသားတို့သည် သိုးထိန်းများကိုစက်ဆုတ် ရွံရှာကြသောကြောင့်ယောသပ်ကထိုသို့ပြော ခိုင်းခြင်းဖြစ်သည်။