< Mwanzo 45 >

1 Ndipo Yusufu hakuweza kujizuia mwenyewe mbele ya watumishi waliosimama kando yake. Akasema kwa sauti, “Kila mtu aondoke.” Hivyo hakuna mtumishi aliyesimama kando yake wakati Yusufu alipojitambulisha kwa ndugu zake.
ယော​သပ်​သည်​မိ​မိ​၏​စိတ်​ခံ​စား​ချက်​ကို​မ​ချုပ် တီး​နိုင်​သ​ဖြင့် သူ​၏​အ​မှု​ထမ်း​တို့​အား​လုံး​ကို အ​ခန်း​တွင်း​မှ​ထွက်​သွား​ရန်​အ​မိန့်​ပေး​သည်။ ထို့ ကြောင့်​ယော​သပ်​သည်​သူ​၏​ညီ​အစ်​ကို​တို့​အား မိ​မိ​၏​ဇာ​တိ​ကို​ထုတ်​ဖော်​ပြော​သည့်​အ​ခါ​၌ အ​ခြား​မည်​သူ​တစ်​ယောက်​မျှ​သူ​နှင့်​အ​တူ မ​ရှိ​ချေ။-
2 Akalia kwa sauti, Wamisri wakasikia, na nyumba ya Farao wakasikia kuhusu hilo.
သို့​ရာ​တွင်​သူ​၏​ကျယ်​လောင်​စွာ​ငို​ကြွေး​သံ​ကို အီ​ဂျစ်​အ​မျိုး​သား​တို့​ကြား​ရ​၏။ ထို​သို့​ငို ကြွေး​သည့်​သ​တင်း​သည်​ဖာ​ရော​ဘု​ရင်​နန်း တော်​သို့​တိုင်​အောင်​ပေါက်​ကြား​လေ​၏။-
3 Yusufu akawambia ndugu zake, “Mimi ni Yusufu. Je baba yangu ni mzima bado? Ndugu zake hawakuweza kumjibu, kwani walitishwa na uwepo wake.
ယော​သပ်​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ် သည်​ယော​သပ်​ဖြစ်​ပါ​သည်။ ကျွန်ုပ်​၏​အ​ဖ အ​သက်​ရှင်​လျက်​ရှိ​သေး​သ​လော'' ဟု​မေး လေ​၏။ သို့​ရာ​တွင်​သူ​၏​ညီ​အစ်​ကို​တို့​သည် စိုး​ရိမ်​ကြောက်​လန့်​ကြ​သ​ဖြင့်​ပြန်​၍​ပင် မ​ဖြေ​နိုင်​ကြ​ချေ။-
4 Kisha Yusufu akawambia ndugu zake, “Nikaribieni, tafadhari.” Nao wakasogea. Akawambia, “Mimi ni Yusufu ndugu yenu, mliyemwuza Misri.
ထို​နောက်​ယော​သပ်​က``ကျွန်ုပ်​အ​နား​သို့​လာ​ကြ ပါ'' ဟု​ဆို​သ​ဖြင့်​သူ​တို့​သည်​ယော​သပ်​အ​နား သို့​ချဉ်း​ကပ်​လာ​ကြ​၏။ ယော​သပ်​က``ကျွန်ုပ်​သည် သင်​တို့​အီ​ဂျစ်​ပြည်​သို့​ရောင်း​လိုက်​သော​သင်​တို့ ၏​ညီ​ယော​သပ်​ဖြစ်​ပါ​သည်။-
5 Lakini sasa msihuzunike au kukasirika miongoni mwenu kwamba mliniuza huku, kwani Mungu alinituma mbele yenu ili kutunza uhai.
သင်​တို့​သည်​ကျွန်ုပ်​အား​ဤ​အ​ရပ်​သို့​ရောင်း​ချ မိ​သော​ကြောင့်​စိတ်​မ​ညှိုး​ငယ်​ကြ​ပါ​နှင့်။ မိ​မိ တို့​ကိုယ်​ကို​လည်း​အ​ပြစ်​မ​တင်​ကြ​ပါ​နှင့်။ ဘု​ရား​သ​ခင်​သည်​လူ​အ​ပေါင်း​တို့​၏​အ​သက် ကို​ကယ်​ဆယ်​ခြင်း​ငှာ သင်​တို့​အ​လျင်​ကျွန်ုပ် အား​စေ​လွှတ်​တော်​မူ​ခဲ့​ခြင်း​ဖြစ်​သည်။-
6 Maana ni miaka miwili njaa imekuwa katika nchi, na bado kuna miaka mitano ambayo hakutakuwa na kulima wala kuvuna.
တိုင်း​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုက် သည်​မှာ ယ​ခု​နှစ်​နှစ်​မျှ​သာ​ရှိ​သေး​သည်။ ထွန် ယက်​စိုက်​ပျိုး​ခြင်း​နှင့်​စပါး​ရိတ်​သိမ်း​ခြင်း​မ​ပြု လုပ်​နိုင်​သော​နှစ်​ငါး​နှစ်​ကျန်​သေး​၏။-
7 Mungu alinituma mbele yenu kuwahifadhi kama masalia duniani, na kuwaweka hai kwa ukombozi mkuu.
ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​သင်​တို့​၏​သား မြေး​များ​အ​သက်​ရှင်​ကျန်​ရစ်​စေ​ရန် ဤ​သို့​အံ့​သြ ဖွယ်​ကောင်း​သော​နည်း​ဖြင့် သင်​တို့​ကို​ကယ်​ဆယ်​စေ ခြင်း​ငှာ​ကျွန်ုပ်​ကို​အ​လျင်​စေ​လွှတ်​တော်​မူ​ပြီ။-
8 Hivyo si ninyi mlionipeleka huku bali ni Mungu, na amenifanya baba kwa Farao, bwana wa nyumba yake yote, na mtawala wa nchi yote ya Misri.
သို့​ဖြစ်​၍​သင်​တို့​သည်​ကျွန်ုပ်​အား​ဤ​အ​ရပ်​သို့ စေ​လွှတ်​လိုက်​ခြင်း​မ​ဟုတ်၊ ဘု​ရား​သ​ခင်​က​စေ လွှတ်​တော်​မူ​ခြင်း​ပင်​ဖြစ်​သည်။ ဘု​ရား​သ​ခင် သည်​ကျွန်ုပ်​ကို​ဤ​တိုင်း​ပြည်​၏​ဘုရင်​ခံ​အ​ရာ​၌ ခန့်​ထား​တော်​မူ​ပြီ။ ကျွန်ုပ်​သည်​အီ​ဂျစ်​ပြည် တစ်​ပြည်​လုံး​ကို​အုပ်​ချုပ်​ရ​သူ​ဖြစ်​၏။
9 Fanyeni haraka mwende kwa baba yangu na mmwambie, 'Hivi ndivyo asemavyo Yusufu mwanao, “Mungu amenifanya bwana kwa Wamisri wote. Shuka kwangu, usikawie.
ယ​ခု​သင်​တို့​သည်​ဖ​ခင်​ထံ​သို့​အ​လျင်​အ​မြန် သွား​၍ ဖ​ခင်​အား`ဘု​ရား​သ​ခင်​သည်​သား ယော​သပ်​အား အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​ရ​သော​မင်း​အ​ရာ​၌​ခန့်​ထား​တော် မူ​ပြီ။ သား​ထံ​သို့​အ​မြန်​လာ​ပါ​လော့။-
10 Utaishi katika nchi ya Gosheni, nawe utakuwa karibu nami, wewe na watoto wako na watoto wa watoto wako, na kondoo wako na mbuzi wako, na yote uliyonayo.
၁၀ဖ​ခင်​နှင့်​တ​ကွ​သား​သ​မီး၊ မြေး​များ၊ သိုး၊ ဆိတ်၊ နွား​မှ​စ​သော​ဖ​ခင်​ပိုင်​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​တို့ ကို​ယူ​ဆောင်​၍​သား​နှင့်​အ​နီး​ဂေါ​ရှင်​အရပ်​၌ နေ​ထိုင်​ပါ​လော့။-
11 Nami nitakuhudumia pale, kwa maana bado kuna miaka mitano ya njaa, hivyo usije ukaingia katika uhitaji, wewe, nyumba yako, na yote uliyonayo.”
၁၁ဂေါ​ရှင်​အ​ရပ်​သို့​ရောက်​လျှင်​သား​က​ဖ​ခင်​အား ပြု​စု​စောင့်​ရှောက်​နိုင်​ပါ​မည်။ အ​စာ​ခေါင်း​ပါး​သည့် နှစ်​ငါးနှစ်​ကျန်​သေး​သ​ဖြင့်​ဖ​ခင်​၏​အိမ်​သူ​အိမ် သား​များ​နှင့်​သိုး၊ ဆိတ်၊ နွား​များ​ပါ​မ​ကျန်​ရိက္ခာ ပြတ်​၍​ဆင်း​ရဲ​ဒုက္ခ​မ​ရောက်​စေ​လို​ပါ'' ဟူ​၍ ဆို​လေ​၏။
12 Tazama, macho yenu yanaona, na macho ya Benjamini ndugu yangu, kwamba ni kinywa changu kinachoongea nanyi.
၁၂ယော​သပ်​က​ဆက်​လက်​၍``သင်​တို့​အား​ယ​ခု​စကား ပြော​နေ​သူ​သည်​ယော​သပ်​ပင်​ဖြစ်​ကြောင်း ဗင်္ယာ​မိန် အ​ပါ​အ​ဝင်​သင်​တို့​အား​လုံး​က​မျက်​စိ​ဖြင့် မြင်​နိုင်​ပါ​ပြီ။-
13 Mtamwambia baba yangu juu ya heshima yangu yote huku Misri na yote mliyoyaona. Mtaharakisha na kumleta baba yangu huku.”
၁၃ကျွန်ုပ်​သည်​အီ​ဂျစ်​ပြည်​တွင်​မည်​မျှ​လောက်​တန်​ခိုး ကြီး​ပုံ​နှင့် သင်​တို့​တွေ့​မြင်​သ​မျှ​အ​ကြောင်း​ကို ဖ​ခင်​အား​ပြော​ပြ​ကြ​ပါ​လော့။ ဖ​ခင်​ကို​လည်း ဤ​အ​ရပ်​သို့​အ​လျင်​အ​မြန်​ခေါ်​ဆောင်​ခဲ့​ကြ ပါ​လော့'' ဟု​ထပ်​မံ​မှာ​ကြား​လေ​၏။
14 Akaikumbatia shingo ya Benjamini ndugu yake na kulia, na Benjamini akalia shongoni mwake.
၁၄ထို​သို့​မှာ​ကြား​ပြီး​နောက်​ညီ​ဗင်္ယာ​မိန်​ကို​ဖက်​၍ ငို​၏။ ဗင်္ယာ​မိန်​က​လည်း​ယော​သပ်​ကို​ဖက်​၍​ငို​၏။-
15 Akawabusu ndugu zake wote na kulia kwa ajili yao. Baada ya hayo ndugu zake wakaongea naye.
၁၅ထို​နောက်​အစ်​ကို​တစ်​ယောက်​စီ​ကို​လည်း​ဖက်​နမ်း​၍ ငို​လေ​သည်။ ထို​နောက်​ညီ​အစ်​ကို​တို့​သည်​ယော​သပ် နှင့်​ရင်း​နှီး​စွာ​စကား​ပြော​ဆို​ကြ​၏။
16 Habari ya jambo hili ikasemwa katika nyumba ya Farao: “Ndugu zake Yusufu wamekuja.” Ikampendeza sana Farao na watumishi wake.
၁၆ယော​သပ်​၏​ညီ​အစ်​ကို​တို့​ရောက်​ရှိ​လာ​သော​သ​တင်း ကို​ကြား​ရ​သော​အ​ခါ ဖာ​ရော​ဘု​ရင်​နှင့်​မှူး​မတ် အ​ပေါင်း​တို့​သည်​နှစ်​ထောင်း​အား​ရ​ကြ​၏။-
17 Farao akamwambia Yusufu, “Wambie ndugu zako, 'Fanyeni hivi: Wapakieni wanyama wenu na mwende katika nchi ya Kanaani.
၁၇ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``သင်​၏​ညီ​အစ်​ကို တို့​အား မြည်း​များ​ပေါ်​တွင်​ပစ္စည်း​များ​တင်​ဆောင် ၍​ခါ​နာန်​ပြည်​သို့​ပြန်​စေ​ပြီး​လျှင်၊-
18 Mchukueni baba yenu na nyumba zenu mnijie. Nami nitawapa mema ya nchi ya Misri, nanyi mtakula unono wa nchi.'
၁၈သူ​တို့​၏​အ​ဖ​နှင့်​မိ​သား​စု​များ​ကို​ဤ​ပြည်​သို့ ခေါ်​ဆောင်​ခဲ့​ကြ​စေ။ ငါ​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​တွင်​အ​သင့်​တော်​ဆုံး​သော​အ​ရပ်​၌​နေ​ထိုင် စေ​မည်။ သူ​တို့​သည်​ဝ​လင်​စွာ​စား​သောက်​ရ​ကြ လိမ့်​မည်။-
19 Basi mmeamriwa, 'Fanyeni hivi, chukueni mikokoteni kutoka Misri kwa ajili ya watoto wenu na kwa ajili ya wake zenu. Mchukueni baba yenu na kuja.
၁၉သူ​တို့​၏​သား​မ​ယား​များ​ကို​တင်​ဆောင်​လာ​ရန် အ​တွက် အီ​ဂျစ်​ပြည်​မှ​လှည်း​များ​ကို​လည်း​ယူ သွား​ကြ​ပါ​စေ။-
20 Msijari kuhusu mali zenu, kwani mema yote ya nchi ya Misri ni yenu.”
၂၀သူ​တို့​ချန်​ခဲ့​ရ​သည့်​ပစ္စည်း​များ​အ​တွက်​နှ​မြော ခြင်း​မ​ဖြစ်​ကြ​စေ​နှင့်။ အီ​ဂျစ်​ပြည်​တွင်​ရှိ​သ​မျှ သော​စည်း​စိမ်​ဥစ္စာ​သည်​သူ​တို့​၏​စည်း​စိမ်​ဥစ္စာ ဖြစ်​မည်'' ဟု​မိန့်​မြွက်​လေ​၏။
21 Wana wa Israeli wakafanya hivyo. Yusufu akawapa mikokoteni, kwa kadili ya agizo la Farao, na akawapa mahitaji ya safari.
၂၁ယာ​ကုပ်​၏​သား​တို့​သည်​ဖာ​ရော​ဘု​ရင်​မိန့်​သ​မျှ အ​တိုင်း​ဆောင်​ရွက်​ကြ​၏။ ယော​သပ်​သည်​ဖာ​ရော ဘု​ရင်​အ​မိန့်​အ​ရ​သူ​တို့​အား​လှည်း​များ​နှင့် လမ်း​ခရီး​တွင်​စား​သုံး​ရန်​ရိက္ခာ​ကို​ပေး​လေ​၏။-
22 Akawapa wote mavazi ya kubadilisha, lakini akampa Benjamini vipande mia tatu vya fedha na mavazi matano ya kubadilisha.
၂၂သူ​သည်​ညီ​အစ်​ကို​တစ်​ယောက်​စီ​တစ်​ယောက် စီ​တို့​အား​အ​ဝတ်​အ​ထည်​တစ်​စုံ​ကျ​ပေး​၏။ ဗင်္ယာ​မိန်​အ​တွက်​မူ​ကား​ငွေ​သား​သုံး​ရာ​နှင့် အ​ဝတ်​အ​ထည်​ငါး​စုံ​ပေး​လေ​၏။-
23 Akampelekea baba yake: punda kumi waliobeba mema ya Misri, punda majike kumi wamebeba nafaka, mikate, na mahitaji mengine kwa baba yake kwa ajili ya safari.
၂၃သူ​၏​အ​ဖ​အ​တွက်​မြည်း​ဆယ်​ကောင်​ပေါ်​တွင် အီ​ဂျစ်​ပြည်​မှ​အ​ကောင်း​ဆုံး​ပစ္စည်း​များ​ကို လည်း​ကောင်း၊ အ​ခြား​မြည်း​ဆယ်​ကောင်​ပေါ်​တွင် အ​ဖ​လမ်း​ခ​ရီး​၌​စား​ရန်​စပါး​နှင့်​အ​ခြား စား​ဖွယ်​ရာ​များ​ကို​လည်း​ကောင်း​တင်​ပေး လိုက်​၏။-
24 Hivyo akawaruhusu ndugu zake nao wakaondoka. Akawambia, “Angalieni msijemkagombana njiani.”
၂၄ထို​နောက်​သူ​သည်​ညီ​အစ်​ကို​တို့​ကို​လမ်း​ခ​ရီး တွင် အ​ချင်း​ချင်း​မ​သင့်​မ​တင့်​မ​ဖြစ်​ကြ​ရန် မှာ​ကြား​ပြီး​လျှင်​ခါ​နာန်​ပြည်​သို့​ပြန်​စေ​၏။
25 Wakapanda kutoka Misri na kuja katika nchi ya Kanaani, kwa Yakobo baba yao.
၂၅သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​၍ ခါ​နာန် ပြည်​ရှိ​အ​ဖ​ထံ​သို့​ရောက်​လာ​ကြ​၏။-
26 Wakamwambia “Yusufu bado yu hai, na ndiye mtawala juu ya nchi yote ya Misri.” Na moyo wake ulishikwa na ushangao, kwani hakuwaamini.
၂၆သူ​တို့​က``ယော​သပ်​သည်​အ​သက်​ရှင်​လျက်​ရှိ​ပါ သေး​၏။ သူ​သည်​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​သော​မင်း​ဖြစ်​နေ​ပါ​၏'' ဟု​ဆို​ကြ​သော် ယာ​ကုပ်​သည်​လွန်​စွာ​အံ့​အား​သင့်​လျက်​မ​ယုံ နိုင်​ဖြစ်​လေ​၏။
27 Wakamwambia maneno yote ya Yusufu aliyokuwa amewambia. Yakobo alipoona mikokoteni Yusufu aliyokuwa amepeleka kuwabeba, roho ya Yakobo baba yao ikafufuka.
၂၇သို့​ရာ​တွင်​သား​တို့​က​ယော​သပ်​ပြော​သ​မျှ စ​ကား​တို့​ကို​သူ့​အား​ပြန်​ပြော​ကြ​သော အ​ခါ​နှင့်၊ သူ့​ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် လာ​ရန်​ယော​သပ်​က​ပို့​လိုက်​သော​လှည်း​များ ကို​မြင်​ရ​သော​အ​ခါ သူ​သည်​အံ့​အား​သင့် ရာ​မှ​ပြန်​လည်​သ​တိ​ရ​လျက်၊-
28 Israeli akasema, “Inatosha. Yusufu mwanangu yu hai. Nitakwenda nikamwone kabla sijafa.”
၂၈ငါ့​သား​ယော​သပ်​အ​သက်​ရှင်​သေး​သ​ဖြင့် ငါ​တောင်း​သော​ဆု​ပြည့်​လေ​ပြီ။ ငါ​မ​သေ မီ​သူ့​ကို​တွေ့​ရန်​သူ့​ထံ​သို့​သွား​ရ​မည်'' ဟု​ဆို​လေ​၏။

< Mwanzo 45 >