< 1 Crónicas 2 >
1 ESTOS son los hijos de Israel: Rubén, Simeón, Leví, Judá, Issachâr, Zabulón,
၁ယာကုပ်တွင်ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊-
2 Dan, José, Benjamín, Nephtalí, Gad, y Aser.
၂ဒန်၊ ယောသပ်၊ င်္ဗယာမိန်၊ နဿာလိ၊ ဂဒ်၊ အာရှာဟူ၍ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
3 Los hijos de Judá: Er, Onán, y Sela. Estos tres le nacieron de la hija de Sua, Cananea. Y Er, primogénito de Judá, fué malo delante de Jehová; y matólo.
၃ယုဒတွင်စုစုပေါင်းသားငါးယောက်ရှိ၏။ သူ၏ ဇနီး၊ ခါနာန်အမျိုးသမီးဖြစ်သူ ရှုအာနှင့်ရ သောသားသုံးယောက်တို့ကားဧရ၊ သြနန်နှင့် ရှေလတို့ဖြစ်၏။ သူ၏သားအကြီးဆုံးဧရ သည်အလွန်ဆိုးညစ်သူဖြစ်သဖြင့် ထာဝရ ဘုရား၏ကွပ်မျက်တော်မူခြင်းကိုခံရ၏။-
4 Y Thamar su nuera le parió á Phares y á Zara. Todos los hijos de Judá fueron cinco.
၄ယုဒသည်မိမိ၏ချွေးမနှင့်ရပြန်သော သားနှစ်ယောက်မှာဖာရက်နှင့်ဇာရဖြစ်၏။
5 Los hijos de Phares: Hesrón y Hamul.
၅ဖာရက်တွင်ဟေဇရုံနှင့်ဟာမုလဟူသော သားနှစ်ယောက်ရှိ၏။-
6 Y los hijos de Zara: Zimri, Ethán, Hemán, y Calcol, y Darda; en todos cinco.
၆သူ၏ညီဇာရတွင်ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလကောလ၊ ဒါရဟူ၍သားငါးယောက် ရှိ၏။-
7 Hijo de Chârmi fué Achâr, el que alborotó á Israel, porque prevaricó en el anatema.
၇ကာမိ၏သားအာခန်သည်ဘုရားသခင်အား ဆက်ကပ်ထားသောတိုက်ခိုက်သိမ်းယူရရှိသည့် ဝတ္ထုပစ္စည်းကိုယူသောကြောင့် ဣသရေလ အမျိုးသားတို့ကပ်ဆိုက်ရကြကုန်၏။
8 Azaría fué hijo de Ethán.
၈ဧသန်တွင်အဇရိဟူသောသားတစ်ယောက် ရှိ၏။
9 Los hijos que nacieron á Hesrón: Jerameel, Ram, y Chêlubai.
၉ဟေဇရုံတွင် ယေရမေလ၊ အာရံ၊ ကာလက် ဟူ၍သားသုံးယောက်ရှိ၏။
10 Y Ram engendró á Aminadab; y Aminadab engendró á Nahasón, príncipe de los hijos de Judá;
၁၀အာရံမှယေရှဲတိုင်အောင်ဆွေစဉ်မျိုးဆက်ကား အာရံ၊ အမိနဒပ်၊ (ယုဒအနွယ်တွင်ထင်ပေါ် ကျော်ကြားသူ) နာရှုန်၊
11 Y Nahasón engendró á Salma, y Salma engendró á Booz;
၁၁စာလမုန်၊ ဗောဇ၊- သြဗက်၊ ယေရှဲဟူ၍ဖြစ်သတည်း။
12 Y Booz engendró á Obed, y Obed engendró á Isaí;
၁၂
13 E Isaí engendró á Eliab, su primogénito, y el segundo Abinadab, y Sima el tercero;
၁၃ယေရှဲတွင်သားခုနစ်ယောက်ရှိ၏။ သူတို့အား ကြီးစဉ်ငယ်လိုက်ဖော်ပြရသော်ဧလျာဘ၊ အဘိနဒပ်၊ ရှိမာ၊-
14 El cuarto Nathanael, el quinto Radai;
၁၄နာသနေလ၊ ရဒ္ဒဲ၊-
15 El sexto Osem, el séptimo David:
၁၅သြဇင်နှင့်ဒါဝိဒ်တို့ဖြစ်၏။ ယေရှဲတွင်ဇေရုယာ နှင့်အဘိဂဲလဟူ၍သမီးနှစ်ယောက်လည်းရှိ၏။ ယေရှဲ၏သမီးဇေရုယာတွင်အဘိရှဲ၊ ယွာဘ နှင့်အာသဟေလဟူသောသားသုံးယောက်ရှိ၏။-
16 De los cuales Sarvia y Abigail fueron hermanas. Los hijos de Sarvia fueron tres: Abisai, Joab, y Asael.
၁၆
17 Abigail engendró á Amasa, cuyo padre fué Jether Ismaelita.
၁၇သူ၏အခြားသမီးအဘိဂဲလသည် ဣရှမေလ မှဆင်းသက်လာသူယေသာနှင့်အိမ်ထောင်ပြု၏။ သူတို့မှာအာမသနာမည်တွင်သောသားတစ် ယောက်ရှိ၏။
18 Caleb hijo de Hesrón engendró á Jerioth de su mujer Azuba. Y los hijos de ella fueron Jeser, Sobad, y Ardón.
၁၈ဟေဇရုံ၏သားကာလက်သည် အဇုဘနှင့်အိမ် ထောင်ပြု၍ယေရုတ်နာမည်တွင်သောသမီးတစ် ယောက်ကိုရ၏။ ယေရုတ်တွင်ယေရှာ၊ ရှောဗပ်နှင့် အာဒုန်ဟူသောသားသုံးယောက်ရှိ၏။-
19 Y muerta Azuba, tomó Caleb por mujer á Ephrata, la cual le parió á Hur.
၁၉အဇုဘသေလွန်ပြီးနောက်ကာလက်သည် ဧဖရတ် နှင့်အိမ်ထောင်ပြု၍ဟုရနာမည်တွင်သောသား ကိုရ၏။-
20 Y Hur engendró á Uri, y Uri engendró á Bezaleel.
၂၀ဟုရ၏သားသည်ဥရိ၊ ဥရိ၏သားကားဗေဇ လေလတည်း။
21 Después entró Hesrón á la hija de Machîr padre de Galaad, la cual tomó siendo él de sesenta años, y ella le parió á Segub.
၂၁ဟေဇရုံသည်အသက်ခြောက်ဆယ်ရှိသောအခါ မာခိရ၏သမီး၊ ဂိလဒ်၏ညီမနှင့်အိမ်ထောင် ပြု၍စေဂုပ်နာမည်တွင်သောသားတစ်ယောက် ကိုရ၏။-
22 Y Segub engendró á Jair, el cual tuvo veintitrés ciudades en la tierra de Galaad.
၂၂စေဂုပ်တွင်ယာဣရနာမည်တွင်သောသားတစ် ယောက်ရှိ၏။ ယာဣရသည်ဂိလဒ်ပြည်တွင်မြို့ ကြီးနှစ်ဆယ့်သုံးမြို့ကိုအုပ်စိုးရ၏။-
23 Y Gesur y Aram tomaron las ciudades de Jair de ellos, y á Cenath con sus aldeas, sesenta lugares. Todos estos [fueron de] los hijos de Machîr padre de Galaad.
၂၃သို့ရာတွင်ဂေရှုရနှင့်အာရံဘုရင်တို့သည် ထိုပြည်မှယာဣရနှင့်ကေနတ်ရွာတို့နှင့် တကွ အနီးအနားရှိမြို့များအပါအဝင် မြို့ခြောက်ဆယ်တို့ကိုတိုက်ခိုက်သိမ်းပိုက်လိုက် ကြ၏။ ထိုဒေသတွင်နေထိုင်ကြသူလူအပေါင်း တို့မှာဂိလဒ်၏ဖခင်မာခိရ၏သားမြေး များဖြစ်သတည်း။-
24 Y muerto Hesrón en Caleb de Ephrata, Abia mujer de Hesrón le parió á Ashur padre de Tecoa.
၂၄ဟေဇရုံသေလွန်ပြီးနောက်သူ၏သားကာလက် သည် ဖခင်၏ဇနီးမုဆိုးမဖြစ်သူဧဖရတ်ကို သိမ်းပိုက်လိုက်၏။ သူတို့တွင်အာရှုရနာမည်တွင် သောသားတစ်ယောက်ကိုရရှိကြ၏။ အာရှုရ ကားတေကောမြို့ကိုတည်ထောင်သူတည်း။
25 Y los hijos de Jerameel primogénito de Hesrón fueron Ram su primogénito, Buna, Orem, Osem, y Achîa.
၂၅ဟေဇရုံ၏သားအကြီးဆုံးဖြစ်သူယေရ မေလတွင်သားငါးယောက်ရှိ၏။ သူတို့အနက် အကြီးဆုံးမှာအာရံဖြစ်၍အခြားသား များမှာဗုန၊ သြရင်၊ သြဇင်နှင့်အဟိယ တို့ဖြစ်၏။-
26 Y tuvo Jerameel otra mujer llamada Atara, que fué madre de Onam.
၂၆အာရံတွင်မာဇ၊ ယာမိန်၊ ဧကာဟူ၍သားသုံး ယောက်ရှိ၏။ ယေရမေလတွင်အာတရနာမည် တွင်သောအခြားဇနီးတစ်ယောက်ရှိ၏။ ထို ဇနီးဖြင့်သြနံဟူသောသားတစ်ယောက်ကို ရ၏။-
27 Y los hijos de Ram primogénito de Jerameel fueron Maas, Jamín, y Acar.
၂၇
28 Y los hijos de Onam fueron Sammai, y Jada. Los hijos de Sammai: Nadab, y Abisur.
၂၈သြနံတွင်ရှမ္မဲနှင့်ယာဒဟူသောသားနှစ်ယောက် ရှိ၏။ ရှမ္မဲတွင်လည်းနာဒပ်နှင့်အဘိရှုရဟူ သောသားနှစ်ယောက်ရှိပေသည်။
29 Y el nombre de la mujer de Abisur fué Abihail, la cual le parió á Abán, y á Molib.
၂၉အဘိရှုရသည်အဘိဟဲလနာမည်ရှိသော အမျိုးသမီးနှင့်အိမ်ထောင်ပြု၍ အာဗန်နှင့် မောလိဒ်နာမည်တွင်သောသားနှစ်ယောက်ကို ရ၏။-
30 Y los hijos de Nadab: Seled y Aphaim. Y Seled murió sin hijos.
၃၀အဘိရှုရ၏ညီဖြစ်သူနာဒပ်တွင်သေလက် နှင့်အပ္ပိမ်ဟူသောသားနှစ်ယောက်ရှိ၏။ သို့ရာ တွင်သေလက်သည်သားတစ်ယောက်မျှမရ ဘဲကွယ်လွန်သွား၏။-
31 E Isi fué hijo de Aphaim; y Sesam, hijo de Isi; é hijo de Sesam, Alai.
၃၁အပ္ပိမ်၏သားသည်ဣရှိ၊ ဣရှိ၏သားမှာရှေရှန်၊ ရှေရှန်၏သားကားအာလဲဖြစ်၏။
32 Los hijos de Jada hermano de Simmai: Jether y Jonathán. Y murió Jether sin hijos.
၃၂ရှမ္မဲ၏ညီယာဒတွင်ယေသာနှင့် ယောနသန်ဟူ သောသားနှစ်ယောက်ရှိ၏။ သို့ရာတွင်ယေသာ သည်သားတစ်ယောက်မျှမရဘဲကွယ်လွန် သွား၏။-
33 Y los hijos de Jonathán: Peleth, y Zaza. Estos fueron los hijos de Jerameel.
၃၃ယောနသန်တွင်ပေလက်နှင့်ဇာဇဟူသောသား နှစ်ယောက်ရှိ၏။ ဤသူအပေါင်းတို့သည်ယေရ မေလ၏သားမြေးများဖြစ်ကြသတည်း။
34 Y Sesán no tuvo hijos, sino hijas.
၃၄ရှေရှန်တွင်သားမရှိ၊ သမီးများသာရှိ၏။ သူ့မှာ ယာဟနာမည်တွင်သောအီဂျစ်အမျိုးသား အစေခံတစ်ယောက်ရှိ၏။-
35 Y tuvo Sesán un siervo Egipcio, llamado Jarha, al cual dió Sesán por mujer á su hija; y ella le parió á Athai.
၃၅သူသည်မိမိ၏သမီးတစ်ယောက်အားထိုကျွန် နှင့်ပေးစားရာ အတ္တဲနာမည်တွင်သောသားတစ် ယောက်ကိုရလေ၏။
36 Y Athai engendró á Nathán, y Nathán engendró á Zabad:
၃၆အတ္တဲ၏သားမြေးအဆက်ဆက်မှာနာသန်၊ ဇာဗဒ်၊ ဧဖလလ၊ သြဗက်၊
37 Y Zabad engendró á Ephlal, y Ephlal engendró á Obed;
၃၇
38 Y Obed engendró á Jehú, y Jehú engendró á Azarías;
၃၈
39 Y Azarías engendró á Heles, y Heles engedró á Elasa;
၃၉ယေဟု၊ အာဇရိ၊- ဟေလက်၊ ဧလာသ၊ သိသမဲ၊ ရှလ္လုံ၊ ယေကမိနှင့်ဧလိရှမာတို့ဖြစ်ကြ၏။
40 Elasa engendró á Sismai, y Sismai engendró á Sallum;
၄၀
41 Y Sallum engendró á Jecamía, y Jecamía engendró á Elisama.
၄၁
42 Los hijos de Caleb hermano de Jerameel fueron Mesa su primogénito, que fué el padre de Ziph; y los hijos de Maresa padre de Hebrón.
၄၂ယေရမေလ၏ညီဖြစ်သူကာလက်၏သားဦး မှာမေရှဟုနာမည်တွင်၏။ မေရှ၏သားသည် ဇိဖ၊ ဇိဖ၏သားမှာမရေရှ၊ မရေရှ၏သား ကားဟေဗြုန်ဖြစ်၏။-
43 Y los hijos de Hebrón: Core, y Thaphua, y Recem, y Sema.
၄၃ဟေဗြုန်တွင်ကောရ၊ တာပွာ၊ ရေကင်နှင့် ရှေမဟူသောသားလေးယောက်ရှိ၏။-
44 Y Sema engendró á Raham, padre de Jorcaam; y Recem engendró á Sammai.
၄၄ရှေမ၏သားသည်ရာဟံ၊ ရာဟံ၏သားမှာ ယော်ကောင်ဖြစ်၏။ ရှေမ၏ညီဖြစ်သူရေကင် ၏သားသည်ရှမ္မဲ၊-
45 Maón fué hijo de Sammai, y Maón padre de Beth-zur.
၄၅ရှမ္မဲ၏သားမှာမောန၊ မောန၏သားကားဗက် ဇုရတည်း။
46 Y Epha, concubina de Caleb, le parió á Harán, y á Mosa, y á Gazez. Y Harán engendró á Gazez.
၄၆ကာလက်မှာဧဖာနာမည်တွင်သောမယား ငယ်တစ်ယောက်ရှိသေး၏။ ထိုမယားငယ်ဖြင့် သူသည်ဟာရန်၊ မောဇ၊ ဂါဇက်ဟူသောသား သုံးယောက်ကိုထပ်မံရရှိပြန်၏။ ဟာရန် တွင်ဂါဇက်ဟုပင်နာမည်တွင်သောသား တစ်ယောက်ရှိ၏။
47 Y los hijos de Joddai: Regem, Jotham, Gesán, Pelet, Epho, y Saaph.
၄၇(ယာဒဲနာမည်တွင်သောလူတစ်ယောက်တွင် ရေဂင်၊ ယောသံ၊ ဂေရှံ၊ ပေလက်၊ ဧဖာ၊ ရှာဖ ဟူ၍သားခြောက်ယောက်ရှိ၏။)
48 Maachâ, concubina de Caleb, le parió á Sebet, y á Thirana.
၄၈ကာလက်မှာမာခါနာမည်တွင်သောအခြား မယားငယ်တစ်ယောက်ရှိသေး၏။ ထိုမယား ငယ်ဖြင့်သူသည်ရှေဗာနှင့် တိရဟာနဟူ သောသားနှစ်ယောက်ကိုရ၏။-
49 Y también le parió á Saaph padre de Madmannah, y á Seva padre de Macbena, y padre de Ghiba. Y Achsa fué hija de Caleb.
၄၉ထိုနောက်မာခါသည်မာဒမေနမြို့ကိုတည် ထောင်သူဖြစ်လာသည့်ရှာဖကိုလည်းကောင်း၊ မာခဗေနမြို့ကိုတည်ထောင်သူဖြစ်လာ သည့်ရှေဝကိုလည်းကောင်းရရှိပြန်၏။ ထိုသားများအပြင်ကာလက်မှာအာခသ နာမည်တွင်သောသမီးတစ်ယောက်လည်းရှိ၏။
50 Estos fueron los hijos de Caleb, hijo de Hur, primogénito de Ephrata: Sobal, padre de Chîriath-jearim;
၅၀အောက်ဖော်ပြပါတို့သည်လည်းကာလက် ၏သားမြေးများဖြစ်ပေသည်။ ဇနီးဖြစ်သူဧဖရတ်နှင့်ကာလက်ရသော သားဦးမှာဟုရဖြစ်၏။ ဟုရ၏သားရှော ဗာလသည်ကိရယတ်ယာရိမ်မြို့ကြီးကို တည်ထောင်လေသည်။-
51 Salma, padre de Beth-lehem; Hareph, padre de Beth-gader.
၅၁ရှောဗာလ၏ဒုတိယသားစလမသည် ဗက်လင်မြို့ကိုတည်ထောင်၍ သူ၏တတိယ သားဟာရပ်မူကားဗက်ဂါဒါမြို့ကိုတည် ထောင်သတည်း။
52 Y los hijos de Sobal padre de Chîriath-jearim fueron Haroeh, la mitad de los Manahethitas.
၅၂ကိရယတ်ယာရိမ်မြို့ကြီးကိုတည်ထောင်သူ ရှောဗာလသည်ဟာရောအမျိုးသားများ၏ ဘိုးဘေးနှင့် မနဟေသိအမျိုးသားထက် ဝက်ခန့်တို့၏ဘိုးဘေးဖြစ်ပေသည်။-
53 Y las familias de Chîriath-jearim fueron los Ithreos, y los Phuteos, y los Samatheos, y los Misraiteos; de los cuales salieron los Soratitas, y los Estaolitas.
၅၃သူသည်ကိရယတ်ယာရိမ်မြို့ကြီးတွင်နေ ထိုင်ကြကုန်သောဣသရိ၊ ဖုဟိ၊ ရှုမသိနှင့် မိရှရိသားချင်းစုတို့၏ဘိုးဘေးလည်း ဖြစ်၏။ (ဇာရာသိနှင့်ဧရှတောလိအမျိုး သားတို့ကားထိုသားချင်းစုများမှဆင်း သက်လာသူများတည်း။)
54 Los hijos de Salma: Beth-lehem, y los Nethophatitas, [los cuales son] las coronas de la casa de Joab, y de la mitad de los Manahethitas, los Soraitas.
၅၄ဗက်လင်မြို့ကိုတည်ထောင်သူစလမသည် နေတောဖာသိ၊ အတရုတ်၊ ဗက်ယွာဘသား ချင်းစုများနှင့်ဇောရိသားချင်းစုတို့၏ ဘိုးဘေးဖြစ်ပေသည်။ ဇောရိသားချင်းစု သည်မနဟေသိသားချင်းစုနှစ်စုမှ တစ်စုဖြစ်၏။
55 Y las familias de los escribas, que moraban en Jabes, fueron los Thiratheos, Simatheos, Sucatheos; los cuales son los Cineos que vinieron de Hamath, padre de la casa de Rechâb.
၅၅(စာချုပ်စာတမ်းများရေးမှတ်ကူးယူသည့် အတတ်တွင် အထူးကျွမ်းကျင်ကုန်သောတိ ရသိ၊ ရှိမသိနှင့် စုခသိသားချင်းစုတို့ သည်ယာဗက်မြို့တွင်နေထိုင်ကြ၏။ ထိုသူ တို့သည်ရေခပ်အမျိုးအနွယ်များနှင့် အပြန်အလှန်လက်ထပ်ထိမ်းမြားခဲ့ကြ သောကိနိအမျိုးသားများဖြစ်သတည်း။)