< 2 Reyes 19 >

1 Y COMO el rey Ezechîas lo oyó, rasgó sus vestidos, y cubrióse de saco, y entróse en la casa de Jehová.
ထို​သူ​တို့​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား​လျှင် ကြား​ချင်း​ဟေ​ဇ​ကိ​မင်း​သည် မိ​မိ​၏​အ​ဝတ် တော်​ကို​ဆုတ်​ပြီး​လျှင်​လျှော်​တေ​ကို​ဝတ်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​သို့​ကြွ​တော် မူ​၏။-
2 Y envió á Eliacim el mayordomo, y á Sebna escriba, y á los ancianos de los sacerdotes, vestidos de sacos á Isaías profeta hijo de Amós,
မင်း​ကြီး​သည်​နန်း​တော်​အုပ်​ဧ​လျာ​ကိမ်၊ နန်း တော်​အ​တွင်း​ဝန်​ရှေ​ဗ​န​နှင့်​အ​သက်​ကြီး​သူ ယဇ်​ပု​ရော​ဟိတ်​များ​ကို အာ​မုတ်​၏​သား​ဟေ​ရှာ ယ​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​တို့​သည် လည်း​လျှော်​တေ​ကို​ဝတ်​ဆင်​ထား​ကြ​၏။-
3 Que le dijesen: Así ha dicho Ezechîas: Este día es día de angustia, y de reprensión, y de blasfemia; porque los hijos han venido hasta la rotura, y la que pare no tiene fuerzas.
မင်း​ကြီး​က``ယ​နေ့​သည်​ဒု​က္ခ​ရောက်​ရာ​နေ့​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​၍ အ​ရှက်​ကွဲ​လျက်​ရှိ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည် သား​ဖွား​ချိန်​စေ့​သော်​လည်း သား​ဖွား​နိုင်​ရန် အား​မ​ရှိ​သည့်​အမျိုး​သ​မီး​နှင့်​တူ​ပါ​၏။-
4 Quizá oirá Jehová tu Dios todas las palabras de Rabsaces, al cual el rey de los Asirios su señor ha enviado para injuriar al Dios vivo, y á vituperar con palabras, las cuales Jehová tu Dios ha oído: por tanto, eleva oración por las reliquias que aun se hallan.
အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည်​မိ​မိ​၏​ဗိုလ်​ချုပ် ကို​စေ​လွှတ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​စော်​ကား​သည့်​စ​ကား​ကို​ပြော​ဆို စေ​ပါ​၏။ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​ထို​စ​ကား​ကို​ကြား​တော်​မူ​၍​ယင်း​သို့ ပြော​ဆို​သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော် မူ​ပါ​စေ​သော။ သို့​ဖြစ်​၍​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​နေ​သေး​သော​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ လော့'' ဟု​ဟေ​ရှာ​ယ​ထံ​လျှောက်​ထား​စေ​၏။
5 Vinieron pues los siervos del rey Ezechîas á Isaías.
ဟေ​ဇ​ကိ​မင်း​၏​စ​ကား​ကို​ကြား​သော​အ​ခါ ဟေ​ရှာ​ယ​က``ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့်​တော် မူ​၏။ အာ​ရှု​ရိ​မင်း​၏​ကျွန်​တို့​သည် ငါ့​ကို​ပြစ် မှား​၍​ပြော​ဆို​သည့်​စ​ကား​ကို​သင်​တို့​ကြား ရ​သော​အ​ခါ​မ​ကြောက်​နှင့်။-
6 E Isaías les respondió: Así diréis á vuestro señor: Así ha dicho Jehová; No temas por las palabras que has oído, con las cuales me han blasfemado los siervos del rey de Asiria.
7 He aquí pondré yo en él un espíritu, y oirá rumor, y volveráse á su tierra: y yo haré que en su tierra caiga á cuchillo.
ငါ​သည်​ဧ​က​ရာဇ်​မင်း​အား​မိ​မိ​၏​တိုင်း​ပြည် သို့​ပြန်​စေ​ရန် သ​တင်း​တစ်​စုံ​တ​ရာ​ကို​ကြား စေ​တော်​မူ​မည်။ ထို​နောက်​သူ့​ကို​ထို​ပြည်​၌​ပင် လုပ်​ကြံ​ခြင်း​ကို​ခံ​ရ​စေ​လတ္တံ့'' ဟု​ပြန်​ကြား လိုက်​၏။
8 Y regresando Rabsaces, halló al rey de Asiria combatiendo á Libna; porque había oído que se había partido de Lachîs.
ဧ​က​ရာဇ်​မင်း​သည်​လာ​ခိ​ရှ​မြို့​မှ​ထွက်​ခွာ​ပြီး လျှင် အ​နီး​အ​နား​ရှိ​လိ​ဗ​န​မြို့​ကို​တိုက်​ခိုက် လျက်​ရှိ​ကြောင်း​ကို အာ​ရှု​ရိ​အ​ရာ​ရှိ​ကြား​သိ သော​အ​ခါ မင်း​ကြီး​နှင့်​ဆွေး​နွေး​တိုင်​ပင်​ရန် ထို​အ​ရပ်​သို့​သွား​လေ​သည်။-
9 Y oyó decir de Thiraca rey de Ethiopía: He aquí es salido para hacerte guerra. Entonces volvió él, y envió embajadores á Ezechîas, diciendo:
ထို​အ​ခါ​အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည် မိ​မိ တို့​အား​တိုက်​ခိုက်​ရန်​ဆူ​ဒန်​ဘု​ရင်​တိ​ရက္က​ဦး စီး​ခေါင်း​ဆောင်​သည့် အီ​ဂျစ်​တပ်​မ​တော်​ချီ တက်​လာ​နေ​ကြောင်း​ကို​သ​တင်း​ရ​ရှိ​ကြ​၏။-
10 Así diréis á Ezechîas rey de Judá: No te engañe tu Dios en quien tú confías, para decir: Jerusalem no será entregada en mano del rey de Asiria.
၁၀ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​ဧ​က​ရာဇ်​မင်း သည် ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​အ​မှာ​တော် စာ​ပေး​ပို့​လိုက်​လေ​သည်။ ထို​အ​မှာ​တော်​စာ တွင်``သင်​ကိုး​စား​သည့်​ဘု​ရား​က​သင်​သည် ငါ ၏​လက်​တွင်း​သို့​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ် ကြောင်း​မိန့်​တော်​မူ​သော​စ​ကား​ကြောင့်​နား မ​ယောင်​နှင့်။-
11 He aquí tú has oído lo que han hecho los reyes de Asiria á todas las tierras, destruyéndolas; ¿y has tú de escapar?
၁၁အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​သည်​မိ​မိ​ဖျက်​ဆီး​ရန် ဆုံး​ဖြတ်​ထား​သည့်​တိုင်း​နိုင်​ငံ​ကို​အ​ဘယ်​သို့ ပြု​တော်​မူ​တတ်​ကြောင်း​သင်​ကြား​သိ​ရ​ပြီ ဖြစ်​၏။ သင်​သည်​ငါ​၏​လက်​မှ​လွတ်​မြောက် နိုင်​လိမ့်​မည်​ဟု​ထင်​မှတ်​ပါ​သ​လော။-
12 ¿Libráronlas los dioses de las gentes, que mis padres destruyeron, [es á saber], Gozán, y Harán, y Reseph, y los hijos de Edén que estaban en Thalasar?
၁၂ငါ​၏​ဘိုး​ဘေး​တို့​သည်​ဂေါ​ဇန်​မြို့၊ ခါ​ရန် မြို့၊ ရေ​ဇပ်​မြို့​တို့​ကို​ဖျက်​ဆီး​ပြီး​လျှင် တေ​လ သာ​မြို့​တွင်​နေ​ထိုင်​သူ​ဘေ​သေ​ဒင်​အ​မျိုး​သား တို့​အား​သုတ်​သင်​သတ်​ဖြတ်​ခဲ့​ကြ​၏။ သူ​တို့​၏ ဘု​ရား​များ​အ​နက်​အ​ဘယ်​ဘု​ရား​မျှ​သူ တို့​ကို​မ​ကယ်​နိုင်​ကြ။-
13 ¿Dónde está el rey de Hamath, el rey de Arphad, el rey de la ciudad de Sepharvaim, de Hena, y de Hiva?
၁၃ဟာ​မတ်​မြို့၊ အာ​ပဒ်​မြို့၊ သေ​ဖ​ရ​ဝိမ်​မြို့၊ ဟေ​န မြို့​နှင့်​ဣ​ဝါ​မြို့​တို့​တွင်​စိုး​စံ​ခဲ့​သော​ဘု​ရင် များ​သည်​အ​ဘယ်​မှာ​နည်း'' ဟု​ဖော်​ပြ​ပါ ရှိ​၏။
14 Y tomó Ezechîas las letras de mano de los embajadores; y después que las hubo leído, subió á la casa de Jehová, y extendiólas Ezechîas delante de Jehová.
၁၄ဟေ​ဇ​ကိ​မင်း​သည်​ထို​အ​မှာ​တော်​စာ​ကို​စေ တမန်​များ​ထံ​မှ​ယူ​၍​ဖတ်​ပြီး​လျှင် ဗိ​မာန်​တော် သို့​သွား​၍​ထာ​ဝရ​ဘု​ရား​၏​ရှေ့​တော်​၌​ချ ထား​၏။-
15 Y oró Ezechîas delante de Jehová, diciendo: Jehová Dios de Israel, que habitas entre los querubines, tú solo eres Dios de todos los reinos de la tierra; tú hiciste el cielo y la tierra.
၁၅ထို​နောက်​ဤ​သို့​ပတ္ထ​နာ​ပြု​၏။ ``ခမ်း​နား​တင့် တယ်​သည့်​ပလ္လင်​ပေါ်​တွင်​စံ​တော်​မူ​သော အို ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား၊ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ကမ္ဘာ နိုင်​ငံ​အ​ရပ်​ရပ်​ကို​အ​စိုး​ရ​သော​ဘုရား​ဖြစ် တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မိုး​မြေ​ကို​ဖန် ဆင်း​တော်​မူ​ပါ​၏။-
16 Inclina, oh Jehová, tu oído, y oye; abre, oh Jehová, tus ojos, y mira: y oye las palabras de Sennachêrib, que ha enviado á blasfemar al Dios viviente.
၁၆အို ထာ​ဝရ​ဘု​ရား၊ ယ​ခု​အ​ကျွန်ုပ်​တို့​တွေ့​ကြုံ နေ​ရ​ကြ​သော​အ​မှု​ကို​ကြည့်​ရှု​တော်​မူ​ပါ။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​တည်း​ဟူ သော ကိုယ်​တော်​အား​သ​နာ​ခ​ရိပ်​စော်​ကား ပြော​ဆို​သော​စ​ကား​ကို​ကြား​တော်​မူ​ပါ။-
17 Es verdad, oh Jehová, que los reyes de Asiria han destruído las gentes y sus tierras;
၁၇အို ထာ​ဝ​ရ​ဘု​ရား၊ အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း များ​သည် လူ​မျိုး​တ​ကာ​တို့​ကို​ပျက်​ပြုန်း စေ​၍ သူ​တို့​၏​ပြည်​များ​ကို​လူ​သူ​ဆိတ် ငြိမ်​ရာ​ဖြစ်​စေ​လျက်၊-
18 Y que pusieron en el fuego á sus dioses, por cuanto ellos no eran dioses, sino obra de manos de hombres, madera ó piedra, y así los destruyeron.
၁၈သူ​တို့​၏​ဘု​ရား​များ​ကို​လည်း​မီး​ရှို့​ဖျက်​ဆီး ကြ​သည်​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ ထို​ဘု​ရား တို့​သည်​ဘု​ရား​အ​စစ်​မ​ဟုတ်။ လူ့​လက်​ဖြင့် လုပ်​သည့်​သစ်​သား​ရုပ်၊ ကျောက်​ရုပ်​များ​သာ ဖြစ်​ပါ​၏။-
19 Ahora pues, oh Jehová Dios nuestro, sálvanos, te suplico, de su mano, para que sepan todos los reinos de la tierra que tú solo, Jehová, eres Dios.
၁၉အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား၊ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သိ​ရှိ​ကြ​စေ​ရန် ယ​ခု​ပင်​အ​ကျွန်ုပ်​တို့​အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။''
20 Entonces Isaías hijo de Amós envió á decir á Ezechîas: Así ha dicho Jehová, Dios de Israel: Lo que me rogaste acerca de Sennachêrib rey de Asiria, he oído.
၂၀ထို​နောက်​မင်း​ကြီး​၏​ပတ္ထ​နာ​ကို​ထာ​ဝ​ရ ဘု​ရား​နား​ညောင်း​တော်​မူ​သ​ဖြင့် ဟေ​ဇ​ကိ မင်း​အ​တွက် ဟေ​ရှာ​ယ​မှ​တစ်​ဆင့်​ရောက် လာ​သော​ဗျာ​ဒိတ်​တော်​မှာ၊-
21 Esta es la palabra que Jehová ha hablado contra él: Hate menospreciado, hate escarnecido la virgen hija de Sión; ha movido su cabeza detrás de ti la hija de Jerusalem.
၂၁``အ​ချင်း​သ​နာ​ခ​ရိပ်၊ ယေ​ရု​ရှ​လင်​မြို့​သည် သင့်​ကို​ကြည့်​၍​ပြုံး​ကာ​ပြက်​ရယ်​ပြု​လေ​ပြီ။-
22 ¿A quién has injuriado y á quién has blasfemado? ¿y contra quién has hablado alto, y has alzado en alto tus ojos? Contra el Santo de Israel.
၂၂သင်​သည်​အ​ဘယ်​သူ​အား​စော်​ကား​ကဲ့​ရဲ့​လျက် နေ​သည်​ကို သင်​သိ​ပါ​သ​လော။ သင်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် တော်​မူ​သော ငါ​ဘု​ရား​အား​မ​လေး​မ​ခန့် ပြု​၍ နေ​ပါ​သည်​တ​ကား။-
23 Por mano de tus mensajeros has proferido injuria contra el Señor, y has dicho: Con la multitud de mis carros he subido á las cumbres de los montes, á las cuestas del Líbano; y cortaré sus altos cedros, sus hayas escogidas; y entraré á la morada de su término, al monte de su Carmel.
၂၃သင်​သည်​မိ​မိ​၏​စစ်​ရ​ထား​အ​ပေါင်း​ဖြင့် လေ​ဗ​နုန် ပြည်​ရှိ​အ​မြင့်​ဆုံး​တောင်​များ​ကို​နှိမ်​နင်း​အောင်​မြင် ခဲ့​ကြောင်း ငါ့​အား​ကြွား​ဝါ​ရန်​သံ​တ​မန်​များ​ကို စေ​လွှတ်​ခဲ့​၏။ သင်​သည်​ထို​အ​ရပ်​ရှိ​အ​မြင့်​ဆုံး သစ်​က​တိုး​ပင်​များ​နှင့် အ​လှ​ဆုံး​ထင်း​ရှူး​ပင် များ​ကို​ခုတ်​လှဲ​ကာ တော​နက်​ကြီး​များ​သို့ ရောက်​ရှိ​ခဲ့​ကြောင်း​ကြွား​ဝါ​ခဲ့​၏။-
24 Yo he cavado y bebido las aguas ajenas, y he secado con las plantas de mis pies todos los ríos de lugares bloqueados.
၂၄သင်​သည်​ရေ​တွင်း​များ​ကို​တူး​၍​တိုင်း​တစ်​ပါး မှ​ရေ​ကို​သောက်​ခဲ့​သည်​ဟူ​၍​လည်း​ကောင်း၊ သင် ၏​တပ်​မ​တော်​သား​တို့​သည် ခြေ​ဖြင့်​နင်း​၍​နိုင်း မြစ်​ရေ​ကို​ခန်း​ခြောက်​စေ​ခဲ့​သည်​ဟူ​၍​လည်း ကောင်း​ကြွား​ခဲ့​၏။
25 ¿Nunca has oído que mucho tiempo ha yo lo hice, y de días antiguos lo he formado? Y ahora lo he hecho venir, y fué para desolación de ciudades fuertes en montones de ruinas.
၂၅``ရှေး​မ​ဆွ​က​ပင်​လျှင်​ဤ​အ​မှု​အ​ရာ​များ ကို ငါ​စီ​မံ​ခဲ့​ကြောင်း​သင်​အ​ဘယ်​အ​ခါ​၌​မျှ မ​ကြား​ဘူး​သ​လော။ ယ​ခု​ထို​အ​မှု​အ​ရာ များ​ကို​ငါ​ဖြစ်​ပွား​စေ​ပြီ။ ခံ​တပ်​မြို့​များ​ကို အ​မှိုက်​ပုံ​ဖြစ်​စေ​နိုင်​သော​တန်​ခိုး​ကို​သင့် အား​ငါ​ပေး​အပ်​ခဲ့​၏။-
26 Y sus moradores, cortos de manos, quebrantados y confusos, fueron cual hierba del campo, como legumbre verde, y heno de los tejados, que antes que venga á madurez es seco.
၂၆ထို​မြို့​များ​တွင်​နေ​ထိုင်​သူ​တို့​သည်​စွမ်း​ရည် မ​ရှိ၊ ထိတ်​လန့်​ကြောက်​ရွံ့​လျက်​အ​ရှေ့​အ​ရပ်​မှ လေ​ပူ​တိုက်​၍ ညှိုး​နွမ်း​သွား​သည့်​စား​ကျက် မြက်၊ အိမ်​ခေါင်​မိုး​ပေါ်​ရှိ​ပေါင်း​ပင်​များ​နှင့် တူ​ကြ​၏။
27 Yo he sabido tu asentarte, tu salir y tu entrar, y tu furor contra mí.
၂၇``သို့​ရာ​တွင်​သင်​၏​အ​ကြောင်း​ကို​အ​ကုန်​အ​စင် ငါ​သိ​၏။ သင်​အ​ဘယ်​အ​မှု​ကို​ပြု​၍​အ​ဘယ် အ​ရပ်​သို့​သွား​သည်​ကို​လည်း​ကောင်း၊ ငါ့​အား အ​ဘယ်​မျှ​အ​မျက်​ထွက်​လျက်​နေ​သည်​ကို လည်း​ကောင်း​ငါ​သိ​၏။-
28 Por cuanto te has airado contra mí, y tu estruendo ha subido á mis oídos, yo por tanto pondré mi anzuelo en tus narices, y mi bocado en tus labios, y te haré volver por el camino por donde viniste.
၂၈သင်​အ​မျက်​ထွက်​ပုံ၊ မာန်​မာ​န​ကြီး​ပုံ​တို့​ကို ငါ​ကြား​သိ​ရ​ပြီ။ သို့​ဖြစ်​၍​ငါ​သည်​သင့်​ကို နှာ​ကွင်း​တပ်​၍​ဇက်​ခွံ့​ပြီး​လျှင် လာ​လမ်း​အ​တိုင်း ပြန်​စေ​မည်'' ဟူ​၍​တည်း။
29 Y esto te será por señal [Ezechîas]: Este año comerás lo que nacerá de suyo, y el segundo año lo que nacerá de suyo; y el tercer año haréis sementera, y segaréis, y plantaréis viñas, y comeréis el fruto de ellas.
၂၉ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း အား``နောင်​အ​ခါ​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ များ​၏​ရှေ့​ပြေး​နိ​မိတ်​ကား​ဤ​သို့​တည်း။ သင်​သည်​ယ​ခု​နှစ်​နှင့်​နောင်​နှစ်​ခါ​၌ စ​ပါး ရိုင်း​ကို​သာ​လျှင်​စား​ရ​လိမ့်​မည်။ သို့​ရာ​တွင် တ​တိ​ယ​နှစ်​၌​မူ​ဂျုံ​စ​ပါး​ကို​စိုက်​ပျိုး ရိတ်​သိမ်း​ရ​လိမ့်​မည်။ စ​ပျစ်​ပင်​များ​ကို​လည်း စိုက်​၍ စပျစ်​သီး​များ​ကို​စား​ရ​လိမ့်​မည်။-
30 Y lo que hubiere escapado, lo que habrá quedado de la casa de Judá, tornará á echar raíz abajo, y hará fruto arriba.
၃၀ယု​ဒ​ပြည်​တွင်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ နေ​သူ​တို့​သည် မြေ​တွင်​နက်​စွာ​အ​မြစ်​စွဲ ၍​သီး​နှံ​များ​ကို​ဆောင်​သည့်​အ​ပင်​များ ကဲ့​သို့​တိုး​တက်​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။-
31 Porque saldrán de Jerusalem reliquias, y los que escaparán, del monte de Sión: el celo de Jehová de los ejércitos hará esto.
၃၁ယေ​ရု​ရှ​လင်​မြို့​နှင့်​ဇိ​အုန်​တောင်​ပေါ်​တွင်​လူ တို့​သည် အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​ဖြစ်​ပျက်​စေ ရန်​ထာ​ဝ​ရ​ဘု​ရား​သန္နိ​ဋ္ဌာန်​ချမှတ်​ထား တော်​မူ​သော​ကြောင့်​ဖြစ်​၏။
32 Por tanto, Jehová dice así del rey de Asiria: No entrará en esta ciudad, ni echará saeta en ella; ni vendrá delante de ella escudo, ni será echado contra ella baluarte.
၃၂``အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​အ​ကြောင်း​နှင့်​ပတ် သက်​၍ ထာ​ဝ​ရ​ဘု​ရား​က`သူ​သည်​ဤ​မြို့​သို့ ဝင်​ရ​မည်​မ​ဟုတ်။ မြို့​ထဲ​သို့​လည်း​မြား​တစ် လက်​မျှ​ပစ်​လွှတ်​ရ​မည်​မ​ဟုတ်။ မြို့​ကို​ဝိုင်း​ရံ တိုက်​ခိုက်​ရန်​မြေ​က​တုတ်​များ​ကို​လည်း​ဖို့ လုပ်​ရ​မည်​မ​ဟုတ်။-
33 Por el camino que vino se volverá, y no entrará en esta ciudad, dice Jehová.
၃၃သူ​သည်​မြို့​ထဲ​သို့​မဝင်​ရ​ဘဲ​လာ​လမ်း​ဖြင့်​ပြန် ရ​မည်။ ဤ​ကား​ငါ​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။-
34 Porque yo ampararé á esta ciudad para salvarla, por amor de mí, y por amor de David mi siervo.
၃၄ငါ​သည်​ငါ​၏​ဂုဏ်​တော်​ကို​လည်း​ကောင်း၊ ငါ ၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​ခဲ့​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍ ဤ​မြို့​ကို​ကာ ကွယ်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟူ​၍​ဗျာ​ဒိတ် တော်​ကို​ပြန်​ကြား​လေ​သည်။
35 Y aconteció que la misma noche salió el ángel de Jehová, é hirió en el campo de los Asirios ciento ochenta y cinco mil; y como se levantaron por la mañana, he aquí los cuerpos de los muertos.
၃၅ထို​ည​၌​ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား​တစ်​သိန်း ရှစ်​သောင်း​ငါး​ထောင်​ကို​ဒဏ်​ခတ်​သ​ဖြင့် နောက် တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌​ထို​သူ​အ​ပေါင်း တို့​သည်​သေ​လျက်​နေ​ကြ​၏။-
36 Entonces Sennachêrib, rey de Asiria se partió, y se fué y tornó á Nínive, donde se estuvo.
၃၆ထို​အ​ခါ​အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​သည် တပ် ခေါက်​၍​နိ​နေ​ဝေ​မြို့​သို့​ပြန်​တော်​မူ​၏။-
37 Y aconteció que, estando él adorando en el templo de Nisroch su dios, Adramelech y Saresar sus hijos lo hirieron á cuchillo; y huyéronse á tierra de Ararat. Y reinó en su lugar Esar-hadón su hijo.
၃၇တစ်​နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​နိ​သ​ရုတ် ၏​ဗိ​မာန်​တော်​တွင် ဝတ်​ပြု​နေ​စဉ်​သား​တော်​များ ဖြစ်​သော​အာ​ဒြမ္မေ​လက်​နှင့်​ရှ​ရေ​ဇာ​တို့​သည် မင်း ကြီး​အား​ဋ္ဌား​ဖြင့်​လုပ်​ကြံ​ပြီး​လျှင်​အာ​ရ​ရတ် ပြည်​သို့​ထွက်​ပြေး​ကြ​၏။ အ​ခြား​သား​တော် တစ်​ပါး​ဖြစ်​သူ​ဧ​သ​ရ​ဟဒ္ဒုန်​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။

< 2 Reyes 19 >