< 1 Crónicas 10 >

1 LOS Filisteos pelearon con Israel; y huyeron delante de ellos los Israelitas, y cayeron heridos en el monte de Gilboa.
ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့် ဂိ​လ​ဗော​တောင်​ပေါ်​တွင် တိုက်​ပွဲ​ဖြစ်​ကြ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​မြောက်​အ​မြား​ကျ​ဆုံး​ကြ လေ​သည်။ ရှော​လု​မင်း​နှင့်​သား​တော်​များ အ​ပါ​အ​ဝင်​ကျန်​ရှိ​သော​သူ​တို့​သည် ထွက်​ပြေး​ကြ​ကုန်​၏။-
2 Y los Filisteos siguieron á Saúl y á sus hijos; y mataron los Filisteos á Jonathán, y á Abinadab, y á Malchîsua, hijos de Saúl.
ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လိုက်​၍​မီ​သော အ​ခါ ရှော​လု​၏​သား​များ​ဖြစ်​ကြ​သော ယော​န​သန်၊ အ​ဘိ​န​ဒပ်​နှင့်​မေ​လ​ခိ​ရွှ တို့​ကို​ကွပ်​မျက်​ပစ်​ကြ​၏။-
3 Y agravóse la batalla sobre Saúl, y le alcanzaron los flecheros, y fué de los flecheros herido.
တိုက်​ပွဲ​သည်​ရှော​လု​၏​ပတ်​လည်​တွင်​ပြင်း ထန်​လှ​သ​ဖြင့် ရှော​လု​သည်​ရန်​သူ​များ​၏ မြား​ချက်​ဖြင့်​ပြင်း​စွာ​ဒဏ်​ရာ​ရ​လေ​၏။-
4 Entonces dijo Saúl á su escudero: Saca tu espada, y pásame con ella, porque no vengan estos incircuncisos, y hagan escarnio de mí; mas su escudero no quiso, porque tenía gran miedo. Entonces Saúl tomó la espada, y echóse sobre ella.
သူ​သည်​မိ​မိ​၏​လက်​နက်​များ​ကို​သယ် ဆောင်​ပေး​သူ​လု​လင်​ပျို​အား``ဘု​ရား​မဲ့ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ​၍ ငါ့​အား သ​ရော်​မော်​ကား​မ​ပြု​လုပ်​နိုင်​ကြ​စေ​ရန် သင်​သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​ကာ​ငါ့​အား သတ်​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​လု​လင် သည်​မင်း​ကြီး​ကို​သတ်​ရန်​ကြောက်​ရွံ့​လျက် နေ​သ​ဖြင့် ရှော​လု​သည်​မိ​မိ​၏​ဋ္ဌား​ကို​ဆွဲ ထုတ်​ပြီး​လျှင် ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ မိ​မိ​ကိုယ်​ကို​အ​ဆုံး​စီ​ရင်​တော်​မူ​၏။-
5 Y como su escudero vió á Saúl muerto, él también se echó sobre su espada, y matóse.
လု​လင်​ပျို​သည်​ရှော​လု​ကွယ်​လွန်​သွား ကြောင်း​တွေ့​မြင်​သော​အ​ခါ မိ​မိ​ကိုယ်​ကို ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ​သေ​လေ​၏။-
6 Así murió Saúl, y sus tres hijos; y toda su casa murió juntamente con él.
ဤ​သို့​လျှင်​ရှော​လု​နှင့်​သား​သုံး​ယောက် စ​လုံး​ပင်​ကွယ်​လွန်​ကြ​သ​ဖြင့် သူ​၏​မင်း ဆက်​ပြတ်​လေ​တော့​၏။-
7 Y viendo todos los de Israel que [habitaban] en el valle, que habían huído, y que Saúl y sus hijos eran muertos, dejaron sus ciudades, y huyeron: y vinieron los Filisteos, y habitaron en ellas.
ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​တွင်​နေ​ထိုင်​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏ စစ်​သည်​များ​တပ်​လန့်​၍​သွား​ကြောင်း​ကို​လည်း ကောင်း၊ ရှော​လု​မင်း​နှင့်​သား​တို့​ကွယ်​လွန်​သွား ကြောင်း​ကို​လည်း​ကောင်း​ကြား​သိ​လေ​သော် မိ​မိ တို့​၏​မြို့​များ​ကို​စွန့်​ပစ်​၍​ထွက်​ပြေး​ကြ​ကုန် ၏။ ထို​အ​ခါ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည် လာ​၍​ထို​မြို့​များ​ကို​သိမ်း​ပိုက်​ကြ​၏။
8 Y fué que viniendo el día siguiente los Filisteos á despojar los muertos, hallaron á Saúl y á sus hijos tendidos en el monte de Gilboa.
တိုက်​ပွဲ​ပြီး​ဆုံး​ပြီး​နောက်​တစ်​နေ့​၌ ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​အ​လောင်း​ကောင်​များ​မှ ပစ္စည်း​များ​ကို​လု​ယူ​ရန်​လာ​ကြ​သော​အ​ခါ ရှော​လု​နှင့်​သား​တို့​၏​အ​လောင်း​များ​ကို ဂိ​လ​ဗော​တောင်​ထိပ်​တွင်​တွေ့​ရှိ​ကြ​၏။-
9 Y luego que le hubieron desnudado, tomaron su cabeza y sus armas, y enviáronlo [todo] á la tierra de los Filisteos por todas partes, para que fuese denunciado á sus ídolos y al pueblo.
သူ​တို့​သည်​ရှော​လု​၏​ဦး​ခေါင်း​ကို​ဖြတ်​၍ အ​ဝတ်​တန်​ဆာ​များ​ကို​ချွတ်​ပစ်​ကြ​၏။ ထို နောက်​စေ​တ​မန်​တို့​အား​ရှော​လု​၏​ဦး​ခေါင်း နှင့်​လက်​နက်​များ​ကို​ယူ​ဆောင်​၍ ဖိ​လိတ္တိ ပြည်​ကို​လှည့်​လည်​ကာ​မိ​မိ​တို့​အ​မျိုး သား​များ​နှင့်​ရုပ်​တု​များ​ရှိ​ရာ​အ​ရပ် များ​တွင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ စေ​ကြ​၏။-
10 Y pusieron sus armas en el templo de su dios, y colgaron la cabeza en el templo de Dagón.
၁၀သူ​တို့​သည်​ရှော​လု​၏​လက်​နက်​များ​ကို မိ​မိ​တို့​၏​ဘု​ရား​ကျောင်း​တွင်​ထား​၍ သူ ၏​ဦး​ခေါင်း​ကို​ဒါဂုန်​ဗိ​မာန်​တွင်​ချိတ်​ဆွဲ ထား​ကြ​၏။-
11 Y oyendo todos los de Jabes de Galaad lo que los Filisteos habían hecho de Saúl,
၁၁ရှော​လု​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ဘယ် သို့​ပြု​ကျင့်​ကြ​သည်​ကို ဂိ​လဒ်​ပြည်​ယာဗက် မြို့​သား​တို့​ကြား​လျှင်။-
12 Levantáronse todos los hombres valientes, y tomaron el cuerpo de Saúl, y los cuerpos de sus hijos, y trajéronlos á Jabes; y enterraron sus huesos debajo del alcornoque en Jabes, y ayunaron siete días.
၁၂သူ​ရဲ​ကောင်း​အ​ပေါင်း​တို့​သည်​သွား​၍ ရှော​လု မင်း​နှင့်​သား​တို့​၏​အ​လောင်း​များ​ကို​ယာ​ဗက် မြို့​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။ ထို​နောက်​အရိုး​တို့​ကို ဝက်​သစ်​ချ​ပင်​အောက်​တွင်​သင်္ဂြိုဟ်​ကြ​ပြီး​လျှင် ခု​နစ်​ရက်​တိုင်​တိုင်​အ​စာ​ရှောင်​ကြ​ကုန်​၏။
13 Así murió Saúl por su rebelión con que prevaricó contra Jehová, contra la palabra de Jehová, la cual no guardó; y porque consultó al pythón, preguntándo[le],
၁၃ရှော​လု​မင်း​ကွယ်​လွန်​တော်​မူ​ရ​ခြင်း​အ​ကြောင်း မှာ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အ​ပေါ်​သစ္စာ​ဖောက် သော​ကြောင့်​ဖြစ်​၏။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​တို့​ကို​လွန်​ဆန်​ခဲ့​၏။-
14 Y no consultó á Jehová: por esta causa lo mató, y traspasó el reino á David, hijo de Isaí.
၁၄ထာ​ဝ​ရ​ဘု​ရား​နှင့်​တိုင်​ပင်​မည့်​အ​စား​လူ​သေ တို့​၏​ဝိ​ညာဉ်​များ​နှင့်​နှီး​နှော​တိုင်​ပင်​ခဲ့​လေ သည်။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု အား ကွပ်​မျက်​တော်​မူ​၍​သူ​၏​နိုင်​ငံ​ကို​ယေ​ရှဲ ၏​သား​ဒါ​ဝိဒ်​အား​အုပ်​စိုး​စေ​တော်​မူ သ​တည်း။

< 1 Crónicas 10 >