< От Иоанна святое благовествование 6 >

1 По сих иде Иисус на он пол моря Галилеи Тивериадска:
ထိုနောက်မှ ယေရှုသည် တိဗေရိအိုင်တည်းဟူသော ဂါလိလဲအိုင်ကို ကူးတော်မူ၏။
2 и по Нем идяше народ мног, яко видяху знамения Его, яже творяше над недужными.
အနာရောဂါစွဲသောသူတို့၌ ပြတော်မူသောနိမိတ်လက္ခဏာတို့ကို လူအစုအဝေးအပေါင်းတို့သည် မြင် ကြသဖြင့် နောက်တော်သို့ လိုက်ကြ၏။
3 Взыде же на гору Иисус и ту седяше со ученики Своими.
ယေရှုသည်တောင်ပေါ်သို့ တတ်ကြွ၍ တပည့်တော်တို့နှင့်အတူ ထိုင်တော်မူ၏။
4 Бе же близ Пасха, праздник Жидовский.
ထိုအခါ ယုဒလူတို့၏ပသခါပွဲခံချိန် ရောက်လုနီးသတည်း။
5 Возвед убо Иисус очи и видев, яко мног народ грядет к Нему, глагола к Филиппу: чим купим хлебы, да ядят сии?
ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော် မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟုမေးတော်မူ၏။
6 Сие же глаголаше искушая его: Сам бо ведяше, что хощет сотворити.
ထိုသို့မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကိုသိတော်မူလျက်ပင် ဖိလိပ္ပုကိုစုံစမ်းခြင်းငှါသာ မေးတော်မူ၏။
7 Отвеща Ему Филипп: двема стома пенязей хлебы не довлеют им, да кийждо их мало что приимет.
ဖိလိပ္ပုကလည်း၊ ဤသူတို့သည် မုန့်တဖဲ့စီစေ့အောင် ဒေနာရိအပြားနှစ်ရာအဘိုးထိုက်သောမုန့် မ လောက်ပါဟုလျှောက်၏။
8 Глагола Ему един от ученик Его, Андрей, брат Симона Петра:
ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊
9 есть отрочищь зде един, иже имать пять хлеб ячменных и две рыбе: но сии что суть на толико?
မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တယောက်ရှိပါ၏။ သို့သော်လည်း ဤမျှ လောက်များစွာသောသူတို့သည်ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာ ရှိပါသနည်း ဟုလျှောက်၏။
10 Рече же Иисус: сотворите человеки возлещи. Бе же трава многа на месте. Возлеже убо мужей числом яко пять тысящ.
၁၀ယေရှုကလည်း၊ လူများတို့ကိုလျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။
11 Прият же хлебы Иисус и, хвалу воздав, подаде учеником, ученицы же возлежащым: такожде и от рыбу, елико хотяху.
၁၁ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့် တော်တို့သည် လျောင်းသောသူတို့အားဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်းကိုလူများလိုချင်သမျှ ဝေငှကြ၏။
12 И яко насытишася, глагола учеником Своим: соберите избытки укрух, да не погибнет ничтоже.
၁၂ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊
13 Собраша же и исполниша дванадесяте кошя укрух от пятих хлеб ячменных, иже избыша ядшым.
၁၃စားသောသူတို့၌ ကျန်ကြွင်းသော မုရောမုန့် ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တဆယ်နှစ် တောင်းအပြည့်ရကြ၏။
14 Человецы же видевше знамение, еже сотвори Иисус, глаголаху, яко Сей есть воистинну Пророк Грядый в мир.
၁၄ထိုသို့ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို ထိုလူများတို့သည်မြင်လျှင်၊ ဤသူကား ဤလောကသို့ ကြွလာရသော ပရောဖက်အမှန်ဖြစ်ဟု ဆိုကြ၏။
15 Иисус убо разумев, яко хотят приити, да восхитят Его и сотворят Его царя, отиде паки в гору един.
၁၅ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါလာ၍ အနိုင်အထက်ပြုကြမည် အကြောင်းကို ယေရှုသည်သိတော်မူလျှင်၊ တောင်ပေါ်သို့ တယောက်တည်းကြွတော်မူပြန်၏။
16 Яко позде бысть, снидоша ученицы Его на море,
၁၆ညအချိန်ရောက်သောအခါ တပည့်တော်တို့သည် အိုင်သို့သွား၍ လှေထဲသို့ဝင်ရောက်ပြီးလျှင်၊ ကပေရနောင်မြို့သို့ရောက်အံ့သောငှါ အိုင်ကိုကူးကြ၏။
17 и влезоша в корабль, и идяху на он пол моря в Капернаум. И тма абие бысть, и не (у) бе пришел к ним Иисус.
၁၇ထိုအခါမှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ ရှိရာသို့မရောက်သေး။
18 Море же, ветру велию дыхающу, воздвизашеся.
၁၈လေပြင်းမုန်တိုင်းလာ၍ လှိုင်းတံပိုးထလေ၏။
19 Гребше же яко стадий двадесять пять или тридесять, узреша Иисуса ходяща по морю и близ корабля бывша, и убояшася.
၁၉ခရီးတတိုင်ခွဲနှစ်တိုင်လောက် တက်ခတ်၍ရောက်သောအခါ၊ ယေရှုအိုင်ပေါ်မှာ စက်တော်ဖြန့်၍ လှေ အနီးသို့ချဉ်းတော်မူသည်ကို သူတို့သည်မြင်၍ ကြောင့်လန့်ခြင်းရှိကြ၏။
20 Он же глагола им: Аз есмь, не бойтеся.
၂၀ကိုယ်တော်ကလည်း၊ ငါပင်ဖြစ်သည်၊ မကြောင့်လန့်ကြနှင့်ဟု မိန့်တော်မူလျှင်၊ လှေထဲသို့ ကိုယ်တော် တိုင် ဝမ်းမြောက်စွာခံယူကြ၏။
21 Хотяху убо прияти Его в корабль: и абие корабль бысть на земли, в нюже идяху.
၂၁လှေသည်လည်းရောက်လိုသောရပ်သို့ တခဏခြင်းတွင် ဆိုက်လေ၏။
22 Во утрий (же) народ, иже стояше об он пол моря, видев, яко корабля иного не бе ту, токмо един той, в оньже внидоша ученицы Его, и яко не вниде со ученики Своими Иисус в корабль, но едини ученицы Его идоша:
၂၂အိုင်တဘက်၌နေသော လူအစုအဝေးတို့သည်ကား၊
23 и ини приидоша корабли от Тивериады близ места, идеже ядоша хлебы, хвалу воздавше Господеви:
၂၃အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ လူများသည် မုန့်ကိုစားကြရာ အရပ်နှင့် အနီး၊ တိဗေရိမြို့မှ အခြားသောလှေငယ်များ လာသော်လည်း၊ မနေ့၌ တပည့်တော်တို့ဝင်သော လှေမှတပါး အဘယ်လှေမျှမရှိသည်ကို၎င်း၊ ယေရှုသည်ထိုလှေထဲသို့ တပည့်တော်နှင့်အတူ ဝင်တော်မမူဘဲလျက်၊ တပည့် တော်တို့သာ သွားသည်ကို၎င်း မြင်ကြ၍၊
24 егда же видеша народи, яко Иисуса не бысть ту, ни ученик Его, влезоша сами в корабли и приидоша в Капернаум, ищуще Иисуса,
၂၄ထိုအရပ်၌ ယေရှုမှစသော တပည့်တော်တို့မရှိသည်ကိုသိကြသဖြင့်၊ နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကို ရှာခြင်းငှါ ကပေရနောင်မြို့သို့သွားကြ၏။
25 и обретше Его об он пол моря, реша Ему: Равви, когда зде бысть?
၂၅အိုင်တဘက်၌တွေ့လျှင်၊ အရှင်ဘုရား၊ အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူသနည်းဟု မေးလျှောက်ကြ၏။
26 Отвеща им Иисус и рече: аминь, аминь глаголю вам, ищете Мене, не яко видесте знамение, но яко яли есте хлебы и насытистеся:
၂၆ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည်နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။
27 делайте не брашно гиблющее, но брашно пребывающее в живот вечный, еже Сын Человеческий вам даст: Сего бо Отец знамена Бог. (aiōnios g166)
၂၇မုန့်ကို စား၍ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကိုရခြင်းငှါ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကိုရခြင်းငှါ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။ (aiōnios g166)
28 Реша же к Нему: что сотворим, да делаем дела Божия?
၂၈ထိုသူတို့ကလည်း။ ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှါ အဘယ်သို့ ပြုရ ပါမည်နည်းဟု မေးလျှောက်ကြ၏။
29 Отвеща Иисус и рече им: се есть дело Божие, да веруете в Того, Егоже посла Он.
၂၉ယေရှုကလည်း၊ ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား၊ အလိုတော်နှင့် ညီသောအကျင့်တည်းဟု မိန့်တော်မူ၏။
30 Реша же Ему: кое убо Ты твориши знамение, да видим и веру имем Тебе? Что делаеши?
၃၀ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင်၍ ကိုယ်တော်ကိုယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကို ပြုတော်မူသနည်း။
31 Отцы наши ядоша манну в пустыни, якоже есть писано: хлеб с небесе даде им ясти.
၃၁ကျမ်းစာ၌လာသည်ကား၊ ထိုသူတို့ စားစရာဘို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့် အညီ၊ ငါတို့ဘိုးဘေးများသည်တော၌ မန္နကိုစားကြသည်ဟု လျှောက်ကြ၏။
32 Рече убо им Иисус: аминь, аминь глаголю вам, не Моисей даде вам хлеб с небесе, но Отец Мой дает вам хлеб истинный с небесе:
၃၂ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ မောရှသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး၊ ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အား ပေးတော်မူ၏။
33 хлеб бо Божии есть сходяй с небесе и даяй живот миру.
၃၃ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အားအသက်ကို ပေးသောမုန့် ပေတည်းဟုမိန့်တော်မူလျှင်၊
34 Реша убо к Нему: Господи, всегда даждь нам хлеб сей.
၃၄သခင်၊ ထိုမုန့်ကိုအကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု လျှောက်ကြ၏။
35 Рече же им Иисус: Аз есмь хлеб животный: грядый ко Мне не имать взалкатися, и веруяй в Мя не имать вжаждатися никогдаже.
၃၅ယေရှုကလည်း၊ ငါသည်အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ် မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ်မခံရ။
36 Но рех вам, яко и видесте Мя, и не веруете.
၃၆သို့သော်လည်းသင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ။
37 Все, еже дает Мне Отец, ко Мне приидет, и грядущаго ко Мне не изжену вон:
၃၇ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာကြလိမ့်မည်။ ငါ့ထံသို့လာ သောသူကို ငါသည်အလျင်မပယ်။
38 яко снидох с небесе, не да творю волю Мою, но волю пославшаго Мя Отца.
၃၈အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှါ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှါ ဆင်းသက်၏။
39 Се же есть воля пославшаго Мя Отца, да все, еже даде Ми, не погублю от Него, но воскрешу е в последний день.
၃၉ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစုံတယောက် ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှါ၎င်း၊
40 Се же есть воля Пославшаго Мя, да всяк видяй Сына и веруяй в Него имать живот вечный, и воскрешу его Аз в последний день. (aiōnios g166)
၄၀သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကိုရစေခြင်းငှါ၎င်း အလို တော်ရှိ၏။ ငါသည်လည်းနောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။ (aiōnios g166)
41 Роптаху убо Иудее о Нем, яко рече: Аз есмь хлеб сшедый с небесе.
၄၁ငါသည်ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏ဟု မိန့်တော်မူသည်ကို ယုဒလူတို့က၊
42 И глаголаху: не Сей ли есть Иисус сын Иосифов, Егоже мы знаем отца и Матерь? Како убо глаголет Сей, яко с небесе снидох?
၄၂ဤသူသည် ယောသပ်၏သား ယေရှုဖြစ်သည်မဟုတ်လော။ သူ၏မိဘကိုငါတို့သိသည်မဟုတ်လော။ ငါသည် ကောင်းကင်မှဆင်းသက်၏ဟု သူသည်အဘယ်သို့ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။
43 Отвеща убо Иисус и рече им: не ропщите между собою:
၄၃ယေရှုကလည်း၊ ငါ့ကိုအချင်းချင်းကဲ့ရဲ့၍ အပြစ်မတင်ကြနှင့်။
44 никтоже может приити ко Мне, аще не Отец пославый Мя привлечет его, и Аз воскрешу его в последний день.
၄၄ငါ့ကို စေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့ မလာ နိုင်။ လာသောသူကိုနောက်ဆုံသောနေ့၌ ငါထမြောက်စေမည်။
45 Есть писано во пророцех: и будут вси научени Богом. Всяк слышавый от Отца и навык, приидет ко Мне.
၄၅အနာဂတ္တိကျမ်းစာ၌လာသည်ကား၊ ထိုသူအပေါင်းတို့သည် ဘုရားသခင်ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်ဟုလာသည်နှင့်အညီ။ ခမည်းတော်ထံ၌နားထောင်၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့ လာကြ၏။
46 Не яко Отца видел есть Кто, токмо сый от Бога, Сей виде Отца.
၄၆ထိုသို့ငါဆိုသော၊ ဘရားသခင့်အထံတော်က ကြွလာသောသူမှတပါး တစုံတယောက်တယောက်သော သူသည် ခမည်းတော်ကိုမြင်ခဲ့ပြီဟု မဆိုလို။ ကြွလာသောသူဟူမူကား၊ ခမည်းတော်ကို မြင်ခဲ့ပြီ။
47 Аминь, аминь глаголю вам: веруяй в Мя имать живот вечный. (aiōnios g166)
၄၇ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ (aiōnios g166)
48 Аз есмь хлеб животный:
၄၈ငါသည်အသက်မုန့်ဖြစ်၏။
49 отцы ваши ядоша манну в пустыни и умроша:
၄၉သင်တို့ဘိုးဘေးများသည် တော၌မန္နကိုစားလျက် သေရကြ၏။
50 сей есть хлеб сходяй с небесе, да, аще кто от него яст, не умрет:
၅၀ကောင်းကင်မှဆင်းသက်သောမုန့်ကို စားသောသူသည် သေခြင်းနှင့်ကင်းလွတ်၏။
51 Аз есмь хлеб животный, иже сшедый с небесе: аще кто снесть от хлеба сего, жив будет во веки: и хлеб, егоже Аз дам, Плоть Моя есть, юже Аз дам за живот мира. (aiōn g165)
၅၁ငါသည်ကောင်းကင်မှဆင်းသက်သောအသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ် မပြတ်အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဘို့အလိုငှါ စွန့်သောငါ၏ အသားပေတည်းဟုမိန့်တော်မူ၏။ (aiōn g165)
52 Пряхуся же между собою Жидове, глаголюще: како может Сей нам дати Плоть (Свою) ясти?
၅၂ထိုအခါ ယုဒလူတို့က၊ ဤသူသည်မိမိအသားကို ငါတို့စားစရာဘို့အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။
53 Рече же им Иисус: аминь, аминь глаголю вам: аще не снесте Плоти Сына Человеческаго, ни пиете Крове Его, живота не имате в себе.
၅၃ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူ၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင် တို့၌ အသက်မရှိ။
54 Ядый Мою Плоть и пияй Мою Кровь имать живот вечный, и Аз воскрешу его в последний день. (aiōnios g166)
၅၄ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ (aiōnios g166)
55 Плоть бо Моя истинно есть брашно, и Кровь Моя истинно есть пиво.
၅၅ငါ၏အသားသည် စားစရာကောင်း၏။ ငါ၏ အသွေးလည်းသောက်စရာကောင်း၏။
56 Ядый Мою Плоть и пияй Мою Кровь во Мне пребывает, и Аз в нем.
၅၆ငါ၏အသားအသွေးကို သောက်စားသောသူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏။
57 Якоже посла Мя живый Отец, и Аз живу Отца ради: и ядый Мя, и той жив будет Мене ради.
၅၇အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍၊ ငါသည်ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ၊ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။
58 Сей есть хлеб сшедый с небесе: не якоже ядоша отцы ваши манну и умроша: ядый хлеб сей жив будет во веки. (aiōn g165)
၅၈ဤမုန့်ကား၊ ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏။ သင်တို့ ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့မဟုတ်။ ဤမုန့်ကိုးစားသောသူသည် အစဉ်မပြတ်အသသက်ရှင်လိမ့်ဟု၊ (aiōn g165)
59 Сия рече на сонмищи, учя в Капернауме.
၅၉ကပေရနောင်မြို့မှာရားစရပ်၌ ဩဝါဒပေးစဉ်တွင် မိန့်တော်မူ၏။
60 Мнози убо слышавше от ученик Его, реша: жестоко есть слово сие: (и) кто может Его послушати?
၆၀တပည့်တော်အများတို့သည် ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနာခံနိုင်မည် နည်းဟု ဆိုကြ၏။
61 Ведый же Иисус в Себе, яко ропщут о сем ученицы Его, рече им: сие ли вы блазнит?
၆၁ထိုသို့တပည့်တော်တို့ ကဲ့ရဲ့ဖြစ်တင်သည်ကို ယေရှုသည်အလိုအလျောက်သိတော်မူလျှင်၊ ဤတရား စကားကြောင့် သင်တို့သည် စိတ်ပျက်ကြသလော့။
62 Аще убо узрите Сына Человеческаго восходяща, идеже бе прежде?
၆၂လူသားသည်အရင်နေရာအရပ်သို့တဖန် ကြွတတ်သည်ကိုမြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည် နည်း။
63 Дух есть, иже оживляет, плоть не пользует ничтоже: глаголголы, яже Аз глаголах вам, дух суть и живот суть:
၆၃ဝိညာဉ်သာလျှင်အသက်ရှင်စေ၏။ ကိုယ်ကာယသည်အလျှင်မတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။
64 но суть от вас нецыи, иже не веруют. Ведяше бо искони Иисус, кии суть неверующии, и кто есть предаяй Его.
၆၄သို့သော်လည်းသင်တို့တွင် မယုံကြည်သောသူတချို့ရှိ၏။
65 И глаголаше: сего ради рех вам, яко никтоже может приити ко Мне, аще не будет ему дано от Отца Моего.
၆၅ထိုကြောင့် ငါ၏ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင်၊ အဘယ်သူမျှငါထံသို့မလာနိုင်ဟု အထက် ငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။ ထိုသိုမိန့်တော်မူသည် အကြောင်းဟူမူကား၊ အဘယ်သူမယုံကြည်သည်ကို၎င်း၊ အဘယ်သူသည် ကိုယ်တော်ကို အပ်နှံမည်ကို၎င်း၊ ယေရှုသည်အစအဦး၌ သိတော်မူ၏။
66 От сего мнози от ученик Его идоша вспять и ктому не хождаху с Ним.
၆၆ထိုအခါမှစ၍ တပည့်တော်များတို့သည် ကိုယ်တော်နှင့်မပေါင်းဘော်ဘဲ ဆုတ်သွားကြ၏။
67 Рече же Иисус обеманадесяте: еда и вы хощете ити?
၆၇ထိုကြောင့် ယေရှုသည် တကျိပ်နှစ်ပါးသောသူတို့အား၊ သင်တို့သည်လည်း ထွက်သွားခြင်းငှါ အလိုရှိ ကြသလောဟုမေးတော်မူလျှင်၊
68 Отвеща убо Ему Симон Петр: Господи, к кому идем? Глаголголы живота вечнаго имаши, (aiōnios g166)
၆၈ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သော စကားသည်ကိုယ်တော်၌ တည်ပါ၏။ (aiōnios g166)
69 и мы веровахом и познахом, яко Ты еси Христос, Сын Бога живаго.
၆၉ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ် တော်မူသည်ကို အကျွန်ုပ်တို့ယုံကြည် သိမှတ်ကြပါသည်ဟုလျှောက်လေ၏။
70 Отвеща им Иисус: не Аз ли вас дванадесяте избрах? И един от вас диавол есть.
၇၀ယေရှုကလည်း၊ တကျိပ်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည်မဟုတ်လော။ သို့သော်လည်း သင် တို့တွင် ရန်သူတယောက်ပါမည်ဟု မိန့်တော်မူ၏။
71 Глаголаше же Иуду Симонова Искариота: сей бо хотяше предати Его, един сый от обоюнадесяте.
၇၁ထိုသို့မိန့်တော်မူသော်၊ ထကျိပ်နှစ်ပါးအဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည်သူ၊ ရှိမုန်၏သား ယုဒရှကာရုတ်ကိုဆိုလိုသတည်း။

< От Иоанна святое благовествование 6 >