< От Луки святое благовествование 1 >

1 Понеже убо мнози начаша чинити повесть о извествованных в нас вещех,
ရှေးဦးစွာမှစ၍ ကိုယ်တိုင်မြင်သောသက်သေဖြစ်လျက်၊ နှုတ်ကပတ်တော်မှုကို ဆောင်ရွက်သောသူ တို့သည်၊
2 якоже предаша нам, иже исперва самовидцы и слуги бывшии Словесе:
ငါတို့သည် ထင်ရှားစွာဖြစ်လေပြီးသော အတ္ထုပ္ပတ္တိများကို ငါတို့အားကြားပြောသည် အစဉ်အတိုင်း မှတ်သားသောစာကို စီရင်ရေးထားသောသူ အများရှိကြသည်ဖြစ်၍၊
3 изволися и мне последовавшу выше вся испытно, поряду писати тебе, державный Феофиле,
ငါသည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံတို့ကို ရှေ့ဦးစွာမှစ၍၊
4 да разумееши, о нихже научился еси словесех утверждение.
စေ့စေ့ဖွေရှာလိုက်စစ်ပြီးလျှင်၊ ကိုယ်တော်သင်ပြီးသောအကြောင်းအရာတို့ကိုသည် ဧကန်အမှန် ဖြစ် ကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အစဉ်အတိုင်းရေးထား၍ ကြားလိုက်မည်အကြံရှိပါ၏၊ အလွန်မြတ်သော သော်ဖိလု။
5 Бысть во дни Ирода царя Иудейска, иерей некий, именем Захариа, от дневныя чреды Авиани: и жена его от дщерей Аароновех, и имя ей Елисаветь.
ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်၊ အဘိယအသင်းအဝင်ဖြစ်၍၊ ဇာခရိအမည် ရှိ သော ယဇ်ပုရောဟိတ်တပါးရှိ၏။ သူ၏ခင်ပွန်းသည် အာရုန်အမျိုးအနွယ်ဖြစ်၏။ သူ့အမည်ကား ဧလိရှဗက် တည်း။
6 Беста же праведна оба пред Богом, ходяща во всех заповедех и оправданиих Господних безпорочна.
ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ် တင်ခွင့်နှင့်လွတ်သဖြင့်၊ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ခြင်း ပါရမီရှိကြ၏။
7 И не бе има чада, понеже Елисаветь бе неплоды, и оба заматоревша во днех своих беста.
ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည်သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ် ကြီးရင့်ကြ၏။
8 Бысть же служащу ему в чину чреды своея пред Богом,
ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့်၍၊ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင်၊
9 по обычаю священничества ключися ему покадити вшедшу в церковь Господню:
ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးထံချသဖြင့်၊ သူသည်ထာဝရဘုရား၏ ဗိမာန်တော်အတွင်းသို့ ဝင် ၍ နံ့သာပေါင်းကိုမီးရှို့၏။
10 и все множество людий бе молитву дея вне, в год фимиама:
၁၀ထိုသို့နံ့သာပေါင်းကို မီးရှို့သည့်အချိန်တွင်၊ လူအများအပေါင်းတို့သည် ပြင်၌ဆုတောင်းလျက် နေကြ ၏။
11 явися же ему Ангел Господень, стоя о десную олтаря кадилнаго:
၁၁ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည်ထင်ရှား၍၊ နံ့သာပေါင်းကိုရှို့သော ယဇ်ပလ္လင် လက်ျာဘက်၌ ရပ်နေသည်ကို၊
12 и смутися Захариа видев, и страх нападе нань.
၁၂ဇာခရိသည်မြင်လျှင်၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့်ခြင်းသို့ရောက်၏။
13 Рече же к нему Ангел: не бойся, Захарие: зане услышана бысть молитва твоя, и жена твоя Елисаветь родит сына тебе, и наречеши имя ему Иоанн:
၁၃ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်ပြုသော ပဌနာကိုနာခံတော်မူပြီ။ သင်၏ခင်ပွန်းဧလိရှဗက်သည် သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရ မည်။
14 и будет тебе радость и веселие, и мнози о рождестве его возрадуются:
၁၄သင်သည်ဝမ်းသာရွင်မြူးခြင်း ရှိလိမ့်မည်။ ထိုသားကိုဘွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ရောက်ကြလိမ့်မည်။
15 будет бо велий пред Господем: и вина и сикера не имать пити, и Духа Святаго исполнится еще из чрева матере своея:
၁၅အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည် နှင့်ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။
16 и многих от сынов Израилевых обратит ко Господу Богу их:
၁၆ဣသရေလအမျိုးသား အမျိုးသားအများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြောင်းလဲ စေလိမ့်မည်။
17 и той предидет пред Ним духом и силою Илииною, обратити сердца отцем на чада, и противныя в мудрости праведных, уготовати Господеви люди совершены.
၁၇အဘတို့နှင့် သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ၎င်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဘို့အလိုငှါ ပြင်ဆင်သောလူမျိုးဖြစ်စေ ခြင်းငှါ ၎င်း၊ သူသည်ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်း ကင်တမန်ပြောဆို၏။
18 И рече Захариа ко Ангелу: по чесому разумею сие? Аз бо есмь стар, и жена моя заматоревши во днех своих.
၁၈ဇာခရိကလည်း၊ ထိုသို့ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့သိရပါမည်နည်း။ အကျွန်ုပ်သည် လူ အိုဖြစ်ပါ၏။ အကျွန်ုပ်မထားသည်လည်း အသက်အရွယ်ကြီးရင့်ပါပြီဟု ကောင်းကင်တမန်အား ပြောဆိုလျှင်၊
19 И отвещав Ангел рече ему: аз есмь Гавриил предстояй пред Богом, и послан есмь глаголати к тебе и благовестити тебе сия:
၁၉ကောင်းကင်တမန်က၊ ငါသည် ဘုရားသခင့်အထံတော်၌ ခစားသောဂါဗြေလဖြစ်၏။ သင့်ကို နှုတ် ဆက်၍ ဤဝမ်းမြောက်စရာသိတင်းကို ကြားပြောစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူ၏။
20 и се, будеши молчя и не могий проглаголати, до негоже дне будут сия: зане не веровал еси словесем моим, яже сбудутся во время свое.
၂၀သင်သည် ငါ့စကားကိုမယုံသောကြောင့် ဤအကြောင်းအရာမဖြစ်မှီနေ့တိုင်အောင် စကားမပြော နိုင်ဘဲ၊ အလျက်နေလိမ့်မည်။ ငါ့စကားသည်ကား၊ အချိန်တန်လျှင် ပြည့်စုံလိမ့်မည်ဟု ပြောဆို၏။
21 И беша людие ждуще Захарию: и чудяхуся коснящу ему в церкви.
၂၁လူများတို့သည် ဇာခရိကို ငံ့လင့်၍၊ ဗိမာန်တော်အတွင်း၌ ကြာမြင့်စွာနေသည်ကိုအံ့ဩခြင်းရှိကြ၏။
22 Изшед же не можаше глаголати к ним: и разумеша, яко видение виде в церкви: и той бе помавая им, и пребываше нем.
၂၂သူသည်ထွက်လာသောအခါ စကားမပြောနိုင်သည်ဖြစ်၍၊ ဗိမာန်တော်၌ ဗျာဒိတ်ရှုပါရုံကို မြင်ပြီဟု ရိပ်မိကြ၏။ ဇာခရိသည်သူတို့အား အရိပ်အမှတ်ကိုသာပေး၍ စကားအလျက်နေ၏။
23 И бысть яко исполнишася дние службы его, иде в дом свой.
၂၃ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသောအချိန်ကာလကုန်သောအခါ၊ ဇာခရိသည် မိမိအိမ်သို့ သွား လေ၏။
24 По сих же днех зачат Елисаветь жена его, и таяшеся месяц пять, глаголющи:
၂၄ထိုနောက်သူ၏ခင်ပွန်း ဧလိရှဗက်သည် ပဋိသန္ဓေစွဲ၍၊
25 яко тако мне сотвори Господь во дни, в няже призре отяти поношение мое в человецех.
၂၅ငါသည်လူတို့တွင်ခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်းခြင်းငှါ ငါ့ကို ကြည့်ရှု တော်မူစဉ်တွင်၊ ဤကျေးဇူးတော်ကို ပြုတော်မူပြီဟုဆိုလျက်၊ ငါးလပတ်လုံး အိမ်တွင်း၌အောင်း၍ နေလေ၏။
26 В месяц же шестый послан бысть Ангел Гавриил от Бога во град Галилейский, емуже имя Назарет,
၂၆ငါးလလွန်သောအခါ၊ ဂါလိလဲပြည်နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင့်၍၊
27 к Деве обрученней мужеви, емуже имя Иосиф, от дому Давидова: и имя Деве Мариамь.
၂၇မရှက်တင်သေးသော သတို့သမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလကို စေ လွှတ်တော်မူ၏။ သတို့သမီးကညာကား၊ မာရိအမည်ရှိ၏။
28 И вшед к Ней Ангел рече: радуйся, Благодатная: Господь с Тобою: благословена Ты в женах.
၂၈ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေ သတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို၏။
29 Она же видевши смутися о словеси его и помышляше, каково будет целование сие.
၂၉မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆတ်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင်၍နေ၏။
30 И рече Ангел Ей: не бойся, Мариамь: обрела бо еси благодать у Бога.
၃၀ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာ ရပြီ။
31 И се зачнеши во чреве, и родиши Сына, и наречеши имя Ему Иисус:
၃၁သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရ မည်။
32 Сей будет велий, и Сын Вышняго наречется: и даст Ему Господь Бог престол Давида отца Его:
၃၂ထိုသားသည်ကား၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်သခင်သည် သူ့အားပေးတော်မူ မည်။
33 и воцарится в дому Иаковли во веки, и Царствию Его не будет конца. (aiōn g165)
၃၃ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံး ခြင်းမရှိရဟုပြောဆို၏။ (aiōn g165)
34 Рече же Мариамь ко Ангелу: како будет сие, идеже мужа не знаю?
၃၄မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်ယောက်ျားနှင့် မဆက်ဆံ ပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။
35 И отвещав Ангел рече Ей: Дух Святый найдет на Тя, и сила Вышняго осенит Тя: темже и раждаемое Свято наречется Сын Божий:
၃၅ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော် မူ၍၊ အမြင့်ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။
36 и се, Елисаветь южика Твоя, и та зачат сына в старости своей: и сей месяц шестый есть ей нарицаемей неплоды:
၃၆ထိုမှတပါး၊ အမြုံမဟူ၍ခေါ်ဝေါ်သောသင်၏ အဆွေအမျိုးဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခု ခြောက်လအဝင်ရှိပြီ။
37 яко не изнеможет у Бога всяк глаголгол.
၃၇ဘုရားသခင်တတ်နိုင်တော်မမူသောအမှုမရှိဟု ပြောဆိုလျှင်၊
38 Рече же Мариамь: се, Раба Господня: буди Мне по глаголу твоему. И отиде от Нея Ангел.
၃၈မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ် ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင်တမန်သည် မာရိထံမှသွားလေ၏။
39 Воставши же Мариамь во дни тыя, иде в горняя со тщанием, во град Иудов:
၃၉ထိုအခါမာရိသည်ထ၍၊ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တမြို့သို့ အလျင်အမြန် သွားပြီးလျှင်၊
40 и вниде в дом Захариин и целова Елисаветь.
၄၀ဇာခရိအိမ်သို့ဝင်၍ ဧလိရှဗက်ကို နှုတ်ဆက်လေ၏။
41 И бысть яко услыша Елисаветь целование Мариино, взыграся младенец во чреве ея: и исполнися Духа Свята Елисаветь,
၄၁ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ရှိသောသူငယ်သည်ခုန်၍၊ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊
42 и возопи гласом велиим, и рече: благословена Ты в женах, и благословен плод чрева Твоего:
၄၂သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသောမင်္ဂလာရှိ၏။ သင်၏ဝမ်း၌ရှိသောသူငယ်သည်လည်း မြတ်စွာသော မင်္ဂလာရှိ၏။
43 и откуду мне сие, да приидет Мати Господа моего ко мне?
၄၃အကျွန်ုပ်သခင်၏ မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။
44 Се бо, яко бысть глас целования Твоего во ушию моею, взыграся младенец радощами во чреве моем:
၄၄သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင်၊ အကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည်ရွှင်မြူးသော စိတ်နှင့်ခုန်၏။
45 и блаженна Веровавшая, яко будет совершение глаголголанным Ей от Господа.
၄၅ယုံကြည်သောမိန်းမသည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရားမိန့်တော်မူသော စကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို၏။
46 И рече Мариамь: величит душа Моя Господа,
၄၆မာရိကလည်း၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။
47 и возрадовася дух Мой о Бозе Спасе Моем:
၄၇ငါ့ကိုကယ်တင်တော်မူသောအရှင်ဘုရားသခင်ကို အမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။
48 яко призре на смирение Рабы Своея: се бо, отныне ублажат Мя вси роди:
၄၈အကြောင်းမူကား၊ မိမိကျွန်မ၏နှိမ့်ချသောအဖြစ်ကိုကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။
49 яко сотвори Мне величие Сильный, и свято имя Его:
၄၉တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသည် အံ့ဘွယ်သောကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ၊ ထိုဘုရား ၏ နာမတော်သည် ရိုသေဘွယ်ဖြစ်တော်မူ၏။
50 и милость Его в роды родов боящымся Его:
၅၀ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် သနားတော်မူခြင်း ကျေးဇူးကိုအစဉ်မပြတ်ခံစားကြ၏။
51 сотвори державу мышцею Своею: расточи гордыя мыслию сердца их?
၅၁လက်ရုံးတော်အားဖြင့် တန်ခိုးကိုပြတော်မူပြီ။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ။
52 Низложи сильныя со престол, и вознесе смиренныя:
၅၂ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။
53 алчущыя исполни благ и богатящыяся отпусти тщы:
၅၃ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာကျွေး၍ ရတတ်သောသူတို့ကို လက်ချည်းလွှတ်လိုက်တော်မူပြီ။
54 восприят Израиля отрока Своего, помянути милости,
၅၄ငါတို့ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊
55 якоже глагола ко отцем нашым, Аврааму и семени его до века. (aiōn g165)
၅၅အာဗြဟံမှစသောသူ၏အမျိုးအနွယ်အား သနားခြင်းကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်းငှါ သတိထား ၍ မိမိကျွန် ဣသရေလကို မစတော်မူပြီဟုဆို၏။ (aiōn g165)
56 Пребысть же Мариамь с нею яко три месяцы и возвратися в дом свой.
၅၆မာရိသည်လည်း ဧလိရှဗက်ထံမှာ သုံးလခန့်နေပြီးမှ မိမိအိမ်သို့ပြန်လေ၏။
57 Елисавети же исполнися время родити ей, и роди сына.
၅၇ဧလိရှဗက်သည် ဘွားအံ့သောနေ့လစေ့သောအခါ သားယောက်ျားကိုဘွားမြင်၏။
58 И слышаша окрест живущии и ужики ея, яко возвеличил есть Господь милость Свою с нею: и радовахуся с нею.
၅၈ထာဝရဘုရားသည် ထူးမြတ်သောသနားခြင်း ကျေးဇူးတော်ကို ဧလိရှဗက်အားပြုတော်မူသည်ကို၊ အိမ် နီးချင်းအဆွေအမျိုးတို့သည် ကြားလတ်သော်၊ သူနှင့်အတူ ဝမ်းမြောက်ဝမ်းသာကြ၏။
59 И бысть во осмый день, приидоша обрезати отроча, и нарицаху е именем отца его, Захарию.
၅၉ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကို သူငယ်အားပေးအံ့သောငှါလာကြ၍၊ အဘ၏အမည် ဖြစ်သော ဇာခရိအမည်ဖြင့် မှည့်သောအခါ အမိက၊ ထိုသို့မမှည့်ရ။
60 И отвещавши мати его рече: ни, но да наречется Иоанн.
၆၀ယောဟန်အမည်ဖြင့် မှည့်ရမည်ဟုဆိုလျှင်၊ သူတို့က၊
61 И реша к ней, яко никтоже есть в родстве твоем, иже нарицается именем тем.
၆၁ယောဟန်အမည်ဖြင့် သင်၏အဆွေအမျိုးတွင် တယောက်ကိုမျှမမှည့်ဟုဆို၍၊
62 И помаваху отцу его, еже како бы хотел нарещи е.
၆၂အဘသည်အဘယ်သို့မှည့်စေလိုသနည်းဟု အမှတ်အားဖြင့်မေးကြ၏။
63 И испрошь дщицу, написа, глаголя: Иоанн будет имя ему. И чудяхуся вси.
၆၃အဘသည်လည်း သင်ပုံးကိုတောင်း၍၊ သူ၏အမည်ကားယောဟန်ဖြစ်၏ဟု ရေးလေသော်၊ ထိုသူ အ ပေါင်းတို့သည် အံ့ဩခြင်းရှိကြ၏။
64 Отверзошася же уста его абие и язык его, и глаголаше благословя Бога.
၆၄ထိုခဏခြင်းတွင် ဇာခရိသည်နှုတ်ဖွင့်ခြင်း၊ လျှာလွတ်ခြင်းရှိသည်ဖြစ်၍၊ စကားအားဖြင့် ဘုရားသခင် ၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
65 И бысть на всех страх живущих окрест их: и во всей стране Иудейстей поведаеми бяху вси глаголи сии.
၆၅အိမ်နီးချင်းရှိသမျှတို့သည် ကြောက်ရွံ့ခြင်းရှိကြ၍ ထိုအမှုအရာများသည် ယုဒပြည်တောင်ကြား အရပ် တို့၌ အနှံ့အပြားကျော်စောလေ၏။
66 И положиша вси слышавшии в сердцы своем, глаголюще: что убо отроча сие будет? И рука Господня бе с ним.
၆၆ကြားသောသူအပေါင်းတို့သည် နှလုံးထဲ၌မှတ်သား၍၊ ဤသူငယ်သည် အဘယ်သို့သောသူဖြစ်လိမ့် မည်နည်းဟုဆိုကြ၏။ ထာဝရဘုရား၏ လက်တော်သည်လည်း သူငယ်နှင့်အတူရှိတော်မူ၏။
67 И Захариа отец его исполнися Духа Свята, и пророчествова, глаголя:
၆၇သူ၏အဘ ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည်ဝလျက်၊
68 благословен Господь Бог Израилев, яко посети и сотвори избавление людем Своим:
၆၈ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်းသောပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့ သည် ရန်သူဘေးနှင့်ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တသက်လုံးသန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကိုရဲရင့်စွာပြုရသောအခွင့်ကိုပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်း ဂတိတော်တည်း ဟူသောသန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်၎င်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူ သော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်၎င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်း ကျေးဇူး ကိုပြုတော်မူ၍၊ ငါတို့ကိုရန်သူလက်မှ၎င်း၊ မုန်းသောသူရှိသမျှတို့လက်မှ၎င်း ကယ်လွှတ်မည်အကြောင်း၊ ကယ် လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အားပေါ်ထွန်းစေတော်မူပြီ။ (aiōn g165)
69 и воздвиже рог спасения нам, в дому Давида отрока Своего:
၆၉
70 якоже глагола усты святых сущих от века пророк Его, (aiōn g165)
၇၀
71 спасение от враг наших и из руки всех ненавидящих нас:
၇၁
72 сотворити милость со отцы нашими и помянути завет святый Свой,
၇၂
73 клятву, еюже клятся ко Аврааму отцу нашему, дати нам,
၇၃
74 без страха, из руки враг наших избавльшымся,
၇၄
75 служити Ему преподобием и правдою пред Ним вся дни живота нашего.
၇၅
76 И ты, отроча, пророк Вышняго наречешися: предидеши бо пред лицем Господним, уготовати пути Его,
၇၆အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ ပရောဖက်ဟုခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။
77 дати разум спасения людем Его, во оставление грех их,
၇၇အကြောင်းမူကား၊ ငါတို့ဘုရားသခင်၏ သနားတော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ်ဖြေ၍ ကယ် တင်ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင်၏လူမျိုးအား ဘော်ပြသဖြင့်၊ ထာဝရဘုရား၏ လမ်းခရီးတော် ကို ပြင်ဆင်ခြင်းငှါ သင်သည် ရှေ့တော်၌သွားရလိမ့်မည်။
78 милосердия ради милости Бога нашего, в нихже посетил есть нас Восток свыше,
၇၈ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်၊ ကောင်းကင်မှနေ အာရုဏ်သည် ငါတို့အပေါ်သို့ တက် သဖြင့်၊
79 просветити во тме и сени смертней седящыя, направити ноги нашя на путь мирен.
၇၉မှောင်မိုက်နှင့်သေမင်း၏ အရိပ်ထဲတွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်း၍၊ ငါတို့အား ငြိမ်သက် ခြင်းလမ်းကို ပြလျက်ရှိသည်ဟု ပရောဖက်ဥာဏ်နှင့် ဟောလေ၏။
80 Отроча же растяше и крепляшеся духом: и бе в пустынех до дне явления своего ко Израилю.
၈၀ထိုသူငယ်သည်ကား၊ ကြီးပွား၍ ဥာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဣသရေလလူတို့အား မထင်ရှားမှီ တိုင် အောင် တောအရပ်၌နေလေ၏။

< От Луки святое благовествование 1 >