< Бытие 24 >
1 Авраам же бяше стар, заматеревший во днех: и Господь благослови Авраама во всех.
၁ထိုအချိန်၌အာဗြဟံသည်အသက်အရွယ် အလွန်ကြီးရင့်လာပြီဖြစ်၏။ ထာဝရဘုရား သည်အရာရာ၌သူ့အားကောင်းချီးပေးတော် မူခဲ့၏။-
2 И рече Авраам рабу своему старейшему дому своего, обладающему всеми его: положи руку твою под стегно мое,
၂သူသည်သူ၏ပစ္စည်းဥစ္စာအားလုံးတို့ကိုအုပ် ထိန်းရသော အသက်အကြီးဆုံးအစေခံကို ခေါ်လျက်``သင်၏လက်ကိုငါ့ပေါင်အောက်မှာ ထား၍သစ္စာဆိုလော့။-
3 и заклену тя Господем Богом небесе и Богом земли, да не поймеши сыну моему Исааку жены от дщерей Хананейских, с нимиже аз живу в них:
၃သင်သည်ငါ့သားအတွက်မယားကိုခါနာန် လူမျိုးတို့တွင်မရှာပါဟု ကောင်းကင်နှင့်မြေ ကြီးအရှင်ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကိုတိုင်တည်၍သစ္စာဆိုလော့။-
4 но токмо на землю мою, идеже родихся, пойдеши, и ко племени моему, и поймеши жену сыну моему Исааку оттуду.
၄သင်သည်ငါမွေးရာဇာတိပြည်သို့ပြန်သွား၍ ငါ၏အမျိုးသားချင်းတို့ထဲမှငါ၏သား ဣဇာက်အတွက်မယားရှာခဲ့ရမည်'' ဟုဆို လေ၏။
5 Рече же к нему раб: еда убо не восхощет ити жена вслед со мною на землю сию, возвращу ли сына твоего в землю, от неяже изшел еси?
၅ထိုအခါအစေခံက``အမျိုးသမီးသည်သူ၏ အိမ်ရာကိုစွန့်၍ဤပြည်သို့ ကျွန်တော်နှင့်အတူ မလိုက်လိုဟုဆိုလျှင်မည်သို့ပြုလုပ်ရပါမည် နည်း။ ကိုယ်တော်၏သားကိုကိုယ်တော်၏ဇာတိ ပြည်သို့ကျွန်တော်ခေါ်ဆောင်သွားရပါမည် လော'' ဟုမေးလေ၏။
6 Рече же к нему Авраам: внемли себе, да не возвратиши сына моего онамо.
၆အာဗြဟံကလည်း``ထိုပြည်သို့ငါ့သားကို သင်ခေါ်၍မသွားရ။-
7 Господь Бог небесе и Бог земли, Иже поя мя из дому отца моего и от земли, в нейже родихся, Иже глагола мне и Иже кляся мне, глаголя: тебе дам землю сию и семени твоему, Той послет Ангела Своего пред тобою, и поймеши жену сыну моему Исааку оттуду:
၇ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရား သည်ငါ၏ဖခင်နှင့်ဆွေမျိုးများနေထိုင်ရာပြည် မှ ငါ့ကိုခေါ်ဆောင်ခဲ့၍ငါ၏အမျိုးအနွယ်တို့ အား ဤပြည်ကိုပေးမည်ဟုငါ့အားကတိသစ္စာ ပြုထားတော်မူ၏။ သင်သည်ငါ့သားအတွက် မယားရှာ၍ရစေခြင်းငှာ ထာဝရဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုသင့်အလျင်ထို ပြည်သို့စေလွှတ်တော်မူမည်။-
8 аще же не восхощет жена поити с тобою в землю сию, чист будеши от заклятия моего: точию сына моего не возврати тамо.
၈အကယ်၍အမျိုးသမီးကသင်နှင့်အတူမလိုက် လိုပါကသင်ထားသောကတိသစ္စာသည်ပျက်ပြယ် စေ။ သို့ရာတွင်မည်သည့်အကြောင်းကြောင့်မဆို ငါ့သားကိုထိုပြည်သို့ခေါ်ဆောင်၍မသွားရ'' ဟုဆို၏။-
9 И положи раб руку свою под стегно Авраама господина своего, и кляся ему о словеси сем.
၉ထို့ကြောင့်အာဗြဟံ၏အစေခံသည်မိမိ သခင်၏ပေါင်အောက်တွင် လက်ကိုထား၍ ခိုင်းစေသမျှအတိုင်းပြုလုပ်ပါမည်ဟု ကတိသစ္စာဆိုလေ၏။
10 И взя раб десять велблюд от велблюд господина своего, и от всех благ господина своего с собою, и востав иде в Месопотамию во град Нахоров:
၁၀အာဗြဟံ၏ပစ္စည်းဥစ္စာကိုအုပ်ထိန်းရသော ထိုအစေခံသည် မိမိသခင်၏ကုလားအုတ် များထဲမှကုလားအုတ်ဆယ်စီးကိုယူ၍ မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်းရှိ နာခေါ်နေထိုင်ရာမြို့သို့ခရီးထွက်ခဲ့လေသည်။-
11 и постави велблюды вне града у кладязя воднаго под вечер, егда исходят (жены) почерпати воды,
၁၁ထိုအရပ်သို့ရောက်သော်သူသည်မြို့ပြင်ရှိ ရေတွင်းအနီးတွင် ကုလားအုတ်များကိုဝပ် ချစေ၏။ ထိုအချိန်သည်ကားမြို့တွင်းမှအမျိုး သမီးများထွက်၍ရေခပ်ရန်လာသောညနေ ချမ်းအချိန်ဖြစ်သတည်း။-
12 и рече: Господи, Боже господина моего Авраама, благоустрой предо мною днесь, и сотвори милость с господином моим Авраамом:
၁၂သူက``အကျွန်ုပ်၏သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်လာခဲ့ရသည့် ကိစ္စထမြောက်အောင်မြင်စေတော်မူပါ။ အကျွန်ုပ် ၏သခင်အားထားသောကတိတော်အတိုင်းပြု တော်မူပါ။-
13 се, аз стах у кладязя воднаго, дщери же живущих во граде исходят почерпати воды:
၁၃အကျွန်ုပ်သည်မြို့တွင်းမှမိန်းမပျိုများရေ ခပ်လာမည့်ရေတွင်းနားသို့ရောက်ရှိနေပါ၏။-
14 и будет девица, ейже аз реку: преклони водонос твой, да пию, и речет ми: пий ты, и велблюды твоя напою, дондеже напиются: сию уготовал еси рабу Твоему Исааку: и по сему увем, яко сотворил еси милость с господином моим Авраамом.
၁၄သူတို့အထဲမှတစ်ယောက်ယောက်အား`သင်၏ ရေခရားမှရေတစ်ပေါက်လောက်သောက်ပါရ စေ' ဟုဆိုပါမည်။ အကယ်၍ထိုအမျိုးသမီး က`သောက်ပါ။ သင်၏ကုလားအုတ်တို့အတွက် လည်းရေခပ်ပေးပါမည်' ဟုဆိုလျှင် ထိုအမျိုး သမီးသည်ကိုယ်တော်၏ကျွန်ဣဇာက်အတွက် ကိုယ်တော်ရွေးချယ်ထားသူဖြစ်ပါစေသော။ အကျွန်ုပ်လျှောက်ထားသည့်အတိုင်းဖြစ်ခဲ့ လျှင်အကျွန်ုပ်၏သခင်အားထားတော်မူ သောကတိတော်အတိုင်း ကိုယ်တော်ပြုတော် မူကြောင်းအကျွန်ုပ်သိရပါမည်'' ဟုဆု တောင်းလေ၏။
15 И бысть прежде неже скончати ему глаголющу во уме своем, и се, Ревекка исхождаше, яже родися Вафуилу, сыну Мелхи жены Нахора, брата же Авраамля, держащи водонос на рамех своих:
၁၅သူဆုတောင်း၍မဆုံးမီ၊ ရေဗက္ကဆိုသူအမျိုး သမီးသည်ရေခရားကိုပခုံးပေါ်တင်လျက် ရောက်ရှိလာလေသည်။ သူသည်အာဗြဟံ၏ညီ နာခေါ်နှင့်မယားမိလခါတို့၏သားဗေသွေ လ၏သမီးဖြစ်သည်။-
16 девица же бяше доброзрачна зело: дева бе, муж не позна ея. Сошедши же на кладязь, наполни водонос свой и взыде.
၁၆သူသည်အလွန်ရုပ်ရည်လှသောပျိုကညာဖြစ် ၏။ သူသည်ရေတွင်းသို့ဆင်း၍ရေခရား၌ရေ ဖြည့်ပြီးလျှင်ပြန်တက်လာသည်။-
17 Тече же раб во сретение ей и рече: напой мя мало водою от водоноса твоего.
၁၇ထိုအစေခံသည်မိန်းမပျိုထံသို့ပြေးသွား လျက်``သင်၏ခရားမှကျေးဇူးပြု၍ရေ တစ်ပေါက်သောက်ရန်ပေးပါ'' ဟုတောင်း လေ၏။
18 Сия же рече: пий, господине. И потщася, и сня водонос на мышца своя, и напои его, дондеже напися.
၁၈မိန်းမပျိုက``အရှင်သောက်ပါ'' ဟုဆို၍ပခုံး ပေါ်မှခရားကိုအလျင်အမြန်ချလျက်သူ့ အားပေးလေသည်။-
19 И рече: и велблюдом твоим налию, дондеже вси напиются.
၁၉သူ့အားရေတိုက်ပြီးသောအခါမိန်းမပျိုက``သင် ၏ကုလားအုတ်များရေဝအောင်သောက်နိုင်ရန် ကျွန်မရေခပ်ပေးပါဦးမည်'' ဟုဆိုလေသည်။-
20 И потщася, и испраздни водонос в поило: и тече паки на кладязь почерпнути воды, и влия велблюдом всем.
၂၀မိန်းမပျိုသည်ခရားထဲ၌ရှိသောရေကိုရေ တိုက်ခွက်ထဲသို့ချက်ချင်းသွန်ချပြီးလျှင် သူ ၏ကုလားအုတ်အားလုံးတို့ကိုရေတိုက်ပြီး သည်အထိရေတွင်းမှရေကိုအလျင်အမြန် ခပ်သယ်ပေးသည်။-
21 Человек же выразумеваше ю и помолчеваше, да уразумеет, аще благоустрои Бог путь ему, или ни.
၂၁ထိုအစေခံသည်လည်းထာဝရဘုရားကသူ့ အားထမြောက်အောင်မြင်ခွင့်ပေးမည်၊ မပေး မည်ကိုသိနိုင်ရန်စောင့်ကြည့်နေလေသည်။
22 Бысть же егда престаша вси велблюды пиюще, взя человек усерязи златы весом по драхме и два запястия на руки ея: десять златниц вес их.
၂၂မိန်းမပျိုသည်ကုလားအုတ်များကိုရေတိုက် ပြီးသောအခါ ထိုသူသည်အချိန်ငါးမူးရှိ သောရွှေနှာဆွဲနှင့်အကျပ်တစ်ဆယ်အချိန် ရှိသောရွှေလက်ကောက်တစ်ရံကိုသူ့အားဝတ် ဆင်ပေးပြီးလျှင် သင်သည်မည်သူ၏သမီး ဖြစ်သည်ကိုသိပါရစေ။-
23 И вопроси ю и рече: чия еси дщерь? Повеждь ми, аще есть у отца твоего место нам витати?
၂၃သင်၏ဖခင်အိမ်တွင်ကျွန်ုပ်နှင့်ကျွန်ုပ်၏အဖော် တို့ညတည်းခိုရန်နေရာရှိပါသလော'' ဟုမေး လေ၏။
24 Она же рече ему: дщерь Вафуилева есмь (сына) Мелхина, егоже роди Нахору.
၂၄``ကျွန်မသည်နာခေါ်နှင့်မိလခါတို့၏မြေး၊ ဗေသွေလ၏သမီးဖြစ်ပါ၏။-
25 И рече ему: и плевы и сена много у нас, и место витати.
၂၅ကျွန်မတို့၏အိမ်တွင်တိရစ္ဆာန်များအတွက် ကောက်ရိုးနှင့်အစာများစွာရှိပါသည်။ သင် တို့တည်းခိုရန်နေရာလည်းရှိပါသည်'' ဟု ဖြေကြားလေသည်။
26 И благословив человек, поклонися Господу
၂၆ထိုအခါသူသည်ဦးညွှတ်၍ထာဝရ ဘုရားကိုရှိခိုးလျက်၊-
27 и рече: благословен Господь Бог господина моего Авраама, Иже не остави правды Своея и истины от господина моего: и мене благоустрои Господь в дом брата господина моего.
၂၇``အကျွန်ုပ်၏သခင်အာဗြဟံအားကရုဏာ ပြတော်မူလျက် သစ္စာကတိတော်အတိုင်းပြု တော်မူသောထာဝရဘုရား၏ကျေးဇူး တော်သည်ကြီးလှပါ၏။ ထာဝရဘုရား သည်အကျွန်ုပ်အားသခင်၏ဆွေမျိုးများ ထံသို့ဆိုက်ဆိုက်မြိုက်မြိုက်ပို့ဆောင်တော်မူ လေပြီ'' ဟုမြွက်ဆိုလေ၏။
28 И текши девица в дом матере своея, поведа по глаголом сим.
၂၈မိန်းမပျိုသည်လည်းသူ၏မိခင်နေအိမ်သို့ ပြေး၍ အကြောင်းအရာအကုန်အစင်ကို ပြောပြလေ၏။-
29 Ревекце же бяше брат, емуже имя Лаван: и тече Лаван к человеку вон на кладязь.
၂၉ရေဗက္ကတွင်လာဗန်ဟုနာမည်တွင်သောမောင် ရှိ၏။ သူသည်ထိုသူရှိရာရေတွင်းသို့ပြေး လေ၏။-
30 И бысть егда виде усерязи, и запястия на руку сестры своея, и егда слыша словеса Ревекки сестры своея, глаголющия: сице глагола мне человек: и прииде к человеку, стоящу ему у велблюд у кладязя,
၃၀လာဗန်သည်နှမတွင်နှာဆွဲတန်ဆာနှင့်လက် ကောက်များဝတ်ဆင်ထားသည်ကိုမြင်သည့်ပြင် ထိုသူကနှမအားပြောပြသမျှကိုလည်း ကြားရ၏။ သို့ဖြစ်၍သူသည်ရေတွင်းနားတွင် ကုလားအုတ်တို့အနီး၌ရပ်နေသောအာဗြ ဟံ၏အစေခံထံသို့သွား၍၊-
31 и рече ему: гряди, вниди благословенный от Господа, почто стоиши вне? Аз же уготовах храмину и место велблюдом.
၃၁``ထာဝရဘုရားထံမှကောင်းချီးမင်္ဂလာခံ ရသောသူ၊ ကျွန်ုပ်၏အိမ်သို့ကြွပါ။ ဤနေရာ တွင်အဘယ်ကြောင့်ရပ်နေပါသနည်း။ ကျွန်ုပ် ၏အိမ်တွင်သင်တည်းခိုရန်အခန်းကိုအသင့် ပြင်ပြီးပါပြီ။ သင်၏ကုလားအုတ်များနေ စရာလည်းရှိပါသည်'' ဟုခေါ်ဖိတ်လေသည်။
32 И вниде человек в дом, и разседла велблюды, и даде плевы и сено велблюдом, и воду умыти нозе его, и ноги мужем, иже бяху с ним:
၃၂သို့ဖြစ်၍ထိုသူသည်လာဗန်တို့၏အိမ်သို့လိုက် ပါလာ၏။ လာဗန်သည်ကုလားအုတ်များမှဝန် စည်များကိုချပြီးလျှင် တိရစ္ဆာန်များကိုကောက် ရိုးနှင့်အစာကျွေးလေ၏။ ထိုနောက်အာဗြဟံ၏ အစေခံနှင့်သူ၏အဖော်တို့ခြေဆေးရန်ရေ ကိုလည်းယူခဲ့သည်။-
33 и предложи им хлебы ясти, и рече: не ям, дондеже возглаголю словеса моя. И рече: глаголи.
၃၃သူတို့အတွက်စားစရာကိုပြင်ဆင်ပြီးသော အခါထိုသူက``ကျွန်ုပ်ပြောစရာရှိသမျှ ကိုပြောပြပြီးမှအစာစားပါမည်'' ဟုဆို လေ၏။ လာဗန်က``ပြောပါ'' ဟုဆို၏။-
34 И рече: раб Авраамль есмь аз:
၃၄ထိုသူက``ကျွန်ုပ်သည်အာဗြဟံ၏အစေခံ ဖြစ်ပါသည်။-
35 Господь же благослови господина моего зело, и возвысися: и даде ему овцы и телцы, сребро и злато, рабы и рабыни, и велблюды и ослы:
၃၅ထာဝရဘုရားသည်ကျွန်ုပ်၏သခင်အားကောင်း ချီးမင်္ဂလာများစွာချပေးသဖြင့် သူသည်ကြွယ် ဝချမ်းသာလာပါသည်။ ထာဝရဘုရားသည် သူ့အားသိုးအုပ်၊ ဆိတ်အုပ်၊ ရွှေ၊ ငွေ၊ ကျွန်ယောကျာ်း၊ ကျွန်မိန်းမ၊ ကုလားအုတ်နှင့်မြည်းများကိုပေး တော်မူပြီ။-
36 и роди Сарра, жена господина моего, сына единаго господину моему, состаревшемуся ему, и даде ему елика имяше:
၃၆ကျွန်ုပ်သခင်၏မယားစာရာသည်အရွယ်အို မှသားတစ်ယောက်ကိုဖွားမြင်ခဲ့သည်။ ကျွန်ုပ် ၏သခင်သည်ထိုသားအားမိမိပိုင်ဆိုင်သမျှ တို့ကိုပေးအပ်ထားပါသည်။-
37 и закля мя господин мой, глаголя: не поймеши жены сыну моему от дщерей Хананейских, в нихже аз обитаю в земли их:
၃၇သခင်ကလည်းကျွန်ုပ်အား`သင်သည်ငါ၏သား အတွက် မယားကိုခါနာန်ပြည်ရှိအမျိုးသမီး များထဲမှမရှာရ။-
38 но в дом отца моего пойдеши, и в племя мое, и поймеши жену сыну моему оттуду:
၃၈ငါ့အဖအမျိုးသားများဖြစ်သောငါ၏ဆွေ မျိုးသားချင်းတို့ထံသို့သွား၍ ငါ့သားအတွက် မယားကိုရှာရမည်' မှာကြားပါသည်။ ထိုမှာ ကြားချက်ကိုနာခံပါမည်ဟုကတိသစ္စာခံစေ ပါသည်။-
39 рех же (аз) господину моему: а егда не восхощет жена со мною ити?
၃၉ထိုအခါကျွန်ုပ်က`အကယ်၍အမျိုးသမီးက ကျွန်ုပ်နှင့်မလိုက်လိုဟုဆိုသော်မည်သို့ပြုလုပ် ရပါမည်နည်း' ဟုသခင်အားမေးသော်၊-
40 И рече ми: Господь Бог, Емуже благоугодих пред ним, он послет Ангела Своего с тобою и благоустроит путь твой, и поймеши жену сыну моему от племене моего и от дому отца моего:
၄၀သခင်က`ငါအမြဲရိုသေနာခံသောထာဝရ ဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုသင်နှင့် အတူစေလွှတ်၍သင့်အားအောင်မြင်မှုကိုပေး တော်မူမည်။ သင်သည်ငါ၏အမျိုးသားချင်း ဖြစ်သောငါ့အဖမိသားစုထဲမှ ငါ့သား အတွက်မယားကိုရှာယူခဲ့ရမည်။-
41 тогда будеши чист от заклинания моего: егда бо дойдеши в племя мое, и не дадят ти, и будеши чист от заклинания моего:
၄၁သင်ထားသောကတိသစ္စာပျက်ပြယ်စေမည့်နည်း တစ်နည်းသာလျှင်ရှိသည်။ သင်သည်ငါ၏ဆွေ မျိုးသားချင်းတို့ထံသို့သွား၍သူတို့က ငြင်းဆိုလျှင် သင်ထားသောကတိသစ္စာပျက် ပြယ်စေ' ဟုဖြေကြားပါ၏။
42 и пришед днесь на кладязь, рекох: Господи, Боже господина моего Авраама, аще Ты благоустрояеши путь мой, в оньже ныне аз иду:
၄၂``ကျွန်ုပ်သည်ရေတွင်းသို့ယနေ့ရောက်ရှိသော အခါ`အကျွန်ုပ်၏သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ပြုလုပ်ရ မည့်အမှုကိစ္စကိုအောင်မြင်စေတော်မူပါ။-
43 се, аз стах у кладязя воднаго, и дщери граждан исходят почерпати воды: и будет девица, ейже аще аз реку: напой мя от водоноса твоего мало водою:
၄၃ယခုရေတွင်းသို့ရောက်ရှိပါပြီ။ မိန်းမပျိုတစ် ဦးရေခပ်လာသောအခါသူ့အား`ရေတစ်ပေါက် လောက်သောက်ပါရစေ' ဟုတောင်းပါမည်။-
44 и речет ми: и ты пий, и велблюдом твоим влию: сия (будет) жена, юже уготова Господь рабу Своему Исааку: и по сему уразумею, яко сотворил еси милость господину моему Аврааму.
၄၄အကယ်၍သူက`သောက်ပါ။ သင်၏ကုလားအုတ် များအတွက်ရေကိုခပ်ပေးပါဦးမည်' ဟုဆို လျှင်ထိုမိန်းမပျိုသည်အကျွန်ုပ်သခင်၏သား အတွက်ကိုယ်တော်ရှင်ရွေးချယ်သောမယား ဖြစ်ပါစေသော' ဟုဆုတောင်းပါသည်။-
45 И бысть прежде неже скончати мне глаголющу во уме своем, абие Ревекка исхождаше держащи водонос на раму, и сниде на кладязь, и почерпе воды: и рекох ей: напой мя.
၄၅စိတ်ထဲ၌ထိုကဲ့သို့ဆုတောင်း၍မပြီးမီ ရေဗက္ကသည် ပခုံးပေါ်တွင်ရေခရားတင်လျက် ရေခပ်ရန်ရေတွင်းသို့လာပါသည်။ ကျွန်ုပ်ကသူ့ အား`ရေတစ်ပေါက်လောက်သောက်ပါရစေ' ဟု တောင်း၏။-
46 И потщавшися сня водонос с себе на мышцу свою и рече: пий ты, и велблюды твоя напою. И напихся, и велблюды моя напои.
၄၆သူသည်ပခုံးပေါ်မှခရားကိုအလျင်အမြန် ချလျက်`သောက်ပါ၊ သင်၏ကုလားအုတ်များကို လည်းရေတိုက်ပါမည်' ဟုဆိုပါသည်။ ထိုကြောင့် ကျွန်ုပ်ရေသောက်ရပါ၏။ သူကကုလားအုတ် များကိုလည်းရေတိုက်ပေးပါ၏။-
47 И вопросих ю и рекох: чия еси дщерь? Повеждь ми. Она же рече: дщерь Вафуилева есмь сына Нахорова, егоже роди ему Мелха. И дах ей усерязи, и запястия на руце ея,
၄၇ကျွန်ုပ်က`သင်သည်မည်သူ၏သမီးဖြစ်သနည်း' ဟုမေးသော်သူက`ကျွန်မသည်နာခေါ်နှင့်မိလ ခါတို့၏မြေး၊ ဗေသွေလ၏သမီးဖြစ်ပါသည်' ဟုဖြေပါသည်။ ထိုအခါကျွန်ုပ်သည်သူ၏နှာ ခေါင်းတွင်နှာဆွဲကိုလည်းကောင်း၊ လက်တွင်လက် ကောက်များကိုလည်းကောင်းဝတ်ဆင်ပေးပါ သည်။-
48 и благоволив поклонихся Господу: и благослових Господа Бога господина моего Авраама, Иже благоустрои мя на пути истины пояти дщерь брата господина моего сыну его:
၄၈ထိုနောက်ကျွန်ုပ်သည်ထာဝရဘုရားအား ဦးညွှတ်ရှိခိုး၍ကျွန်ုပ်သခင်၏သားအတွက် မယားရှိရာဆွေမျိုးသားချင်းတို့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပို့ဆောင်တော်မူသောကျွန်ုပ် သခင်အာဗြဟံ၏ဘုရားသခင်ထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းပါသည်။-
49 аще убо сотворите вы милость и правду к господину моему: аще же ни, поведите ми: да обращуся или на десно, или на лево.
၄၉သင်တို့သည်ကျွန်ုပ်၏သခင်အတွက်ကရုဏာ ပြတော်မူလျက်သစ္စာကတိအတိုင်းဆောင်ရွက် နိုင်မည်၊ မဆောင်ရွက်နိုင်မည်ကိုသိပါရစေ။ မဆောင်ရွက်နိုင်ဟုဆိုလျှင်လည်းသိပါရစေ။ သို့မှသာကျွန်ုပ်မည်ကဲ့သို့ဆက်လက်ဆောင်ရွက် ရမည်ကိုဆုံးဖြတ်နိုင်ပါမည်'' ဟုပြောလေ၏။
50 Отвещавша же Лаван и Вафуил, рекоста: от Господа прииде дело сие: не возможем ти противу рещи зло или благо:
၅၀လာဗန်နှင့်ဗေသွေလတို့က``ဤအမှုကိစ္စသည် ထာဝရဘုရားစီရင်သောအမှုကိစ္စဖြစ်ခြင်း ကြောင့်ကျွန်ုပ်တို့ကအဆုံးအဖြတ်ပေးရန် မလိုပါ။-
51 се, Ревекка пред тобою: поемь ю, иди: и да будет жена сыну господина твоего, якоже глагола Господь.
၅၁သင့်ရှေ့တွင်ရေဗက္ကရှိပါ၏။ သူ့ကိုခေါ်ဆောင် သွားပါလော့။ ထာဝရဘုရားကိုယ်တော်တိုင် မိန့်တော်မူသည်အတိုင်းသူ့အားသင့်သခင် သား၏မယားအဖြစ်ခေါ်ဆောင်သွားပါ လော့'' ဟုဖြေကြ၏။-
52 Бысть же егда услыша раб Авраамль словеса сия, поклонися до земли Господу.
၅၂အာဗြဟံ၏အစေခံသည်ထိုစကားကို ကြားရလျှင် ထာဝရဘုရားအားဦးညွှတ် ရှိခိုးလေသည်။-
53 И изнес раб сосуды златы и сребряны и ризы, даде Ревекце: и дары даде брату ея и матери ея.
၅၃ထိုနောက်သူသည်ရွှေငွေအဝတ်တန်ဆာများ ကိုထုတ်၍ရေဗက္ကအားပေး၏။ ရေဗက္က၏မောင် နှင့်မိခင်တို့အားလည်းအဖိုးထိုက်တန်သော လက်ဆောင်များကိုပေး၏။
54 И ядоша и пиша и той и мужие, иже бяху с ним, и почиша. И востав заутра, рече: отпустите мя, да отиду к господину моему.
၅၄ထိုနောက်အာဗြဟံ၏အစေခံနှင့် အဖော်တို့ သည်စားသောက်ကြပြီးလျှင် ထိုအိမ်၌ညအိပ် ၍နံနက်အိပ်ရာမှနိုးကြသောအခါ အာဗြဟံ ၏အစေခံက``သခင်ထံသို့ပြန်ပါရစေ'' ဟု ပန်ကြား၏။
55 Реша же братия ея и мати: да пребудет девица с нами яко десять дний, и посем пойдет.
၅၅ထိုအခါရေဗက္က၏မောင်နှင့်မိခင်တို့က``မိန်း ကလေးအားကျွန်ုပ်တို့နှင့်အတူဆယ်ရက်ခန့် မျှနေစေပြီးမှသွားပါ'' ဟုဆိုကြ၏။
56 Он же рече к ним: не держите мя, Господь бо благоустрои путь мой во мне: отпустите мя, да иду к господину моему.
၅၆ထိုသူက``ကျွန်ုပ်ကိုမတားပါနှင့်။ ထာဝရ ဘုရားသည်ကျွန်ုပ်လာရသောကိစ္စကိုထမြောက် အောင်မြင်စေတော်မူပြီဖြစ်၍သခင့်ထံသို့ ပြန်ပါရစေ'' ဟုပြန်ပြော၏။
57 Они же реша: призовем девицу и вопросим ея изоуст.
၅၇တစ်ဖန်သူတို့က``မိန်းကလေးကိုခေါ်၍သူ ၏သဘောကိုမေးကြည့်ကြပါစို့'' ဟုပြော ကြ၏။-
58 И призваша Ревекку и реша ей: пойдеши ли с человеком сим? Она же рече: пойду.
၅၈သူတို့သည်ရေဗက္ကကိုခေါ်၍``သင်သည်ဤသူ နှင့်အတူလိုက်သွားလိုသလော'' ဟုမေး၏။ ``လိုက်သွားပါမည်'' ဟုဖြေကြားသဖြင့်၊
59 И отпустиша Ревекку сестру свою, и имения ея, и раба Авраамля, и иже с ним быша.
၅၉ရေဗက္ကနှင့်သူ၏အထိန်းကိုအာဗြဟံ၏ အစေခံလူစုနှင့်အတူလိုက်ပါသွားစေ ကြ၏။-
60 И благословиша Ревекку и реша ей: сестра наша еси, буди в тысящы тем, и да наследит семя твое грады супостат.
၆၀သူတို့က၊ ``ငါတို့၏နှမသည်လူပေါင်းသိန်းသန်းတို့၏ မိခင်ဖြစ်ပါစေ။ သင်၏အမျိုးအနွယ်တို့သည်ရန်သူတို့၏မြို့ များကို တိုက်ခိုက်အောင်မြင်ကြပါစေ'' ဟုဆို၍ ရေဗက္ကအားကောင်းချီးပေးကြ၏။
61 Воставши же Ревекка и рабыни ея, вседоша на велблюды и поидоша с человеком. И поим раб Ревекку, отиде.
၆၁ထိုနောက်ရေဗက္ကနှင့်သူ၏ကျွန်မများတို့သည် ကုလားအုတ်များကိုစီး၍ အာဗြဟံ၏အစေ ခံနှင့်အတူလိုက်ပါသွားကြလေသည်။
62 Исаак же прехождаше сквозе пустыню у кладязя Видения: сам же живяше на земли на полудне.
၆၂ဣဇာက်သည်``ငါ့ကိုမြင်တော်မူသည့်အသက်ရှင် တော်မူသောအရှင်၏ရေတွင်း'' ဟူသောနာမည် ရှိရာတောကန္တာရသို့ရောက်လာ၍ ခါနာန်ပြည် တောင်ပိုင်းတွင်နေထိုင်လျက်ရှိ၏။-
63 И изыде Исаак поглумитися на поле к вечеру, и воззрев очима своима, виде велблюды идущыя.
၆၃ညနေချမ်းအချိန်၌သူသည်လယ်ကွင်းထဲ တွင်ကုလားအုတ်များလာနေသည်ကိုမြင် ရလေ၏။-
64 И воззревши Ревекка очима своима, виде Исаака: и изскочи с велблюда.
၆၄ရေဗက္ကသည်ဣဇာက်ကိုမြင်လျှင်ကုလားအုတ် ပေါ်မှဆင်း၍၊-
65 И рече рабу: кто есть человек оный, иже идет по полю во сретение нам? Рече же раб: сей есть господин мой. Она же вземши ризу летнюю, облечеся.
၆၅``လယ်ကွင်းထဲ၌ကျွန်ုပ်တို့ထံသို့လာနေသူ ကားမည်သူပါနည်း'' ဟုအာဗြဟံ၏အစေ ခံအားမေးလေ၏။ ``ကျွန်ုပ်၏သခင်ဖြစ်ပါသည်'' ဟုဖြေလျှင် ရေဗက္ကသည်ပုဝါကိုယူ၍မျက်နှာကိုဖုံးလိုက်၏။
66 И поведа раб Исааку вся словеса, яже сотвори.
၆၆အစေခံကလည်းမိမိဆောင်ရွက်ခဲ့သမျှကို ဣဇာက်အားအကုန်အစင်ပြောပြလေ၏။-
67 Вниде же Исаак в дом матере своея, и поя Ревекку, и бысть ему жена: и возлюби ю, и утешися Исаак по Сарре матери своей.
၆၇ထိုနောက်ဣဇာက်သည်မိမိ၏အမိစာရာနေ ထိုင်ခဲ့သောတဲထဲသို့ရေဗက္ကကိုခေါ်ဆောင် သွား၍အကြင်လင်မယားဖြစ်လာကြ၏။ ဣဇာက်သည်ရေဗက္ကကိုချစ်မြတ်နိုး၏။ ထို့ ကြောင့်သူ၏မိခင်ကွယ်လွန်၍ဝမ်းနည်း ကြေကွဲရာမှစိတ်သက်သာရာရလေသည်။