< Исход 4 >

1 Отвеща же Моисей и рече: аще не уверуют ми, ниже послушают гласа моего, рекут бо, яко не явися тебе Бог, что реку к ним?
မော​ရှေ​က``အ​ကယ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က အ​ကျွန်ုပ်​ကို​မ​ယုံ၊ အ​ကျွန်ုပ်​၏​စ​ကား​ကို နား​မ​ထောင်​ဘဲ`သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး မြင်​ခဲ့​ရ​သည်​ဟု​ဆို​သည်​မှာ​မ​ဖြစ်​နိုင်' ဟု​ပြော ကြ​လျှင်​အ​ကျွန်ုပ်​မည်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု လျှောက်​ထား​လေ​၏။
2 И рече к нему Господь: что сие есть в руце твоей? Он же рече: жезл.
ထာ​ဝ​ရ​ဘု​ရား​က``သင့်​လက်​ထဲ​တွင်​မည်​သည့် အ​ရာ​ရှိ​သ​နည်း'' ဟု​မေး​လျှင်၊ မော​ရှေ​က``တောင်​ဝှေး​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။
3 И рече: поверзи его на землю. И верже и на землю, и бысть змий: и отбеже Моисей от него.
ထာ​ဝ​ရ​ဘု​ရား​က``တောင်​ဝှေး​ကို​မြေ​ပေါ်​သို့ ပစ်​ချ​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည် တောင်​ဝှေး​ကို​ပစ်​ချ​လိုက်​သော​အ​ခါ၊ တောင် ဝှေး​သည်​မြွေ​ဖြစ်​လာ​သ​ဖြင့်​သူ​သည်​လန့် ၍​ထွက်​ပြေး​လေ​၏။-
4 И рече Господь к Моисею: простри руку и ими за хвост. Простер убо руку, взя за хвост, и бысть жезл в руце его.
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် ၏​လက်​ကို​ဆန့်​၍​မြွေ​အ​မြီး​ကို​ကိုင်​ဖမ်း​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လက်​ကို​ဆန့်​၍ မြွေ​ကို​ကိုင်​ဖမ်း​လိုက်​သော​အ​ခါ လက်​ထဲ​၌ တောင်​ဝှေး​တစ်​ဖန်​ဖြစ်​လာ​ပြန်​လေ​သည်။-
5 Да уверуют ти, яко явися тебе Господь Бог отец твоих, Бог Авраамов и Бог Исааков и Бог Иаковль.
ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ရှေ့​တွင် ထို​သို့​ပြု​လုပ်​ပြ​လော့။ သို့ မှ​သာ​လျှင်​သင်​သည်​သူ​တို့​ဘိုး​ဘေး​တို့​၏ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ ၏​ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏ ဘု​ရား​ကို​ဖူး​မြင်​ခဲ့​ရ​ကြောင်း​သူ​တို့​ယုံ ကြ​မည်'' ဟု​မိန့်​တော်​မူ​၏။
6 Рече же ему Господь паки: вложи руку твою в недро твое. И вложи руку в недро свое, и изят ю от недра своего, и бысть рука его прокажена яко снег.
တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် ၏​လက်​ကို​ဝတ်​ရုံ​အောက်​သို့​သွင်း​လော့'' ဟု​မိန့် တော်​မူ​၏။ မော​ရှေ​သည်​မိန့်​တော်​မူ​သည့်​အ​တိုင်း ပြု​လုပ်​၏။ လက်​ကို​ပြန်​ထုတ်​လိုက်​သော​အ​ခါ လက်​သည်​အ​ရေ​ပြား​ရော​ဂါ​စွဲ​၍​မိုး​ပွင့် ကဲ့​သို့​ဖြူ​ဆွတ်​လာ​၏။-
7 И рече паки ему Господь: вложи руку твою в недро твое. И вложи руку свою в недро свое, и изят ю от недра своего, и бысть паки в румянстве плоти своея.
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​လက် ကို​ဝတ်​ရုံ​အောက်​သို့​တစ်​ဖန်​သွင်း​လော့'' ဟု မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လက်​ကို​သွင်း​၍ ပြန်​ထုတ်​သော​အ​ခါ​အ​ခြား​ကိုယ်​ခန္ဓာ​အ​စိတ် အ​ပိုင်း​များ​ကဲ့​သို့​ပ​က​တိ​အ​ကောင်း အ​တိုင်း​ပြန်​ဖြစ်​လေ​၏။-
8 Аще же не уверуют тебе, ниже послушают гласа знамения перваго, уверуют тебе ради гласа знамения втораго:
``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သင့်​ကို မ​ယုံ၊ သင်​ပ​ထ​မ​ဦး​စွာ​ပြ​သော​သက်​သေ ကို​လည်း​လက်​မ​ခံ​လျှင်​သင်​၏​ဒုတိယ​သက် သေ​ကို​လက်​ခံ​ကြ​လိမ့်​မည်။-
9 и будет аще не уверуют тебе двема знамениями сими, ниже послушают гласа твоего, да возмеши от воды речныя, и пролиеши на сухо: и будет вода, юже возмеши от реки, кровию на сусе.
အ​ကယ်​၍​သူ​တို့​သည်​ထို​သက်​သေ​နှစ်​မျိုး​စ​လုံး ကို​လက်​မ​ခံ၊ သင်​၏​စ​ကား​ကို​လည်း​နား​မ​ထောင် ကြ​သေး​လျှင်၊ သင်​သည်​နိုင်း​မြစ်​ထဲ​မှ​ရေ​ကို​ယူ ၍​ခြောက်​သွေ့​သော​ကုန်း​ပေါ်​သို့​လောင်း​ချ​လော့။ ထို​ရေ​သည်​သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
10 Рече же Моисей ко Господу: молюся ти, Господи: недоброречив есмь прежде вчерашняго и третияго дне, ниже отнележе начал еси глаголати рабу Твоему: худогласен и косноязычен аз есмь.
၁၀သို့​ရာ​တွင် မော​ရှေ​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အား​စေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။ အကျွန်ုပ် သည်​မည်​သည့်​အ​ခါ​က​မျှ​နှုတ်​သတ္တိ​မ​ရှိ​ခဲ့ ပါ။ ကိုယ်​တော်​ရှင်​က​အ​ကျွန်ုပ်​အား​မိန့်​ကြား ပြီး​သည်​အ​ခါ​၌​ပင်၊ နှုတ်​သတ္တိ​မ​ရှိ​သေး​ပါ။ အ​ကျွန်ုပ်​သည်​နှုတ်​စ၊ လျှာ​စ​လေး​သူ၊ စ​ကား ပြော​နှေး​သူ​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လေ​၏။
11 И рече Господь к Моисею: кто даде уста человеку? И кто сотвори нема и глуха, и видяща и слепа? Не Аз ли Господь Бог?
၁၁ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``လူ​ကို​မည်​သူ က​စ​ကား​ပြော​စေ​သ​နည်း။ လူ​ကို​မည်​သူ​က နား​ထိုင်း​ဆွံ့​အ​စေ​သ​နည်း။ လူ​ကို​မည်​သူ​က စက္ခု​အ​လင်း​ရ​စေ​သ​နည်း။ သို့​မ​ဟုတ်​မျက်​စိ ကွယ်​စေ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပင် မ​ဟုတ်​ပါ​လော။-
12 И ныне иди, и Аз отверзу уста твоя и устрою тебе, еже имаши глаголати.
၁၂သင်​ယ​ခု​သွား​လော့။ သင့်​အား​နှုတ်​သတ္တိ​ကို ငါ​ပေး​မည်။ သင်​မည်​ကဲ့​သို့​ပြော​ရ​မည်​ကို ငါ​သွန်​သင်​မည်'' ဟု​မိန့်​တော်​မူ​၏။
13 Рече же Моисей: молюся ти, Господи, избери могуща иного, егоже послеши.
၁၃သို့​သော်​လည်း​မော​ရှေ​က``အ​ရှင်​ဘု​ရား၊ အ​ခြား သူ​တစ်​ဦး​ကို​စေ​လွှတ်​တော်​မူ​ပါ'' ဟု​တောင်း​ပန် လေ​၏။
14 И разгневався яростию Господь на Моисеа, рече: не се ли брат твой Аарон Левитин? Вем, яко глаголя возглаголет он вместо тебе: и се, той изыдет во сретение тебе, и узрев тя, возрадуется в себе:
၁၄ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အ​မျက်​ထွက်​၍``သင်​၌​လေ​ဝိ​အ​မျိုး​သား အစ်​ကို​အာ​ရုန်​ရှိ​သည်​မ​ဟုတ်​လော။ သူ​သည် နှုတ်​သတ္တိ​ကောင်း​သူ​ဖြစ်​ကြောင်း​ငါ​သိ​၏။ သူ သည်​သင်​နှင့်​အ​လွန်​တွေ့​လို​၍ ယ​ခု​ပင်​လျှင် သင့်​ထံ​သို့​လာ​နေ​ပြီ။-
15 и речеши к нему, и вдаси словеса Моя во уста его: Аз же отверзу уста твоя и уста его, и устрою вам яже имате творити:
၁၅သင်​ပြော​ရ​မည့်​စ​ကား​ကို​သူ့​အား​ပြော​ပြ လော့။ ငါ​သည်​သင်​တို့​နှစ်​ဦး​မည်​သို့​ပြော​ဆို ပြု​လုပ်​ရ​မည်​ကို​သွန်​သင်​မည်။-
16 и той возглаголет от тебе к людем, и той будет уста твоя: ты же будеши ему в тех, яже к Богу:
၁၆သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော ပြ​စ​ရာ​ရှိ​သ​မျှ​ကို သင့်​ကိုယ်​စား​ပြော​လိမ့်​မည်။ သူ​သည်​သင်​၏​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ​ဖြစ်​လိမ့် မည်။ သူ​သည်​လည်း​သင်​ပြော​သ​မျှ​ကို​ဘု​ရား အ​မိန့်​ကဲ့​သို့​ခံ​ယူ​လိမ့်​မည်။-
17 и жезл сей обращенный в змию, возми в руку твою, сим сотвориши знамения.
၁၇တောင်​ဝှေး​ကို​သင့်​လက်​ထဲ​၌​ဆောင်​ထား​လော့။ ထို​တောင်​ဝှေး​ဖြင့်​သင်​သည်​အံ့​သြ​ဖွယ်​သော အ​မှု​တို့​ကို​ပြု​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
18 Пойде же Моисей, и возвратися ко Иофору тестю своему и рече: пойду и возвращуся ко братии моей, иже во Египте, и увижду, аще еще живи суть. И рече Иофор к Моисею: иди здрав. По днех же оных многих, умре царь Египетский.
၁၈မော​ရှေ​သည်​သူ​၏​ယောက္ခ​မ​ယေ​သ​ရော​ထံ​သို့ ပြန်​လာ​၍``အီ​ဂျစ်​ပြည်​၌​ရှိ​သော​ကျွန်​တော် ၏​ဆွေ​မျိုး​များ​အ​သက်​ရှင်​လျက်​ရှိ​သေး သ​လော​ဟု​စုံ​စမ်း​ရန် ထို​ပြည်​သို့​ပြန်​ခွင့်​ပေး ပါ'' ဟု​အ​ခွင့်​တောင်း​လေ​၏။ ယေ​သ​ရော​က မော​ရှေ​အား​ကြည်​ဖြူ​စွာ​သွား​ခွင့်​ပြု​လေ​၏။
19 И рече Господь к Моисею в земли Мадиамстей: иди, отиди во Египет: измроша бо вси ищущии души твоея.
၁၉မော​ရှေ​သည်​မိ​ဒျန်​ပြည်​၌​ရှိ​စဉ်၊ ထာ​ဝ​ရ ဘု​ရား​သည် သူ့​အား``အီ​ဂျစ်​ပြည်​သို့​ပြန် လော့။ သင့်​ကို​သတ်​လို​သူ​အ​ပေါင်း​တို့​သည် အ​နိစ္စ​ရောက်​ကြ​ကုန်​ပြီ'' ဟု​မိန့်​တော်​မူ​၏။-
20 Поим же Моисей жену свою и отрочата, всади я на ослята, и возвратися во Египет. И взя Моисей жезл, иже от Бога, в руку свою.
၂၀သို့​ဖြစ်​၍​မော​ရှေ​သည်​သူ​၏​မ​ယား​နှင့်​သား တို့​ကို​မြည်း​ပေါ်​တွင်​တင်​၍၊ ထာ​ဝ​ရ​ဘု​ရား ဆောင်​ထား​စေ​သော​တောင်​ဝှေး​ကို​လက်​ထဲ​တွင် ကိုင်​ဆောင်​လျက်​အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ​ခဲ့ လေ​သည်။
21 Рече же Господь к Моисею: идущу тебе и возвращающуся во Египет, зри вся чудеса, яже дах в руце твои, да сотвориши Я пред фараоном: Аз же ожесточу сердце его, и не отпустит людий:
၂၁ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင်​သည် ယ​ခု​အီ​ဂျစ်​ပြည်​သို့​ပြန်​မည်​ဖြစ်​ရာ၊ သင့် အား​ငါ​ပေး​ထား​သော​တန်​ခိုး​ဖြင့်​ဖာ​ရော ဘု​ရင်​ရှေ့​၌​အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို ပြု​လော့။ ငါ​သည်​သူ့​စိတ်​ကို​ခိုင်​မာ​စေ​သ​ဖြင့်၊ သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သွား ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။-
22 ты же возглаголеши фараону: сия глаголет Господь Бог Еврейский: сын Мой первенец Израиль:
၂၂ထို​အ​ခါ​၌​သင်​သည်​ဖာ​ရော​ဘု​ရင်​အား`ထာ ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ငါ​၏​သား​ဦး​ဖြစ်​၏။-
23 рех же тебе: отпусти люди Моя, да Ми послужат: аще убо не хощеши отпустити их, блюди убо, Аз убию сына твоего первенца.
၂၃ငါ​၏​သား​သည်​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​စေ ရန် သူ့​ကို​သွား​ခွင့်​ပြု​ရန်​အ​မိန့်​ရှိ​သော်​လည်း သင်​သည်​သွား​ခွင့်​မ​ပေး။ ထို့​ကြောင့်​ငါ​သည်​သင် ၏​သား​ဦး​ကို​သေ​စေ​မည်' ဟု​ဆင့်​ဆို​လော့'' ဟူ ၍​မိန့်​တော်​မူ​၏။
24 Бысть же на пути на стану, срете его Ангел Господнь и искаше его убити.
၂၄လမ်း​ခ​ရီး​တို့​တွင်​စ​ခန်း​ချ​ရာ​တစ်​နေ​ရာ​၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​တွေ့​ဆုံ​၍ သူ့​အား​အ​ဆုံး​စီ​ရင်​ရန်​ပြု​တော်​မူ​၏။-
25 И вземши Сепфора камень, обреза конечную плоть сына своего, и припаде к ногам его и рече: ста кровь обрезания сына моего.
၂၅ထို​အ​ခါ​သူ​၏​မ​ယား​ဇိ​ပေါ​ရ​သည်​ကျောက် စောင်း​တစ်​ခု​ကို​ယူ​၍ သား​၏​အ​ရေ​ဖျား​ကို ဖြတ်​ပြီး​လျှင်​ထို​အ​ရေ​ဖျား​ဖြင့် မော​ရှေ​၏ ခြေ​တို့​ကို​တို့​လေ​၏။ ထို​နောက်​အ​ရေ​ဖျား လှီး​ဖြတ်​ခြင်း​မင်္ဂ​လာ​ကြောင့် ဇိ​ပေါ​ရ​က``သင် သည်​ကျွန်​မ​၏​တ​ရား​ဝင်​လင်​ယောကျာ်း​ပင် ဖြစ်​၏'' ဟု​ဆို​လေ​၏။-
26 И отиде от него Ангел, занеже рече: ста кровь обрезания сына моего.
၂၆ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အ​သက်​ချမ်း​သာ​ခွင့်​ပေး​တော်​မူ​၏။
27 Рече же Господь ко Аарону: изыди во сретение Моисею в пустыню. И иде, и срете его в горе Божии: и целовастася оба.
၂၇ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``မော​ရှေ​နှင့် တွေ့​ဆုံ​ရန်​တော​ကန္တာ​ရ​သို့​သွား​လော့'' ဟု အ​မိန့်​ရှိ​တော်​မူ​သည်​အ​တိုင်း​သူ​သွား​လေ​၏။ သူ​သည်​မော​ရှေ​ကို ထာ​ဝ​ရ​ဘု​ရား​၏​တောင် ပေါ်​၌​တွေ့​ဆုံ​လျှင်​သူ့​ကို​နမ်း​၍​နှုတ်​ဆက်​၏။-
28 И поведа Моисей Аарону вся словеса Господня, яже посла, и вся знамения, яже заповеда ему.
၂၈မော​ရှေ​သည်​မိ​မိ​အား​စေ​လွှတ်​သော​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​သ​မျှ​တို့​နှင့် ပြု​လုပ်​ရ​မည့် အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို​အာရုန်​အား ပြော​လေ​၏။-
29 Иде же Моисей и Аарон, и собраша вся старцы сынов Израилевых:
၂၉ထို​နောက်​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ဣသ​ရေ​လ အ​မျိုး​သား​တို့​ထံ​သို့​သွား​၍​ခေါင်း​ဆောင်​များ ကို​စု​ရုံး​စေ​၏။-
30 и глагола им Аарон вся словеса сия, яже глагола Бог к Моисею: и сотвори знамения пред людьми.
၃၀အာ​ရုန်​သည်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား မိန့်​တော်​မူ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပြော​၍​သူ​တို့​ရှေ့​တွင်​အံ့​သြ ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို​ပြ​သ​ဖြင့်၊-
31 И вероваша людие, и возрадовашася, яко посети Бог сыны Израилевы и яко призре на их скорбение: и преклоншеся людие поклонишася.
၃၁သူ​တို့​သည်​ပြော​ပြ​သ​မျှ​ကို​ယုံ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​ထံ​သို့​ကြွ​လာ ၍ သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို​သိ​မှတ်​တော် မူ​ပြီ​ဖြစ်​ကြောင်း​ကို ကြား​သိ​ရ​သော​အ​ခါ​သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဦး​ညွှတ်​ရှိ​ခိုး ကြ​၏။

< Исход 4 >