< Исход 24 >

1 И Моисею рече: взыди ко Господу ты и Аарон, и Надав и Авиуд и седмьдесят старец Израилевых, и да поклонятся издалече Господу:
ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင်​သည် အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ်​ဆယ်​တို့​ကို ခေါ်​ဆောင်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၊ တောင် ပေါ်​သို့​တက်​လာ​လော့။ သင်​တို့​သည်​ခပ်​လှမ်း လှမ်း​နေ​ရာ​မှ​ငါ့​အား​ပျပ်​ဝပ်​ကိုး​ကွယ် ကြ​လော့။-
2 и да приступит Моисей един к Богу, они же да не приступят: и людие с ними да не взыдут.
သင်​တစ်​ယောက်​တည်း​သာ​ငါ့​အ​နီး​သို့​ချဉ်း​ကပ် ရ​မည်။ အ​ခြား​သော​သူ​တို့​သည်​ငါ့​အ​နီး​သို့ မ​ချဉ်း​ကပ်​စေ​ရ။ လူ​ထု​မူ​ကား​တောင်​ပေါ်​သို့ မ​တက်​ရ'' ဟု​မိန့်​တော်​မူ​၏။
3 Прииде же Моисей и поведа людем вся словеса Божия и оправдания. Отвещаша же вси людие гласом единым, глаголюще: вся словеса, яже глагола Господь, сотворим и послушаем.
မော​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ ပြန်​လာ​၍၊ ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​သ​မျှ​နှင့် စီ​ရင်​တော်​မူ​ချက်​အ​လုံး​စုံ​တို့​ကို​ပြော​ကြား လေ​၏။ လူ​အ​ပေါင်း​တို့​က``အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း လိုက်​နာ​ဆောင်​ရွက်​ပါ​မည်'' ဟု​တ​ညီ​တ​ညွတ် တည်း​ဆို​ကြ​၏။-
4 И написа Моисей вся словеса Господня: обутрев же Моисей заутра, созда олтарь под горою, и дванадесять камений в дванадесять племен Израилевых:
မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ပညတ်​သ​မျှ​တို့ ကို​ရေး​ထား​လေ​၏။ နောက်​တစ်​နေ့​နံ​နက်​စော​စော တွင်​မော​ရှေ​သည်​တောင်​ခြေ​ရင်း​၌​ယဇ်​ပလ္လင်​ကို လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​အ​တွက် ကျောက်​တိုင်​တစ်​ဆယ့်​နှစ်​တိုင်​ကို​လည်း​ကောင်း တည်​ဆောက်​လေ​၏။-
5 и посла юношы сынов Израилевых, и принесоша всесожжения, и пожроша жертву спасения Господу Богу телцы.
ထို​နောက်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​လူ ငယ်​တို့​ကို​ခိုင်း​စေ​သ​ဖြင့်၊ သူ​တို့​သည်​နွား​များ ကို​သတ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​သော ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​လေ​၏။-
6 Взем же Моисей половину крове, влия в чашы, половину же крове возлия на олтарь,
မော​ရှေ​သည်​တိ​ရစ္ဆာန်​တို့​၏​သွေး​တစ်​ဝက်​ကို အင်​တုံ​များ​တွင်​ထည့်​၍၊ အ​ခြား​တစ်​ဝက် ကို​ယဇ်​ပလ္လင်​ပေါ်​၌​ပက်​ဖျန်း​လေ​၏။-
7 и взем книгу завета, прочте людем во ушы. И рекоша: вся, елика глагола Господь, сотворим и послушаем.
ထို​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် များ​ရေး​ထား​သော​ပ​ဋိ​ညာဉ်​စာ​အုပ်​ကို​ယူ​၍ လူ​အ​ပေါင်း​တို့​ကြား​နိုင်​အောင်​ဖတ်​ပြ​လေ​သည်။ သူ​တို့​က​လည်း``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​လိုက်​နာ​ပါ​မည်'' ဟု​ဆို​လေ​၏။
8 Взем же Моисей кровь, окропи люди и рече: се, кровь завета, егоже завеща Господь к вам о всех словесех сих.
ထို​နောက်​မော​ရှေ​သည်​အင်​တုံ​များ​ထဲ​မှ​သွေး ကို​ယူ​၍ လူ​တို့​အ​ပေါ်​သို့​ပက်​ဖျန်း​လေ​၏။ သူ က``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဤ​ပ​ညတ် များ​ကို​ပေး​လျက် သင်​တို့​နှင့်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​ဤ​သွေး​ဖြင့်​အ​တည်​ဖြစ်​စေ ပြီ'' ဟု​ဆို​လေ​၏။
9 И взыде Моисей и Аарон, и Надав и Авиуд и седмьдесят от старец Израилевых,
မော​ရှေ၊ အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ် ဆယ်​တို့​သည် တောင်​ပေါ်​သို့​တက်​၍၊-
10 и видеша место, идеже стояше Бог Израилев: и под ногама Его яко дело камене сапфира, и яко видение тверди небесныя чистотою.
၁၀ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ကို ဖူး​မြင်​ရ​ကြ​၏။ ကိုယ်​တော်​၏​ခြေ​တော်​အောက်​တွင် မိုး​ကောင်း​ကင်​သ​ဖွယ်​ပြာ​လက်​နေ​သော​နီ​လာ ကျောက်​ခင်း​ထား​သည်​ဟု​ထင်​ရ​၏။-
11 И от избранных Израилевых не повредися ни един: и явишася на месте Божии, и ядоша, и пиша.
၁၁ဘု​ရား​သ​ခင်​သည်​ဣသ​ရေလ​အ​မျိုး​သား​ခေါင်း ဆောင်​တို့​အား​ဘေး​ဥ​ပဒ်​ရောက်​စေ​တော်​မ​မူ။ သူ​တို့​သည် ဘု​ရား​သ​ခင်​အား​ဖူး​မြင်​ပြီး နောက်​အ​တူ​တ​ကွ​စား​သောက်​ကြ​၏။
12 И рече Господь к Моисею: взыди ко Мне на гору и стани тамо, и дам ти скрижали каменныя, закон и заповеди, яже написах законоположити им.
၁၂ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​ရှိ​ရာ တောင်​ပေါ်​သို့​တက်​လာ​လော့။ လူ​တို့​ကို​သွန် သင်​ရန်​အ​တွက် ငါ​ရေး​ထား​သော​ပ​ညတ်​အား လုံး​ပါ​ရှိ​သည့်​ကျောက်​ပြား​နှစ်​ပြား​ကို​သင့် အား​ငါ​အပ်​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-
13 И востав Моисей и Иисус предстоявый ему, взыдоша на гору Божию
၁၃ထို့​ကြောင့်​မော​ရှေ​သည်​မိ​မိ​၏​လက်​ထောက် ယော​ရှု​နှင့်​အ​တူ အ​သင့်​ပြင်​၍​တောင်​တော် ပေါ်​သို့​တက်​သွား​လေ​သည်။-
14 и старцем реша: пождите в молчании зде, дондеже возвратимся к вам: и се, Аарон и Ор с вами: аще кому случится суд, да идут к ним.
၁၄မော​ရှေ​က​ဣသ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင် တို့​အား``ငါ​တို့​ပြန်​ရောက်​သည့်​တိုင်​အောင်​ဤ အ​ရပ်​တွင်​စောင့်​ဆိုင်း​နေ​ကြ​လော့။ သင်​တို့​တွင် အ​ငြင်း​အ​ခုံ​တစ်​ခု​ခု​ပေါ်​ပေါက်​လျှင် အာ​ရုန် နှင့်​ဟု​ရ​တို့​ထံ​သွား​၍​အ​ဆုံး​အ​ဖြတ်​ခံ​ယူ ကြ​လော့'' ဟု​မှာ​ကြား​ခဲ့​လေ​သည်။
15 И взыде Моисей на гору, и покры облак гору,
၁၅မော​ရှေ​သည်​တောင်​ပေါ်​သို့​တက်​သွား​သော​အ​ခါ မိုး​တိမ်​သည်​တောင်​ကို​ဖုံး​လွှမ်း​လေ​၏။-
16 и сниде слава Божия на гору Синайскую, и покры ю облак шесть дний. И воззва Господь Моисеа в день седмый из среды облака:
၁၆ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ တော်​သည်​တောင်​ပေါ်​သို့​သက်​ဆင်း​လေ​၏။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​တောက်​ပ​သော ဘုန်း​အ​သ​ရေ​ကို တောင်​ထိပ်​တွင်​တောက်​နေ​သော မီး​သ​ဖွယ်​မြင်​ရ​ကြ​၏။ မိုး​တိမ်​သည်​တောင်​ကို ခြောက်​ရက်​ပတ်​လုံး​ဖုံး​အုပ်​ပြီး​နောက် သတ္တ​မ​နေ့ တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​ထဲ​မှ​မော​ရှေ ကို​ခေါ်​တော်​မူ​သည်။-
17 обличие же славы Господни, яко огнь пламенуя на версе горы, пред сыны Израилевы.
၁၇
18 И вниде Моисей в среду облака и взыде на гору, и бе тамо на горе четыредесять дний и четыредесять нощей.
၁၈ထို​အ​ခါ​မော​ရှေ​သည်​မိုး​တိမ်​ဖုံး​အုပ်​နေ​သော တောင်​ထိပ်​ပေါ်​သို့​တက်​သွား​လေ​သည်။ သူ​သည် တောင်​ထိပ်​ပေါ်​တွင်​အ​ရက်​လေး​ဆယ်​ပတ်​လုံး ရှိ​နေ​၏။

< Исход 24 >