< Вторая книга Царств 24 >
1 И приложи Господь гневу разгоретися во Израили, и подвиже в них Давида, глаголя: иди и изочти Израиля и Иуду.
၁တစ်ဖန်ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အပေါ်တွင်အမျက်ထွက်တော်မူသဖြင့် သူတို့ကိုဒဏ်ခတ်ရန်ဒါဝိဒ်အားအပြစ်ကူး မိစေတော်မူ၏။ ထာဝရဘုရားက``သင်သည် သွား၍ဣသရေလနှင့်ယုဒပြည်တွင်သန်း ခေါင်စာရင်းကောက်ယူလော့'' ဟုဒါဝိဒ်အား မိန့်တော်မူ၏။-
2 И рече царь ко Иоаву князю силы иже с ним: пройди ныне вся колена Израилева и Иудина, от Дана даже и до Вирсавии, и сочти люди, и да увем число людем.
၂သို့ဖြစ်၍ဒါဝိဒ်သည်မိမိ၏တပ်မတော် ဗိုလ်ချုပ်ယွာဘအား``သင်၏တပ်မှူးများနှင့် အတူတိုင်းပြည်တစ်စွန်းမှတစ်စွန်းတိုင်အောင် ဣသရေလအနွယ်ရှိသမျှတို့ထံသို့သွား ၍သန်းခေါင်စာရင်းကောက်ယူလော့။ လူဦး ရေမည်မျှရှိသည်ကိုငါသိလိုသည်'' ဟုမိန့်တော်မူ၏။
3 И рече Иоав ко царю: да приложит Господь Бог твой к людем твоим, якоже быти им сторицею, и очи господина моего царя да увидят: и господин мой царь почто помышляет о словеси сем?
၃သို့ရာတွင်ယွာဘက``အရှင်မင်းကြီး၊ အရှင် ၏ဘုရားသခင်ထာဝရဘုရားသည်ဣသ ရေလအမျိုးသားတို့အား ယခုထက်အဆ တစ်ရာပို၍တိုးပွားအောင်ပြုတော်မူပါ စေသော။ အရှင်သည်လည်းယင်းသို့တိုးပွား သည်ကိုတွေ့မြင်ရသည်တိုင်အောင်အသက် ရှည်တော်မူပါစေသော။ သို့ရာတွင်အရှင် မင်းကြီးသည်အဘယ်ကြောင့်ဤအမှု ကိုပြုတော်မူလိုပါသနည်း'' ဟုဒါဝိဒ် အားလျှောက်လေ၏။-
4 И превозможе слово царево ко Иоаву и ко князем силы. И изыде Иоав и князи крепости пред царем сочести люди Израилевы.
၄သို့သော်လည်းအရှင်မင်းကြီးသည်ယွာဘ နှင့်တပ်မှူးတို့အား မိမိ၏အမိန့်အတိုင်း လိုက်နာစေတော်မူ၏။ သူတို့သည်ဣသရေလ အမျိုးသားတို့အားသန်းခေါင်စာရင်းကောက် ယူရန်အထံတော်မှထွက်သွားကြ၏။
5 И преидоша Иордан, и ополчишася во Ароире одесную града иже посреде дебри Гад и Елиезер.
၅သူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး လျှင် ဂဒ်နယ်ချိုင့်ဝှမ်းအလယ်ရှိအာရော်မြို့ ၏တောင်ဘက်တွင်စခန်းချကြ၏။ ထိုနောက် ထိုအရပ်မှမြောက်ဘက်တွင်ရှိသောယာဇာ မြို့သို့လည်းကောင်း၊-
6 И приидоша в Галаад и в землю Фавасон и Истон и в Дасу, и внидоша в Данидан и обыдоша Сидон,
၆ထိုမှတစ်ဖန်ဂိလဒ်ပြည်နှင့်ဟိတ္တိနယ်ကာ ဒေရှမြို့သို့လည်းကောင်းဆက်လက်၍ခရီး ပြုကြ၏။ ထိုနောက်ဒန်မြို့နှင့်ဇိဒုန်မြို့တစ် ဝိုက်သို့သွားကြ၏။-
7 и приидоша во Мапсар Тирский и во вся грады Евеины и в Хананеины, и идоша на юг Иуды в Вирсавию,
၇ထိုနောက်ရဲတိုက်ရှိရာတုရုမြို့သို့သွား ပြီးလျှင် ဟိဝိအမျိုးသားများနှင့်ကာနနိ အမျိုးသားတို့နေထိုင်ရာမြို့အပေါင်းသို့ လည်းကောင်း၊ နောက်ဆုံး၌ယုဒပြည်တောင် ပိုင်းရှိဗေရရှေဗမြို့သို့လည်းကောင်းသွား ရောက်ကြလေသည်။-
8 и обыдоша всю землю, и приидоша во Иерусалим, скончавше девять месяц и двадесять дний.
၈သူတို့သည်တိုင်းနိုင်ငံတစ်ဝန်းလုံးကိုလှည့် လည်၍ ကိုးလနှင့်အရက်နှစ်ဆယ်ကြာသော အခါယေရုရှလင်မြို့သို့ပြန်ရောက်ကြ၏။-
9 И даде Иоав число сочтеных людий царю: и бе Израиля числом осмь сот тысящ сильных держащих оружие, и мужей Иудиных пять сот тысящ мужей борцев.
၉သူတို့သည်ဣသရေလပြည်တွင်စစ်မှုထမ်း နိုင်သူလူပေါင်းရှစ်သိန်းနှင့် ယုဒပြည်တွင် ငါးသိန်းရှိကြောင်းမင်းကြီးအားအစီရင် ခံကြ၏။
10 И убояся сердце Давидово по счислении людий, и рече Давид ко Господу: согреших зело, яко сотворих глагол сей: и ныне, Господи, отими беззаконие раба Твоего, яко обуях зело.
၁၀သို့ရာတွင်ဒါဝိဒ်သည်သန်းခေါင်စာရင်း ကောက်ပြီးသောအခါနောင်တရလျက် ထာဝရဘုရားအား``အကျွန်ုပ်သည်ဤ ကြောက်မက်ဖွယ်ကောင်းသောအပြစ်ကိုကူး လွန်မိပါပြီ။ အကျွန်ုပ်အားအပြစ်ဖြေလွှတ် တော်မူပါ။ အကျွန်ုပ်သည်မိုက်မဲစွာပြု မိပါပြီ'' ဟုလျှောက်ထား၏။
11 И воста Давид заутра: и слово Господне бысть ко Гаду пророку прозорливцу, глаголя:
၁၁ထာဝရဘုရားသည်ဒါဝိဒ်၏ပုရောဟိတ် ဖြစ်သူပရောဖက်ဂဒ်အား``သင်သည်ဒါဝိဒ် ထံသို့သွားလော့။ ငါပြုရန်ရှိသည့်အမှု သုံးခုအနက်သူကြိုက်နှစ်သက်ရာတစ်ခု ကိုရွေးချယ်နိုင်ကြောင်းပြောကြားလော့။ သူ ရွေးချယ်ရာကိုငါပြုမည်'' ဟုမိန့်တော်မူ၏။ နောက်တစ်နေ့နံနက်အချိန်ဒါဝိဒ်အိပ်ရာ မှထတော်မူသောအခါ၊-
12 иди и рцы Давиду, глаголя: тако глаголет Господь: трое Аз наведу на тя, и избери себе едино от сих, и сотворю ти.
၁၂
13 И вниде Гад к Давиду, и поведа, и рече ему: избери себе быти: или приидут тебе три лета глада на землю твою: или три месяцы бегати имаши пред враги твоими, и будут гоняще тя: или три дни быти смерти в земли твоей: ныне убо разумей и виждь, что отвещаю Пославшему мя.
၁၃ဂဒ်သည်လာရောက်၍ မိမိအားထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်းမင်းကြီး အားတင်ပြလျှောက်ထားပြီးလျှင်``အရှင် မင်းကြီးသုံးနှစ်ပတ်လုံးအစာငတ်မွတ် ခေါင်းပါးမှု၊ သုံးလပတ်လုံးရန်သူတပ် များကိုတိမ်းရှောင်ထွက်ပြေးနေမှု၊ သုံးရက် ပတ်လုံးကပ်ရောဂါကျရောက်မှုတည်းဟူ သောဘေးတို့အနက်အဘယ်ဘေးကိုရွေး ချယ်တော်မူပါမည်နည်း။ အဘယ်သို့ ထာဝရဘုရားအားအကျွန်ုပ်ပြန် ကြားလျှောက်ထားရမည်ကိုစဉ်းစား တော်မူပါ'' ဟုမေးလျှောက်၏။
14 И рече Давид ко Гаду: тесна ми суть отвсюду зело три сия: да впаду убо в руце Господни, яко многи суть щедроты Его зело: в руце же человечи да не впаду. И избра себе Давид смерть и дни жатвенныя пшеницы.
၁၄ဒါဝိဒ်က``ငါသည်အလွန်ဆိုးရွားသည့် အခြေအနေနှင့်ကြုံတွေ့ရပါသည်တ ကား။ လူ့လက်ဖြင့်ဒဏ်မခံရပါစေနှင့်။ ထာဝရဘုရားပင်ဒဏ်ပေးတော်မူပါ စေ။ ကိုယ်တော်သည်ကရုဏာထားတော် မူတတ်သောအရှင်ဖြစ်ပါ၏'' ဟုဂဒ် အားဆို၏။-
15 И даде Господь смерть во Израили от утра до часа обедняго, и начася язва быти в людех, и умроша от людий Господних от Дана и до Вирсавии седмьдесят тысящ мужей.
၁၅သို့ဖြစ်၍ထာဝရဘုရားသည်နံနက်ချိန် မှစ၍ပြဋ္ဌာန်းတော်မူသည့်အချိန်အထိ ဣသရေလအမျိုးသားတို့အပေါ်သို့ ကပ်ရောဂါဆိုက်ရောက်စေတော်မူ၏။ တိုင်း ပြည်တစ်စွန်းမှတစ်စွန်းတိုင်အောင်ဣသ ရေလအမျိုးသားပေါင်းခုနစ်သောင်း မျှသေဆုံးကြ၏။-
16 И простре Ангел Божий руку свою на Иерусалим погубити его, и раскаяся Господь о зле, и рече Ангелу погубляющему люди: доволно ныне, отими руку твою. И Ангел Господнь бе стоя пред гумном Орны Иевусеанина.
၁၆ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေရုရှလင်မြို့ကိုဖျက်ဆီးမည်ပြုသော အခါ ထာဝရဘုရားသည်လူတို့အား အပြစ်ဒဏ်ခတ်မှုနှင့်ပတ်သက်၍စိတ်ပြောင်း လဲတော်မူသဖြင့်``ရပ်တန့်လော့။ တော်လောက် ပြီ'' ဟုကောင်းကင်တမန်အားမိန့်တော်မူ၏။ ထိုအခါ၌ကောင်းကင်တမန်သည်ယေဗုသိ အမျိုးသားအရောန၏ကောက်နယ်တလင်း အနီးတွင်ရပ်လျက်နေသတည်း။
17 И рече Давид ко Господу, егда виде Ангела биюща люди, и рече: се, аз есмь согрешивый, аз есмь пастырь зло сотворивый, а сии овцы что сотвориша? Да будет ныне рука Твоя на мне и на дому отца моего.
၁၇လူတို့အားဒဏ်ခတ်သောကောင်းကင်တမန် ကိုဒါဝိဒ်မြင်သောအခါ``အပြစ်ရှိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဒုစရိုက်ပြုမိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဤသူတို့သည်အဘယ် ပြစ်မှုကိုပြုမိကြပါသနည်း။ ကိုယ်တော် ရှင်သည်အကျွန်ုပ်နှင့်အိမ်ထောင်စုကိုသာ အပြစ်ပေးတော်မူသင့်ပါ၏'' ဟုထာဝရ ဘုရားအားလျှောက်၏။
18 И прииде Гад к Давиду в день той и рече ему: взыди, и постави Господеви олтарь на гумне Орны Иевусеанина.
၁၈ထိုနေ့၌ပင်လျှင်ဂဒ်သည်ဒါဝိဒ်ထံသွား ၍``အရှင်သည်ယေဗုသိအမျိုးသားအရောန ၏ကောက်နယ်တလင်း၌ထာဝရဘုရား အတွက်ယဇ်ပလ္လင်ကိုတည်ဆောက်လော့'' ဟု ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆို လေ၏။-
19 И взыде Давид по глаголу Гада пророка, имже образом заповеда ему Господь.
၁၉ဒါဝိဒ်သည်ထာဝရဘုရား၏အမိန့်တော် အတိုင်း အရောန၏ကောက်နယ်တလင်းသို့ သွားတော်မူ၏။-
20 И преклонися Орна, и виде царя и отроки его восходящыя выше его, и изыде Орна, и поклонися царю на лицы своем на земли,
၂၀အရောနသည်ကြည့်လိုက်သောအခါမိမိထံ သို့မင်းကြီးနှင့်မှူးမတ်များလာနေကြသည် ကိုမြင်လျှင်ဒါဝိဒ်၏ရှေ့တော်၌မြေပေါ်သို့ လှဲချပျပ်ဝပ်လျက်၊-
21 и рече Орна: что яко прииде господин мой царь к рабу своему? И рече Давид: купити у тебе гумно (приидох), на создание олтаря Господня, и престанет язва от людий.
၂၁``အရှင်မင်းကြီးအဘယ်ကြောင့်ဤအရပ်သို့ ကြွလာတော်မူပါသနည်း'' ဟုလျှောက်၏။ ဒါဝိဒ်က``ကပ်ရောဂါဘေးငြိမ်းအေးသွားစေ ခြင်းငှာ ထာဝရဘုရားအတွက်ယဇ်ပလ္လင်ကို တည်ဆောက်လိုသဖြင့် သင်၏ကောက်နယ်တလင်း ကိုဝယ်ယူရန်ငါလာသည်'' ဟုမိန့်တော်မူ၏။
22 И рече Орна к Давиду: да приимет и вознесет господин мой царь Господу (Богу) еже благо пред очима его: се, волове во всесожжение, и колеса и сосуди волов на дрова.
၂၂အရောနက``အရှင်မင်းကြီးဤကောက်နယ် တလင်းကိုယူတော်မူပါ။ အလိုတော်ရှိရာကို ထာဝရဘုရားအားပူဇော်တော်မူပါ။ ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရန်နွားများဤမှာ ရှိပါ၏။ ထင်းအဖြစ်အသုံးပြုရန်ထမ်းပိုး များနှင့်ကောက်နယ်တန်ဆာများလည်းဤ မှာရှိပါ၏။-
23 Вся даде Орна царю. И рече Орна к царю: Господь Бог твой да благословит тя.
၂၃ထိုအရာအပေါင်းကိုမင်းကြီးအားဆက်ပါ ၏။ အရှင်၏ဘုရားသခင်ထာဝရဘုရား သည်အရှင်၏ပူဇော်သကာကိုလက်ခံတော် မူပါစေသော'' ဟုလျှောက်လေ၏။
24 И рече царь ко Орне: ни, но токмо купуя куплю от тебе ценою, и не вознесу Господу Богу моему всесожжения туне. И купи Давид гумно и волы на пятидесяти сиклех сребра.
၂၄သို့ရာတွင်မင်းကြီးက``ဤသို့မယူလို။ တန် ဖိုးကိုငါပေးမည်။ ငါသည်မိမိအဖိုးမပေး ဘဲရရှိသည့်ပူဇော်သကာများကို ငါ၏ဘုရားသခင်ထာဝရဘုရားအားဆက်သလိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။ ထိုနောက်မင်းကြီး သည်ကောက်နယ်တလင်းနှင့်နွားများကိုငွေ သားကျပ်ငါးဆယ်ပေး၍ဝယ်ယူတော်မူ၏။-
25 И созда тамо Давид олтарь Господеви: и вознесе всесожжения и мирная. И приложи Соломон ко олтарю последи, зане мал бе прежде. И послуша Господь земли, и отят язву от Израиля.
၂၅သူသည်ထိုအရပ်တွင်ထာဝရဘုရား၏ အတွက် ယဇ်ပလ္လင်ကိုတည်ဆောက်တော်မူပြီး လျှင် မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တို့ ကိုပူဇော်တော်မူ၏။ ထာဝရဘုရားသည် လည်းမင်းကြီး၏ဆုတောင်းပတ္ထနာကိုနား ညောင်းတော်မူ၍ ဣသရေလနိုင်ငံတွင် ကပ်ရောဂါဘေးကိုငြိမ်းအေးစေတော် မူ၏။ ဋ္ဌမ္မရာဇဝင်ဒုတိယစောင်ပြီး၏။