< Третья книга Царств 1 >

1 И царь Давид бысть стар прешед дни, и одеваху его ризами (многими), и не согревашеся.
ဒါ​ဝိဒ်​မင်း​သည်​အ​လွန်​အို​မင်း​သော​အ​ခါ အ​စေ​ခံ​တို့​က​စောင်​များ​ခြုံ​ပေး​သော်​လည်း မ​နွေး​နိုင်​အောင်​ရှိ​တတ်​၏။-
2 И реша отроцы его ему: да поищут господину нашему царю девицы юныя, и предстоит цареви, и будет греющи его, и да лежит с ним, и согреется господин наш царь.
သို့​ဖြစ်​၍​မှူး​မတ်​များ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အား​ခ​စား​ပြု​စု​ရန်​အ​တွက်​အ​မျိုး သ​မီး​ပျို​တစ်​ဦး​ကို​အ​ကျွန်ုပ်​တို့​ရှာ​ပါ​ရ စေ။ ထို​အ​မျိုး​သ​မီး​သည်​အ​ရှင်​၏​အ​နီး တွင်​ကပ်​၍​အိပ်​ပြီး​လျှင် အ​ရှင့်​အား​နွေး​အောင် ပြု​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။-
3 И искаша отроковицы добрыя от всего предела Израилева, и обретоша Ависагу Сумантяныню, и приведоша ю ко царю.
သူ​တို့​သည်​အ​ဆင်း​လှ​သည့်​အ​မျိုး​သ​မီး တစ်​ဦး​ကို ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက် လိုက်​လံ​ရှာ​ဖွေ​ကြ​ရာ​ရှု​နင်​မြို့​သူ​အ​ဘိ ရှက်​ကို​တွေ့​ရှိ​ကြ​သ​ဖြင့် မင်း​ကြီး​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။-
4 И бе отроковица добра видением зело: и бысть греющи царя и служаше ему: царь же не позна ея.
လွန်​စွာ​အ​ဆင်း​လှ​သည့်​ထို​အ​မျိုး​သ​မီး​သည် မင်း​ကြီး​အ​ပါး​တော်​တွင်​လုပ်​ကျွေး​ပြု​စု​သော် လည်း မင်း​ကြီး​သည်​သူ​နှင့်​ကိုယ်​လက်​နှီး​နှော​မှု ကို​မ​ပြု​ချေ။
5 И Адониа сын Аггифин вознесеся, глаголя: аз имам царствовати. И сотвори себе колесницы и конники, и пятьдесят мужей еже ходити пред ним.
ဟ္ဂိတ်​နှင့်​ဒါ​ဝိဒ်​ရ​သော​သား​အ​ဒေါ​နိ​ယ​သည် အ​လွန်​အ​ဆင်း​လှ​၏။ အ​ဗ​ရှ​လုံ​သေ​ဆုံး​သ​ဖြင့် သူ​သည်​ဒါ​ဝိဒ်​၏​လက်​ရှိ​သား​တို့​တွင်​အ​ကြီး ဆုံး​ဖြစ်​၏။ ဒါ​ဝိဒ်​သည်​သူ့​အား​အ​ဘယ်​အ​မှု တွင်​မျှ​ပြော​ဆို​ဆုံး​မ​ဖူး​သည်​ဟူ​၍​မ​ရှိ။ သူ သည်​ထီး​နန်း​ကို​မျှော်​မှန်း​သူ​ဖြစ်​၍ မိ​မိ​ကိုယ် ပိုင်​ရ​ထား​များ၊ မြင်း​များ​နှင့်​ရှေ့​တော်​ပြေး လူ​ငါး​ဆယ်​ကို​ရ​ရှိ​လေ​သည်။-
6 И не возбрани ему отец его никогда, глаголя: почто сие ты сотворил еси? И бе той красен зраком зело, и того роди по Авессаломе.
7 И беша совети его со Иоавом сыном Саруиным и со Авиафаром иереом, и помогаху вслед Адонии.
သူ​သည်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​နှင့်​တိုင်​ပင်​ရာ ထို​သူ​တို့​က သူ့​အား​ကူ​ညီ​ရန်​သ​ဘော​တူ​ကြ​၏။-
8 Садок же иерей и Ванеа сын Иодаев, и Нафан пророк и Семей, и Рисий и сынове сильнии Давидовы не быша по Адонии.
သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ယော​ယ​ဒ ၏​သား​ဗေ​နာ​ယ၊ ပ​ရော​ဖက်​နာ​သန်၊ ရှိ​မိ၊ ရေ​ဣ နှင့်​ဒါ​ဝိဒ်​၏​ကိုယ်​ရံ​တော်​တပ်​သား​များ​က​မူ အ​ဒေါ​နိ​ယ​ဘက်​သို့​မ​ဝင်​ကြ။
9 И пожре Адониа овцы и телцы и агнцы при камени Зоелефе, иже бе близ источника Рогиля: и призва всю братию свою, сыны царевы, и вся мужы Иудовы, отроки царевы:
တစ်​နေ့​သော​အ​ခါ​အ​ဒေါ​နိ​ယ​သည် အင်္ရော ဂေ​လ​စမ်း​ချောင်း​အ​နီး၊ မြွေ​ကျောက်​ဆောင် တွင်​သိုး​နွား​နှင့်​ဆူ​ဖြိုး​သော​ကျွဲ​ငယ်​များ ကို​ယဇ်​ပူ​ဇော်​ကာ ဒါ​ဝိဒ်​မင်း​၏​အ​ခြား သား​တော်​များ​နှင့်​ယု​ဒ​မှူး​မတ်​များ​အား ထို​ပူ​ဇော်​ပွဲ​သို့​ခေါ်​ဖိတ်​လေ​သည်။-
10 Нафана же пророка и Ванеа и сильных и Соломона брата своего не зва.
၁၀သို့​သော်​မိ​မိ​နှင့်​အ​ဖေ​တူ​အ​မေ​ကွဲ​ညီ တော်​သူ​ရှော​လ​မုန်​နှင့်​ပ​ရော​ဖက်​နာ​သန်၊ ဗေ​နာ​ယ​နှင့်​ဘု​ရင့်​ကိုယ်​ရံ​တော်​တပ်​သား များ​ကို​မ​ခေါ်​မ​ဖိတ်​ချေ။
11 И рече Нафан ко Вирсавии матери Соломони, глаголя: не слышала ли еси, яко воцарися Адониа сын Аггифин, господин же наш Давид не весть:
၁၁ထို​အ​ခါ​နာ​သန်​သည် ရှော​လ​မုန်​၏​မယ်​တော် ဗာ​သ​ရှေ​ဘ​ထံ​သို့​သွား​၍``ဟ္ဂိတ်​၏​သား အ​ဒေါ​နိယ​သည် မိ​မိ​ကိုယ်​ကို​မိ​မိ​မင်း​မြှောက် လိုက်​ကြောင်း​သင်​ကြား​ပြီ​လော။ ဒါ​ဝိဒ်​မင်း​ပင် ထို​သ​တင်း​ကို​ကြား​တော်​မ​မူ​သေး​ပါ။-
12 ныне убо совещаю ти совет, и избавиши душу свою и душу сына твоего Соломона:
၁၂သင်​သည်​သင့်​အ​သက်​နှင့်​သား​တော်​ရှော​လ​မုန် ၏​အ​သက်​ကို​ကယ်​လို​လျှင် သင့်​အား​အ​ကျွန်ုပ် အ​ကြံ​ပေး​ပါ​မည်။-
13 гряди, вниди к царю Давиду и речеши к нему, глаголющи: не ты ли, господи мой царю, клялся еси рабе твоей, глаголя: яко Соломон сын твой имать царствовати по мне, и той сядет на престоле моем? И что яко воцарися Адониа?
၁၃သင်​သည်​ယ​ခု​ချက်​ချင်း​ဒါ​ဝိဒ်​မင်း​ထံ​သွား ၍`အ​ရှင်​မင်း​ကြီး၊ ကျွန်​မ​၏​သား​ရှော​လ​မုန် အား​အ​ရှင့်​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း ထိုင်​ရ​မည်​ဟု​အ​ရှင်​ကျိန်​ဆို​က​တိ​ပြု​တော် မူ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ယ​ခု​အ​ဘယ်​ကြောင့် အ​ဒေါ​နိ​ယ​သည်​ဘု​ရင်​ဖြစ်​သွား​ပါ​သ​နည်း' ဟု​မေး​လျှောက်​လော့။-
14 И се, еще глаголющей тебе тамо со царем, и аз вниду вслед тебе и дополню словеса твоя.
၁၄ယင်း​သို့​သင်​မေး​လျှောက်​နေ​စဉ်​အ​ကျွန်ုပ်​သည် ဝင်​လာ​၍ သင်​၏​စကား​ကို​အ​တည်​ပြု​မည်'' ဟု ဆို​၏။
15 И вниде Вирсавиа ко царю в ложницу. И царь стар зело, и Ависаг Сумантяныня бяше служащи царю.
၁၅ထို့​ကြောင့်​ဗာ​သ​ရှေ​ဘ​သည် မင်း​ကြီး​အား ခ​စား​ရန်​အ​ဆောင်​ထဲ​သို့​ဝင်​လေ​၏။ မင်း​ကြီး သည်​လွန်​စွာ​အို​မင်း​ပြီ​ဖြစ်​၍ ရှု​နင်​မြို့​သူ အ​ဘိ​ရှက်​က​သူ့​အား​လုပ်​ကျွေး​ပြု​စု​လျက် နေ​၏။-
16 И приклонися Вирсавиа и поклонися цареви. И рече царь: что ти есть?
၁၆ဗာ​သ​ရှေ​ဘ​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​လိုက်​သော​အ​ခါ​မင်း​ကြီး က``သင်​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​သနည်း'' ဟု​မေး​တော်​မူ​၏။
17 Она же рече: господи мой царю, ты клялся еси пред Господем Богом твоим рабе твоей, глаголя: яко сын твой Соломон имать царствовати по мне, и той сядет на престоле моем:
၁၇ဗာ​သ​ရှေ​ဘ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ကျွန်​မ​၏​သား​ရှော​လ​မုန်​အား​အ​ရှင့်​အ​ရိုက် ရာ​ကို​ဆက်​ခံ​၍ နန်း​တင်​ရ​မည်​ဟု​အ​ရှင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နာ​မ​တော်​ကို တိုင်​တည်​၍​ကျိန်​ဆို​က​တိ​ပြု​တော်​မူ​ခဲ့​ပါ​၏။-
18 и се, ныне Адониа царствует, ты же, господи мой царю, не веси:
၁၈သို့​ရာ​တွင်​ယ​ခု​အ​ဒေါ​နိ​ယ​သည်​ဘု​ရင် ဖြစ်​လျက်​နေ​လေ​ပြီ။ သို့​သော်​အ​ရှင်​ထို သ​တင်း​ကို​ကြား​သိ​တော်​မ​မူ​သေး​ပါ။-
19 и пожре телцы и агнцы и овцы во множестве, и созва вся сыны царевы, и Авиафара жерца и Иоава князя силы, Соломона же раба твоего не призва:
၁၉သူ​သည်​နွား၊ သိုး​နှင့်​ဆူ​ဖြိုး​သော​နွား​ငယ် များ​ကို​ယဇ်​ပူ​ဇော်​ကာ​အ​ရှင်​၏​သား​တော် များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​ရှင့်​တပ်​မ တော်​ဗိုလ်​ချုပ်​ယွာ​ဘ​တို့​အား​ယဇ်​ပူ​ဇော်​ပွဲ သို့​ခေါ်​ဖိတ်​ပါ​၏။ သို့​ရာ​တွင်​အ​ရှင်​၏ သား​တော်​ရှော​လ​မုန်​ကို​မူ​မ​ခေါ်​ဖိတ်​ပါ။-
20 ты же, господи мой царю, очи всего Израиля к тебе: да возвестиши им, кто сядет на престоле господина моего царя по нем:
၂၀အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​မည့်​သူ​မှာ​အ​ဘယ်​သူ​ဖြစ်​ကြောင်း​မိန့် ကြား​တော်​မူ​ရန် ဣသ​ရေ​လ​အ​မျိုး​သား​တစ်​ရပ် လုံး​သည်​အ​ရှင့်​အား​စောင့်​မျှော်​လျက်​နေ​ကြ ပါ​၏။-
21 и будет егда уснет господин мой царь со отцы своими, и буду аз и сын мой Соломон грешни.
၂၁အ​ရှင်​ဤ​သို့​မိန့်​တော်​မ​မူ​ပါ​လျှင်​ကျွန်​မ​နှင့် ကျွန်​မ​၏​သား​ရှော​လ​မုန်​သည် အ​ရှင်​မ​ရှိ​သည့် နောက်​သစ္စာ​ဖောက်​များ​အ​ဖြစ်​ဖြင့်​ရာ​ဇ​ဝတ် သင့်​သူ​များ​ဖြစ်​ကြ​တော့​မည်'' ဟု​လျှောက်​၏။
22 И се, еще ей глаголющей с царем, и Нафан пророк прииде.
၂၂ယင်း​သို့​လျှောက်​ထား​နေ​ချိန်​၌ ပ​ရော​ဖက် နာ​သန်​ရောက်​ရှိ​လာ​သ​ဖြင့်၊-
23 И возвестиша царю, глаголюще се, Нафан пророк. И вниде пред лице царево, и поклонися царю пред лицем его до земли,
၂၃ပ​ရော​ဖက်​ရောက်​ရှိ​ကြောင်း​မင်း​ကြီး​အား​သံ တော်​ဦး​တင်​ကြ​၏။ နာ​သန်​သည်​လည်း​အ​ခန်း ထဲ​သို့​ဝင်​လာ​ပြီး​လျှင်​ရှေ့​တော်​၌​ဦး​ညွှတ် ပျပ်​ဝပ်​လျက်၊-
24 и рече Нафан: господи мой царю, ты ли рекл еси: Адониа да царствует по мне, и той да сядет на престоле моем?
၂၄``အ​ရှင်​မင်း​ကြီး၊ အ​ဒေါ​နိ​ယ​အား​အ​ရှင် ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စေ​တော်​မူ​မည် ဟု​အ​ရှင်​ကြေ​ငြာ​ပြီ​လော။-
25 Яко сниде днесь и закла телцы и агнцы и овцы во множестве, и созва вся сыны царевы и князи сильных, и Авиафара иереа: и се, суть ядуще и пиюще пред ним, и реша: да живет царь Адониа:
၂၅ယ​နေ့​ပင်​လျှင်​သူ​သည်​ယဇ်​ပလ္လင်​သို့​သွား​၍ နွား၊ သိုး​နှင့်​ဆူ​ဖြိုး​သော​နွား​ငယ်​များ​ကို​ယဇ် ပူ​ဇော်​ပါ​၏။ သူ​သည်​အ​ရှင့်​သား​တော်​အ​ပေါင်း နှင့်​တပ်​မ​တော်​ဗိုလ်​ချုပ်​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​ကို​ခေါ်​ဖိတ်​သ​ဖြင့် ယ​ခု အ​ချိန်​၌​သူ​တို့​သည်​အ​ဒေါ​နိ​ယ​နှင့်​အ​တူ စား​သောက်​ကာ`အ​ဒေါ​နိ​ယ​မင်း​သက်​တော် ရှည်​ပါ​စေ​သော်' ဟု​ကြွေး​ကြော်​လျက်​နေ ကြ​ပါ​၏။-
26 и мене самаго раба твоего, и Садока иереа, и Ванеа сына Иодаева, и Соломона раба твоего не зва:
၂၆သို့​ရာ​တွင်​အ​ဒေါ​နိ​ယ​သည်​ကိုယ်​တော်​၏ အ​စေ​ခံ​အ​ကျွန်ုပ်၊ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ဗေ​နာ​ယ​နှင့်​ရှော​လ​မုန်​တို့​ကို​မ​ခေါ် မ​ဖိတ်​ပါ။-
27 от господина ли царя моего бысть глагол сей? И не сказал еси рабу твоему, кто сядет на престоле господина моего царя по нем?
၂၇ဤ​အ​မှု​အ​ရာ​တို့​ကို​အ​ရှင်​မင်း​ကြီး​နှစ်​သက် လက်​ခံ​တော်​မူ​ပါ​သ​လော။ အ​ရှင်​၏​အ​ရိုက် အ​ရာ​ကို​မည်​သူ​လက်​ခံ​၍​နန်း​တက်​ရ​မည် ကို​မှူး​မတ်​တို့​အား​မ​ဖော်​မ​ပြ​ဘဲ​ဤ​အ​မှု ကို​အ​ရှင်​မင်း​ကြီး​စီ​ရင်​တော်​မူ​ပါ​သ​လော'' ဟု​လျှောက်​လေ​၏။
28 И отвеща царь Давид и рече: призовите ми Вирсавию. И вниде (Вирсавиа) пред царя и ста пред лицем его.
၂၈ဒါ​ဝိဒ်​မင်း​က``ဗာ​သ​ရှေ​ဘ​အား အ​ခန်း​ထဲ​သို့ ပြန်​၍​ဝင်​စေ​လော့'' ဟု​ဆို​လျှင် ဗာ​သ​ရှေ​ဘ သည်​ဝင်​လာ​၍​ရှေ့​တော်​တွင်​ရပ်​လျက်​နေ​၏။-
29 И клятся царь и рече: жив Господь, иже избави душу мою от всея печали:
၂၉ထို​အ​ခါ​မင်း​ကြီး​က``ဒုက္ခ​ဆင်း​ရဲ​အ​ပေါင်း မှ​ငါ့​အား​ကယ်​ဆယ်​တော်​မူ​၍ အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ကာ​သင့်​အား​ငါ​ကျိန်​ဆို​ပါ​၏။-
30 якоже бо кляхтися пред Господем Богом Израилевым, глаголя: яко Соломон сын твой воцарится по мне, и той сядет на престоле моем вместо мене, яко тако сотворю ему в днешний день.
၃၀ငါ​သည်​သင်​၏​သား​ရှော​လ​မုန်​အား​ငါ့ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ရ​မည် ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နာ​မ​တော်​ကို​တိုင် တည်​၍ ကျိန်​ဆို​ခဲ့​သည်​အ​တိုင်း​ငါ​ပြု​မည် ဖြစ်​ကြောင်း​ယ​နေ့​ငါ​က​တိ​ပေး​၏'' ဟု မိန့်​တော်​မူ​၏။
31 И преклонися Вирсавиа лицем на землю, и поклонися царю и рече: да живет господин мой царь Давид во веки.
၃၁ဗာ​သ​ရှေ​ဘ​သည်​ဦး​ညွတ်​ပျပ်​ဝပ်​လျက်``ကျွန်​မ ၏​သ​ခင် အ​ရှင်​မင်း​ကြီး​သည်​သက်​တော်​ရှည် ပါ​စေ​သော'' ဟု​မြွက်​ဆို​လေ​၏။
32 И рече царь Давид: призовите мне Садока жерца и Нафана пророка, и Ванеа сына Иодаева. И внидоша пред царя.
၃၂ထို့​နောက်​ဒါ​ဝိဒ်​မင်း​သည်​ဇာ​ဒုတ်၊ နာ​သန်​နှင့် ဗေ​နာ​ယ​တို့​ကို​ခေါ်​စေ​တော်​မူ​၏။ သူ​တို့ ရောက်​ရှိ​လာ​သော​အ​ခါ၊-
33 И рече им царь: поимите с собою рабы господина вашего, и всадите сына моего Соломона на мска моего, и ведите его к Гиону,
၃၃မင်း​ကြီး​က``ငါ​၏​မှူး​မတ်​တို့​ကို​အ​တူ​ခေါ်​ကာ သား​တော်​ရှော​လ​မုန်​အား ငါ​၏​မြည်း​တော်​ကို စီး​စေ​၍​ဂိ​ဟုန်​စမ်း​သို့​ပို့​ဆောင်​ကြ​လော့။-
34 и да помажет его тамо Садок иерей и Нафан пророк в царя над Израилем, и вострубите трубою рожаною и речете: да живет царь Соломон:
၃၄ထို​အ​ရပ်​တွင်​ဇာ​ဒုတ်​နှင့်​နာ​သန်​တို့​က​သူ့​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ဘိ​သိက်​ပေး​ကြ စေ။ ထို့​နောက်​တံ​ပိုး​ခ​ရာ​မှုတ်​၍`ရှော​လ​မုန်​မင်း သက်​တော်​ရှည်​ပါ​စေ​သော' ဟု​ကြွေး​ကြော်​ကြ လော့။-
35 и изыдите вслед его, и внидет, и сядет на престоле моем, и той воцарится вместо мене: и аз заповедах, да будет властелин над Израилем и Иудою.
၃၅သူ​သည်​ငါ​၏​ရာ​ဇာ​ပလ္လင်​ပေါ်​တွင်​စံ​တော်​မူ​ရန် ဤ​အ​ရပ်​သို့​ပြန်​လာ​ချိန်​၌​သင်​တို့​သည်​လည်း သူ​၏​နောက်​မှ​လိုက်​ခဲ့​ရ​ကြ​မည်။ သူ့​အား​ဣ​သ ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​၏​ဘု​ရင်​အ​ဖြစ် ငါ​ရွေး​ချယ်​တော်​မူ​ပြီ။ ထို့​ကြောင့်​သူ​သည်​ငါ ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ရ မည်'' ဟု​မိန့်​တော်​မူ​၏။
36 И отвеща Ванеа сын Иодаев царю и рече: буди тако: да утвердит Господь Бог глагол сей господина моего царя:
၃၆ဗေ​နာ​ယ​က``အ​မိန့်​တော်​အ​တိုင်း​ဖြစ်​စေ ပါ​မည်။ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​လည်း ထို​အ​မိန့်​တော်​ကို​အ​တည် ပြု​တော်​မူ​ပါ​စေ​သော။-
37 якоже бе Господь со господином моим царем, тако да будет и с Соломоном, и да возвеличит престол его паче престола господина моего царя Давида.
၃၇ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​မင်း​ကြီး​နှင့် အ​တူ​ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ ရှော​လ​မုန် နှင့်​လည်း​အ​တူ​ရှိ​တော်​မူ​၍ သူ​နန်း​စံ​ချိန်​၌ အ​ရှင်​နန်း​စံ​တော်​မူ​ချိန်​မှာ​ထက်​ပင်​ပို​၍ ပြည်​တော်​သာ​ယာ​ဝ​ပြော​ပါ​စေ​သော'' ဟု ပြန်​လည်​လျှောက်​ထား​၏။
38 И сниде Садок иерей и Нафан пророк, и Ванеа сын Иодаев, и Хереффи и Фелеффи, и всадиша Соломона на мска царя Давида, и возведоша его к Гиону:
၃၈ထို့​ကြောင့်​ဇာ​ဒုတ်၊ နာ​သန်၊ ဗေ​နာ​ယ​နှင့်​ဘု​ရင့် ကိုယ်​ရံ​တော်​တပ်​သား​တို့​သည်​ရှော​လ​မုန်​အား ဒါ​ဝိဒ်​မင်း​၏​မြည်း​တော်​ကို​စီး​စေ​လျက် ဂိ​ဟုန်​စမ်း​သို့​ပို့​ကြ​၏။-
39 и взя Садок иерей рог с елеем от скинии, и помаза Соломона, и воструби трубою рожаною, и реша вси людие: да живет царь Соломон.
၃၉ဇာ​ဒုတ်​သည်​ထာ​ဝရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​မှ မိ​မိ​ဆောင်​ခဲ့​သော​သံ​လွင်​ဆီ​ဘူး​ကို​ယူ​၍ ရှော​လ​မုန်​အား​ဘိ​သိက်​ပေး​လေ​သည်။ ထို့​နောက် တံပိုး​ခ​ရာ​မှုတ်​လိုက်​သော​အ​ခါ လူ​အ​ပေါင်း တို့​သည်``ရှော​လ​မုန်​မင်း​သက်​တော်​ရှည်​ပါ​စေ သော'' ဟု​ကြွေး​ကြော်​ကြ​၏။-
40 И взыдоша вси людие вслед его и ликоваша в лицех, и веселяхуся веселием великим, и разседеся земля от гласа их.
၄၀ထို့​နောက်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​အော်​ဟစ်​လျက် ပ​လွေ​များ​ကို​မှုတ်​လျက် မြေ​ကြီး​ကွဲ​မ​တတ် အ​သံ​ဗ​လံ​များ​ကို​ပြု​ကာ​ရှော​လ​မုန်​၏ နောက်​မှ​လိုက်​ကြ​၏။
41 И слыша Адониа и вси званнии его, и тии скончаша уже ядуще. И слыша Иоав глас трубы рожаны и рече: кий глас есть града шумяща?
၄၁အ​ဒေါ​နိ​ယ​နှင့်​သူ​၏​ဧည့်​သည်​တော်​တို့​သည် မိ​မိ တို့​စား​သောက်​ပွဲ​ပြီး​ခါ​နီး​၌​ထို​အ​သံ​ကို​ကြား ကြ​၏။ ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​ကြား သော်``မြို့​ထဲ​၌​ဤ​အ​သံ​ကား​အ​ဘယ်​သို့​နည်း'' ဟု​မေး​၏။-
42 И еще Ему глаголющу, и се, Ионафан сын Авиафара иереа прииде. И рече Адониа: вниди, яко муж силы ты еси, и благая возвести.
၄၂သူ​၏​စ​ကား​မ​ဆုံး​မီ​၌​ပင်​ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​၏​သား ယော​န​သန်​ရောက်​ရှိ​လာ​သ​ဖြင့် အ​ဒေါ​နိ​ယ​က``ဝင်​ခဲ့​လော့။ သင်​သည်​လူ​ကောင်း တစ်​ယောက်​ဖြစ်​၍​သ​တင်း​ကောင်း​ကို​ဆောင်​ယူ လာ​သူ​ဖြစ်​ရ​ပေ​မည်'' ဟု​ဆို​၏။
43 И отвеща Ионафан и рече: известно, господин наш царь Давид постави Соломона царем:
၄၃ယော​န​သန်​က``သ​တင်း​ကောင်း​ဖြစ်​မည်​မ ထင်​ပါ။ အ​ကျွန်ုပ်​တို့​အ​ရှင်​ဒါ​ဝိဒ်​မင်း​သည် ရှော​လ​မုန်​အား​မင်း​မြှောက်​လိုက်​လေ​ပြီ။-
44 и посла с ним царь Садока иереа и Нафана пророка, и Ванеа сына Иодаева, и Хереффи и Фелеффи, и всадиша его на мска царева:
၄၄မင်း​ကြီး​သည်​ဇာ​ဒုတ်၊ နာ​သန်၊ ဗေ​နာ​ယ​နှင့် ဘု​ရင့်​ကိုယ်​ရံ​တော်​တပ်​သား​များ​အား ရှော​လ​မုန် ကို​ဘု​ရင်​၏​မြည်း​တော်​ပေါ်​တွင်​တင်​၍​ခေါ်​ဆောင် သွား​စေ​တော်​မူ​ပါ​၏။-
45 и помазаша его Садок иерей и Нафан пророк на царство в Гионе, и взыдоша оттуду веселящеся, и возшуме град: сей глас, егоже слышасте:
၄၅ထို့​နောက်​ဇာ​ဒုတ်​နှင့်​နာ​သန်​တို့​က​ရှော​လ​မုန် အား ဂိ​ဟုန်​စမ်း​တွင်​ဘိ​သိက်​ပေး​ကြ​ပါ​သည်။ သူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​အော်​ဟစ် လျက်​မြို့​ထဲ​သို့​ဝင်​ကြ​သ​ဖြင့် မြို့​သူ​မြို့​သား တို့​သည်​ယ​ခု​အ​ခါ​အုတ်​အုတ်​ကျက်​ကျက် ဖြစ်​၍​နေ​ကြ​ပါ​၏။ အ​ရှင်​ကြား​ရ​သည့် အ​သံ​သည်​ထို​သူ​တို့​၏​အ​သံ​ပင်​ဖြစ်​ပါ​၏။-
46 и седе Соломон на престоле царстем:
၄၆ရှော​လ​မုန်​သည်​ယ​ခု​ဘု​ရင်​ဖြစ်​လေ​ပြီ။
47 и внидоша раби царевы благословити господина нашего царя Давида, глаголюще: да ублажит Бог имя Соломона сына твоего паче имене твоего, и да возвеличит престол его паче престола твоего: и поклонися царь на одре своем,
၄၇မှူး​မတ်​များ​သည်​ဒါ​ဝိဒ်​မင်း​ထံ​အ​ရို​အ​သေ ပြု​ရန် သွား​ရောက်​၍`အ​ရှင်​၏​ဘု​ရား​သ​ခင်​သည် ရှော​လ​မုန်​အား​အ​ရှင့်​ထက်​ပင်​ပို​၍​ထင်​ပေါ် ကျော်​စော​အောင်​ပြု​တော်​မူ​ပါ​စေ​သော။ သူ​နန်း စံ​ချိန်​၌​လည်း​အ​ရှင်​နန်း​စံ​တော်​မူ​ချိန်​မှာ​ထက် ပို​၍​ပြည်​တော်​သာ​ယာ​ဝ​ပြော​ပါ​စေ​သော' ဟု လျှောက်​ထား​ကြ​ပါ​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​မင်း သည်​မိ​မိ​၏​အိပ်​ရာ​ပေါ်​တွင်​ဦး​ညွှတ်​လျက်၊-
48 и сице рече царь: благословен Господь Бог Израилев, Иже даде днесь от семене моего седяща на престоле моем, и очи мои видят.
၄၈`ငါ​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​တစ်​ဦး​အား​ငါ ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​စေ​တော် မူ​သည်​သာ​မ​က​ငါ့​အား​လည်း ထို​အ​မှု​ကို မြင်​နိုင်​ခွင့်​ပေး​တော်​မူ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​စို့' ဟု​ဆု​တောင်း​ပတ္ထ​နာ ပြု​တော်​မူ​ပါ​၏'' ဟူ​၍​ပြန်​လည်​ဖြေ​ကြား လေ​သည်။
49 И ужасошася ужасом, и восташа вси званнии Адониевы, и отиде кийждо путем своим.
၄၉ထို​အ​ခါ​အ​ဒေါ​နိ​ယ​၏ ဧည့်​သည်​တော်​တို့ သည်​ကြောက်​လန့်​ကြ​သ​ဖြင့် ထ​၍​တစ်​ယောက် တစ်​လမ်း​စီ​ပြန်​သွား​ကြ​၏။-
50 И Адониа убояся от лица Соломоня, и воста и отиде, и ятся за рог олтаря.
၅၀အ​ဒေါ​နိ​ယ​သည်​ရှော​လ​မုန်​ကို​လွန်​စွာ ကြောက်​သော​ကြောင့် ထာ​ဝရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​သို့​သွား​၍​ယဇ်​ပလ္လင်​ထောင့် စွယ်​များ ကို​ဆုပ်​ကိုင်​ထား​ပြီး​လျှင်၊-
51 И возвестиша Соломону, глаголюще: се, Адониа убояся царя Соломона, и держится за рог олтаря, глаголя: да кленетмися днесь царь Соломон, яко не убиет раба своего оружием.
၅၁``ရှော​လ​မုန်​မင်း​သည်​ကျွန်​တော်​အား​ကွပ်​မျက် တော်​မူ​မည်​မ​ဟုတ်​ဟု ဦး​စွာ​ကျိန်​ဆို​မိန့်​မြွက် တော်​မူ​ပါ​စေ'' ဟု​ဆို​၏။ ဤ​အ​ချင်း​အ​ရာ ကို​ရှော​လ​မုန်​မင်း​အား​လျှောက်​ထား​ကြ​၏။-
52 И рече Соломон: аще будет сын силы, ни влас главы его упадет на землю: аще же злоба обрящется в нем, умрет.
၅၂ရှော​လ​မုန်​က``သူ​သည်​သစ္စာ​ရှိ​သူ​ဖြစ်​ပါ လျှင် သူ​၏​ဦး​ခေါင်း​မှ​ဆံ​ခြည်​တစ်​ပင်​ကို မျှ​လက်​ဖျား​နှင့်​ထိ​လိမ့်​မည်​မ​ဟုတ်။ သစ္စာ မဲ့​သူ​ဖြစ်​လျှင်​မူ​ကား​သေ​ဒဏ်​ခံ​ရ​မည်'' ဟု​ဆို​၏။-
53 И посла царь Соломон, и сведоша его со олтаря. И вниде, и поклонися царю Соломону. И рече ему Соломон: иди в дом свой.
၅၃ထို့​နောက်​ရှော​လ​မုန်​မင်း​သည်​လူ​လွှတ်​၍ အ​ဒေါ​နိ​ယ​အား​ယဇ်​ပလ္လင်​မှ​ခေါ်​ခဲ့​စေ​၏။ အ​ဒေါ​နိ​ယ​သည်​မင်း​ကြီး​ထံ​လာ​ရောက် ၍​ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​နေ​၏။ ထို​အ​ခါ​မင်း​ကြီး​က​သူ့​အား``သင့်​အိမ် သို့​ပြန်​နိုင်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

< Третья книга Царств 1 >