< Четвертая книга Царств 10 >

1 И Ахааву беша седмьдесят сынове во Самарии. И написа писание Ииуй и посла в Самарию ко князем Самарийским и к старейшинам и ко кормителем сынов Ахаавлих, глаголя:
အာ​ဟပ်​မင်း​၏​သား​မြေး​ခု​နစ်​ဆယ်​တို့​သည် ရှ​မာ​ရိ​မြို့​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ ယေ​ဟု သည်​အုပ်​ချုပ်​ရေး​မှူး​များ၊ မြို့​မိ​မြို့​ဖ​များ နှင့်​အာ​ဟပ်​သား​မြေး​တို့​၏​အုပ်​ထိန်း​သူ​များ ထံ​သို့​စာ​ရေး​၍​ပို့​လိုက်​၏။ ထို​စာ​တွင်၊-
2 и ныне егда приидет писание сие к вам, и с вами сынове господина вашего, и с вами колесницы и кони, и грады тверды и оружия:
``သင်​တို့​သည်​မင်း​ကြီး​၏​သား​မြေး​များ ကို​တာ​ဝန်​ယူ​စောင့်​ရှောက်​ရ​ကြ​သူ​များ​ဖြစ် သ​ဖြင့် သင်​တို့​၌​စစ်​ရ​ထား​တပ်၊ မြင်း​တပ်၊ လက်​နက်၊ ခံ​တပ်​မြို့​များ​ရှိ​ပေ​သည်။ ထို့​ကြောင့် ဤ​စာ​ကို​ရ​လျှင်​ရ​ခြင်း၊-
3 и узрите благаго и праваго в сынех господина вашего, и поставите его на престоле отца его, и да воюете о доме господина вашего.
သင်​တို့​သည်​မင်း​ကြီး​၏​သား​မြေး​များ​ထဲ​မှ အ​သင့်​တော်​ဆုံး​သူ​ကို​ရွေး​ချယ်​၍​မင်း​မြှောက် ပြီး​လျှင် သူ​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တိုက်​ခိုက် ကြ​လော့'' ဟု​ပါ​ရှိ​၏။
4 И убояшася зело и реша: се, два царя не возмогоста стати противу лицу его, и како мы станем?
ရှ​မာ​ရိ​မြို့​ရှိ​အုပ်​ချုပ်​ရေး​မှူး​များ​သည် ထိတ် လန့်​လျက်``ယေ​ဟု​အား​ယော​ရံ​မင်း​နှင့်​အာ​ခ​ဇိ မင်း​တို့​ပင်​လျှင် မ​ခံ​မ​ရပ်​နိုင်​ကြ​ပါ​လျှင် ငါ တို့​အ​ဘယ်​သို့​သူ့​အား​ခံ​ရပ်​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။-
5 И послаша иже над домом и иже над градом, и старейшины, и кормителе ко Ииую, глаголголюще: отроцы мы твои, и елика аще речеши к нам, сотворим: не воцарим мужа, благое пред очима твоима сотворим.
သို့​ဖြစ်​၍​နန်း​တော်​အုပ်၊ မြို့ဝန်၊ မြို့​မိ​မြို့​ဖ များ​နှင့်​အာ​ဟပ်​သား​မြေး​တို့​၏​အုပ်​ထိန်း သူ​များ​က​ယေ​ဟု​ထံ​သို့``အ​ကျွန်ုပ်​တို့​သည် အ​ရှင်​၏​အ​စေ​ခံ​များ​ဖြစ်​သ​ဖြင့် အ​ရှင့် အ​မိန့်​တော်​ကို​လိုက်​နာ​ရန်​အ​သင့်​ရှိ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​သူ​ကို မျှ​မင်း​မြှောက်​ကြ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင် သင့်​တော်​သ​လို​စီ​မံ​တော်​မူ​ပါ'' ဟု​ပြန် စာ​ရေး​၍​ပို့​ကြ​၏။
6 И написа к ним Ииуй писание второе, глаголя: аще вы мои и гласа моего вы послушаете, возмите главы мужей сынов господина вашего и принесите ко мне, якоже час утро, во Иезраель. И бе сынов царевых седмьдесят мужей, сии началницы града вскормиша их.
ယေ​ဟု​က​လည်း``သင်​တို့​သည်​ငါ​၏​ဘက်​သို့ ပါ​၍ ငါ့​အ​မိန့်​ကို​လိုက်​နာ​ရန်​အ​သင့်​ရှိ​ပါ လျှင် အာ​ဟပ်​မင်း​၏​သား​မြေး​တို့​၏​ဦး​ခေါင်း များ​ကို နက်​ဖြန်​ဤ​အ​ချိန်​အ​ရောက်​ငါ့​ထံ သို့​ယူ​ဆောင်​ခဲ့​ကြ​လော့'' ဟု​နောက်​ထပ်​စာ ရေး​ပေး​ပို့​လိုက်​လေ​သည်။ ရှ​မာ​ရိ​မြို့​ရှိ​မြို့​မိ​မြို့​ဖ​တို့​သည် အာ​ဟပ် မင်း​၏​သား​မြေး​ခု​နစ်​ဆယ်​ကို​အုပ်​ထိန်း စောင့်​ရှောက်​လျက်​ရှိ​ကြ​၏။-
7 И бысть егда прииде к ним писание, и взяша сыны царевы и заклаша их седмьдесят мужей, и возложиша главы их в кошницы и послаша их к нему во Иезраель.
သူ​တို့​သည်​ယေ​ဟု​၏​စာ​ကို​ရ​ရှိ​ကြ​သော အ​ခါ ထို​မင်း​ညီ​မင်း​သား​ခု​နစ်​ဆယ်​ကို​သတ် ပြီး​လျှင် သူ​တို့​၏​ဦး​ခေါင်း​များ​ကို​တောင်း များ​တွင်​ထည့်​၍ ယေ​ဇ​ရေ​လ​မြို့​ရှိ​ယေ​ဟု ထံ​သို့​ပို့​လိုက်​ကြ​၏။
8 И прииде вестник, и возвести ему, глаголя: принесоша главы сынов царевых. И рече: положите я в два холма при вратех града до заутра.
ယင်း​သို့​အာ​ဟပ်​သား​မြေး​တို့​၏​ဦး​ခေါင်း များ​ရောက်​ရှိ​လာ​ကြောင်း​ယေ​ဟု​ကြား​သိ လျှင် ယင်း​တို့​ကို​မြို့​တံ​ခါး​ဝ​တွင်​နှစ်​ပုံ​ပုံ ၍​နောက်​တစ်​နေ့​နံ​နက်​တိုင်​အောင် ထား​ရှိ​ရန် အ​မိန့်​ပေး​၏။-
9 И бысть заутра, и изыде и ста во вратех града, и рече ко всем людем: праведни вы: се, аз есмь, обратихся на господина моего и убих его: и кто порази всех сих?
နံ​နက်​ရောက်​သော​အ​ခါ​ယေ​ဟု​သည် မြို့ တံ​ခါး​သို့​သွား​၍​ရောက်​ရှိ​နေ​သည့်​လူ​တို့ အား``ယော​ရံ​မင်း​ကို​လုပ်​ကြံ​ခဲ့​သူ​မှာ​ငါ ပင်​ဖြစ်​၏။ ထို​အ​မှု​အ​တွက်​သင်​တို့​တွင် တာ​ဝန်​မ​ရှိ​ပါ။ သို့​ရာ​တွင်​ဤ​သူ​တို့​ကို သတ်​သော​သူ​ကား​အ​ဘယ်​သူ​ဖြစ်​ပါ သ​နည်း။-
10 Видите убо, яко не падет от глагола Господня на землю, егоже глагола Господь на дом Ахаавль: и Господь сотвори, елика глагола рукою раба Своего Илии.
၁၀အာ​ဟပ်​၏​သား​မြေး​များ​နှင့်​ပတ်​သက်​၍ ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း စီ ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း ဤ​အ​မှု​ကို ထောက်​၍​သိ​ရှိ​နိုင်​ပါ​၏။ ထာ​ဝရ​ဘု​ရား သည်​ပ​ရော​ဖက်​ဧ​လိ​ယ​အား​ဖြင့် မိန့် တော်​မူ​ခဲ့​သည်​နှင့်​အ​ညီ အ​ကောင် အ​ထည်​ဖော်​တော်​မူ​လေ​ပြီ'' ဟု​ပြော​၏။-
11 И изби Ииуй всех оставшихся в дому Ахаавли во Иезраели, и вся вельможы его, и знаемыя его, и жерцы его, яко не остатися его останку.
၁၁ထို​နောက်​ယေ​ဟု​သည်​ယေ​ဇ​ရေ​လ​မြို့ တွင်​နေ​ထိုင်​လျက်​ရှိ​သော အာ​ဟပ်​၏​ဆွေ မျိုး​များ၊ သူ​၏​မှူး​မတ်​များ၊ ရင်း​နှီး​သော မိတ်​ဆွေ​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ကို တစ်​ယောက်​မ​ကျန်​ကွပ်​မျက်​လေ​၏။
12 И воста и иде в Самарию сам, в Вефакад пастырский при пути.
၁၂ယေ​ဟု​သည်​ရှ​မာ​ရိ​မြို့​သို့​သွား​ရန်​ယေ​ဇ ရေ​လ​မြို့​မှ​ထွက်​ခွာ​သွား​၏။ လမ်း​၌​သိုး​ထိန်း များ​စ​ခန်း​ဟု​အ​မည်​တွင်​သော​အ​ရပ်​သို့ ရောက်​သော​အ​ခါ၊-
13 И Ииуй обрете братию Охозии царя Иудина и рече: кто вы? И реша: братия Охозиины мы, и снидохом поздравити сыны царевы и сыны обладающия.
၁၃သူ​သည်​ကွယ်​လွန်​သူ​အာ​ခ​ဇိ​၏​ဆွေ​မျိုး အ​ချို့​နှင့်​တွေ့​၍ သူ​တို့​အား``သင်​တို့​သည် အ​ဘယ်​သူ​များ​ပေ​နည်း'' ဟု​မေး​၏။ ထို​သူ​တို့​က``အာ​ခ​ဇိ​၏​ဆွေ​တော်​မျိုး​တော် များ​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​ယေ​ဇ ဗေ​လ​မိ​ဖု​ရား​၏​သား​တော်​သ​မီး​တော်​များ နှင့် အ​ခြား​မင်း​ဆွေ​မင်း​မျိုး​တို့​အား​ဂါ​ရ​ဝ ပြု​ရန် ယေ​ဇ​ရေ​လ​မြို့​သို့​သွား​ကြ​ပါ​မည်'' ဟု​ဖြေ​ကြား​ကြ​၏။-
14 И рече: поимите я живы. И взяша их живых, и заклаша их в Вефакаде, четыредесять два мужа: и не остави мужа от них.
၁၄ယေ​ဟု​က``ဤ​သူ​တို့​အား​လက်​ရ​ဖမ်း​ဆီး ကြ​လော့'' ဟု​မိ​မိ​၏​လူ​တို့​အား​အ​မိန့်​ပေး သည့်​အ​တိုင်း ဖမ်း​ဆီး​၍​တွင်း​တစ်​ခု​အ​နီး တွင်​လူ​ပေါင်း​လေး​ဆယ့်​နှစ်​ယောက်​တို့​ကို ကွပ်​မျက်​လေ​သည်။
15 И иде оттуду, и обрете Ионадава сына Рихавля на пути во сретение себе, и благослови его. И рече к нему Ииуй: аще есть сердце твое с сердцем моим право, якоже сердце мое с сердцем твоим? И рече Ионадав: есть. И рече Ииуй: и аще есть, даждь руку твою. И даде руку свою. И возведе его к себе на колесницу
၁၅ယေ​ဟု​သည်​တစ်​ဖန်​ထွက်​ခွာ​သွား​သော​အ​ခါ လမ်း​၌​ရေ​ခပ်​၏​သား​ယော​န​ဒပ်​နှင့်​တွေ့​လေ​၏။ ယေ​ဟု​သည်​သူ့​ကို​နှုတ်​ဆက်​ပြီး​လျှင်``သင်​သည် ငါ​နှင့်​စိတ်​နေ​သ​ဘော​ထား​ချင်း​တူ​ပါ​၏။ သို့ ဖြစ်​၍​ငါ့​အား​ကူ​ညီ​မည်​လော'' ဟု​မေး​၏။ ယော​န​ဒပ်​က``ကူ​ညီ​ပါ​မည်'' ဟု​ဖြေ​၏။ ယေ​ဟု​က``ယင်း​သို့​ဖြစ်​ပါ​မူ​ငါ့​အား​သင်​၏ လက်​ကို​ကမ်း​ပေး​လော့'' ဟု​ဆို​၏။ ယော​န​ဒပ် က​လက်​ကို​ကမ်း​ပေး​လိုက်​သော​အ​ခါ ယေ​ဟု သည်​လက်​ကို​ဆွဲ​၍​ယော​န​ဒဒ်​အား​ရ​ထား ပေါ်​တက်​စေ​ပြီး​သော်၊-
16 и рече к нему: гряди со мною и виждь, внегда ревновати мне по Господе саваофе. И посади его на колесницу свою.
၁၆ငါ​နှင့်​အ​တူ​လိုက်​၍​ထာ​ဝရ​ဘု​ရား​အ​တွက် ငါ​အ​ဘယ်​မျှ​စိတ်​ထက်​သန်​သည်​ကို​သင် ကိုယ်​တိုင်​ကြည့်​ရှု့​လော့'' ဟု​ဆို​၏။ သူ​တို့ နှစ်​ဦး​သည်​အ​တူ​တ​ကွ ရှ​မာ​ရိ​မြို့​သို့ ရ​ထား​စီး​၍​သွား​ကြ​၏။-
17 И вниде в Самарию, и изби всех оставшихся Ахаавлих в Самарии, дондеже истребити ему по глаголу Господню, егоже глагола ко Илии.
၁၇ထို​မြို့​သို့​ရောက်​သော​အ​ခါ​ယေ​ဟု​သည် အာ​ဟပ် ၏​ဆွေ​မျိုး​ရှိ​သ​မျှ​တို့​ကို​တစ်​ယောက်​မ​ကျန် သတ်​လေ​သည်။ ဤ​ကား​ဧ​လိ​ယ​အား​ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ဖြစ်​ပျက် ခြင်း​ပင်​ဖြစ်​သ​တည်း။
18 И собра Ииуй вся люди и рече к ним: Ахаав поработа Ваалу мало, Ииуй же поработает ему много:
၁၈ယေ​ဟု​သည်​ရှ​မာ​ရိ​မြို့​သား​တို့​အား စု​ဝေး စေ​ပြီး​သော​အ​ခါ``အာ​ဟပ်​မင်း​သည်​ဗာ​လ ဘု​ရား​ကို​အ​နည်း​ငယ်​မျှ​သာ​ကိုး​ကွယ်​ခဲ့​၏။ ငါ​သည်​သူ့​ထက်​များ​စွာ​ပို​၍​ထို​ဘု​ရား ကို​ကိုး​ကွယ်​မည်။-
19 и ныне вся пророки Вааловы, вся рабы его и жерцы его призовите ко мне, муж да не потаится, яко жертва велика Ваалу: и всяк иже потаится, не будет жив. И Ииуй сотвори лестию, да погубит рабы Вааловы.
၁၉ဗာ​လ​ဘု​ရား​၏​ပ​ရော​ဖက်​များ၊ ထို​ဘု​ရား ကို​ကိုး​ကွယ်​သူ​များ​နှင့် ဗာ​လ​ယဇ်​ပု​ရော ဟိတ်​များ​ကို​ခေါ်​ဖိတ်​ကြ​လော့။ ငါ​သည် ဗာ​လ​ဘု​ရား​အား​တစ်​ခမ်း​တစ်​နား​ယဇ် ပူ​ဇော်​မည်​ဖြစ်​၍ ထို​သူ​တို့​အား​လုံး​လာ ရောက်​ကြ​ရ​မည်။ မည်​သူ​တစ်​စုံ​တစ်​ယောက် မျှ​မ​လာ​ဘဲ​မ​နေ​ရ'' ဟု​ဆို​၏။ (ယင်း​သို့ ဆို​ရာ​၌​ယေ​ဟု​သည် ဗာ​လ​ဘု​ရား​ကို ကိုး​ကွယ်​သူ​အ​ပေါင်း​အား​သတ်​ဖြတ်​နိုင်​ရန် ပ​ရိ​ယာယ်​သုံး​လိုက်​ခြင်း​ဖြစ်​ပေ​သည်။-)
20 И рече Ииуй: освятите жертву Ваалу и служение. И проповедаша.
၂၀ထို​နောက်​ယေ​ဟု​က``ဗာ​လ​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ရန် နေ့​တစ်​နေ့​ကို​သတ်​မှတ်​ကြေ ညာ​ကြ​လော့'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း ကြေ​ညာ​ချက်​ထုတ်​ပြန်​ကြ​၏။-
21 И посла Ииуй во весь Израиль и рече, глаголя: и ныне вси раби Вааловы, и вси жерцы его, и вси пророцы его, да никтоже останется, яко жертву велику творю: иже останется, не будет жив и приидоша вси раби Вааловы, и вси жерцы его, и вси пророцы его: не остася муж, иже не прииде: и внидоша во храм Ваалов, и наполнися храм Ваалов от края да края.
၂၁ထို့​နောက်​ယေ​ဟု​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တစ် ဝှမ်း​လုံး​သို့​သ​တင်း​ပေး​ပို့​လိုက်​သ​ဖြင့် ဗာ​လ ဘု​ရား​ကို​ကိုး​ကွယ်​သူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မ​ကျန်​လာ​ရောက်​ကြ​၏။ ထို​သူ အား​လုံး​တို့​သည်​ဗာ​လ​ဘု​ရား​ဗိ​မာန်​ထဲ သို့​ဝင်​ကြ​ရာ တစ်​ဗိ​မာန်​လုံး​ပြည့်​လေ​သည်။-
22 И рече Ииуй к сущым над домом одежд: изнесите одежды всем рабом Вааловым. И изнесе им ризохранитель.
၂၂ထို​အ​ခါ​ယေ​ဟု​သည်​အ​မြတ်​ထား​သည့် ဝတ်​လုံ​များ​ကို​ထိန်း​သိမ်း​ရ​သူ​ယဇ်​ပု​ရော ဟိတ်​အား ထို​ဝတ်​လုံ​တို့​ကို​ထုတ်​၍​ဝတ်​ပြု ကိုး​ကွယ်​သူ​တို့​အား​ပေး​အပ်​စေ​၏။-
23 И вниде Ииуй и Ионадав сын Рихавль в храмину Ваалову и рече рабом Вааловым: испытайте и видите, аще есть с вами от рабов Господних, и вышлите всех рабов Господних обретшихся тамо. И бысть якоже глагола Ииуй, яко не бе от рабов Господних, но токмо едини раби Вааловы.
၂၃ထို​နောက်​မိ​မိ​ကိုယ်​တိုင်​ရေ​ခပ်​၏​သား​ယော န​ဒပ်​နှင့်​အ​တူ ဗာ​လ​ဗိ​မာန်​ထဲ​သို့​ဝင်​၍​ထို အ​ရပ်​တွင်​ရှိ​သူ​တို့​အား``ဤ​နေ​ရာ​တွင်​ရှိ သော​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု ကိုး​ကွယ်​သူ​များ​သာ​ဖြစ်​စေ​ရ​မည်။ ထာ​ဝရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တစ်​စုံ တစ်​ယောက်​မျှ​မ​ပါ​မ​ရှိ​စေ​ရန် သင်​တို့ အ​သေ​အ​ချာ​စစ်​ဆေး​ကြ​လော့'' ဟု ဆို​၏။-
24 И вниде сотворити жертвы и всесожжения и Ииуй постави себе вне осмьдесят мужей и рече: муж иже аще угонзет от мужей, ихже аз извожду в руки вашя, душа его вместо души его.
၂၄ထို​နောက်​သူ​နှင့်​ယော​န​ဒပ်​သည် ဗာ​လ​ဘု​ရား အား​ယဇ်​ပူ​ဇော်​ရန်​နှင့်​ပူ​ဇော်​သ​ကာ​များ​ကို ဆက်​သ​ရန်​အ​တွင်း​သို့​ဝင်​ကြ​၏။ ယေ​ဟု​သည် ဗာ​လ​ဗိ​မာန်​အ​ပြင်​တွင် လူ​ရှစ်​ဆယ်​ကို​နေ​ရာ ယူ​စေ​ပြီး​လျှင်``သင်​တို့​သည်​ဤ​သူ​အ​ပေါင်း ကို​သတ်​ဖြတ်​ရ​ကြ​မည်။ အ​ကယ်​၍​တစ်​စုံ တစ်​ယောက်​ထွက်​ပြေး​လွတ်​မြောက်​သွား​လျှင် တာ​ဝန်​ရှိ​သူ​သည်​အ​သတ်​ခံ​ရ​မည်'' ဟု အ​မိန့်​ပေး​ထား​လေ​သည်။
25 И бысть егда сконча творяй всесожжения, и рече Ииуй предтекущым и тристатом: вшедше избийте их, да не изыдет от них муж. И избиша их острием меча и повергоша предтекущии и тристаты, и идоша даже до града храма Ваалова:
၂၅ယေ​ဟု​သည်​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ ပြီး​သည်​နှင့်​တစ်​ပြိုင်​နက် အ​စောင့်​တပ်​သား​များ နှင့်​တပ်​မှူး​တို့​အား``ဝင်​၍​ထို​သူ​အ​ပေါင်း​ကို သတ်​လော့။ တစ်​ဦး​တစ်​ယောက်​မျှ​မ​လွတ်​သွား စေ​နှင့်'' ဟု​ပြော​၏။ သူ​တို့​သည်​ဋ္ဌား​လွတ်​များ ကိုင်​ဆောင်​ကာ ထို​သူ​တို့​ကို​သတ်​ပြီး​လျှင် အ​လောင်း​များ​ကို​အ​ပြင်​သို့​ဆွဲ​ထုတ်​ကြ ၏။ ထို​နောက်​သူ​တို့​သည်​ဗာ​လ​ဗိ​မာန်​အ​တွင်း ခန်း​သို့​ဝင်​၍၊-
26 и изнесоша кумир Ваалов и сожгоша его:
၂၆ဗာ​လ​ဘု​ရား​ကျောက်​တိုင်​ကို​ယူ​ပြီး​လျှင် မီး​ရှို့​ကြ​၏။-
27 и разбиша кумиры Вааловы, и низвергоша дом Ваалов, и определиша его на афедрон даже до дне сего.
၂၇သို့​ဖြစ်​၍​သူ​တို့​သည်​ဗာ​လ​ကျောက်​တိုင်​နှင့် ဗာ​လ​ဗိ​မာန်​ကို​ဖြို​ဖျက်​ပစ်​ကြ​၏။ ထို​ဘု​ရား ဗိ​မာန်​ကို​ကိုယ်​လက်​သုတ်​သင်​ရန် အိမ်​အ​ဖြစ် အ​သုံး​ပြု​ခဲ့​သည်​မှာ​ယ​နေ့​တိုင်​အောင်​ပင် ဖြစ်​သ​တည်း။
28 И погуби Ииуй храм Ваалов от Израиля.
၂၈ဤ​ကား​ဗာ​လ​ဘု​ရား​အား​ကိုး​ကွယ်​မှု​ကို ဣ​သ​ရေ​လ​ပြည်​တွင်​ပယ်​ရှား​ခဲ့​ပုံ​ပင်​ဖြစ်​၏။-
29 Обаче от грехов Иеровоама сына Наватова, иже введе в грех Израиля, не отступи Ииуй от последования их: юницы златыя, яже в Вефили и в Дане.
၂၉သို့​ရာ​တွင်​ယေ​ဟု​သည်​ယေ​ရော​ဗောင်​မင်း ကို​အ​တု​ခိုး​၏။ ယေ​ရော​ဗောင်​ကား​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဗေ​သ​လ​မြို့ နှင့်​ဒန်​မြို့​တွင် မိ​မိ​ပြု​လုပ်​ထား​သည့်​ရွှေ နွား​ရုပ်​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​စေ​သည့် အ​ပြစ်​ကို​ကူး​လွန်​ခဲ့​၏။-
30 И рече Господь ко Ииую: за сия, елика ублажил еси сотворити правое пред очима Моима, и вся елика по сердцу Моему сотворил еси дому Ахаавлю, сынове твои до четвертаго рода сядут на престоле во Израили.
၃၀ထာ​ဝရ​ဘု​ရား​က​ယေ​ဟု​အား``သင်​သည် ငါ​ပြု​စေ​လို​သည့်​အ​တိုင်း အာ​ဟပ်​၏​သား မြေး​တို့​ကို​ပယ်​ရှား​ခဲ့​လေ​ပြီ။ သို့​ဖြစ်​၍ သင်​၏​သား​မြေး​တို့​အား စ​တုတ္ထ​အ​ဆက် တိုင်​အောင်​ဣသ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ မည်'' ဟု​မိန့်​တော်​မူ​၏။-
31 И Ииуй не сохрани ходити в законе Господни всем сердцем своим: не отступи от грехов Иеровоама сына Наватова, иже в грех введе Израиля.
၃၁သို့​ရာ​တွင်​ယေ​ဟု​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏ ပ​ညတ်​တ​ရား​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း မဲ့​မ​လိုက်​လျှောက်​ဘဲ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​ပြစ်​ကူး​လွန်​ရန် လမ်း​ပြ သူ​ယေ​ရော​ဗောင်​၏​လမ်း​စဉ်​ကို​လိုက်​လေ သည်။
32 Во дни оны нача Господь посецати во Израили: и порази их Азаил во всех пределех Израилевых,
၃၂ထို​အ​ခါ​ကာ​လ​၌​ထာ​ဝရ​ဘု​ရား​သည် ဣ​သ​ရေ​လ​နယ်​မြေ​၏​အ​ကျယ်​အ​ဝန်း ကို​ကျုံ့​စေ​တော်​မူ​၏။ ရှု​ရိ​ဘု​ရင်​ဟာ​ဇေ လ​သည်၊-
33 от Иордана на восток солнца, всю землю Галаадску и Гаддииску, и Рувимову и Манассиину, от Ароира, иже есть при устии потока Арнонска, и Галаад и Васан.
၃၃ယော်​ဒန်​မြစ်​အရှေ့​ဘက်​ရှိ​ဣ​သ​ရေ​လ​နယ် မြေ​အား​လုံး​ကို တောင်​ဘက်​အာ​နုန်​မြစ်​ကမ်း ပေါ်​ရှိ​အာ​ရော်​မြို့​သို့​တိုင်​အောင်​သိမ်း​ယူ​လေ သည်။ ထို​နယ်​မြေ​တွင်​ဂဒ်၊ ရုဗင်​နှင့်​အ​ရှေ့​မ​နာ ရှေ​မျိုး​နွယ်​စု​တို့​နေ​ထိုင်​ရာ​ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​တို့​ပါ​ဝင်​၏။
34 И прочая словес Ииуевых, и вся яже сотвори, и вся сила его, и совещания, яже совеща, не се ли, сия написана в книзе словес дний царей Израилевых?
၃၄ယေ​ဟု​၏​လက်​ရုံး​ရည်​အ​ပါ​အ​ဝင် သူ​လုပ် ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​၏။-
35 И успе Ииуй со отцы своими, и погребоша его в Самарии. И воцарися Иоахаз сын его вместо его.
၃၅ယေ​ဟု​ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​လောင်း ကို​ရှ​မာ​ရိ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက် သူ​၏​သား​တော်​ယော​ခတ်​သည် သူ့​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။-
36 И дний бяше, в няже Ииуй царствова над Израилем в Самарии, двадесять осмь лет.
၃၆ယေ​ဟု​သည်​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ် ဖြင့် ရှ​မာ​ရိ​မြို့​တွင်​နှစ်​ဆယ့်​ရှစ်​နှစ်​နန်း​စံ ခဲ့​သ​တည်း။

< Четвертая книга Царств 10 >